တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, October 22, 2009













Tuesday, September 1, 2009

080109MN1
video
080109MN1A
video
080109MN1B
video
080109MN2
video
080109MN2A
video
080209MN3
video
080209MN3A
video
080209MN4
video
080209MN4A
video
080209MN4B
video
datehtee phoke-nee

Friday, August 28, 2009



နိဗ္ဗာန်သွားရာလမ်းပြမြေပုံ တရားတော်
video

လောကဝိဒူတရား
video

Tuesday, July 14, 2009

Shwe Meggin Sayadaw

Marana Nu-tha-ti Tayartaw --မရဏာနုဿတိတရားတော်
video

Friday, July 10, 2009


Min Ku Tha & Pa Pa Wa Ti - မင်းကုသ နှင့် ပပဝတီ

video
Don-La-Ba-Tayar 5 Par - ဒုလ္လဘ တရား ၅ ပါး
video
Oat-Sar-4-Myoo - ဥစ္စာ ၄ မျိုး
video
တရားနာသင့်သလား တရားအားထုတ်သင့်သလား
video
ဥာဏ်စဉ်နှင့်ဝိသုဒ္ဓိ (၇)ပါး
video
သင်္ခါရတရား ၃ ပါး
video

Wednesday, June 24, 2009

SHWE MEGGIN SAYADAW 'S DHAMMA TALKS


Laymyatkyiyon_tharanagon_1 (လေးမြတ်ကြည်ယုံ သရဏဂုံ - ၁ )

Laymyatkyiyon_tharanagon_2 (လေးမြတ်ကြည်ယုံ သရဏဂုံ - ၂)

Bimbitharra_mingyi_1 (ဗိမ္မိဿာရမင်းကြီး - ၁)

Bimbitharra_mingyi_2 (ဗိမ္မိဿာရမင်းကြီး - ၂)

Bimbitharra_mingyi_3 (ဗိမ္မိဿာရမင်းကြီး- ၃)

Bimbitharra_mingyi_4 (ဗိမ္မိဿာရမင်းကြီး - ၄)

tayout_htel_teat_aung_nay (တယောက်ထဲသိအောင်နေ)

tayar_taung_tat_parsay (တရားတောင်းတတ်ပါစေ)

swan_anumawdanar_tayar (ဆွမ်းအနုမောဒနာတရား)

Phayarko_bellokoekwelmel (ဘုရားကိုဘယ်လိုကိုးကွယ်မယ်)

payeik_akyopayeik_takho (ပရိတ်အကျိုး ပရိတ်တန်ခိုး)

Mingalar_tayar (မင်္ဂလာတရား)

Kyaung_anumawdanar (ကျောင်းအနုမောဒနာတရား)

Kuthoshithumyar_tayararhtoutyin (ကုသိုလ်ရှိသူများတရားအားထုတ်ရင်)

anyitkyay_khannayyin_thitsar_maswelpar (အညစ်အကြေးခံနေလျှင်သစ္စာမစွဲပါ)

Ma_Ha_Tha_Ma_Ya_Thut_Tan_1---- မဟာသမယ သုတ္တန်-(၁)

Ma_Ha_Tha_Ma_Ya_Thut_Tan_2 ---- မဟာသမယ သုတ္တန်-(၂)

Ma_Ha_Tha_Ma_Ya_Thut_Tan_3 ---- မဟာသမယ သုတ္တန်-(၃)

Ko_saut_lay_par_ta_yar ( ကိုယ်စောင့်တရားလေးပါး )

Pa_ri_kan_ta_yar ---- ပရိကံပြုခြင်း‏အကြောင်း တရားတော်

Than_way_ga_ma_par_yin_ta_yar_ma_shar_nel_1 --သံဝေဂမပါရင် တရားမရှာနဲ့--(၁)

Than_way_ga_ma_par_yin_ta_yar_ma_shar_nel_2---သံဝေဂမပါရင် တရားမရှာနဲ့--(၂)

Than_way_ga_ma_par_yin_ta_yar_ma_shar_nel_3---သံဝေဂမပါရင် တရားမရှာနဲ့--(၃)

Ku_tho_ya_aung_nay ( ကုသိုလ်ရအောင်နေ )

Pa_yeik_a_kyaung_thia_kaung_sa_yar.(ပရိတ်အကြောင်းသိကောင်းစရာ)

Tar_won_kyay_par_say (တာဝန်ကျေပါစေ)

Tayarnar_nee_hnamyoo (တရားနာနည်းနှစ်မျိုး)

Tha_kyan_pwel_and_Thet_kyi_pu_zaw_pel (သင်္ကြန်နှင့်သက်ကြီးပူဇော်ပွဲ)

Thay_khar_Hma_a_Shet_ma_kwel_say_nel (သေခါမှအရှက်မကွဲစေနဲ)

Vimuttisukha (၀ိမုတ္တိသုခ)

Kuthoyaaung_nay_MD (ကုသိုလ်ရအောင်နေ (မေရီလင်းပြည်နယ်)

new year_maryland (မေရီလင်းပြည်နယ် နှစ်သစ်ကူးတရား)

Alout_thar_hman_hman_lout_nay_par (အလုပ်သာမှန်မှန်လုပ်နေပါ)

Friday, June 12, 2009

Nyaung Dome

Hanging Monastery

Hanging Monastery

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားတော် မူအပ်သော ဝိပဿနာ ရှုနည်း

(ဝိပဿနာရှုနည်း ၁-အခဏ်း ၁-စာမျက်နှာ ၁၂၈-မှ)
အပါယ်ဘေးကို ဆင်ခြင်ပါ
ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။ မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝ
ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌
ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်း
ကုန်၏။ ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲနည်းတူပင်
ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍¤င်း, စောင်းလျက်အိပ်စေ၍¤င်း ငါးပါးသော ဌာနတို့၌ သံစို့ကြီး
များကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံ
ရသော ငရဲသားတို့သည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ များစွာစိတ်ဆင်းရဲရ၏။ အလွန်ကြမ်းတမ်းရက်စက်စွာ
ကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လဲ စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ၍သိပ်ခြင်း,
မီးလောင်ခံရခြင်း, သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း, ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လဲ အတိုင်းမသိ
ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။ ထိုသို့သော ကာလ၌ ကယ်ပါ, သနားပါ, ချမ်းသာပေးပါ စသည်ဖြင့်
မျက်ရည်စီးယို ငိြုေ<ွကးမြည်တမ်းလျက် တောင်းပန်သော်လဲ မည်သူကမျှ မကယ်, မသနား, ချမ်းသာ မပေးချေ။ မိမဲ့ ဘမဲ့
ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာ ဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်
ဝိပဿနာရှုနည်းကျမ်း (အကျဉ်းချုပ်) ၇
ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကို
အားထုတ်ခွင့် မရနိုင်တော့ချေ။
ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော တံစည်း
ပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍
စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ
၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။ ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍
ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် မီးလျှံရဲရဲတောက်သော
သံရထား၌ နွား မြင်း တို့ကဲ့သို့ တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲ နေလျှင် ရဲရဲတောက်သော
သံဒုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည်
ဆင်းချည် အဖန်ဖန် ûပစေကုန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက် ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီ
ခေါ် သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ အမြှုပ်တစီစီထလျက်
နစ်ûမပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။ တဖန် အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏
အထက်နခမ်းဝသို့ ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌
ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်
ကိုကား မရနိုင်တော့ချေ။
ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း
အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာ
တရာစီရှိ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။ အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင်
အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး အောက်သံမြေပြင်
တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့် ဟစ်အော် မြည်တမ်း
လျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌ ထိုငရဲကြီး၏ တံခါးဝ
တခုခုသည် ပွင့်၏။ ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့ အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင်
မောပန်း လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာကြာလျှင် ထိုတံခါးကြီးသည်
ပိတ်သွားလေ၏။ ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တûပိင်နက် ဘင်ပုပ် ငရဲထဲသို့ ကျသွားလေ
၏။ မစင်ဘင်ပုပ်ထဲ၌ နစ်ûမပ်နေစဉ် ဆင်၏ လည်ပင်းခန့် လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။
ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ,
ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။ ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့
ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ''ရိုက်နှက်၍ ထိုလက်ပံပင်တို့၌
တက်ချည် ဆင်းချည် ûပစေကုန်၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။ ဆင်းသော
အခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏ ကိုယ်သည် ထို
လက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။ ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။
ရောက်သည်နှင့်တûပိင်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား ရှိသော အရွက်တို့သည်ြေ<ွက၍ ငရဲသား၏ ကိုယ်ပေါ်၌ ကျလေ
ကုန်၏။ လက်, ခြေ, နား, နှာ, ကိုယ်အင်္ဂါတို့သည် အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်ဓုန်း
သွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။ ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။ ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင်
တော့ချေ။
ထိုငရဲမှလွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျိုက်ကျိုက်
ဆူသော သံရည်အထိ ပြည့်၏။ သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်ဓုန်းသွား
ခင်းလျက် ရှိ၏။ ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။ ငရဲသားသည်
ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ သင်ဓုန်းသွား ရှိသောကြောင့်¤င်း၊ သံရည်ပူဖြင့် လောင်ခြင်း စပ်ခြင်းကြောင့်¤င်း ဗိုင်းကနဲ
လဲရှာလေ၏။ လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ ရှိသော
ကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊ ချေင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။ ငရဲသား၏ ကိုယ်သည် အစုတ်စုတ်
အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော ထိုငရဲသားကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှား
ချိတ်ကြီးဖြင့် ဆယ်တင်၍ 'ဘာအလိုရှိသလဲ'ဟု မေးကုန်၏။ တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော သံတုံးသံခဲတို့ဖြင့်
ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကို အတင်းပိတ်၍ ထားရှာ
ဝိပဿနာရှုနည်းကျမ်း (အကျဉ်းချုပ်) ၈
လေ၏။ ထိုအခါ ငရဲထိန်းတယောက်က ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြား ငရဲထိန်း
တယောက်က ထိုနည်းတူပင် တဘက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်သော
ထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍ ကျွေးကြလေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ အာခေါင် လည်ချောင်း
အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏ ရေငတ်သည်ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော
သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားကုန်
၏။ ငရဲသားသည် မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။ ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို ငရဲကြီး
ထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။ ဤ ငရဲဒုက္ခတို့ကို ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်, ဒေဝဒူတသုတ် စသည်တို့၌
ကျယ်ဝန်းစွာ ဟောထား၏။ ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။ ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့်
ရင်ဆိုင်တွေ့နေရသောသူတို့သည် ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။ သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ ဆုံးမအားပေး
အပ်၏။

