တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၁၁-၁၃

မာလုကျပုတ္တသုတ်တရားတော် ၁၁
အနိတ္ထိဂန္ဓကုမာရဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက သာဝတ္ထိပြည် (ûမိ့) မှာ အနိတ္ထိဂန္ဓကုမာရဆိုတဲ့ လူကလေးတစ်
ယောက် ရှိခဲ့တယ်၊ အဲဒီ လူငယ်က ဗြဟ္မပြည်မှ စုတေပြီး လူ့ဘဝ ရောက်လာတဲ့သူပါဘဲ။ ဗြဟ္မာဖြစ်နေစဉ်က မိန်းမနဲ့ စပ်ပြီး
နှစ်သက်သာယာမှု ကင်းနေခဲ့တယ်၊ အဲဒီလို ကြာရှည်စွာ ကာမရာဂ ကင်းလာခဲ့တဲ့အတွက် ကလေးငယ်ဘဝကတည်းက
သူဟာ မိန်းမ အနီးသို့ မချဉ်းကပ်လိုဘူး၊ မိခင်စသော မိန်းမများက သူ့ကိုထိယင် သူက ငိုပါသတဲ့။
လူလားမြောက်ပြီး အရွယ်ရောက်လာတဲ့ အခါကျတော့ မိဘတွေက သူ့ကို အိမ်ထောင်ûပဘို့ ပြောကြတဲ့အခါ သူက
''(န မေ ဣတ္ထိယာ အတ္ထော) ကျွန်တော်ဟာ မိန်းမဖြင့် အလိုမရှိဘူး'' လို့ ငြင်းပယ်နေပါသတဲ့။ ဒါပေမဲ့ မိဘများက အဖန်ဖန်
ထပ်မံတိုက်တွန်းနေတဲ့အတွက် သူက ရွှေပန်းထိမ်သည်တွေကိုခေါ်ပြီး၊ ရွှေဖြင့် အလွန်လှပတဲ့မိန်းမရုပ်ကို လုပ်စေတယ်။ မိဘ
များက အိမ်ထောင်ûပဘို့ တိုက်တွန်းတဲ့အခါ ''ဟောဒီ ရွှေရုပ်လောက်လှပတဲ့ အမျိုးသမီးကိုရယင်တော့ မိဘတို့၏ စကားကို
လိုက်နာပါ့မယ်'' လို့ သူကပြောသတဲ့။ အဲဒီတော့ မိဘများကလဲ ပစ္စည်းဥစ္စာ ပေါမျာြး<ွကယ်ဝသူများ ဖြစ်သောကြောင့်
ထင်ရှား ကျော်စောတဲ့ ပုဏ္ဏားတွေကို ခေါ်ပြီး အဲဒီ ရွှေရုပ်နဲ့တူတဲ့ သတို့သမီးကို အရှာခိုင်းတယ်။
အဲဒီပုဏ္ဏားတွေက ရွှေရုပ်ပါ ယူဆောင်ပြီး အရပ်ရပ်အနယ်နယ် လိုက်လံပြီး စုံစမ်းရှာဖွေကြတယ်၊ မဒ္ဒတိုင်း ဘာဂလ
ûမိ့မှာ အဲဒီရွှေရုပ်နဲ့တူတဲ့ ၁၆-နှစ် အရွယ် အလွန်လှပတဲ့ သူငယ်မကလေးအကြောင်းကို ကြားသိရလို့ အဲဒီအိမ်ကို သွားကြည့်
ကြတယ်၊ မိဘဖြစ်သူတို့က သမီးပျိုအလှကလေးကို ဘုံခုနစ်ဆင့်အထက်ထပ်မှ ဆင်းစေပြီးတော့ ပြကြတယ်၊ အဲဒီ သူငယ်မ
ကလေးက ရွှေရုပ်နဲ့ယှဉ်ပြီး ထိုင်နေတဲ့အခါ ရွှေရုပ်ထက် အမျိုးသမီးကလေးက အရောင်တောက်ပပြီး ပို၍ လှပနေပါသတဲ့။
စုံစမ်းရေးပုဏ္ဏားတွေက အဲဒီရွှေရုပ်ကို အမျိုးသမီး၏ မိဘများအား ပေးပြီးတော့ အနိတ္ထိဂန္ဓသူငယ်နဲ့ ထိမ်းမြားဘို့ရာ
