တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၁၄-၁၆

မာလုကျပုတ္တသုတ်တရားတော် ၁၄
မမြင်ရရာမှာ ကိလေသာမဖြစ်ဘူး၊ ဒါကြောင့် မမြင်ရတာတွေကို ကြံတွေးဆင်ခြင်ပြီး အနိစ္စ ဒုက္ခစသည်ဖြင့် ရှုနေဘို့
မလိုဘူး၊ မြင်ရရာမှာတော့ ကိလေသာဖြစ်နိုင်တယ်၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ကိလေသာဖြစ်ခွင့်မရအောင် ရှုမှတ်ပြီး
တော့ ပယ်ရမယ်ဆိုတဲ့ ဝိပဿနာလုပ်ငန်းစဉ်ကို သဘောပေါက်နားလည်အောင် မြတ်စွာဘုရားက မာလုကျပုတ္တအား မေးခွန်း
ထုတ်ပြီး မေးတော်မူခဲ့ပါတယ်။ အဲဒီအမေးဟာ အင်မတန် ကောင်းပါတယ်၊ သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ရှုမှတ်ဘူးတဲ့
ယောဂီတွေမှာ ဆိုယင် အင်မတန်ကို ထင်ရှားနေတာပါဘဲ။ ယခု ထုတ်ပြခဲ့တဲ့ မြင်စရာအဆင်းနဲ့ စပ်ပြီး မေးတော်မူသလိုပင်
ကြားစရာအသံ စသည်တို့နဲ့လဲ စပ်ပြီး မေးတော်မူပါသေးတယ်၊ အဲဒီ မေးခွန်းတွေကိုတော့ နောက်ရက်များကျမှာ ဟောရမယ်။
အဲဒီလိုမေးပြီးလို့ သဘောပေါက်နားလည်တဲ့အခါမှာ မြတ်စွာဘုရားက ဝိပဿနာလုပ်ငန်းစဉ်ကို ဒီလိုအကျဉ်းချုပ် ဟောတော်
မူပါတယ်။
ဝိပဿနာ လုပ်ငန်းစဉ် အကျဉ်းချုပ်
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတံ္တ
ဘဝိဿတိ၊ သုတေ သုတမတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ ဘဝိဿတိ၊ ဝိညာတေ
ဝိညာတမတံ္တ ဘဝိဿတိ။
မာလုကျပုတ္တ- မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တေ-သင်အား၊ ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု
မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊ ဒိဋ္ဌေ မြင်ရသည်၌။ ဒိဋ္ဌမတံ္တ ဘဝိဿတိ-မြင်ရုံမျှဖြစ်လတံ့။ (ပါဠိ
စာအုပ်တို့၌ ဝိညာတဗ္ဗေသု ဟု တဗ္ဗ ပစ္စည်းနှင့် ရှိ၏။ ယင်းသည် ဒိဋ္ဌသုတ မုတ ဟူသော ယှဉ်ဘက်ပုဒ်များနှင့်လဲ မညီ၊
ဝိညာတေဟူသော နိဒ္ဓါရဏီယပုဒ်နှင့်လဲ မညီ၊ ထို့ကြောင့် ဤ၌ တပစ္စည်းနှင့် ဝိညာတေသု ဟု ရွတ်ဆိုထုတ်ပြထားပါသည်။
ဤအညွှန်းမှာ ပါဠိပညာရှင်တို့၏ အတွက်သာ ဖြစ်သည်)။
ရှေ့နားက အမေး၌ မမြင်ရတဲ့ အဆင်း မကြားရတဲ့ အသံအစရှိတဲ့ ၆-မျိုးမှာ ကိလေသာဖြစ်ခွင့်မရှိလို့ အဲဒီလိုမမြင်ရ