ဝိပဿနာ ရှုနေသော အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊ မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ
ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊ ရှေးကလဲ ခံစားခဲ့ရ
လှလေပြီ၊ ငရဲဒုက္ခနှင့် êကံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိြုေ<ွကး တောင့်တ နေသော်လဲ သင်သည် ဤ
ဝိပဿနာအလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။
သို့ဖြစ်၍ သင်မပျင်းပါနဲ့၊ မမေ့ပါနဲ့၊ ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့ = ဤသို့သော အဓိပ္ပါယ်ကိုပင်
ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံးအမတော်ကို ရိုသေစွာ လိုက်နာပါလော့။
ဈာယ (တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုဏေ ရမေဿု စိတ္တံ၊
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊
မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁-ဂါထာ)
ဘိက္ခု၊ ရဟန်း။ တုဝံ၊ သင်သည်။ ဈာယ၊ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မာ ပမာဒေါ၊ မေ့၍
မနေလေလင့်။ တေ စိတ္တံ၊ သင်၏စိတ်ကို။ ကာမဂုဏေ၊ ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။ မာ ရမေဿု၊ မွေ့လျော်နှစ်ûခိက်
ပျော်ပိုက်၍ မနေစေလင့်။ ပမတ္တော၊ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။ နိရဟံပတွာ၊ တရံတခါ ငရဲရွာသို့
ရောက်လတ်၍။ လောဟဂုဠံ၊ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။ မာဂိလီ၊ အလိုမကျဘဲ မမျိုရမိ ပါစေလင့်။ ဒယှမာနော၊
ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။ ဣဒံ ဒုက္ခန္တိ၊ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊ မာ ကန္ဒီ၊ ဟစ်အော်
ယောင်ယမ်းလျက် မမြည်တမ်း မငိြုေ<ွကးရပါစေလင့်။
တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လဲ အားထုတ်ခွင့်မရနိုင်။ အဖျား၌ သံချွန်တပ်သော
နှင်တံ, ရိုးရိုး နှင်တံတို့ဖြင့် ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်း နွား ကျွဲ
ဖြစ်စဉ်၌လဲ အားထုတ်ခွင့်မရနိုင်။ ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင် ငတ်မွတ်နေစဉ်၌လဲ
အားထုတ်ခွင့် မရနိုင်။ ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာ
ကိုယ်ရှိလျက် မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့် ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန်
ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လဲ ဝိပဿနာÓဏ် မဂ်ဖိုလ်Óဏ်တို့ကို မရနိုင်ကုန်။ အိုသူတော်ကောင်း-
လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ဝိပဿနာအလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊မမေ့နဲ့၊
အားထုတ်ပါလော့။ ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။

Thursday, June 11, 2009

တောင်ခ္ဂင် သာသနာပိုင်ဆရာတော် ၏
သွားနိုင် ဂါထာတော်

သတိ ဂတိ ဓိတိ မန္တံ
သန္တံ ဒန္တံ သုခါဝဟံ ၊
စတ္တာလီသ သမ ဒန္တံ
ဝန္ဒာမိ သိရသာဒရံ ။

Wednesday, June 10, 2009

Webu Sayadaw Gyi’s Rare Photo Album
Webu Sayadaw Gyi' s Quotes
Quotes from Famous Sayadaw Gyis'