တောင်းဆိုကြတယ်၊ တောင်းဆိုပြီးတော့ အဲဒီ သတို့သား၏ မိဘများထံ ပြန်လာပြီး ပြောကြားကြတယ်၊ မိဘတွေက မြန်မြန်
သွားပြီး အဲဒီအမျိုးသမီးကလေးကို ခေါ်ဆောင်ခဲ့ဘို့ စေခိုင်းကြပါတယ်။
အနိတ္ထိဂန္ဓ သူငယ်ကလဲ အဲဒီအကြောင်းကို ကြားရတော့ ရွှေရုပ်ထက်တောင် လှတယ်ဆိုတဲ့အကြောင်းသိရ၍ ထို
အမျိုးသမီးကလေး၌ ချစ်ခင်စိတ်ဖြစ်ပြီးလျှင် မြန်မြန်ခေါ်ဆောင်ခဲ့ကြပါလို့ ပြောပါသတဲ့။ အဲဒါဟာ ဒီလိုလှပတဲ့ အမျိုးသမီး
ကလေးကို မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့ စိတ်ကူးမျှဖြင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်းပါဘဲ။
တာဝန်ဆောင် ပုဏ္ဏားတွေက အဲဒီအမျိုးသမီးကလေးကို ယာဉ်ပေါ်မှာတင်ပြီး ခေါ်ဆောင်လာခဲ့ကြရာ အဲဒီအမျိုးသမီး
ကလေးက အလွန်နူးညံ့တဲ့အတွက် ယာဉ်တောက်ပြီးဖြစ်တဲ့ လေနာရောဂါကြောင့် လမ်းခရီးအကြားမှာဘဲ သေဆုံးသွားရှာပါသ
တဲ့။ မဒ္ဒတိုင်း သာဂလûမိ့ဆိုတာ ပန်ဂျပ်နယ်ထဲမှာရှိတယ်၊ သာဝတ္ထိûမိ့နဲ့ မိုင်လေးငါးခြောက်ရာ ထက်မနဲ ဝေးကွာပါလိမ့်မယ်၊
ယာဉ်ဆိုတာက ဘာယာဉ်လဲလို့မသိရဘူး၊ မြင်းရထား ယာဉ်ပဲ ဖြစ်ဖွယ်ရှိပါတယ်။ ဟိုတုန်းက လမ်းလဲ ကောင်းမှာမဟုတ်ဘူး၊
ဒါကြောင့် ပင်ပန်းပြီး ရောဂါဖြစ်၍ သေဆုံးသွားရှာတာ ဖြစ်မှာပါဘဲ။
အနိတ္ထိဂန္ဓကုမာရဆိုတဲ့ သူငယ်ဟာ အဲဒီသတင်းကိုကြားရတော့ ဒီလိုလှပတဲ့ သူငယ်မကလေးနဲ့ တွေ့ဆုံခွင့်တောင်
မရပါကလားလို့ နှလုံးသွင်းပြီး စိုးရိမ်ပူဆွေးမှုကို အကြီးအကျယ် ခံစားရပါသတဲ့။ မအိပ်နိုင် မစားနိုင် ဖြစ်နေပါသတဲ့၊ အဲဒီ
အကြောင်းကို သိမြင်တော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က သနားခြင်း ကြီးစွာမဟာ ကရုဏာတော်ဖြင့် ဆွမ်းခြံ<ွကယင်း အဲဒီ
အိမ်ရှေ့ကိုြ<ွကရောက်တော်မူတယ်၊ သူငယ်၏ မိဘများက ရိုသေစွာ ပင့်လျှောက်ပြီး ဆွမ်းကပ်တယ်၊ ဆွမ်းဘုဉ်းပေးပြီးတဲ့
အခါ အဲဒီသူငယ်အကြောင်းကို မေးတော်မူတယ်၊ သူငယ်ကလဲ မိဘများ၏ ပြောကြားချက်အရ မြတ်စွာဘုရားထံ လာရောက်
ပြီးရှိခိုးလျက်ထိုင်နေတယ်။ မြတ်စွာဘုရားကမေးတော်မူလို့ လမ်းခရီးမှာသေဆုံးသွားလေတဲ့ အမျိုးသမီးကလေးကို အကြောင်း
ûပပြီး စိုးရိမ်ပူဆွေးမှု အကြီးအကျယ်ဖြစ်နေကြောင်း မစားနိုင် မသောက်နိုင်အောင် ပူဆွေးနေရကြောင်း လျှောက်ထားတယ်။