တာ စသည်နှင့်စပ်ပြီး ကိလေသာကို ပယ်နိုင်အောင် အားထုတ်ဘို့ မလိုဘူးဆိုတာ ဖော်ပြခဲ့ပြီ၊ မြင်ရတဲ့အဆင်းစသည်နှင့်
စပ်ပြီးတော့ ကိလေသာကို ပယ်နိုင်အောင် ဘယ်လို အားထုတ်သင့်ပါသလဲလို့ မေးဘွယ်ရှိနေလို့၊ နောက်ပြီးတော့ အကျဉ်းချုပ်
ဟောပါလို့လဲ လျှောက်ထား တောင်းပန်တဲ့အတွက် (ဧတ္ထ စတေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု) မာလု
ကျာ၏ သားဖြစ်သော ရဟန်း၊ မြင်ရ ကြားရ ရောက်ရ သိရသော ဟောဒီလေးမျိုးထဲကလဲ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့
စသည်ဖြင့် ဝိပဿနာလုပ်ငန်းစဉ်ကို အကျဉ်းချုံးပြီး ဟောတော်မူပါတယ်။ အကျဉ်းချုံးပုံ ကတော့ နံသိရတာ စားသိရတာ
ထိသိရတာ ဆိုတဲ့ ဒီသုံးမျိုးကို မုတ-ရောက်ရတာ လို့ တမျိုးတည်း ချုံးပြီးတော့လဲ ဟောတော်မူပါတယ်၊ နောက်ပြီးတော့
အနိစ္စ ဒုက္ခ အနတ္တလို့ ရှုပုံ, (နေတံ မမ၊ နေသောဟမသိံ္မ၊ န မေ သော အတ္တာ) ဒါ ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်
စသည်ဖြင့် ရှုပုံများကိုလဲ မြင်ရုံမျှ ဖြစ်လတံ့ စသည် ၄-ချက် မျှဖြင့် ချုံးပြီးဟောတော်မူပါတယ်။ အဲဒီမှာ ဆိုလိုတာကတော့
မမြင်ရတဲ့ အဆင်းစသည်နှင့်စပ်ပြီး ကိလေသာမဖြစ်နိုင်ဘူး၊ ဒါကြောင့် အဲဒီမမြင်ရတဲ့အဆင်းစသည်နှင့် စပ်ပြီး ကိလေသာကို
ပယ်နိုင်အောင် အားထုတ်ဖို့မလိုဘူး၊ ဟောဒီမြင်ရတဲ့ အဆင်းစသည်နှင့် စပ်ပြီးတော့ ကိလေသာ ဖြစ်နိုင်တယ်၊ ဒါကြောင့်
အဲဒီမြင်ရတာစသည်နှင့်စပ်ပြီး ဖြစ်နိုင်တဲ့ကိလေသာကို ပယ်နိုင်အောင်အားထုတ်ဖို့လိုတယ်၊ အားထုတ်ပုံကတော့ အဲဒီမြင်ရတာ
ကြားရတာ ရောက်ရတာ သိရတာဆိုတဲ့ ဒီလေးမျိုးထဲက မြင်ရာ၌ မြင်ရုံမျှတွင် တည်စေရမယ် စသည်ဖြင့် ဆိုလိုပါတယ်။
မြင်ဆဲ၌ စိတ်အစဉ်ဖြစ်ပုံ
မြင်တယ်ဆိုတာ မျက်စိအကြဉ်ထဲမှာ ထင်ပေါ်လာတဲ့အဆင်းကို မြင်သိတာဘဲ၊ အဲဒါကို ပါဠိလို စက္ခုဝိညာဏခေါ်
တယ်၊ ဗမာလို စက္ခုဝိညာဏ်လို့ပြန်ကြတယ်၊ အရပ်သုံးစကား အရအားဖြင့် မြင်သိရုံမျှသဘောပါဘဲ၊ အဲဒီ မြင်သိတဲ့ စက္ခု
ဝိညာဏ်စိတ်မှာ နှစ်သက်မှုစသော ကိလေသာတွေ ဘာတခုမျှ မပါသေးဘူး၊ မြင်သိတဲ့စိတ် ပြီးတော့ အဲဒီအဆင်း အာရုံကို