Saturday, May 23, 2009

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၏ ဓမ္မဒေသနာဆောင်ပုဒ်များ


မဟာစည် ဓမ္မဒေသနာဆောင်ပုဒ်များ
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး
နေ့စဉ်ရှိခိုးသော ဂုဏ်တော်ဘုရားရှိခိုး
ဂုဏ်တော် ၉-ပါးဘုရားရှိခိုး
အစိေႏၲယ်, အစိေႏၲယ်, အပၸေမယ်, အပၸေမယ်, မႀကံဆ မနှိုင်းယှဉ်ကောင်းသော ဂုဏ်တော်အပေါင်း အနန္တနှင့် လုံးဝ
ဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၁။(က) အရဟံ၊ လွန်ကဲထူးမြတ်သောသီလဂုဏ်, သမာဓိဂုဏ် ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိÓဏဒဿန
ဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ, နတ်, ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို
ခံတော်မူထိုက်ပေသောမြတ်စွာဘုရား။
၂။(ခ) အရဟံ-ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်
တော်မူပေသော မြတ်စွာဘုရား။
(ဂ) အရဟံ-လောဘ, ဒေါသ, မောဟအစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီး
သော မြတ်စွာဘုရား။
(ဃ) အရ ဟံ-သံသရာစက် ထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။
(င) အရဟံ-မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်းစင်ကြယ်၍ ဆိတ်ကွယ်ရာမရှိတော်မူသော
မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတစ်ပါးထံနည်းမခံပဲ ကိုယ်တိုင်Óဏ်
အဟုန်စွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာသိတော်မူပေသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာမည်သော Óဏ်ထူး ၃-ပါး Óဏ်ထူး ၈-ပါး စရဏမည်သောအခြေခံ
အကျင့်တရား ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။(က) သုဂတော -သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာြ>ွမက်ဆို
တော်မူတတ်ပေသော မြတ်စွာဘုရား။
(ခ) သုဂတော-မဂ္ဂင်ရှစ်ဖြာ တင့်တယ်သောအမူအရာဖြင့် ကောင်းစွာသွားခြင်း, ကောင်းစွာဖြစ်
ခြင်း ရှိတော်မူပေသော မြတ်စွာဘုရား။
၅။ လောကဝိဒူ-လောက၏ အကြောင်းအရာအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာ
ဘုရား။
၆။(က) အနုတ္တရော- အမြင့်အမြတ်ဆုံးဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိ
Óဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လောကဓာတ်အလုံး၌ အမြင့်မြတ်ဆုံးဖြစ်
တော်မူပေသော မြတ်စွာဘုရား။
(ခ) ပုရိသ ဒမ္မသာရထိ- ယဉ်ကျေးလိမ္မာ ပညာအသိ မရှိကြသေး မပြည့်ဝသေး၍ ဆုံးမပေးထိုက်
သော ပုဂ္ဂိုလ်တို့အား ယဉ်ကျေးလိမ္မာ ပညာပြည့်ဝအချိုးကျအောင် ဆုံးမသွန်သင်တော်မူတတ်
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၃
ပေသော မြတ်စွာဘုရား။
(ဂ) အနုတ္တရော ပုရိသဒမ္မသာရထိ-ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်
ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၇။ သတ္ထာဒေဝ မနုဿာနံ-ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြဆုံးမတော်မူတတ်၍ လူ, နတ်တို့၏
ဆရာမြတ်အစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ-တရားအလုံးစုံကို အကုန် သိတော်မူပေသော မြတ်စွာဘုရား။
၉။ ဘဂဝါ-ဘုန်းတော်အနန္တ, ကံတော်အနန္တ, Óဏ်တော်အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေ
သော မြတ်စွာဘုရား။
အရဟံအစရှိသော ကိုးပါးသောဂုဏ်တော်, ဆယ်ပါးသော ဂုဏ်တော်, အနန္တဂုဏ်တော်,
ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား, သဗ္ဗညုမြတ်စွာဘုရား
ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်
တော့ပါ၏ မြတ်စွာဘုရား။
ဂုဏ်တော် ၆-ပါး တရားရှိခိုး
ဘဂဝတာ-မြတ်စွာဘုရားသည်၊ အက္ခာတော-ဟောကြားအပ်သော၊ ဓမ္မော-တရားတော်သည်။
၁။ သွက္ခာတော-ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာဟောအပ်သော တရားတော်မြတ်ပါပေတကား။
၂။ သန္ဒိဋ္ဌိကော-ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား။
၃။ အကာလိကော-အချိန်အခွင့် မဆိုင်းလင့်ပဲ အသင့်လက်ငင်း ချက်ချင်းအကျိုးပေးတတ်သော တရားတော်မြတ်ပါ
ပေတကား။
၎။ ဧဟိပဿိကော-လာပါ, ကြည့်လှည့်ပါဟု ကျင့်ကြံအားထုတ်ရန်ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်မြတ်
ပါပေတကား။
၅။ သြပနေယျိကော-မိမိသန္တန်၌ တည်အောင်ကျင့် ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား။
၆။ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ-တရားသိမြင်သည့် ပညာရှိရှစ်ပါး အရိယာများသာလျှင် ကိုယ်တရားနှင့်ကိုယ် အသီး
သီး သိမြင်ခံစားရသော တရားတော်မြတ်ပါပေတကား။
သွာက္ခာတ-အစရှိသော ဤဂုဏ်တော် ၆-ပါးနှင့် ပြည့်စုံတော်မူသော မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်, ပရိယတ်
အားဖြင့် ဆယ်ပါးသောတရားတော်မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျော်မာန်လျော့
ကန်တော့ပါ၏ဘုရား။
ဂုဏ်တော် ၆-ပါး တရားရှိခိုးပြီး၏။
ဂုဏ်တော် ၉-ပါး သံဃာတော်ရှိခိုး
ဘဂဝတော-မြတ်စွာဘုရား၏၊ သာဝကသံဃော-တပည့်သားအပေါင်း သံဃာတော်သည်။
၁။ သုပ္ပဋိပန္နော-လောဘ, ဒေါသ, မောဟကင်းကြောင်း (သီလ, သမာဓိ, ပညာအကျင့်ကောင်းကို) ကောင်း
စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၎
၂။ ဥဇုပ္ပဋိပန္နော-ကိုယ်နှုတ်စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာ
တော်မြတ်ပါပေတကား။
၃။ Óယပ္ပဋိပန္နော-ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလိုငှာ သင့်လျှော်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေ
တကား။
၎။ သာမိစိပ္ပဋိပန္နော-သူများကûပသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာ
တော်မြတ်ပါပေတကား။
၅။ အာဟုနေယျော-အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက်, ပေးလှူသည်ကို ခံယူတော်မူ
ထိုက်သော သံဃာတော်မြတ်ပါပေတကား။
၆။ ပါဟုနေယျော-ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးûပပြင်ထားသော စားကောင်းသောက်
ဖွယ် ကိုသော်လည်း ပေးလှူပူဇော်ထိုက်, ခံယူတော်မူထိုက်သော သံဃာမြတ်ပါပေတကား။
၇။ ဒက္ခိနေယျော-နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟုယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူ
ထိုက်သော သံဃာတော်မြတ်ပါပေတကား။
၈။ အဉ္စလီကရဏီယော-ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျက် လက်အုပ်မိုး၍ ရှိခိုး
ထိုက်သော သံဃာတော်မြတ်ပါပေတကား။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ-ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလိုငှာ သတ္တဝါအပေါင်း၏ အကောင်း
ဆုံး လယ်ယာမြေ ဖြစ်တော်မူသော သံဃာတော်မြတ်ပါပေတကား၊
သုပ္ပဋိပန္န-အစရှိသော ဤကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးပါး, ဖလဋ္ဌာန်ပုဂ္ဂိုလ်
လေးပါးအားဖြင့် ရှစ်ပါးသော အရိယာပုဂ္ဂိုလ်အပေါင်း သံဃာတော်မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်
မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏အရှင်ဘုရား။
ဂုဏ်တော် ၉-ပါး သံဃာရှိခိုးပြီး၏။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏
Óဏ်စဉ် ၁၆-ပါးဘုရားရှိခိုး။
၁။ နာမရူပံ- ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ။
တံ သမ္မသနံ ဥဒယ-ဗ္ဗယÓဏဉ္စ ဘင်္ဂဂံ။
၂။ ဘယÓဏံ အာဒီနဝ-Óဏဉ္စ နိဗ္ဗိဒံ အထ၊
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သခါရုပေက္ခကံ။
၃။ အနုလေမဉ္စ ဂေါတြဘုံ၊ မဂ္ဂÓဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ Óဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
Óဏိမေ သောဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
(၁) နာမရူပံ ပရိစ္ဆေဒံ-နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒÓဏ်
¤င်း။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၅
(၂) တပ္ပစ္စယပရိဂ္ဂဟံ-ထို နာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍သိသော
ပစ္စယပရိဂ္ဂဟÓဏ်¤င်း။
၃။ တံ သမ္မသနံ-ထို နာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်ဆင်ခြင်၍
သိမြင်သော သမ္မသနÓဏ်¤င်း။
