တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၆

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
မာလုကျပုတ္တသုတ်တရားတော်

၁၃၃၈-ခုနှစ် ဝါခေါင်လဆုတ် (၈)ရက် နေ့စ၍ ဟောသည်
တရားပလ္လင်ခံဒီကနေ့ ၁၃၃၈-ခုနှစ် ဝါခေါင်လဆုတ် (၈)ရက်နေ့ဖြစ်တယ်၊ ဒီကနေ့ကစပြီး မာလုကျပုတ္တသုတ် တရားတော်ကိုဟောရမယ်၊ အခုလို နံနက်ပိုင်း သီလပေးပြီးမှာ ဒီသုတ်တရားတော်ကို ဟောရခြင်း၏ အကြောင်းကတော့ ဝါတွင်း သီတင်းနေ့များမှာ ရှစ်ပါးသီလ ခံယူကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေက သုံးလေးရာထက်မနည်း များနေတယ်၊ ဘုန်းကြီးကိုယ်တိုင် တရားဟောရတဲ့ရက်ကလဲ လပြည့်နေ့တရက် တရက်သာရှိတဲ့အတွက် နဲနေတယ်၊ ဒါကြောင့် ရှစ်ပါးသီလ ယူပြီးတဲ့အခါ ဘုန်းကြီးဟောတဲ့တရားကို နာကြားကြရအောင်လို့ ဒီမာလုကျပုတ္တသုတ် တရားတော်ကို တနေ့ တနေ့မှာ တနာရီခန့် တနာရီခန့် တပိုင်း
ချင်း ဟောဦးမှပဲလို့ စိတ်အကြံဖြစ်လာပါတယ်၊ ပြီးတော့ ရှေးကလဲ ဒီသုတ်တရားကို အကြိမ် တော်တော်များများ ဟောခဲ့ပေမဲ့အဲဒီတုန်းက တရားသံကို ဖမ်းယူမထားခဲ့ရတဲ့အတွက် နောက်ထပ်နာကြားဘို့ရာ အခွင့်မရခဲ့ကြဘူး၊ ယခုတော့ တရားသံကိုလဲဖမ်းယူထားရမယ်၊ ပြီးတော့ ဒီသုတ်တရားတော်က ဝိပဿနာအလုပ်နဲ့ စပ်ပြီးတော့ အခြေအမြစ်ကစပြီး အင်မတန်လဲ ပေါ်လွင့်ပါတယ်၊ အဲဒီ အကြောင်းများကြောင့် ဒီသုတ်တရားကို ဒီကနေ့ကစပြီး တဖန် ဟောတာပါဘဲ။သုတ်တရားတော်၏ အမည်စသည်ကို ဖော်ပြချက်ဒီသုတ်၏အမည်က မာလုကျပုတ္တသုတ်တဲ့၊ အဲဒီမှာ မာလုကျဆိုတာက တရားတောင်းသူရဲ့ မိခင်ဖြစ်သူ ပုဏ္ဏေးမ၏
အမည်ဘဲ၊ အဲဒီအမည်ထဲက ကကြီး ယပင်း၏ အသံထွက်ကို အိန္ဒိယ သိရိလင်္ကာတို့၏ ရွတ်ဆိုသံအားဖြင့် ကယလို့ အသံထွက်တယ်၊ နောက်ပြီးတော့ သိရိလင်္ကာ ကျမ်းစာမူမှာ ကကြီး ယပင်းပေါ်၌ င-သတ်လေးလဲ ပါတယ်၊ မာလုင်္ကျ-လို့ ရှိတယ်၊ပုတ္တ ဆိုတာကတော့ သားလို့အနက်ရှိတယ်၊ ဒါကြောင့် မာလုကျပုတ္တ ဆိုတာ မာလုကျာ ဆိုတဲ့ ပုဏ္ဏေးမ၏ သားလို့ အနက်ရပါတယ်၊ သိရိလင်္ကာ စာမူအရဆိုလျှင် မာလုင်္ကျာ၏ သားလို့ဆိုရမှာဘဲ။ အဲဒီ မာလုကျပုတ္တ ဆိုတဲ့ရဟန်းက တောင်းပန်လို့အဲဒီရဟန်းအား ဟောထားတဲ့ တရားတော် ဖြစ်သောကြောင့် မာလုကျပုတ္တ သုတ်လို့ အမည်ပေးထားတာပါဘဲ။ အဲဒီသုတ်ကသံယုတ်ပါဠိတော် ဒုတိယအုပ် စာမျက်နှာ (၂၉၄-၉) များ၌ ရှိပါတယ်။ အဲဒီသုတ်မှာပါတဲ့ ဂါထာ ၂၄-ပုဒ်ကတော့ ထေရဂါထာ ဝီသတိနိပါတ် စာမျက်နှာ (၃၂၈-၃၃ဝ) တို့၌လဲ ရှိပါတယ်။ဒီသုတ်ကို ဟောရခြင်း၏ အကြောင်းမာလုကျပုတ္တဆိုတဲ့ ရဟန်းတော်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ရိုသေစွာရှိခိုးလျက် ဒီလိုတရားတောင်းပါ တယ်။