လက်ခံတဲ့ သမ္ပဋိစ္ဆိုန်းဆိုတဲ့စိတ်ဖြစ်တယ်၊ အဲဒီစိတ်ပြီးတော့ စုံစမ်းတဲ့ သန္တီရဏဆိုတဲ့စိတ်ဖြစ်တယ်၊ အဲဒီထိအောင် ကောင်း
တယ် မကောင်းဘူးစသည်ဖြင့် ဆုံးဖြတ်မှုလဲ မပါသေးဘူး။ ဘာကိလေသာမှလဲ မပါသေးဘူး၊ အဲဒီကနောက် ချစ်ဖွယ်
မုန်းဖွယ် ကြည်ညိုဖွယ် စသည်ဖြင့် ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်ဆိုတာ ဖြစ်တယ်၊ အဲဒီစိတ်မှာလဲ ကိလေသာ မပါသေးဘူး၊ ဒါပေမဲ့
သူကတော့ ချစ်ဖွယ် မုန်းဖွယ်စသည်ဖြင့် ဆုံးဖြတ်ယင် ချစ်ခြင်း မုန်းခြင်းစသော ကိလေသာဖြစ်ဖို့နဲ့ နီးစပ်လာပြီ၊ ဒါကြောင့်
အဲဒီဝုဋ္ဌောစိတ်က ချစ်ဖွယ်မုန်းဖွယ်လို့ ဆုံးဖြတ်လိုက်ယင် သူ့နောက်က လောဘ ဒေါသ မောဟနှင့်ယှဉ်တဲ့ အကုသိုလ်ဇော
တွေ ခုနစ်ကြိမ်တိုင်တိုင် ဆက်ပြီးဖြစ်သွားတော့တာဘဲ၊ အဲဒီလို ဝီထိစိတ်အစဉ်ဖြစ်ပုံကို ဘုန်းကြီးက (ဘဝင်, ဆင်ခြင်၊ မြင်ပြီး
လျှင်၊ ထိုပြင် လက်ခံတုံး) စသည်ဖြင့် ဆောင်ပုဒ်ကလေးများနှင့်တကွ ဟောနေကျပါဘဲ၊ တချို့က အဲဒီ ဆောင်ပုဒ်ကလေးတွေ
နှုတ်တက်တောင်ရနေကြပါလိမ့်မယ်။
မာလုကျပုတ္တသုတ်တရားတော် ၁၅
ယခု အဲဒီဆောင်ပုဒ်တွေကို ဆိုပြီး ရှင်းပြရဦးမယ်၊ ကဲ လိုက်ဆိုကြ။
ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
အိပ်ပျော်နေတဲ့အခါ ဖြစ်နေတဲ့စိတ်မျိုးကို ဘဝင်စိတ်လို့ခေါ်တယ်၊ အဲဒီဘဝင်စိတ်က ယခုလောလောဆယ် တွေ့နေရ
တဲ့အာရုံကိုတော့ အာရုံမûပဘူး၊ ရှေးဘဝက သေခါနီးမှာ စွဲလမ်းလာခဲ့တဲ့ အာရုံကိုသာ အာရုံûပနေတယ်၊ ဒီဘဝမှာ အစဆုံးဖြစ်
ခဲ့တဲ့ ပဋိသန္ဓေစိတ်နှင့် အတူတူပါဘဲ၊ ဒီဘဝင်စိတ်က မြင်သိ ကြားသိစသော လတ်တလော အသိစိတ်တွေ ပြတ်စဲနေတဲ့
အကြားအကြားကာလများမှာလဲ သူကမပြတ်ဖြစ်နေတာဘဲ၊ အဲဒီလိုဘဝင်စိတ်တွေ မပြတ်ဖြစ်နေရာမှာ မျက်စိထဲ၌ အဆင်းရိပ်
ထင်ပေါ်လာယင် အဲဒီဘဝင်စိတ်အစဉ် ပြတ်စဲပြီးဒ မျက်စိထဲပေါ်လာတဲ့ အဆင်းကို ''ဘာပါလိမ့်'' လို့ ဆင်ခြင်တဲ့အနေဖြင့်
စိတ်အထူးဖြစ်လာတယ်၊ အဲဒါဟာ အိပ်ပျော်ရာက နိုးလာတာလို ဘဝင်စိတ်မှ ဖြစ်ပွားလာတဲ့ ဆင်ခြင်စိတ်ပါဘဲ၊ အဲဒီလို ဖြစ်ပုံ
ကိုဆောင်ပုဒ်မှာ ''ဘဝင်, ဆင်ခြင်'' လို့ ဆိုထားတယ်၊ အိပ်ပျော်နေတာလို ဘဝင်စိတ်အစဉ် ဖြစ်နေရာမှ အဲဒီဘဝင်စိတ်အစဉ်