၎။ ဥဒယဗ္ဗယ Óဏဉ္စ-နာမ်ရုပ်တို့၏ အသစ်သစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပေါ်ပြီးလျှင်
တစ်ခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သောဥဒယဗ္ဗယÓဏ်¤င်း။
၅။ ဘင်္ဂဂံ-နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂÓဏ်
¤င်း။
၆။ ဘယÓဏဉ္စ-နာမ်ရုပ်တို့၏ ပျက်စီးခြင်းကို သိမြင်သဖြင့် ကြောက်လန့်ဖွယ် ဘေး
ကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယÓဏ်¤င်း။
၇။ အာဒီနဝÓဏဉ္စ-နာမ်ရုပ်သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝ
Óဏ်¤င်း။
၈။ နိဗ္ဗိဒံ-နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါÓဏ်¤င်း။
အထ-အနက်သဘောတူသော ရှေ့Óဏ်သုံးခုမှ တစ်ပါးအနက် သဘောတူသော
နောက်Óဏ်သုံးခုကား။
၉။ မုဉ္စိတုကမျတံ-နာမ်ရုပ်သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော
မုဉ္စိတုကမျတာÓဏ်¤င်း။
၁ဝ။ ပဋိသင်္ခံ-အလွန်အမင်းလွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင်
အနိစ္စစသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ,
ဒုက္ခ, အနတ္တ, အနေအားဖြင့် ကောင်းကောင်းကြီးထင်မြင်သော ပဋိသင်္ခါÓဏ်¤င်း။
၁၁။ သင်္ခါရုပေက္ခကံ-အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်းထင်မြင်၍
လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုရသဖြင့် အလွန်ပြင်းထန်သော လုံ့လကို
လည်းမûပ၊ ထိုရုပ်နာမ်သင်္ခါရတို့၌ ကြောက်လန့်ခြင်း၊ နှစ်သက်ခြင်း နှစ်ပါးကို
လည်း ပယ်စွန့်၍ သိရုံသိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခÓဏ်¤င်း။
၁၂။ အနုလောမဉ္စ-အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တစ်ပါးပါးကိုအာရုံûပ၍ ဥဒယဗ္ဗယ
စသော ရှေးÓဏ်ရှစ်ပါး နောက်မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့
၌ နှစ်ကြိမ်, သုံးကြိမ်ဖြစ်သော အနုလောမÓဏ်¤င်း။
၁၃။ ဂေါတြဘုံ-ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ဇာတ်သို့ ရောက်စေလျှက်
နိဗ္ဗာန်ကိုအာရုံûပ၍ မဂ်၏ ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူÓဏ်¤င်း။
၁၄။ မဂ္ဂÓဏံ-နိဗ္ဗာန်ကိုမျက်မှောက်ûပလျှက် သစ္စာလေးပါးကို တûပိင်နက်သိသော မဂ်
Óဏ်¤င်း။
၁၅။ ဖလံ-မဂ်Óဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံûပလျှက် ဖြစ်သော ဖိုလ်Óဏ်¤င်း။
၁၆။ တထာ-ထိုမှတစ်ပါး၊ ပစ္စဝေက္ခဏÓဏံ- မဂ်ဖိုလ်နိဗ္ဗာန်ပယ်ပြီးသော ကိလေသာ,
မပယ်ရသေးသော ကိလေသာအားဖြင့် ပြန်လှည့်၍ ဆင်ခြင်သောပေစ္စ ဝေက္ခဏာ
Óဏ်¤င်း။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၆
ဣတိ-ဤသို့၊ တိလောကမှိ-ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာရှိသမျှ အနန္တမဆုံး-လောကကြီး တစ်ခု
လုံး၌၊ ကေနစီပိ-နတ်, လူ, ဗြဟ္မာ သတ္တဝါ တစ်ဦးတစ်ယောက် မျှသော်လည်း၊ အဒေသိယေ-မကြား, မနာ ကြံစည်ကာဖြင့်
အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော၊ သာသနိကေ-ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး အတွင်း၌
သာလျှင် ပေါ်လင်းဖြစ်ထွန်း နိုင်ကောင်းကုန်သော၊ ဥတ္တရေ-လေကီပညာ အရပ်ရပ်တို့ထက် ထူးကဲမြင့်မြတ်ကုန်သော၊ ဣတိ
သောဠသÓဏေ၊ ဤ (၁၆)ပါးသောÓဏ်တို့ကို၊ ဒေသေတာရံ-မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်တကယ်သိရ၍
လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်သော၊ ပဝတ္တာရံ-မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီး စေပြီးမှ ခိုမှီကပ်လာ ဗြဟ္မာ,
နတ်လူ ကျွတ်ထိုက်သူ မှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင် သောစိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့်
ဖြစ်ပွားစေတော်မူတတ်ပေထသော၊ ဗုဒ္ဓံ-သဗ္ဗညုတÓဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို၊ အဟံ၊ တပည့်တော်သည် တီဟိကာယ
ညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်၊ အာဒရံ-ရိုသေစွာ၊ နမေနမာမိ-ကြည်ညိုမြတ်နိုး-လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာ
ဘုရား။
Óဏ်စဉ် ၁၆-ပါး ဘုရားရှိခိုးပြီး၏။
မဟာစည်ဆရာတော်ဘုရားကြီး ကထိန်ခေါ်ခြင်း
အကြောင်း ဆောင်ပုဒ်
၁။ ကထိန်ခေတ်ခါ, ခိုင်စေတာ စွဲကာကထိန်မည်။
၂။ ကထိန်ဘောင်ကြီး, ခင်းဟန်ပြီး တစ်နည်းကထိန်မည်။
၃။ ကထိန်ခင်းက, ကျိုးငါးဝ, ငါးလတိုင်ရသည်။
ရဟန်းများရနိုင်သော အကျိုးငါးပါး
၁။ မပန်မကြား, လိုရာသွား, ပြစ်များမသင့်ပြီ။
၂။ သုံးထည်ထဲမှာ, ထားလိုရာ, ထားကာသွားနိုင်သည်။
၃။ လေးပါးတူပင်, ဂုဏ်းဘောဇဉ်, စားလျှင်စားနိုင်သည်။
၎။ သင်္ကန်းများစွာ, ငါးလမှာ, သိမ်းကာထားနိုင်သည်။
၅။ သံဃာလှူငြား, သင်္ကန်းများ, သူအားသာဖြစ်သည်။
ကထိန်ဒကာမှာ ရသောအကျိုးငါးပါး
၁။ လှူသူမှာလဲ, နည်းတူပဲ, ရမြဲကျိုးငါးမည်။
၂။ တားဆီးကင်းကွာ လွတ်လပ်စွာ လိုရာသွားနိုင်သည်။
၃။ တာဝန်ကိစ္စ မလေးရ ပေါ့ပါးလေတော့သည်။
၎။ စားလိုရာများ စားသော်ငြား ဘေးကားမဖြစ်ပြီ။
၅။ ပစ္စည်းအများ, သိမ်းပိုက်ထား, ဘေးကားမရှိပြီ။
၆။ ကိုယ့်ပစ္စည်းများ, သူတစ်ပါး, ယူသွားကင်းပသည်။
၇။ ကထိန်ဒကာ, ကျိုးငါးဖြာ, ကောင်းစွာရနိုင်သည်။
သက္ကပဥှသုတ် တရားတော်
ဆောင်ပုဒ်
ဆရာတော်ဘုရားကြီးသည် သက္ကပဥှသုတ်တရားတော်ကို သက္ကရာဇ် ၁၃၂၆-ခုနှစ် ပြာသိုလကွယ်နေ့ကစ၍ သင့်
လျှော်သော ဥပုသ်နေ့များတွင် ကရုဏာရှေ့ရှုဟောတော်မူခဲ့လေသည်၊ ယင်းစာမူကို အထပ်ထပ်အခါခါ ကိုယ်တော်တိုင်
ကြည့်ရှုပြင်ဆင်တော်မူပြီး ပုံနှိပ်ထုတ်ဝေတော်မူခဲ့ရာ သက္ကပဥှသုတ်တရား ကျမ်းတော်ကြီးအဖြစ် ထင်ရှားလေသည်။ ယင်း
တရားကျမ်းတော်ကြီး၌
ကာမဘုံသား, နတ်လူများတို့, ကောင်းစားပြည့်ဝ, ဘေးရန်ပလျှက်, အေးမြချမ်းသာ, နေလိုပါလဲ, ဣဿာ မစ္ဆေ,
သူရှုပ်ပွေ၍, ထင်ခြေမကျ, ဆင်းရဲရတည့်, မူလဇစ်မြစ်, ဖြစ်ကြောင်းစစ်သော်, မုန်းချစ်အပ်သား, အာရုံများနှင့်,လိုလားတစ်လီ,
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၇
ကြံစည်တတန်, ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍, ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့်, ခြောက်ဖြာဒွါရ, ထင်သမျှကို, မှတ်ကြသဖြင့်,
မမှီသင့်ရှောင်, မှီသင့်ဆောင်၍, မှန်အောင်မြင်က, လမ်းမှန်ရသည်, မုချ ချမ်းသာရေးပေတည်း။
၁။ ဣဿာခေါ်ဆို, မနာလို, ဝန်တိုမစ္ဆေရ။
၂။ ရှာရသုံးစင်, သိမ်းပေးချင်, ငါးအင်လိုဆန္ဒ။
၃။ ဒိဋ္ဌိတဏှာ, မာနပါ, သုံးဖြာပပဉ္စ။
၎။ ချဲ့နိုင်အောင်, မှတ်စွဲထားမိ၍, ကြံစည်နိုင်သည်။ ကြံစည်မိ၍, လိုလားနှစ်သက်သည်။
လိုလားနှစ်သက်၍ ချစ်စရာ, မုန်းတီးစရာရှိသည်။ ချစ်စရာ, မုန်းတီးစရာတွေရှိနေ၍
မနာလိုမူ, ဝန်တိုမှု, ဖြစ်သည်။ မနာလိုမူ, ဝန်တိုမူများရှိနေ၍ ဘေးရန်မကင်းပဲ ဆင်းရဲ
ဒုက္ခ ရောက်နေကြရသည်။ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင်အောင် စွဲမူ
(ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။
၅။ ဘယ်လိုကျင့်က, ပပဉ္စ, လုံးဝချုပ်သနည်း။
၆။ မှီဝဲသင့်တာ, မသင့်တာ, ဝမ်းသာနှစ်မျိုးတည်း။
၇။ နှလုံးမသာ, ဥပေက္ခာ, ခွဲပါနည်းတူတည်း။
၈။ အကုသိုလ်များ ပယ်ရှောင်ရှား ကုပွားမှီဖို့တည်း။
၉။ ဤသို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သတည်း။
၁ဝ။ ပါတိမောက္ခ, သံဝရ, ကျင့်ရဘယ်သို့နည်း။
၁၁။ မှီသင့်တစ်ခု, မသင့်ဟု, ကိုယ်မှုနှစ်မျိုးတည်း။
၁၂။ နှုတ်မှုထို့တူ, သက်မွေးမြူ, နည်းတူနှစ်မျိုးတည်း။
၁၃။ မမှီသင့်ပယ်, သီလနှယ်, စင်ကြယ်ပါသတည်း။
၁၄။ ဣန္ဒြိယ-သံဝရ, သူကဘယ်သို့နည်း။
၁၅။ အာရုံခြောက်ရပ်, မှီဝဲအပ်, မအပ်ကွဲသတည်း။
၁၆။ အကုသိုလ်များ, ပယ်ရှောင်ရှား, ကုပွားမှီးဖို့တည်း။
၁၇။ သင့်ရာမှီတွယ်, မသင့်ပယ်, စောင့်ဘွယ်ကိစ္စပြီး။
ကာမသုတ္တန် တရားတော် ဆောင်ပုဒ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် သုတ္တနိပါတ် ပါဠိတော်ကာမသုတ္တန်ကို
သက္ကရာဇ် ၁၃၂၈-ခုနှစ် ပြာသိုလ်လပြည့်ကျော် ၈-ရက်နေ့တွင် သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ငါးဖြာအာရုံ ကာမ
ဂုဏ်တို့၌ တွယ်တာတပ်မက်မှုမရှိ လျော့ပါးရန် ရည်သန်တော်မူ၍ များစွာသော ရဟန်း, ရှင်, လူ ပရိသတ်အား ဟောကြား
တော်မူခဲ့လေသည် ယင်း ကာမသုတ္တန်တရားတော်ကြီးကို-