အဲဒီတော့ မြတ်စွာဘုရားက စိုးရိမ်ပူဆွေးမှုနှင့် ကြောက်ဖွယ်ဘေး ကြောက်ခြင်းဘေးဟာ လိုချင်စရာ ကာမဂုဏ်နှင့် လိုချင်
နှစ်သက်မှုကို မှီပြီးဖြစ်ကြောင်း ဒီလိုဟောကြားတော်မူပါတယ်။
ကာမတော ဇာယတေ သောကော၊
ကာမတော ဇာယတေ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊
နတ္ထိ သောကော ကုတော ဘယံ။
ကာမတော-လိုချင်နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှုဆိုတဲ့ ကာမကြောင့်၊ သောကော- စိုးရိမ်ပူဆွေးခြင်းသည်၊
ဇာယတေဖြစ်၏တဲ့။ နှစ်သက်ချစ်ခင်စရာ မိန်းမယောက်ျား စသောအာရုံနဲ့ နှစ်သက်ချစ်ခင်မှုဆိုတဲ့ ကာမတရားရှိနေလို့
မာလုကျပုတ္တသုတ်တရားတော် ၁၂
ချစ်ခင်နှစ်သက်တဲ့ အာရုံဝတ္ထုနှင့် ကင်းကွာတဲ့အခါ စိုးရိမ်ပူဆွေးမှု ဖြစ်ပေါ်တာဘဲ၊ အဲဒါလဲ မမြဲတဲ့တရားဘဲလို့ ဆိုလိုပါ
တယ်။ ကာမတော လိုချင်နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှုဆိုတဲ့ ကာမကြောင့်၊ ဘယံ-ကြောက်ဖွယ်နှင့် ကြောက်လန့်ခြင်း
ဟူသောဘေးသည်၊ ဇာယတေ-ဖြစ်၏။ (ပါဠိမှာ ကတ္တားဟောအရာ၌ ပရဿပုဒ်တိ-ဝိဘတ်နှင့် သာရှိသင့်သည်ဟု နှစ်သက်
သောဆရာတို့၏ အလိုအားဖြင့် ဇာယတီဟု ဆန်းနှင့်ညီအောင် ဒီဃလဲûပထား၏။ သို့သော် ဆန္ဒာနုရက္ခဏအားဖြင့် မûပပြင်ရ
ပဲ အတ္တနောပုဒ်တေ-ဝိဘတ်နှင့်ရှိခြင်းက ပို၍ဂုဏ်မြောက်ဖွယ်ရှိသည်၊ ပါဠိပညာရှင်တို့အတွက်သာ ဖြစ်သည်။) ကာမတောလိုချင်
နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှု ကာမမှ၊ ဝိပ္ပမုတ္တဿ- လွတ်ကင်းသောသူအား၊ သောကော-စိုးရိမ် ပူဆွေးခြင်း
သည်၊ နတ္ထိ-မရှိပေ၊ ဘယံ ကြောက်ခြင်းသည်၊ ကုတော အဘယ်မှာရှိတော့အံ့နည်း၊ မရှိတော့သည်သာတည်း-လို့ မြတ်စွာ
ဘုရားက ဟောကြားတော်မူပါတယ်။
အဲဒီ ဂါထာတပုဒ်တရားကို နာပြီးတော့ အနိတ္ထိဂန္ဓကုမာရဆိုတဲ့ သူငယ်ဟာ သောတာပတ္တိမဂ်ဖိုလ်ရောက်ပြီး
သောတာပန် ဖြစ်သွားပါသတဲ့။
အဲဒီအနိတ္ထိဂန္ဓကုမာရဆိုတဲ့ လူကလေးဟာ အစတုန်းကတော့ မိန်းမအနံ့ကိုတောင် မခံနိုင်အောင် စက်ဆုပ်နေခဲ့တယ်၊
ရွှေရုပ်နဲ့တူတဲ့ မိန်းမတော့ ရှိမှာမဟုတ်ဘူးလို့ထင်မြင်ပြီး အဲဒီရွှေရုပ်နဲ့တူတဲ့ သတို့သမီးကိုရယင်တော့ မိဘများ ညွှန်ကြားတဲ့