ပြတ်စဲပြီး ဆင်ခြင်တဲ့ (အာဝဇ္ဇန်း) စိတ် ဖြစ်လာတယ်လို့ ဆိုလိုတာပါဘဲ။
အဲဒီဆင်ခြင်တဲ့ စိတ်ကလဲ ဖြစ်ပြီး ချက်ခြင်း ချုပ်ပျောက် သွားတယ်၊ အဲဒီတော့ မျက်စိထဲ ထင်ပေါ်နေတဲ့ အဆင်းကို
မြင်သွားတယ်၊ အဲဒါကို စက္ခုဝိညာဏ်စိတ်လို့ ခေါ်တယ်၊ အဲဒီ မြင်သိစိတ် ချုပ်သွားတော့ အဲဒီမြင်ရတဲ့ အဆင်းကို လက်ခံတဲ့
(သမ္ပဋိစ္ဆိုန်း) စိတ် ဖြစ်ပေါ်လာတယ်။ အဲဒီ အစဉ်အတိုင်းဖြစ်ပုံကို (ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ-လို့
ဆောင်ပုဒ်မှာ ဆိုထားတာဘဲ။
အဲဒီလက်ခံတဲ့စိတ် ချုပ်သွားတော့ စူးစမ်းဆင်ခြင်တဲ့ (သန္တီရဏ) စိတ် ဖြစ်ပေါ်လာတယ်၊ အဲဒီကနောက် ဆုံးဖြတ်တဲ့
(ဝုဋ္ဌော) စိတ်ဖြစ်ပေါ်လာတယ်၊ အဲဒီကနောက် အဲဒီစိတ်က ချစ်စရာ မုန်းစရာ ကြည်ညိုစရာ သနားစရာစသည်ဖြင့် ဆုံးဖြတ်
လိုက်သည်အားလျော်စွာ ချစ်တဲ့ မုန်းတဲ့ အကုသိုလ်ဇောစိတ်, ကြည်ညိုတဲ့ သနားတဲ့ ကုသိုလ်ဇောစိတ်စသည် ခုနစ်ကြိမ်
တိုင်တိုင် ဆက်ဖြစ်သွားတယ်၊ အဲဒီကနောက် ဇောစိတ်၏အာရုံကိုပင် ဆက်ပြီးအာရုံûပတဲ့ (တဒါရုံ) စိတ် ၂-ကြိမ် ဆက်ဖြစ်
တယ်၊ အဲဒီကနောက်တော့ အိပ်မောကျသွားသလိုပင် ဘဝင်စိတ်တွေ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်ပုံကိုလဲ ''စုံစမ်း, ဆုံးဖြတ်၊
ဇောစိတ်-သတ်၊ နှစ်ရပ် တဒါရုံ'' လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
စုံးစမ်း, ဆုံးဖြတ်၊ ဇောစိတ် သတ်၊ နှစ်ရပ် ဘဒါရုံ၊
အဲဒီမှာ ''ဇောစိတ်သတ်'' ဆိုတာ ဇောစိတ် (သတ္တ) ခုနစ်ကြိမ်လို့ ဆိုလိုတာပါဘဲ၊ အဲဒီဇောစိတ်ကတော့ သာမန်
ပုဂ္ဂိုလ်တွေမှာ ဝုဋ္ဌောစိတ်က ချစ်စရာကောင်းတယ်စသည်ဖြင့် ဆုံးဖြတ်လိုက်တဲ့အတိုင်း လောဘ ဒေါသစသော အကုသိုလ်ဇော
စိတ်ဖြစ်တာကဘဲများတယ်၊ သူတော်ကောင်းစိတ် ရှိတဲ့သူတွေ, ကုသိုလ်ဖြစ်ရေးကို အလေးûပနေတဲ့သူတွေမှာတော့ ဝုဋ္ဌောစိတ်
က ကြည်ညိုစရာကောင်းတယ် သနားစရာကောင်းတယ် စသည်ဖြင့် ဆုံးဖြတ်လိုက်တဲ့အတိုင်း ကုသိုလ်ဇောလဲ ဖြစ်တတ်ပါ
တယ်။ ယခုဆိုခဲ့ကြတဲ့ ဆောင်ပုဒ် ၂-ခုအရ ဆင်ခြင်တဲ့စိတ်မှ တဒါရုံစိတ်အထိ စိတ် ၁၄-ကြိမ်ဟာ မြင်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ်