၁။ ကာမဂုဏ်လိုခြင်, ပြည့်စုံလျှင်, ကြည်ရွှင်ဝမ်းမြောက် လေတော့သည်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၈
၂။ နှစ်သက်နေတုံး, ပျက်ဆုံးရှုံး, နှစ်လုံး ဖေါက်ပြန် တတ်လေသည်။
၃။ြေ>ွမရှောင်သည့်နှယ်, ကာမပယ် ငြိတွယ်လွန်မြောက် လေတော့သည်။
၎။ ကာမဂုဏ်မှာ,ြေ>ွမပမာ, ကြောက်ကာ ရှောင်ကြင်နေသူသည်၊ လောဘပြတ်လတ်, တဏှာ
ငတ်, ရှုမှတ်လွန်မြောက်နိုင်ပေသည်။
၅။ ကာမဂုဏ်တပ်မက်, နိုင်အထက် နှိပ်စက်ခံရလေတော့သည်။
၆။ လှေကွဲရေဝင်, ပုံအသွင်, အစဉ်ဒုက္ခလိုက်နေသည်။
၇။ ရိုးသားနှစ်နည်း မြတ်မီးစည်း, မီးကျီးအိပ်မက် တူပေသည်။
၈။ ငှားရန်းသစ်သီး, ဓားစဉ်းနှီး, တစ်နည်းလှန်တံကျင် တူပေသည်။
၉။ မြေခေါင်းမီးလျှံ, ဆယ့်တစ်တန်, တူဟန်ရှု၍ ပယ်ရမည်။
၁ဝ။ ရှုမှတ်အစဉ်, ကာမကြဉ်, ရေလျဉ်လွန်မြောက်လေတော့သည်။
၁၁။ လှေမှရေပက်, ပေါ့ပါးလျှက်, ဟိုဘက်နိဗ္ဗာန်ရောက်လေသည်။
ဓမ္မစကြာ တရားတော်ကြီး
ဆရာတော်ကြီးသည် ဓမ္မစကြာတရားတော် ကျမ်းကြီးကို သာသနာတော်၌ ထွန်းပြောင်ထိန်ကြည် တည်ရစ်ရန်
ရည်ရွယ်တော်မူ၍ ၁၃၂၄-ခုနှစ်၊ တော်သလင်းလကွယ်နေ့မှစ၍ အခွင့်သင့်သော သီတင်းနေ့များတွင် ဟောကြားတော်မူရာ
တန်ကူးလပြည့်နေ့အထိ ရန်ကုန်ûမိ့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ရှစ်ကြိမ်တိုင် ဓမ္မစကြာတရားတော်ကြီးကို ဟော
ကြားတော်မူခဲ့လေသည်။
(ဒုတိယအကြိမ်ဟောခြင်း)
ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး
ဆောင်ပုဒ်
ကာမချမ်းသာ, သုံးဆောင်တာ, ပယ်ခွါရှောင်ရမည်။
မသုံးဆောင်ပဲ, ကိုယ်ဆင်းရဲ, ဒါလဲရှောင်ရမည်။
စိတ်အလိုကျ, လွှတ်ထားက, ကာမသုခါ, နုယောဂါ။
ပင်ပန်းရုံမျှ, အားထုတ်က, အတ္တကိလမထာ, နုယောဂါ။
သစ္စာမမြင်, မဂ္ဂင်မပါ, လေ့ကျင့်ကာဖြင့်, ချမ်းသာမြဲမည်,
ယုံကြည်ဆုံးဖြတ်, ယူဆမှတ်, သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်, လမ်းမှားပယ်, အလယ်လမ်းမှန်ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်, Óဏ်မြင်ပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ကိုယ်အမူရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်။
စိတ်အမူရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်။
ကောင်းဆိုးလတ်ပါ, ဝေဒနာ, မှန်စွာသိရမည်။
သဘောတရား, ထင်ပေါ်ငြား, ပိုင်းခြားသိရမည်။
Ä(ပထမအကြိမ်ဟောခြင်းကား ၁၃၁၁-ခုနှစ်၊ နတ္တော်လပြည့်နေ့)Ä စ၍ ဟောကြားတော်မူခဲ့ပါသည်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၉
သီလဝန္တ သုတ္တန်တရားတော်
ဆောင်ပုဒ်
မဟာစည်ဆရာတော်ဘုရားကြီးသည် သီလဝန္တသုတ္တန်တရားတော်ကြီးကို ၁၃၂၈-ခု တပို့တွဲလကွယ်နေ့မှစ၍ သင့်
လျှော်သည့် သီတင်းနေ့များတွင် ဟောတော်မူရာ ၁၃၂၉-ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် အပြီးသတ်သည်၊ ဟောကြား
တော်မူသည့် အကြိမ်ပေါင်း ၁၆-ကြိမ်ရှိသည်ဟုသိရသည်။
(က) ၁။ သီလသုတာ, စုံသူမှာ, ဘယ်ဟာရှုအပ်ပါသနည်း။
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာရှုအပ်ပါသတည်း။
၃။ မမြဲဆင်းရဲ ရောဂါစွဲ, ပေါက်ကွဲအိုင်းတူသည်။
၎။ ငြောင့်မကောင်းမှု, ဖျားနာဟု မှတ်ရှု သူစိမ်းမည်။
၅။ ပျက်စီးသုည, အနတ္တ, ရှုရဆယ့်တစ်မည်။
၆။ သို့ရှုမြင်သန်, သောတာပန်, အမှန်ဖြစ်နိုင်သည်။
(ခ) ၁။ သောတာပန်ကား, ဘယ်တရား ရှုပွားအပ်သနည်း။
၂။ သောတာပန်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်။
၃။ သို့ရှုမြင်သန်, သကဒါဂါမ်, အမှန်ဖြစ်နိုင်သည်။
(ဂ) ၁။ သကဒါဂါမ်ကား, ဘယ်တရား, ရှုပွားအပ်သနည်း။
၂။ သကဒါဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်။
၃။ သို့ရှုမြင်သန်, အနာဂါမ်, အမှန်ဖြစ်နိုင်သည်။
(ဃ) ၁။ အနာဂါမ်ကား ဘယ်တရား, ရှုပွားအပ်သနည်း။
၂။ အနာဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်။
၃။ သို့ရှုမြင်သန်, အရဟံ, အမှန်ဖြစ်နိုင်သည်။
(င) ၁။ ရဟန္တာကား, ဘယ်တရား, ရှုပွားအပ်သနည်း။
၂။ ရဟန္တာလဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်။
၃။ သို့ရှုသော်ငြား သစ်ဟောင်းကား တိုးပွားမရှိပြီ။
၎။ သတိသမ္ပဇဉ်, ရှုတိုင်းယှဉ် မျက်မြင်ချမ်းသာသည်။
ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်
ဆောင်ပုဒ်
ဆရာတော်ဘုရားကြီးသည် ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်ကြီးကို ၁၃၃၃-ခုနှစ် တော်သလင်းလဆန်း ၂-ရက်
တနင်္ဂနွေနေ့ နေ့လည် ၂-နာရီခန့်အချိန်တွင် ရန်ကုန်ûမိ့ မိုးကောင်းဘုရားအနီး ဓမ္မာရုံကြီး၌ စတင် ဟောတော်မူခဲ့လေသည်
¤င်းနောက် ရန်ကုန်ûမိ့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်သိမ်တော်ကြီး ဖ,ဆ,ပ,လ ရပ်ကွက်
စသောဌာနများ မန္တလေး- စစ်ကိုင်း- ရွှေဘို- ချောက်- ရေနံချောင်း, မကွေး, မင်းလှ, သရက်, အောင်လံ, ပြည်, စသော
အနယ်နယ် အရပ်ရပ် အûမိ့ûမိ့ အရွာရွာတို့၌လည်း ဟောကြားတော်မူခဲ့လေသည် ယင်းသို့ ဟောကြားတော်မူခဲ့ပြီးမှ ဆရာ-
ဒကာနှစ်ဦးလုံး êကိးပမ်းမှုကြောင့် မန္တလေးûမိ့ ပြည်ညွှန့်ပုံနှိပ်တိုက်မှ ရိုက်နှိပ်သဖြင့် ၁၃၃၉-ခုနှစ်တွင် ''ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်
တရားတော်''ကျမ်းစာကြီးအဖြစ်သို့ရောက်ခဲ့လေသည် ယင်း ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်ကျမ်းစာ၌မဂ
္ဂင်ရှစ်ဖြာ, မရှိရာ, ကိလေသာငြိမ်းသူမရှိချေ။
မဂ္ဂင်ရှစ်ဖြာ, ရှိရာမှာ, ကိလေသာငြိမ်းသူ, ရှိနိုင်ပေ။
မူလ, ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်။
ဖြစ်ပျက်မြင်မှ, အနိစ္စ, ဒိဋ္ဌသိနိုင်သည်။
စသည့် အကျဉ်းချုပ် မှတ်ဖွယ် ကျင့်ဖွယ် ဆောင်ပုဒ်များ ပါရှိလေသည်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁ဝ
သာရဏီယ တရားတော်
ဆောင်ပုဒ်
မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ် သာရဏီယသုတ္တန်လာ သာရဏီယသုတ် တရားတော်ကြီး
ကို ရန်ကုန်ûမိ့ ကမာရွတ် မရမ်းတပည်ရပ်ကွက်၌ ၁၃၁၄-ခု နှစ်ဦး တန်ကူးလပြည့်ကျော် ၁၂-ရက်, ၁၃-ရက်နေ့ ညများက
ဟောကြားတော်မူခဲ့သည်။
ယင်း သာရဏီယ တရားတော်ကြီး၌Ä
မေတ္တာရှေ့သွား, ကံသုံးပါးနှင့် တစ်ခြားသုံးဝ, စာဂ
သီလာ, မြတ်ပညာသည်, မှတ်ပါ သာရဏီယတရားတည်း။
Ä မေတ္တာရှေ့ရှု, ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
Ä မေတ္တာရှေ့သွား, စကားချိုလျှင်။
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
Ä မေတ္တာရှေ့ထား, စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
Ä ဝေဘန်ပေးစွန့်, မတွန့်တိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
Ä အရိယာနှင့်, ကိုယ်ကျင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
Ä အရိယာနှင့်, Óဏ်ဖြင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဥ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။
အစရှိသော ကျင့်ကြံလိုက်နာဖွယ် ဆောင်ပုဒ်, ကဗျာများပါရှိလေသည်။
မဟာပစ္စဝေက္ခဏာ တရားတော်
ဆောင်ပုဒ်
မစ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ္တန်လာ မဟာပစ္စဝေက္ခဏာ တရားတော်ကြီးကိုလည်း
သာရဏီယ တရားတော်ဟောပြီး ၃-လဆက်တိုက် ဟောတော်မူခဲ့လေသည်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၁
ယင်း မဟာပစ္စဝေက္ခဏာတရားတော်၌Ä
ဆိတ်ငြိမ်ရာတွင်, ချဉ်းကပ်ဝင်၍, ဆင်ခြင်ရှုကြည့် ဖြစ်ပျက်မိ
အသိရှင်းသည်သာ။