အတိုင်း အိမ်ထောင်ûပပါမယ်လို့ ပြောခဲ့တယ်။ အဲဒီတုန်းကတော့ အဲဒီ ရွှေရုပ်လောက် လှပတဲ့ အမျိုးသမီးကတော့ မရှိနိုင်ဘူး၊
အဲဒီလို အဆင်းကို မမြင်နိုင်ဘူးလို့ ထင်ခဲ့တယ်၊ ဒါကြောင့် မိန်းမအဆင်းနဲ့ စပ်ပြီး နှစ်သက် တပ်မက်ခြင်း မဖြစ်ခဲ့သေးဘူး၊
နောက်-အဲဒီရွှေရုပ်ထက်တောင် လှပတဲ့ကလေးမကလေးကို တွေ့ရတယ်ဆိုတော့ အဲဒီလိုအဆင်းကို မြင်နိုင်တယ် မြင်ရတော့
မှာပဲလို့ သူ့စိတ်ထဲမှာ ပေါ်လာတယ်၊ အဲဒီအခါကျတော့ မမြင်ရသေးတဲ့ အဲဒီကလေးမကို အကြောင်းûပပြီး နှစ်သက်တပ်မက်မှု
တွေ အကြီးအကျယ် ဖြစ်တော့တာဘဲ။
မေးခွန်တော်နှင့် အဖြေ
ယခု မေးခွန်းမှာတော့ အဲဒီလို ချစ်ခင်နှစ်သက်ဖွယ် အဆင်းကို မမြင်ဘူးဘူး၊ မြင်ဆဲလဲမဟုတ်ဘူး၊ စိတ်ကူးထဲမှာ
တောင် အဲဒီလိုအဆင်းကို မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့ မထင်ပေါ်သေးဘူး၊ အဲဒီလို အဆင်းပုဂ္ဂိုလ်နဲ့စပ်ပြီး နှစ်သက်တပ်
မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားလို့ မေးတော်မူတယ်။ အဲဒီအမေးကို အရှင်မာလုကျပုတ္တမထေရ်က မဖြစ်နိုင်ပါဘူးလို့
ဖြေကြားလျှောက်ထားပါတယ်။
အဲဒါဟာ ရှင်းပါတယ်၊ ယခုဒီရိပ်သာမှာ တရားအားထုတ်နေကြတဲ့ ယောဂီတွေအနေအားဖြင့် ပေါ်လွင်ပါတယ်၊
ဒါပေမဲ့ တရားအားမထုတ်ဘူးတဲ့ ပကတိလူတွေအနေနဲ့ ဆိုယင်တော့ ဒါကပေမဲ့ နားမလည်ပဲ ရှိနေတတ်တယ်၊ မလွယ်လှဘူး၊
ပုသိမ်ûမိ့မှာ သဒ္ဓမ္မသီတဂူရိပ်သာ ဘုံကျောင်းရိပ်သာတို့ စပြီးဖွင့်တဲ့ ၁၃၁၃-ခုနှစ်တုန်းက ဒီမာလုကျပုတ္တသုတ်ကို ဘုန်းကြီးက
ဟောတယ်၊ အဲဒီတုန်းက သဒ္ဓမ္မသီတဂူဆရာတော်ရဲ့ နှမက ဒီတရားကိုနာပြီး သဘောမပေါက်ခဲ့ပဲ ရှိနေသတဲ့၊ ဘယ့်နှယ်လဲ
အဆင်းတွေကို မမြင်သေးဘူး၊ မြင်းဆဲလဲ မဟုတ်ဘူး၊ မြင်နိုင်တယ်လို့တောင် စိတ်ထဲမှာ မပေါ်သေးဘူးတဲ့၊ အဲဒီလို အဆင်း
တွေက ဘယ်လိုဟာတွေပါလိမ့်မလဲ၊ ဘာတွေကို ဟောနေတာပါလိမ့်မလဲလို့ သူ့မှာ နားမလည်ပဲ ရှိနေခဲ့ကြောင်းကို တရား
အားထုတ်ပြီးလို့ နားလည်နေတဲ့အခါကျမှ သူကပြောပါတယ်၊ သူက Óဏ်လဲထက်မြက်ပါတယ်၊ တရားအားထုတ်ပြီးလို့
သဘောကျတဲ့အခါကျတော့ သူက သိပ်နားလည်တာ၊ အဲဒီတုန်းက ဟောတာ သိပ်ကောင်းတာဘဲလို့လဲ ချီးမွမ်းတယ်၊ သူများ