ပါဘဲ၊ အာရုံအားနည်းတဲ့အခါမှာတော့ ဇောစိတ်တွင် အဆုံးသတ်သွားတာလဲ ရှိတယ်၊ ဇောကလဲ ၆-ကြိမ် ၅-ကြိမ်လောက်ဖြစ်
တာလဲရှိတယ်၊ အများအားဖြင့်တော့ ဇော (၇) ကြိမ် တဒါရုံ (၂) ကြိမ်အထိ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ။ ဒါကြောင့် အဲဒီဖြစ်ရိုးဖြစ်စဉ်
အကို ''အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ်မှတ်ပါကုန်'' လို့ ဆောင်ပုဒ်လဲ စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
ကြားဆဲ စသည်၌ စိတ်အစဉ်ဖြစ်ပုံ
အသံကြားတဲ့အခါ အနံ့နံတဲ့အခါ စသည်မှာလဲ စိတ်အစဉ်ဖြစ်ပုံကတော့ အတူတူပါဘဲ။ ထူးတာကတော့ (ဘဝင်
ဆင်ခြင် မြင်ပြီးလျှင်လို့) ဆိုရာမှာ (ဘဝင် ဆင်ခြင်, ကြားပြီးလျှင်) စသည်ဖြင့် ပြင်ဆိုရုံလောက်ပါပဲ ထူးပါတယ်။ ဒါကြောင့်
''ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်ဖိစိတ်ဖြစ်ပုံ '' လို့ လဲ အညွှန်းဆောင်ပုဒ် တခုကို စီထားပါသေးတယ်။ အဲဒါကို ဆိုကြရ
မယ်။
ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်ဖိ စိတ်ဖြစ်ပုံ။
အသံကြားယင်, အနံ့ နံသိယင်, အရသာ စားသိယင်, အတွေ့အာရုံကို ထိသိယင် အဲဒီအခါများမှာလဲ စိတ်ဖြစ်ပုံအစဉ်
ဟာ မြင်တဲ့အခါ ဖြစ်ပုံနဲ့ အတူတူဘဲလို့ ဆိုလိုပါတယ်၊ မြင်ပြီးလျှင် ဆိုတဲ့နေရာမှာ ကြားပြီးလျှင်၊ နံပြီးလျှင်၊ စားပြီးလျှင်၊
မာလုကျပုတ္တသုတ်တရားတော် ၁၆
ထိပြီးလျှင်လို့ ပြင်ဆိုရုံလောက်သာ ထူးပါတယ်။ အဲဒီ ကြားဆဲစသည်မှာ စိတ်အစဉ်ဖြစ်ပုံကိုတော့ နောက်ရက်များကျမှ ပြောရ
မယ်၊ ယခုတော့ (ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ-ဆိုတဲ့) ပါဠိအရ မြင်ဆဲ၌ စိတ်အစဉ်ဖြစ်ပုံကို ပြောနေတာပါ။
မြင်တယ်ရှုမှတ် ပရမတ်သိပုံ
ယခုပြောခဲ့တဲ့အတိုင်း စက္ခုဝိညာဏ်စိတ်ဖြင့် မြင်သိပြီးတဲ့နောက် လက်ခံစိတ် စုံစမ်းစိတ် ဝုဋ္ဌောစိတ် ဇောစိတ် တဒါရုံ
စိတ်ဆိုတာတွေလဲ မြင်သိရတဲ့ ပရမတ်အဆင်းမျှကိုသာ အာရုံûပပြီး ဖြစ်ကြတယ်၊ မိန်းမ ယောကျာ်း စသော ပညတ်ပုံသဏ္ဌာန်
ကိုတော့ အာရုံမûပသေးပါဘူး၊ ဒါကြောင့် အကုသိုလ်ဇော ဖြစ်ပေမဲ့ အဲဒီအကုသိုလ်က ထက်သန်တဲ့အကုသိုလ်တော့ မဟုတ်
သေးပါဘူး၊ ဒါကြောင့် အဲဒီလို မြင်သိပြီးလျှင်ပြီးချင်း မြင်တယ်လို့ ရှုမှတ်နိုင်လျှင် မြင်သိရတဲ့ ပရမတ်အဆင်းရုပ်နဲ့ မြင်သိ