ယထာဘူတ, မသိရအောင်, ထြ<ွကလွှမ်းမိုး, ကိလေဆိုး, ဖြစ်ရိုးမရှိပါ။ ဤသို့သိရ ပထမ ပစ္စဝေက္ခဏာ။ Ä မဂ်သိပြီဟန်, ဝိပဿ်Óဏ်, ဖန်ဖန်မှီဝဲကာ၊ အကြမ်းအနု, ကိလေစု, ငြိမ်းမှုထင်ရှားရာ၊ ဤသို့သိရ ဒုတိယ ပစ္စဝေက္ခဏာ။ Ä ရှုမှတ်သိရ, ဤလမ်းမှ, ပြင်ပတခြားမှာ၊ ကိလေသာငြိမ်းဘိ, မြတ်အရိ, မရှိဆုံဖြတ်ရာ၊ ဤသို့သိရ တတိယ ပစ္စဝေက္ခဏာ။ Ä ကုစားနိုင်ကောင်း အာပတ်ပေါင်း တိမ်းစောင်းရောက်သေးရာ၊ မဖုံးကွယ်ပဲ, ကုစားမြဲ, နောက်လဲစောင့်ရိုးပါ၊ ဤသို့သိရ စတုတ္ထ ပစ္စဝေက္ခဏာ။ Ä ရှောင်လွှဲမရ, မှုကိစ္စ, ûပရလေသောအခါ၊ သိက္ခာသုံးပါး ကျင့်ရန်ကား စိတ်အားသန်မြဲသာ၊ ဤသို့သိရ ပဉ္စမ ပစ္စဝေက္ခဏာ။ Ä ဗုဒ္ဓဟောထား မြတ်တရား ဟောကြားရသောခါ၊ လုံးစုံမြ<ွကင်း နှစ်လုံးသွင်း နာခြင်းအားကောင်းစွာ၊ ဤသို့သိရ ဆဋ္ဌမ ပစ္စဝေက္ခဏာ။ Ä ဗုဒ္ဓဟောထား မြတ်တရား နာကြားရသောခါ၊ အနက်သိမြင် စိတ်ကြည်ရွှင် ကိုယ်တွင်သိမ့်သိမ့်ဖြာ။ ဤသို့သိရ သတ္တမ ပစ္စဝေက္ခဏာ။ ပစ္စဝေက္ခဏာ ခုနှစ်ဖြာ ညီစွာဖြစ်ပါမူ၊ အရိယာမှန် သောတာပန် ဧကန်ဆုံးဖြတ်ယူ။ ဟူသော သောတာပန်ပြည့်စုံရမည့် မဟာပစ္စဝေက္ခဏာကို ဘုရားမြတ်စွာ အလိုတော်ကျ ဖေါ်ကြူးထားတော် မူခဲ့လေ သည်။ တက္ကသိုလ်ဝိပဿနာ တရားတော် ဆောင်ပုဒ် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၆-ခုနှစ် ကဆုန်လဆန်း ၄-ရက်နေ့တွင် ရန်ကုန်ûမိ့ တက္ကသိုလ်ဓမ္မာရုံ၌ သက္ကာယဒိဋ္ဌိ ပယ်ရန်နှင့် သတိပဋ္ဌာန်ပွားများ ရှုမှတ်ရန် နည်းနာနယတို့ကို ကျနစွာ ဟောကြားတော်မူခဲ့လေသည်။ ၁။ မူလ ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်။ ၂။ ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်။ ၃။ စိတ်အညစ်ကြေးကို, ကင်းစေလို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်?။ စိတ်အညစ်ကြေးကို, ကင်းစေလို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ ၄။ စိုးရိမ်မှုကို, လွန်မြောက်လို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်-?။ စိုးရိမ်မှုကို, လွန်မြောက်လို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ ၅။ ငိြုေ<ွကးမှုကို လွန်မြောက်လို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်-?။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၂ ငိြုေ<ွကးမှုကို လွန်မြောက်လို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ ၆။ ကိုယ်ဆင်းရဲကို, ငြိမ်းစေလို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်-?။ ကိုယ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ ၇။ စိတ်ဆင်းရဲကို, ငြိမ်းစေလို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်-?။ စိတ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ ၈။ နိဗ္ဗာန်မဂ်ဖိုလ်, ရရောက်လို, ဘယ်လမ်းစဉ်ကို လိုက်ရမယ်-?။ နိဗ္ဗာန်မဂ်ဖိုလ်, ရရောက်လို, သတိပဋ္ဌာန် လမ်းစဉ်ကို လိုက်ရမယ်။ မာလုကျပုတ္တသုတ် တရားတော် ဆောင်ပုဒ် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် မာလုကျပုတ္တသုတ် တရားတော်ကို ရှေးကအကြိမ်များစွာ ဟောတော်မူခဲ့သည် ၁၃၃၈-ခုနှစ်ကစပြီး စာအုပ်ရိုက်နှိပ်စေရန်ဟူသော ရည်ရွယ်ချက် နာယူလိုသူများ တိတ်êကိးခွေဖွင့် နာယူ နိုင်ရန် ဟူသောရည်ရွယ်ချက်ဖြင့် ၁၃၃၈-ခု ဝါခေါင်လပြည့်ကျော် ၈-ရက်နေ့ကစ၍ သင့်လျှော်သော သတင်းနေ့များ၌ ဟောတော်မူခဲ့လေသည်။ ၁။ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည်။ ၂။ မြင်ရရာမှာ ကိလေသာ ကိန်းကာ ဖြစ်နိုင်သည်။ ၃။ မြင်တိုင်းမှတ်ရှု ကိလေစု ကိန်းမှုပယ်သင့်သည်။ ၄။ မေးခွန်းနှင့်ပင် လုပ်ငန်းစဉ် ပေါ်လွင်စေခဲ့သည်။ ၅။ အဆင်းမြင်လျှင် ချစ်ဖွယ်ထင် ထိုတွင်မေ့လေသည်။ ၆။ သာယာတပ်စွဲ ခံစားမြဲ စိတ်ထဲသိမ်းလျက်တည်။ ၇။ အဆင်းဆိုင်ရာ ဝေဒနာ များစွာပွားတော့သည်။ ၈။ လောဘစည်ကား, ဒေါသပွား, ဗျာများ စိတ်ပန်းသည်။ ၉။ ဤနည်းဖြင့်ပဲ မပြောင်းလဲ ဆင်းရဲရှာသူမည်။ ၁ဝ။ ဆင်းရဲကိုသာ ရှာသူမှာ ဝေးစွာ နိဗ္ဗာန်ပြည်။ ၁၁။ အဆင်းမြင်က အမှတ်ရ ရာဂကင်းတော့သည်။ ၁၂။ မတတ်မက်ပဲ ခံစားမြဲ စိတ်ထဲမသိမ်းပြီ။ ၁၃။ မှတ်သိလျက်ပင် မြင်လဲမြင် ထို့ပြင်ခံစားသည်။ ၁၄။ သို့ပါသော်လဲ ဝဋ်ဆင်းရဲ ကုန်မြဲကုန်ခန်းသည်။ ၁၅။ ဤနည်းဖြင့်သာ ယောဂီမှာ မှတ်ကာကျင့်ရသည်။ ၁၆။ မြင်တိုင်း ရှုမှတ် ဆင်းရဲသတ် နီးကပ်နိဗ္ဗာန်ပြည်။ ဟူသော လိုရင်းအချုပ် ဆောင်ပုဒ်များပါရှိလေသည်။ သြဝါဒ ဓမ္မအမွေ ဆောင်ပုဒ် ဆရာတော်ဘုရားကြီးသည် မိမိသက်တော်ထင်ရှားရှိစဉ်တွင်လည်းကောင်း မိမိမရှိသည့်နောက်တွင်လည်းကောင်း ရဟန်း ရှင်,လူမည်သူမဆို လိုက်နာကျင့်ကြံ êကိးကုတ်အားထုတ်နိုင်ရန် ကြီးမားသော ရည်ရွယ်ချက်ဖြင့် သြဝါဒကထာများကို မိန့်ကြားတော်မူခဲ့လေသည်။ ၁။ မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာကြရမည်။ ၂။ အကုသိုလ်များ, ရှောင်ရှားပယ်လေ၊ ကုသိုလ်တရား, ဖြစ်ပွားစုံစေ၊ မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊ ဤသုံးပါး, ဘုရားဆုံးမပေ။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၃ ၃။ အပါယ်ဘေး ငြိမ်းခွင့်Óဏ်အဆင့်အသင့် ရောက်ပါစေ၊ ထိုÓဏ်ဖြင့်လဲ မတော်ပဲ ဆင်းရဲငြိမ်းပါစေ၊ ဖြစ်ပေါ်လာငြား စိတ်ကြမ်းများ ပယ်ရှားနိုင်ပါစေ။ ၄။ ရာဂ ဒေါသ မောဟ တစ်ဖြာ၊ ဖြစ်အိုသေရေး ပူဆွေးငိုတာ၊ ကိုယ်စိတ်ဒုက္ခ ပူရပြင်းစွာ၊ မြင်ကြားသိတိုင်း မဆိုင်းမှတ်ပါ၊ ရုပ်နာမ်မမြဲ ဆင်းရဲချမ်းသာ၊ ငါကောင်လဲပျောက် မျက်မှောက်မြင်ကာ၊ ဆယ့်တစ်သီး ဤမီးငြိမ်းစေရာ။ ဟူသော သြဝါဒတော်များပါရှိလေသည်။ စူဠဝေဒလ္လသုတ် တရားတော် ဆောင်ပုဒ် မစ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော်လာ စူဠဝေဒလ္လသုတ် တရားတော်ကို ၁၃၂၆-ခုနှစ် ပထမဝါဆိုလဆန်း ၈- ရက်နေ့ကစ၍ အခွင့်သင့်သော သတင်းနေ့များတွင် ဟောတော်မူခဲ့ရာ ဝါခေါင်လကွယ်နေ့တွင် ၁၁-ကြိမ်မြောက် ဟောလက်စ သတ်ခဲ့လေသည်။ ကာမတဏှာ ကောင်းနိုးရာ ထင်ကာနှစ်သက်မှု။ ဘဝတဏှာ သဿတာ ထင်ကာနှစ်သက်မှု။ ဝိဘဝမှာ ဥစ္ဆေဒါ ထင်ကာနှစ်သက်မှု။ သက္ကာယဖြစ်ရန် အကြောင်းမှန် သုံးတန်တဏှာစု။ တဏှာချုပ်က သက္ကာယ ဒုက္ခအငြိမ်းမှန်။ မူလ ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်။ ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်။ ဖြစ်ဖြစ်သမျှ သင်္ခါရ, ဒုက္ခသစ္စာတည်း။ သင်္ခါရတွင် အကောင်းထင် ခင်မင်သမုတည်း။ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုံး ချုပ်ဆုံးနိဗ္ဗာန်တည်း။ ဆင်းရဲငြိမ်းရာ ဆိုက်ရောက်တာ သစ္စာမဂ္ဂင်တည်း။ ကြံစည်စဉ်းစား နှစ်သိမ့်ပွား ကောင်းစားချမ်းသာတည်း။ ရှုရာရာတွင် စူးစိုက်ဝင် ငါးအင်ပဈာန်မည်။ နှစ်သိမ့်ချမ်းသာ စူးစိုက်ကါ သုံးဖြာဒုဈာန်မည်။ ချမ်းသာမှုနှင့် စူးစိုက်လင့် သုံးဆင့်ဈာန်ခေါ်သည်။ ဥပေက္ခာနှင့် စူးစိုက်လင့် လေးဆင့်ဈာန်ခေါ်သည်။ စသည့် တရားအနှစ်ချုပ်ဆောင်ပုဒ် လင်္ကာများဖြင့်လည်း ကောင်းမွန်လှပေ၏။ ဓမ္မဒါယာဒသုတ် တရားတော် ဆောင်ပုဒ် ဆရာတော်ဘုရားကြီးသည် ၁၃၃၂-ခုနှစ် ၂၁-ကြိမ်မြောက် သြဝါဒခံယူ ပူဇော်ပွဲကြီးတွင် များလှစွာသော ရဟန်း, ရှင်, လူ ပရိသတ်ကြီးအား မစ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်လာ ဓမ္မဒါယာဒသုတ် တရားတော်ကြီးကို နိဒါနဝဂ္ဂ ပါပ ဘိက္ခုသုတ်နှင့် သုတ္တနိပါဌ် အဋ္ဌကထာဒုတိယအုပ် စာမျက်နှာ ၄၂-လာ ကပိလဝတ္ထုသွင်းညှပ်၍ ဟောတော်မူခဲ့ရာ ထင်ရှား သည့် မြန်မာစကားပြေ တရားတော် စာပေကြီးဖြစ်လာခဲ့ပေသည်။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၄ ဓမ္မဒါယာ သုတ်မြတ်မှာ မြတ်စွာဟောမိန့်သည်။ ငါ့တပည့်တွေ တရားအမွေ ခံစေခြင်လှသည်။ အာမိသမွေ ပစ္စည်းတွေ ပယ်စေခြင်လှသည်။ တရားအမွေ အစစ်ပေ ကိုးထွေလောကုတ်မည်။ စစ်တုနှစ်ထွေ တရားမွေ ခံစေလိုလှသည်။ အာမိသအမွေ အစစ်ပေ လေးထွေးပစ္စည်းပါ။ လူ, နတ်သုခ ရည်သန်က ဒါန သီလဘာ။ အာမိသမွေ အတုတွေ မှတ်လေမွေညံ့သာ။ ပစ္စည်းမွေမျှ ခံယူကာ ဒုက္ခမကင်းပါ။ အိုနာမစဲ သေမစဲ ဆင်းရဲနေကြမှာ။ အပါယ်မှာလဲ မလွတ်ပဲ ကျမြဲကျနေမှာ။ သို့ဖြစ်မည်များ ငါမြစ်တား သနားနေပါသည်။ ငါ့တပည့်တွေ တရားအမွေ ခံစေခြင်လှသည်။ အာမိသမွေ ပစ္စည်းတွေ ပယ်စေခြင်လှသည်။ ဟူသော ဓမ္မဒါယာဒသုတ် အနှစ်ချုပ် သံပေါက်လင်္ကာများ ပါရှိလေသည်။ ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေး တရားတော် ဆရာတော်ဘုရားကြီးသည် ရန်ကုန်ûမိ့ ဘုရားကြီးတိုက် ခြောက်ထပ်ကြီး ဗုဒ္ဓရုပ်ပွားတော်ပူဇော်ပွဲကြီးကို အကြောင်း ûပပြီး ကျင်းပûပလုပ်သည့် ပဋ္ဌာန်းပူဇော်ပွဲတွင် ၁ဝ-ကြိမ်မြောက် တရားတော်ကို ဟောတော်မူခဲ့လေသည်။ ယင်း ဗုဒ္ဓသာသနာ့ အန္တရာယ် ကာကွယ်ရေး တရားတော်ကြီး၌ အကုသိုလ်များ, ရှောင်ရှားပယ်လေ၊ ကုသိုလ်တရား, ဖြစ်ပွားစုံစေ၊ မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊ ဤသုံးပါး, ဘုရားဆုံးမပေ။ ပေါ်တိုင်းမပြတ်, ရှုမှတ်နေလျှင်၊ ရုပ်နာမ်နှစ်မျိုး, ကြောင်းကျိုးသိမြင်၊ မမြဲဆင်းရဲ, Óဏ်ထဲပေါ်လွင်၊ အနတ္တ, သိရနိဗ္ဗာန်ဝင်။ အစရှိသော တရားဆောင်ပုဒ်များ ပါရှိလေသည်။ ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး သြဝါဒမိန့်ခွန်းတော် ဤ ''၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး သြဝါဒမိန့်ခွန်းတော်''ဟူသော နာမည်အပြည့်အစုံမှာ ''ဗုဒ္ဓ သာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သြဝါဒမိန့်ခွန်းတော်''ဟူ၍ ဖြစ်လေသည်။ ယင်းသြဝါဒတရားတော် ကြီး၌ချမ်း သာအပေါင်း ရကြောင်းမှန်စွာ၊ စည်းစိမ်ဘောဂ မြစ်မတည်ရာ။ အောက်တန်းမကျ ကယ်မသူမှာ၊ မြတ်ဒါန စိတ်ချ ကိုးကွယ်ရာ။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၅ ကောင်းမြတ်လှစွာ လူ့ဥစ္စာ ဘယ်အရာပေနည်း၊ ကောင်းမြတ်လှစွာ လူ့ဥစ္စာ သဒ္ဓါတရားတည်း။ ဤလောကမှ ပြောင်းသွားရ ကင်းပစိုးရိမ်ဘယ်သို့နည်း၊ လုံးလသစ္စာ ပေးလှူတာ ပညာဤလေးမည်။ ပြည့်စုံပါလျှင် သဒ္ဓါရှင် နောင်တွင်စိုးရိမ် ကင်းဝေးသည်။ ။ ဟူသည့် ဒါန သဒ္ဓါနှင့် ပြည့်စုံရမည့် တရားလေးပါး အချုပ်ပြဆောင်ပုဒ်များ ပါရှိလေသည်။ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်များ ၁-အစွန်းပယ် အလယ်သွား ၁။ ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွာရှောင်ရမည်၊ ၂။ မသုံးဆောင်ပဲ ကိုယ်ညှင်းဆဲ ဒါလဲရှောင်ရမည်၊ ၃။ အစွန်း ၂-သွယ်, လမ်းမှားပယ်, အလယ်လမ်းမှန်သည်၊ ၄။ လမ်းမှန်ကိုလျှောက်, Óဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်၊ ၂-မဂ္ဂင်ရှစ်တန် လမ်းမှန်၏ သရုပ် မှန်စွာမြင်သိ, ကြံမိမှန်ကန်၊ (ပညက္ခန္ဓာ ၂-ပါး) မှန်စွာပြော-ûပ, ရှာမူလမ်းမှန်၊ (သီလက္ခန္ဓာ ၃-ပါး) မှန်စွာကြောင့်ကြ, မှတ်ရမှန်ကန်၊)(သမာဓိက္ခန္ဓာ-၃-ပါး) စူးစိုက်ကပ်, ရှစ်ရပ်မဂ်လမ်းမှန်။) အနု, အလတ်, အရင့်, မဂ္ဂင် ၃-မျိုး မူလ ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်။ (မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင် ဝိပဿနာမဂ္ဂင် အရိယာမဂ္ဂင်) ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်။ ၄-သစ္စာလေးတန် အမှန်လေးပါး ၁။ ဒုက္ခသစ္စာ ဆင်းရဲစစ်အမှန်။ ၂။ သမုဒယသစ္စာ ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်။ ၃။ နိရောဓသစ္စာ ဆင်းရဲငြိမ်းရာ အစစ်အမှန်။ ၄။ မဂ္ဂသစ္စာ ဆင်းရဲငြိမ်းရာ ဆိုက်ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန်။ ၅-ဒုက္ခသစ္စာ ၁။ ဖြစ်အိုသေရေး စိုးရိမ်ဆွေး ငိြုေ<ွကးကိုယ်နာကျင်။ ၂။ နှလုံးမသာ စိတ်ပြင်းစွာ ပူတာဆင်းရဲပင်။ ၃။ မုန်းသူနှင့်တွဲ ချစ်သူကွဲ ဆင်းရဲအမှန်ပင်။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၆ ၄။ မရတာလို ဒုက္ခဆို တိုတိုပြောရလျှင်။ ၅။ စွဲလမ်းနိုင်ရာ ငါးခန္ဓာ သစ္စာဒုက္ခပင်။ ၆-ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ ၁။ ထင်လွဲသာယာ စွဲလမ်းတာ ၂-ဖြာဥပါဒါန်။ ၂။ ငါငါ့ဥစ္စာ စွဲနိုင်တာ ဥပါဒါနက္ခန်။ ၃။ ရုပ် ဝေ သညာ, သင်္ခါရာ ဝိညာ ဤငါးတန်။ ၇-သမုဒယသစ္စာ ၁။ ကာမတဏှာ ကောင်းနိုးရာ သာယာနှစ်သက်မှု။ ၂။ ဘဝတဏှာ သဿတာ ထင်ကာနှစ်သက်မှု။ ၃။ ဝိဘဝမှာ ဥစ္ဆေဒါ ထင်ကာနှစ်သက်မှု။ ၄။ ဆင်းရဲပွားရန် လမ်းကြောင်းမှန် သုံးတန်တဏှာစု။ ၈-နိရောဓသစ္စာနှင့် မဂ္ဂသစ္စာ ၁။ တဏှာချုပ်က နိရောဓ ဒုက္ခအငြိမ်းမှန်။ ၂။ ငြိမ်းရာကိုပင် ဆိုက်ရောက်မြင် မဂ္ဂင်အကျင့်မှန်။ ၉-Óဏ် ၃-ပါးနှင့် ¤င်းတို့၏ဖြစ်ရာကာလ ၁။ ရှေး နောက်ကာလ, မဂ်ခဏမှာ လေးသစ္စာ သိတာ သစ္စÓဏ်။ ၂။ သိသင့် ပယ်သင့် ဆိုက်ပွားသင့်, သိနှင့်ကိစ္စÓဏ်။ ၃။ ကိစ္စပြီးလျှင် ပြီးကြောင်းမြင် ခေါ်တွင်, ကတÓဏ်။ ၁ဝ-သစ္စÓဏ်၏ ကိစ္စလေးပါး ၁။ ဒုက္ခသစ္စာကိုပိုင်းခြား၍သိရသည် ဤသို့သိတာကို ပရိညာပဋိဝေဓ ခေါ်သည်။ ၂။ သမုဒယသစ္စာကိုပယ်ရသည် ဤသို့ပယ်တာကိုပင် ပဟာနပဋိဝေဓ ခေါ်သည်။ ၃။ နိရောဓသစ္စာကို မျက်မှောက်ûပရသည် ဤသို့မျက်မှောက်ûပတာကို သစ္ဆိကိရိယာပဋိဝေဓ ခေါ်သည်။ ၄။ မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွားစေရသည် ဤသို့ ဖြစ်ပွားစေတာကိုပင် ဘာဝနာပဋိဝေဓ ခေါ်သည်။ ၅။ လေးသစ္စာမှ တစ်ပါးမျှ မဂ်ကသိမြင်လျှင်။ ၆။ ပဋိဝေဓ, လေးကိစ္စ, ပြီးကြအားလုံးပင်။ ၂။ သဠာယတန ဝဂ္ဂသံယုတ် အာသီဝိသောပမသုတ် တရားတော်ကြီး ဆောင်ပုဒ်ြေ>ွမလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊
သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်၊
မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊
ရွာပျက်သုည၊ ခြောက်ဒွါရသို့၊
ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊
သုံးစုံဒမြ၊ ဝင်လာကြ၍၊
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၇
သြဃလေးသွယ်၊ မြစ်ပင်လယ်၏၊
ဤဝယ်ကမ်းစ၊ သက္ကာယမှ၊
ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့၊
ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊
အတွင်ကူးယက်၊ အားထုတ်ချက်ဖြင့်၊
ဟိုဘက်အရောက်၊ ကူးမြောက်သူမှာ ရဟန္တာတည်း၊
ကောင်းစွာညွှန်ကြား၊ ကယ်သူကား ဘုရားမြတ်ပေတည်း။
ခက်မာကြမ်းတမ်းတာ နူးညံ့တာက ပထဝီဓာတ်၊ ယိုစီးဖွဲ့စည်းတာက
အာပေါဓာတ်၊ ပူတာ နွေးတာ အေးတာက တေဇောဓာတ်၊ ထောက်ကန်
တောင့်တင်း လှုပ်ရှားတာက ဝါယောဓာတ်။
(၁)
ကြမ်းတမ်းမာခက်၊ ချောညက်တမည်။
တည်ရာကိစ္စ၊ သူကûပသည်။
ခံလင့်ဆောင်ရေး၊ ပေါ့,လေး ထင်သည်။
ပထဝီဓာတ် သိမှတ် မြတ်ယောဂီ။
(၂)
အရေတနည်း၊ ယိုစီးတမည်။
စိုထိုင်းဖွံ့ထွား၊ တိုးပွားစေသည်။
စေးကပ်ပူးတွဲ၊ လုံးခဲထင်သည်။
လေးလျက်ကျသွား၊ Óဏ်အားထင်သည်၊
အာပေါဓာတ်သိမှတ် မြတ်ယောဂီ။
(၃)
အပူအနွေး၊ အအေးတမည်။
ပူငွေ့ပေးလျက်၊ ရင့်ကျက်စေသည်။
နူးညံ့ပျော့ပျောင်း၊ ဆင့်လောင်းပေးသည်။
ပေါ့လျက်ပေါ့လျက်၊ြ<ွကတက်ထင်သည်။
တေဇောဓာတ်သိမှတ် မြတ်ယောဂီ။
(၄)
ထောက်ကန် တောင့်တင်း လျော့ခြင်းတမည်၊ (လက္ခဏာ)
ယိမ်းယိုင်လှုပ်ရှား ရွေ့သွားတတ်သည်၊
သူလိုရာဘက် တွန်းလျက် ဆောင်သည်၊ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ် သိမှတ်မြတ်ယောဂီ။
ထင်လွဲ, သာယာ, စွဲလမ်းတာ, နှစ်ဖြာဥပါဒါန်။
ငါငါ့ဥစ္စာ, စွဲနိုင်တာ, ဥပါဒါနက္ခန်။
ရုပ်နာမ်အစု, ငါကောင်ဟု, ထင်မှုမရှိပါ။
ရုပ်, ဝေ, သညာ, သင်္ခါရာ, ဝိညာဤငါးတန်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၈
စက္ခု သောတ ဃာန ဇိဝှာ၊ ကာယ, မနော မှတ်လောခြောက်ဒွါ။
ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မ အာရုံပါ။
အဆင်းထင်ကြောင်း, ကောင်းကောင်း သူကြည်။
အဆင်းဆီသို့၊ ဆောင်ပို့ပေးသည်။
သူ့ဌာနက၊ မြင်ရပေသည်။
မျက်စိ၌၊ သိထိုက် ဤသုံးမည်။
အသံထင်ကြောင်း, ကောင်းကောင်း သူကြည်။
အသံဆီသို့၊ ဆောင်ပို့ပေးသည်။
နားကိုမှီûပ၊ ကြားမှုဖြစ်သည်။
နားရုပ်၌၊ သိထိုက် ဤသုံးမည်။
အတွေ့ထင်ကြောင်း၊ ကောင်းကောင်း သူကြည်။
အတွေ့ဆီသို့၊ ဆောင်ပို့ပေးသည်။
ကိုယ်ရုပ်မှီûပ၊ ထိမှုဖြစ်သည်။
ကိုယ်ရုပ်၌၊ သိထိုက် ဤသုံးမည်။
ကာမ-ဘဝ, ဒိဋ္ဌောယ, မောဟ, အဝိဇ္ဇာ။
နှစ်မြှုပ်သတ်တယ်, ရေစီးနှယ်, လေးသွယ်သြဃပါ။
ထင်ရှားရှိနေ, ရုပ်နာမ်တွေ မှတ်လေသက္ကာယာ။
မှန်စွာမြင်သိ, ကြံမိမှန်ကန်၊
မှန်စွာပြော ûပ, ရှာမှုလမ်းမှန်။
မှန်စွာကြောင်းကြ, မှတ်ရမှန်ကန်၊
စူးစိုက်တပ်, ရှစ်ရပ်မဂ်လမ်းမှန်။
၃။ ဥပရိပဏ္ဏာသ-ဥဒ္ဒေသဝိဘင်္ဂသုတ်
မိန့်ခွန်းတော်
စိတ်ဓာတ်ဝိညာဉ်, အပြင်မထွက်, အတွင်းဘက်လဲ ရပ်လျက် မတည် စွဲမှီလွတ်ကင်း ဆာလောင်ရှင်းအောင် ရှုမှတ်
ဆောင်သော် နောက်နောင်ဖြစ်ရေး အို သေဘေးနှင့် ဝန်လေးစွာလှ ဒုက္ခခပင်း လုံးဝကင်းသည်-ဝိဘင်းဥဒ္ဒေသ မိန့်ခွန်းတည်း။
အကျယ် ဝေဘန်ချက်ဆိုင်ရာ
ဆောင်ပုဒ်များ
(က) မြင်ပြီးရာတွင် လိုက်-ကြံလျှင်, အပြင်ထွက်သည်မည်။
ကြား, နံ, စား, ထိ, သိပြီးရာတွင်, လိုက်-ကြံလျှင်, အပြင်ထွက်သည်မည်။
မြင်ဆဲမှာပင်, သိမှတ်လျှင်, အပြင်မထွက်ပြီး။
ကြား, နံ, စား, ထိ, သိဆဲမှာပင်, မှတ်သိလျှင်, အပြင်မထွက်ပြီ။
စူးစိုက်သမှု, ကပ်၍ရှု, ဈာန်ဟု ခေါ်ဝေါ်သည်။
သမထဈာန်, ဝိပသ်ဈာန်, ၂-တန်ကွဲပြားသည်။
တည်ငြိမ်ရုံမျှ, ရှုနေက, သမထဈာန်ခေါ်သည်။ (အာရမ္မဏူပနိစ္ဈာန်)။
လက္ခဏာသုံးရပ် ရှုသိမှတ် ဝိပသ်ဈာန်ခေါ်သည်။ (လက္ခဏူပနိစ္ဈာန်)။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၁၉
၁။ ကြံစည်စဉ်းစား, နှစ်သိမ့်ပွား, ကောင်းစားချမ်းသာသည်။
၂။ ရှုရာရာတွင် စူးစိုက်ဝင်, ငါးအင် ပ-ဈာန်မည်။
(သမ္မသနအထိ အထူးထင်ရှားသည်)
၃။ ချမ်းသာမှုနှင့် စူးစိုက်လင့်, သုံးဆင့်ဈာန်ခေါ်သည်။
(ဥဒယဗ္ဗဘယအနုပိုင်း၌ အထူးထင်ရှားသည်)
၎။ ဥပေက္ခာနှင့် စူးစိုက်လင့်, ၄-ဆင့်ဈာန်ခေါ်သည်။