ကိုလဲ သူက တဆင့် ဟောပြောနေတယ်။ ဒါကြောင့် တရားအားမထုတ်ဘူးတဲ့ သူတွေကတော့ နားမလည်ပဲလဲ ရှိတတ်တယ်၊
တရားအားထုတ်တဲ့ သူတွေကတော့ အင်မတန် သဘောကျ နားလည်တတ်ပါတယ်။
မမြင်ရတဲ့ အဆင်းတွေ ပုဂ္ဂိုလ်တွေနဲ့ စပ်ပြီး နှစ်သက်ချစ်ခင်မှု ရာဂ မဖြစ်နိုင်ဘူးဆိုတာ အင်မတန် ထင်ရှားပါတယ်၊
ယခုစဉ်းစားကြည့်ပါ။ မတွေ့ဘူး မမြင်ဘူးတဲ့ လူတွေကို အကြောင်းûပပြီး နှစ်သက်ချစ်ခင်မှု ဖြစ်နိုင်ပါ့မလား၊ (မဖြစ်နိုင်ပါ
ဘုရား)။ နှစ်ခင်ချစ်သက်မှု ရာဂသာမဖြစ်နိုင်တာ မဟုတ်ပါဘူး၊ အဲဒီ မမြင်ရတဲ့လူတွေကို အကြောင်းûပပြီး ဒေါသလဲ
မဖြစန် ငို ဘ်ူး ၊ မြတဲ အဲ့ နေ ချမ်း သာတအဲ့ နေ ပဂ္ဂိုလသ် တဝ္တါကောငအ် နေနဲ့ အထငမှ်ား အသမှိားတ့ဲ မောဟလဲ မဖြစန် ငို ဘ်ူး ၊
ဒိပြင် မာနဒိဋ္ဌိစသည်တွေလဲ မဖြစ်နိုင်ဘူး၊ ဘာကိလေသာမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဘုန်းကြီးက ''မမြင်ရရာ၊ ကိလေသာ၊
သူ့ဟာသူ ငြိမ်းသည်''လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၁၃
မေးခွန်းဆိုင်ရာ ဆောင်ပုဒ်များ
၁။ မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာ သူ ငြိမ်းသည်။
မြတ်စွာဘုရား၏ မေးခွန်းမှာ တဏှာ ရာဂကိုသာ ပဓာနûပပြီး မေးထားပါတယ်၊ အဲဒီ အမေးဖြင့် အပ္ပဓာနဖြစ်တဲ့
ဒေါသ မောဟ ဒိဋ္ဌိစတဲ့ ကိလေသာတွေလဲ မဖြစ်နိုင်ဘူးဆိုတာကို သိစေတော်မူပါတယ်၊ ဒါကြောင့် သိသင့်သမျှတွေ အကုန်
သိနားလည်ရအောင်လို့ ဘုန်းကြီးက ''မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာ သူ ငြိမ်းသည်'' လို့ ဆောင်ပုဒ် စီထားတာပါဘဲ။ အဲဒီ
ဆောင်ပုဒ်ကလဲ ပေါ်လွင်ထင်ရှားပါတယ်၊ ဗမာစကားတတ်တဲ့သူဆိုယင် ''မမြင်ရတဲ့ အဆင်းကို စွဲမှီပြီး ဘယ်ကိလေသာမှ
မဖြစ်နိုင်ဘူး၊ အဲဒီလို အာရုံနဲ့စပ်ပြီး ဘယ်ကိလေသာမှ ဖြစ်ခွင့်မရှိဘူး၊ ကင်းငြိမ်းနေတယ်'' ဆိုတာ အင်မတန်ထင်ရှားပါ
တယ်။ အဲဒီလို မမြင်ရတဲ့အာရုံကိုစွဲပြီး ကိလေသာ မဖြစ်တာ ကင်းငြိမ်းတာဟာ ဘာ့ကြောင့်လဲ၊ မမြင်ရလို့ပဲ မဟုတ်ပါလား။
(ဟုတ်ပါတယ် ဘုရား) အဲဒီမမြင်ရတဲ့ အာရုံတွေနဲ့ စပ်ပြီး ကိလေသာငြိမ်းအောင် အားထုတ်ဖို့ လိုပါဦးမလား၊ မလိုပါဘူး။