စိတ် ပရမတ်နာမ်တရားကို အမှန်အတိုင်း သိရပါတယ်၊ အဲဒီလို မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ပရမတ်ရုပ်နာမ်မျှကိုသာ သိသိ
နေယင် မိန်းမကိုမြင်တယ်၊ ယောကျာ်းကိုမြင်တယ် စသည်ဖြင့် ပညတ်ကို ကြံသိတဲ့ စိတ်ကူးတွေ မဖြစ်ရတော့ဘူး၊ အဲဒါဟာ
''မြင်ရုံမျှ ဖြစ်လတံ့'' ဆိုတဲ့ ဒေသနာတော်နှင့်အညီ မြင်ရုံမျှတွင် တည်ပုံပါဘဲ။
မြင်သိပြီးလျှင် ကြံသိစိတ်ဖြစ်ပုံ
ယခု ပြောခဲ့တဲ့အတိုင်း မြင်ပြီးလျှင် ပြီးချင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်ပြီး သိဘို့ဆိုတာက မလွယ်ပါဘူး၊ ရှုမှတ်
ခါစ ယောဂီဆိုယင် အဲဒီလို မြန်မြန် မမှတ်မသိနိုင်သေးပါဘူး။ အဲဒီလို မသိနိုင်သေးတဲ့အတွက် မြင်သိတာကို ပြန်ဆင်ခြင်တဲ့
ကြံသိဝီထိ ဖြစ်ပေါ်တယ်၊ အဲဒီဝီထိ ဖြစ်ပုံကတော့-ဘဝင်မှ ထပြီး ဆင်ခြင်တဲ့စိတ် ရှေးဦးစွာဖြစ်တယ်၊ အဲဒီစိတ်ပြီးတော့ ဇော
ခုနှစ်ကြိမ်နဲ့ တဒါရုံ နှစ်ကြိမ်ဆိုတာတွေ ဖြစ်တယ်၊ တဒါရုံပြီးတော့ ဘဝင်စိတ်တွေ ဖြစ်သွားတယ်။ အဲဒီ ဖြစ်ပုံကိုလဲ
''ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာစိတ်ဖြစ်ပုံ'' လို့ ဆောင်ပုဒ်စီးထားတယ်။ အဲဒါကို ဆိုကြရမယ်။
ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ။
စိတ်ကူးကြံစည်တဲ့အခါ အပြည့်အစုံ ဆိုယင် ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်ရယ်၊ ဇော ခုနစ်ကြိမ်ရယ်၊ တဒါရုံ နှစ်ကြိမ်
ရယ်- ပေါင်း စိတ် (၁ဝ) ကြိမ်ဖြစ်တယ်၊ အာရုံက အားနည်းယင်တော့ ဇော ခုနစ်ကြိမ်အထိမျှသာ ဖြစ်တာလဲရှိတယ်၊ ဇော
(၆) ကြိမ်မျှ (၅) ကြိမ်မျှတွင် ပြတ်စဲသွားတာလဲ ရှိတယ်။ မြင်ပြီးလျှင်ပြီးချင်း အဲဒီလို ကြံသိရာမှာလဲ မိန်းမ ယောကျာ်း
စသော ပုံသဏ္ဌာန်ပညတ် မပေါ်သေးပါဘူး၊ မြင်သိဆဲကအတိုင်း ပရမတ်အဆင်းမျှသာ ပေါ်ပါသေးတယ်၊ ထူးတာကတော့
မြင်သိဆဲမှာ ရှိဆဲပစ္စုပ္ပန်အဆင်း ထင်ရှားတယ်၊ ပြန်လည်ကြံသိတဲ့ အဲဒီ စိတ်အစဉ်မှာတော့ ချုပ်ပြီး ကွယ်လွန်ပြီး အတိတ်
အဆင်း ထင်ရှားတယ်၊ ဒါလောက်သာထူးပါတယ်၊ အဆင်းရုပ်ကတော့ ပရမတ်အစစ်ပါဘဲ။ ဒါကြောင့် အဲဒီ ကြံသိပြီးလျှင်