သာဓု မေ ဘန္တေ ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု၊ ယမဟံ ဘဂဝတော ဓမံ္မသုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျံ။ဘန္တေ- မြတ်စွာဘုရား၊ ဘဂဝါ- မြတ်စွာဘုရားသည်၊ မေ-တပည့်တော်အား၊ ဓမ္မံ-တရားကို၊ သံခိတ္တေန-အကျဉ်းအားဖြင့်၊ သာဓု ဒေသေတု-ဟောလျှင် ကောင်းပါလိမ့်မည် ဟောစေချင်ပါသည်တဲ့။ အနက်ပြန်ရိုး ပြန်စဉ်ကတော့ သာဓုတောင်း
ပန်ပါ၏။ ဒေသေတု-ဟောတော်မူပါတဲ့၊ သာဓု-ပုဒ်က ကောင်းသည်လို့လဲ အနက်ရှိပါတယ်၊ ဒါကြောင့် ဒေသေတုဟောတော်မူပါ-ဟောတော်မထလျှင်၊ သာဓု-ကောင်းပါသည်-ကောင်းပါလိမ့်မည်လို့ ဒီလို အနက်ပြန်ယင်လဲ သင့်တာပါဘဲ။ဒါပေမဲ့ (အာယာစနတ္ထေ) ရိုသေစွာ တောင်းပန်ခြင်းအနက်၌ နိပါတ်ပုဒ်ဖြစ်ကြောင်း ဖွင့်ပြထားတဲ့အတိုင်း သန္တေ-မြတ်စွာဘုရား၊ သာဓု-တောင်းပန်ပါ၏၊ ဘဂဝါ မြတ်စွာဘုရားသည်၊ မေ-တပည့်တော်အား၊ သံခိတ္တေန-အကျဉ်းအားဖြင့်။ ဓမ္မံတရ
ားကို၊ ဒေသေတု-ဟောတော်မူပါလို့ ဒီလိုပဲ အနက်ပြန်လေ့ရှိကြပါတယ်။ (ဘာ လုပ်ဖို့ တောင်းပန်တာလဲလို့ မေးဘွယ်ရှိသောကြောင့် ဒီလိုလဲ ဆက်ပြီးလျှောက်ပါတယ်။) အဟံ-တပည့်တော်သည်၊ ဘဂဝတော-မြတ်စွာဘုရား၏၊ ယံ ဓမံ္မ-အကျဉ်းအားဖြင့် ဟောကြားသည့် ယင်းတရားတော်ကို၊ သုတွာ-ကြားနာပြီးလျှင်၊ ဧကော-တပါးတည်း၊ ဝူပကဋ္ဌော-ဆိတ်ငြိမ်ရာသို့ကပ်ရောက်လျက်၊ အပ္ပမတ္တော- မမေ့မလျော့သည်ဖြစ်၍၊ အာတာပီ- ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာအားထုတ်မှု သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍၊ ပဟိတတ္တော-တရားထူးကိုရရန် စေလွှတ်အပ်သောစိတ်- စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည်ဖြစ်၍၊ ဝိဟရေယျံ- နေလိုပါသည် အရှင်ဘုရားတဲ့။လျှောက်ထားလိုတာ အတိုချုပ်ကတော့ တပည့်တော်အား တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်း တရားကို အကျဉ်းချုပ်ဟောတော်မူပါဘုရား၊ အဲဒီတရားကို နာပြီးယင် တပည့်တော်ဟာ တပါးတည်း ဆိတ်ငြိမ်ရာမှာနေပြီး မမေ့မလျော့ အပြင်းအထန်

No comments:

Post a Comment