ဒါကြောင့် အဲဒီမမြင်ရတဲ့အာရုံမှာ ကိလေသာမဖြစ်အောင် ဆင်ခြင်ပြီး ရှုနေဘို့လဲ မလိုဘူး၊ အဲဒါကို ကိန်းသေမှတ်ထားရမယ်။
မမြင်ရတဲ့ အာရုံမှာ ကိလေသာ မဖြစ်ဘူးဆိုတော့ ''မြင်ရတဲ့ အာရုံမှာ ကိလေသာ ဖြစ်နိုင်တယ်'' ဆိုတာလဲ ထင်ရှား
ပေါ်လာတယ်၊ အဲဒါကို သိနားလည်ရအောင်လို့ပဲ မြတ်စွာဘုရားက မေးခွန်းထုတ်ပြီး မေးတော်မူတာပဲ။ အဲဒါကို ဘုန်းကြီးက
''မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်'' လို့ ဒုတိယဆောင်ပုဒ်လဲ စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၂။ မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်။
မြင်ရရင်တော့ မြင်ဆဲမှာလဲ ကိလေသာ ဖြစ်နိုင်တယ်၊ မြင်ပြီးတဲ့ နောက်နောက်ကာလတွေမှာလဲ အဲဒီမြင်ခဲ့တဲ့အာရုံကို
ပြန်လည် စဉ်းစားပြီး ကိလေသာတွေ ဖြစ်နိုင်တယ်၊ ဓာတ်ပုံရိုက်ထားတဲ့ အရုပ်ကလေးကို ကြည့်ကြည့်ပြီး နှစ်သက်သာယာမှု
ဖြစ်နေသလိုပါဘဲ၊ ပြန်လည် စဉ်စားတိုင်း မူလမြင်ခဲ့စဉ်က ရုပ်ပုံကလေးက စိတ်ထဲမှာ ထင်ရှားပေါ်နေတယ်၊ မြင်ခဲ့စဉ်က
ûပံးûပံးကလေးဆိုယင် ûပံးûပံးကလေး ပေါ်နေတယ်၊ ရှုံ့မဲ့စိတ်ဆိုး နေတာကို မြင်ခဲ့ယင်လဲ အဲဒီရှုံ့မဲ့စိတ်ဆိုးနေတဲ့ ပုံအတိုင်း
ပေါ်နေတာဘဲ၊ ဒါကြောင့် အဲဒီမြင်ဘူးတဲ့အာရုံကို ထပ်မံပြီး ဆင်ခြင်မိတိုင်း နှစ်သက်တပ်မက်တဲ့ ရာဂလဲဖြစ်ပွားတယ်၊ ရွံ့မုန်း
တဲ့ ဒေါသလဲ ဖြစ်ပွားတယ်၊ အမြဲတည်နေသလိုလို ထင်မြင်တဲ့ မောဟလဲ ဖြစ်ပွားတယ်။ အဲဒီလို ရာဂ ဒေါသ မောဟတွေ
ဖြစ်ပွားတာဟာ မြင်စဉ်ကာလက မရှုခဲ့လို့, အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာဖြင့် အမှန်အတိုင်း မသိခဲ့လို့ဘဲ၊ မြင်တိုင်း
မြင်တိုင်း ရှုမှတ်ပြီး ချက်ခြင်းပင် ပျောက်ပျောက်သွားတယ်၊ မမြဲဘူးစသည်ဖြင့် သိရယင်တော့ အဲဒီလို ပြန်လည်ပြီးတော့လဲ
မစဉ်းစားမိဘူး၊ စဉ်းစားယင်လဲ မမြဲဘူး စသည်ဖြင့် သိခဲ့တဲ့ အတိုင်းပင် စိတ်ထဲမှာ ထင်ပေါ်နေတယ်၊ အဲဒီတော့ အဲဒီမမြဲတာ
ပျောက်ပျက်သွားခဲ့တာ နှင့်စပ်ပြီး ချစ်ခြင်း မုန်းခြင်း စသော ကိလေသာတွေ ဘာမျှ မဖြစ်နိုင်ဘူး။
ဒါကြောင့် ''မြင်တိုင်း မြင်တိုင်း မြင်ဆဲမှာ ကိလေသာကိန်းခွင့် ဖြစ်ခွင့်မရအောင် ရှုမှတ်ပြီး ပယ်ဘို့လုပ်တယ်'' ဆို