ပြီးချင်းမြင်တယ်လို့ ရှုမှတ်နိုင်ယင်လဲ ပရမတ် အဆင်းရုပ်ကို အမှန်အတိုင်း သိတာပါဘဲ။ ဒါပေမဲ့ အားထုတ်ခါစ ပုဂ္ဂိုလ်က
တော့ အဲဒီ ကြံသိပဌမဝီထိ အခြားမဲ့မှာ ရှုမှတ်ဖို့ မဖြစ်နိုင်သေးပဲ ရှိတတ်ပါတယ်။
ပညတ် ထင်ရှားပေါ်လာပုံ
အဲဒီလို ကြံသိပဌမဝီထိ၏ အခြားမဲ့မှာ မရှုမှတ်နိုင်သေးယင်တော့ ဒုတိယကြံသိဝီထိက ဆက်ပြီးဖြစ်လာတယ်၊ အဲဒီ
ဝီထိစိတ်အစဉ်မှာတော့ မိန်းမ ယောကျာ်းစသော ပုံသဏ္ဌာန်ပညတ် ပေါ်လာတယ်၊ အဲဒီကနောက် တတိယ ကြံသိဝီထိကျတော့
မိန်းမ ယောက်ျား စသော အမည်ပညတ်လဲ ပေါ်လာတယ်၊ အဲဒီလို ဒုတိယ တတိယ ကြံသိဝီထိများဖြင့် ပုံသဏ္ဌာန်ပညတ်
အမည်ပညတ်တွေကို သူ့အလိုလို အလျင်အမြန် သိသိသွားတာဟာ မောဟ၏ အစွမ်းအားဖြင့် အလွဲအမှား တွေကို သိသိသွား
တာပါဘဲ၊ အဲဒီလို အလွဲအမှားတွေကို မောဟက လက်ဦး သိသိသွား သောကြောင့် မောဟဟာ (အာရမ္မဏ သဘာဝစ္ဆာဒနရ
သော) အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း ကိစ္စရှိတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားတာပါဘဲ။ ယခုသတိပဋ္ဌာန်
ဒေသနာတော်အရ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ချက်ခြင်း ရှုမှတ်နေကြရတာဟာ အဲဒီကြံသိ ဒုတိယဝီထိစသည်
ဖြင့်ပညတ်အလွဲအမှားကို အာရုံမûပသေးခင် ပရမတ်အဆင်းရုပ်အမှန်ကိုသိရအောင် ရှုမှတ်နေကြရတာဘဲ၊ ဒါပေမဲ့ အားထုတ်
ခါစမှာတော့ သတိ သမာဓိÓဏ်က နောက်ကျနေလို့ အမှန်အတိုင်း မသိနိုင်သေးပါဘူး၊ သတိ သမာဓိ Óဏ်အားကောင်းလာ
တဲ့ အခါကျတော့ မြင်သိဝီထိ၏ အခြားမဲ့မှာလဲ ရှုမှတ်ပြီး အမှန်အတိုင်း သိနိုင်ပါတယ်။ ဘင်္ဂÓဏ် သင်္ခါရုပေက္ခာ Óဏ်များ
ကျတော့ မြင်သိစိတ်အစဉ်မှာ ဇောထိအောင် မဖြစ်တော့ပဲ ဝုဋ္ဌော ၂-ကြိမ် ၃-ကြိမ်မျှသာ ဖြစ်ပြီးတော့ အဲဒီ ဝီထိအခြားမဲ့မှာ
ရှုသိတဲ့ ဆဠင်္ဂုပေက္ခာ ဝိပဿနာÓဏ်ဖြစ်ကြောင်းကို မူလပဏ္ဏာသ အဋ္ဌကထာ (နှာ- ၁၂၉) စသည်၌ ပြဆိုထားပါတယ်၊ အဲဒီ
အကြောင်း အပြည့်အစုံကို ဝိပဿနာရှုနည်းကျမ်း (ပ-ဆဋ္ဌမ အကြိမ်ရိုက် ၃၂ဝ-စသည်) မြင်ဆဲ၌ ရှုပုံမှာ ကြည်ရှုနိုင်ပါ
တယ်။ အဲဒါနှင့်စပ်ပြီးတော့ အရှင်ပေါဋ္ဌိလမထေရ် ဝတ္ထုကို အကျဉ်းချုပ် ထုတ်ပြပါဦးမယ်။

No comments:

Post a Comment