တာလဲ ထင်ရှားလာပါတယ်၊ အဲဒါကို ဘုန်းကြီးက ''မြင်တိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်''လို့ တတိယဆောင်ပုဒ်
လဲ စီထားပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ မြင်တိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
မမြင်ရယင် အဲဒီမမြင်ရတဲ့အာရုံမှာ ကိလေသာမဖြစ်နိုင်ဘူး၊ သူ့အလိုလိုဖြစ်ခွင့်မရဘဲ ငြိမ်းနေတယ်၊ မြင်ရယင်တော့
အဲဒီမြင်ရတဲ့အာရုံကို ပြန်လည်စဉ်းစားပြီး ကိလေသာ ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်နိုင်တာကို ကိန်းတယ်လို့ ဆိုရတာပါဘဲ။
ကိန်းဆိုပေမဲ့- အဲဒီ ကိလေသာတွေက တနေရာရာဝင်ပြီး တည်ရှိနေတာတော့ မဟုတ်ပါဘူး၊ ဖြစ်နိုင်ခွင့်ရှိတာကို ဆိုတာပါဘဲ၊
အဲဒီ ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကိန်းမှုကို မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီးပယ်ရမယ်တဲ့၊ အဲဒီလို ရှုမှတ်ပြီး အနိစ္စ စသည်ဖြင့်
အမှန်အတိုင်း သိသိနေလျှင် အဲဒီမြင်ရတဲ့ အဆင်းမှာလဲ ကိလေသာဖြစ်ခွင့်မရှိတော့ဘဲ ငြိမ်းသွားပါတယ်၊ မမြင်ရတဲ့အာရုံမှာ
လိုပင်ဖြစ်သွားပါတယ်၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း အနိစ္စ စသော သဘောမှန်ကို သိအောင် ရှုမှတ်ပြီးတော့ ကိလေသာ
ကိန်းမှုဆိုတဲ့ ဖြစ်နိုင်ခွင့်ကို ပယ်ပယ်သွားရမယ်လို့ ဆိုလိုတာပါဘဲ။ ယခုပြောခဲ့တဲ့အတိုင်း ''မမြင်ရယင် ကိလေသာ
မဖြစ်နိုင်ဘူး၊ မြင်ရယင်တော့ ဖြစ်နိုင်တယ်၊ အဲဒီတော့ ကိလေသာ ကင်းငြိမ်းပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်ယင်
မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ကိလသာဖြစ်ခွင့်ကို ပယ်ရမယ်'' ဆိုတာကို မြတ်စွာဘုရားက မေးခွန်းဖြင့်ပင် သဘောပေါက်နား
လည်စေပါတယ်၊ အဲဒါကိုလဲ ''မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ် ပေါ်လွင်စေခဲ့သည်'' လို့ နိဂုံးချုပ်ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို
ဆိုကြရမယ်။
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင့်စေခဲ့သည်။

No comments:

Post a Comment