(သင်္ခါရုပေက္ခာ၌ အထူးထင်ရှားသည်)
(ခ) ရှုမှတ်ကောင်းဆဲ, သာယာစွဲ, အထဲရပ်နေသည်။
သာယာပယ်ဖြတ်, ပေါ်တိုင်းမှတ်, မရပ်တိုးတက်သည်။
(ဂ) ရုပ်နာမ်ကိုပင်, ငါကောင်ထင်, စွဲလျှင်ဆာလောင်သည်။
ရုပ်နာမ်ပေါ်ဆဲ, ရှုမှတ်ခွဲ, မစွဲ မဆာပြီ။
ဈာန်။ စူးစိုက်သမှု, ကပ်၍ရှု, ဈာန်ဟုခေါ်ဝေါ်သည်။
(စူးစူးစိုက်စိုက်ကပ်၍ရှုတာ)
ဈာန်နှစ်မျိုး။ သမထဈာန်, ဝိပသ်ဈာန်, နှစ်တန်ကွဲပြားသည်။
သမထဈာန်။ တည်ငြိမ်ရုံမျှ, ရှုသိမှတ်, သမထဈာန်ခေါ်သည်။
ဝိပသ်ဈာန်။ လက္ခဏာသုံးရပ် ရှုနေက, ဝိပသ်ဈာန်ခေါ်သည်။
ပထမဈာန်။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ, ပထမဈာန်စု ငါးပါး။
ဒုတိယဈာန်။ ပီတိ, သုခ, ဧကဂ္ဂတာ, ဒုတိယဈာန်စု သုံးပါး။
တတိယဈာန်။ သုခ, ဧကဂ္ဂတာ, တတိယဈာန်စု နှစ်ပါး။
စတုတ္ထဈာန်။ ဥပေက္ခာ, ဧကဂ္ဂတာ, စတုတ္ထဈာန်စု နှစ်ပါး။
ဈာန်အင်္ဂါစု
၁။ အာရုံကို ရှာကြံတာက ဝိတက်။
၂။ အာရုံကို စဉ်းစားတာက ဝိစာရ။
၃။ အာရုံ၌ နှစ်သက် အားရတာက ပီတိ။
၎။ ဝမ်းသာလျှက် ကောင်းနေတာက သုခ။
၅။ ဝမ်းမသာပဲငြိမ်ငြိမ်သက်သက် ကောင်းနေတာက ဥပေက္ခာ။
၆။ အာရုံ၌ စူးစူးစိုက်စိုက် ကပ်သွားတာက ဧကဂ္ဂတာ။
၎။ မဟာသတိပဋ္ဌာနသုတ်
(ဝန်ခံချက်မိန့်ခွန်းတော်)
သတိပဋ္ဌာန် ဓမ္မစက်ကို ဝန်ခံချက်နှင့် တို့မြတ်စွာ။
ဟောမိန့်ပုံမှာ---ထိုတရားကို ဖြစ်ပွားစေတဲ့ရှင်လူမှာ။
အလွန်ကြာလျှင် ၇-နှစ်နဲ့ ရဟန္တာအစစ် ဖြစ်နိုင်ပါ။
စွဲမှုကျန်တောင် နာဂါမ်လောက်တော့ ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ။
မြန်သူဆိုလျှင် ၇-ရက်နဲ့ ထိုဖိုလ်မဂ်ကို ရနိုင်ပါ။
ရဲရင့်ခိုင်မှာ, ဝန်ခံချက်နှင့် ဓမ္မစက်ကို ဟောခဲ့ပါ။
နိဗ္ဗာန်လိုသူ မယုံမှားနဲ့ မြတ်ဘုရားကို ယုံကြည်ကာ။
သိတပဋ္ဌာန်, ကိုယ်းသန္တာန်, အမြန်ပွားစေရာ။
သို့ပွားစေမှ, နိဗ္ဗာန်ရ, မုချငြိမ်းအေးမှာ။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၂ဝ
၅။ သံယုတ္တနိကာယ်
မာလုကျပုတ္တသုတ်တရားတော်
မေးခွန်းတော်။ ။ဒါကို သင်ဘယ်လိုထင်သလဲ မာလုကျပုတ္တ စဉ်းစားကြည့်စမ်း၊ မျက်စိဖြင့်မြင်နိုင်တဲ့ အကြင်အဆင်းတွေကို
သင်ဟာ ရှေးကလဲ မမြင်ရသေးဘူး ယခုလဲမြင်နေတာမဟုတ်ဘူး နောင်လဲဒါမျိုးကို မြင်ရလိမ့်မယ်လို့တောင် မစဉ်းစားမိသေး
ဘူးဆိုပါတော့ အဲဒီလိုအဆင်းတွေကို တပ်မက်ချစ်ခင် လိုခြင်မှုများ သင့်မှာဖြစ်နိုင်ပါမည်လား။
ဖြေ။ ။မဖြစ်နိုင်ပါဘုရား။
(အသံ, အနံ့, အရသာ, အတွေ့, သဘောအာရုံတို့၌လဲ-မေးပုံ ဖြေပုံမှာ နည်းတူပင်)။
၁။ မမြင်ရရာ, ကိလေသာ, သူ့ဟာသူ ငြိမ်းသည်။
၂။ မြင်ရရာမှာ, ကိလေသာ, ကိန်းကာဖြစ်နိုင်သည်။
၃။ မြင်တိုင်းမှတ်ရှု ကိလေစု ကိန်းမှုပယ်သင့်သည်။
၎။ မေးခွန်းဖြင့်ပင် လုပ်ငန်းစဉ် ပေါ်လွင်စေခဲ့သည်။
သုတ်ရင်း၏-ဘာသာပြန်
(က) အို-မာလုကျပုတ္တ (လုံးဝမသိရတဲ့ အာရုံမှာ ကိလေသာ မဖြစ်နိုင်တာလိုပင်, ထင်ရှားသိရတဲ့ အာရုံတွေမှာလဲ
ကိလေသာမဖြစ်နိုင်အောင် အားထုတ်ဖို့လိုသည်၊ ဒါကြောင့်) သင့်မှာ မြင်ရ, ကြားရ, ရောက်ရ, သိရတဲ့ ဒီအာရုံတွေထဲကလဲ
မြင်ရာ မှာ-မြင်ရုံမျှသာ ဖြစ်ရမည်၊ ကြားရာမှာ ကြားရုံမျှသာ ဖြစ်ရမည်၊ နံ, စား, ထိ, လျက် ရောက်ရာမှာ ရောက်ရုံမျှသာ
ဖြစ်ရမည်၊ သိရာမှာ သိရုံမျှသာ ဖြစ်ရမည်။
(ခ) ဒီအတိုင်းဖြစ်လျှင် သင်ဟာ ထင်ရှားသိရတဲ့။ အဲဒီအာရုံတွေနှင့် သာယာမုန်းထား သိမှားတဲ့အလိုအားဖြင့်
မစပ်ဆိုင်တော့ပြီ။
(ဂ) မစပ်ဆိုင်လျှင် သင်ဟာ အဲဒီအာရုံတွေထဲမှာ စွဲ၍ မတည်တော့ပြီ။
(ဃ) စွဲ၍ မတည်လျှင် ဒီလောကထဲမှာလဲ သင်မရှိတော့ပြီ၊ ဟိုလောကထဲမှာလဲ သင်မရှိတော့ပြီ တစ်ခြားမှာလဲ၊ဒီလို
စွဲလမ်းတဲ့ သင်မရှိတာသည်ပင်လျှင် ဆင်းရဲဆုံးရာ နိဗ္ဗာန်ပေတည်း။
အညေဝါဒအလို။ (ဃ) စွဲ၍မတည်လျှင် ဒွါရခြောက်ပါးဆိုတဲ့ ဒီအတွင်းဘက်မှာလဲ သင်မရှိတော့ပြီ၊ အာရုံ ၆-ပါးဆို
တဲ့ ဟိုအပြင်ဘက်မှာလဲ သင်မရှိတော့ပြီ စိတ်စေတသိက်ဆိုတဲ့ သိမူထဲမှာလဲ။ သင်မရှိတော့ပြီ၊ ဒီလို သင်မရှိတာ သင်ချုပ်
ပျောက်သွားတာသည်ပင်လျှင် ဆင်းရဲဆုံးရာ နိဗ္ဗာန်ပေတည်း။
နိဗ္ဗာန်နှင့် ဝေးပုံ
အဆင်းမြင်လျှင်, ချစ်ဖွယ်ထင်, ထိုတွင်မေ့လေသည်။
သာယာတပ်စွဲ, ခံစားမြဲ, စိတ်ထဲ သိမ်းလျက်တည်။
အဆင်းဆိုင်ရာ၊ စေဒနာ, များစွာ မှားတော့သည်။
လောဘစည်ကား ဒေါသပွား, ဗျာများစိတ်ပန်းသည်။
ဤနည်းဖြင့်ပဲ, မပြောင်းလဲ, ဆင်းရဲရှာသူမည်။
ဆင်းရဲကိုသာ ရှုသူမှာ, ဝေးစွာနိဗ္ဗာန်ပြည်။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၂၁
နိဗ္ဗာန်နှင့် နီးပုံ
အဆင်းမြင်က အမှတ်ရ ရာဂကင်းတော့သည်။
မတပ်မက်ပဲ, ခံစားမြဲ, စိတ်ထဲမသိမ်းပြီ။
မှတ်သိလျက်ပင် မြင်လဲမြင်, ထိုပြင်ခံစားသည်။
သို့ပါသော်လဲ ဝဋ်ဆင်းရဲ, ကုန်မြဲကုန်ခန်းသည်။
ဤနည်းဖြင့်သာ ယောဂီမှာ မှတ်ခါကျင့်ရသည်။
မြင်တိုင်းရှုမှတ် ဆင်းရဲသတ်, နီးကပ်နိဗ္ဗာန်ပြည်။
၇။ မစ္ဈိမနိကာယ် ဝမ္မိကသုတ် တရားတော်ကြီး
ဆောင်ပုဒ်များ
မီးခိုးညဥ့်ခါ, နေ့မှာမီးပျို့, တောင်ပို့မြင်လတ်, ဆရာမြတ်က, တပည့်လှအား, ပေါက်တူးသွားဖြင့်, ခွဲခြားစေရာ,
ပေါ်လာမင်းတုတ်, ဖားûပတ်တွေ့ရ, လမ်းနှစ်ခွမှာ, ဆပ်ပြာရေစစ်, လိပ်ညစ်တစ်လီ, ဓားစဉ်းတီးနှင့်, တွေ့ပြီအသား,နတ်နဂါး,
ဆယ့်ငါးဝှက်စာအစဉ်တည်း။
အဖြေဆောင်ပုဒ်များ
၁။ တောင်ပို့ဆိုတာ ဘယ်ဟာလဲ၊
ဤရုပ်ကိုယ်ကြီးပဲ။
၂။ မီးခိုးဆိုတာ ဘယ်ဟာလဲ၊
ညမှာကြံတွေးနေတာပဲ။
၃။ မီးလျှံဆိုတာ ဘယ်ဟာလဲ၊
နေ့ခင်းကျတော့ ûပတာပဲ။
၎။ ဆရာဆိုတာ ဘယ်သူလဲ၊
ငါတို့ မြတ်စွာဘုရားပဲ။
၅။ တပည့်ဆိုတာ ဘယ်သူလဲ၊
ရှုမှတ်နေတဲ့ ယောဂီပဲ။
၆။ ပေါက်တူးဆိုတာ ဘယ်ဟာလဲ၊
မှတ်သိနေတဲ့ ပညာပဲ။
၇။ တူးတယ်ဆိုတာ ဘယ်ဟာလဲ၊
ကြောင့်ကြစိုက်တဲ့ လုံးလပဲ။
၈။ မင်းတုတ်ဆိုတာ ဘယ်ဟာလဲ၊
ရှုမှတ်နည်းကို မသိတာပဲ။
၉။ ဖားûပတ်ဆိုတာ ဘယ်ဟာလဲ၊
စိတ်ဆိုးတတ်တဲ့ ဒေါသပဲ။
၁ဝ။ လမ်းခွဆိုတာ ဘယ်ဟာလဲ၊
ဝေဖန်စဉ်းစား ယုံမှားပဲ။
၁၁။ ရေစစ်ဆိုတာ ဘယ်ဟာလဲ၊
နီဝရဏငါးပါး တရားပဲ။
၁၂။ လိပ်ညစ်ဆိုတာ ဘယ်ဟာလဲ၊
ခန္ဓာငါးပါး တရားပဲ။
၁၃။ စဉ်းတီးဆိုတာ ဘယ်ဟာလဲ၊
ငါးပါးအာရုံ ကာမဂုဏ်ပဲ။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၂၂
၁၄။ သားတစ်ဆိုတာ ဘယ်ဟာလဲ၊
နှစ်သက်တပ်စွဲ ရာဂပဲ။
၁၅။ နဂါးဆိုတာ ဘယ်ဟာလဲ၊
အာသဝေါကင်းကွာ ရဟန္တာပဲ။
၇။ ပဋိစ္စသမုပ္ပါဒ်တရားတော်ဆောင်ပုဒ်
အမှန်မသွား, အမှားမြင်ကာ, အဝိဇ္ဇာကြောင့်, ချမ်းသာလိမ့်နိုး, ရည်မျှော်ကိုးလျက်, သုံးမျိုးမှုကံ, ûပစီမံ၍, ဝိညာဏ်
တွယ်စပ်, နာမ်ရုပ်ကပ်လျက်, ခြောက်ရပ် အာယတန, ဖဿ ခြောက်ဖြာ, ဝေဒနာကြောင့်, တဏှာခြောက်တန်, ဥပါဒါန်နှင့်,
ဖြစ်ရန်အကြောင်း, ကံဆင့်လောင်း၍, ဆိုးကောင်းဘဝ, ဖြစ်ရပြန်ရာ, အိုကာသေရေး, ပူအဆွေးနှင့်, ငိြုေ<ွကးကိုယ်နွမ်း, စိတ်
မချမ်းမျှ, ပူပန်ရသည်၊ လုံးဝ ဆင်းရဲစုသာတည်း။
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
အမှန်မသွား, အမှားသိမြင်၊
အဝိဇ္ဇာဖုံး, ကောင်းလုံးမှတ်ထင်၊
စိတ်, ကိုယ်, နှုတ်မှု, ကြံûပပြောလျင်၊
ဝိညာဏ်စပ်, နောက်ထပ်သန္ဓေရှင်။
ပစ္စုပ္ပန်အကျိုးငါးပါးပေါ်လာပုံ
ဝိညာဏ်မျိုးစေ့, စ၍ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ, ပူးတွဲပါဝင်၊
အာယတန, ဖဿပေါ်ထင်၊
ကောင်းဆိုးများ, ခံစားမိရိုးပင်။
ပစ္စုပ္ပန်အကျိုးမှ အကြောင်းအသစ်ပေါ်၍
ထိုအကြောင်းကြောင့် အနာဂါတ်အကျိုးပေါ်ပုံ။
ခံစားသည့်တွက်, တပ်မက်ခင်မင်၊
မည်သို့ûပငြား, ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း, ရော်ရမ်းûပလျှင်၊
နောင်ဘဝ, ဖြစ်ရဇာတိပင်။
အနာဂါတ်အကျိုးငါးပါးပေါ်လာပုံ။
ဘဝဇာတိ, သူရှိပြန်လျှင်၊
အိုသေ ပူဆွေး, ငိြုေ<ွကးထို့ပြင်၊
ကိုယ်စိတ်ဆင်းရဲ, ထန်သဲပူပင်၊
သို့ဖြစ်ရ, လုံးဝ ဆင်းရဲပင်။
၈။ ဝိပဿနာရှုနည်း မူသေစည်း
မေး။ ။ဝိပဿနာ, Óဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း။
ဖြေ။ ။မြဲတယ်, ချမ်းသာ, ငါစွဲရာ, ခန္ဓာ ရှုရမြဲ။
မေး။ ။ဘယ်အကျိုးငှါ, ဘယ်အခိုက်မှာ, ခန္ဓာ ရှုသလဲ။
ဖြေ။ ။မစွဲဖို့ရာ, ဖြစ်ဆဲမှာ, မှန်စွာ ရှုရမြဲ။
မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ ၂၃
အကျိုး။ ။ပေါ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်။
ပေါ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှုကင်းပျောက်သည်။
စွဲမှုကင်းလျှင်, နိဗ္ဗာန်ခွင်, ပြေးဝင်ဆိုက်ရောက်သည်။
ဝိပဿနာရှုနည်း မူသေစည်း, သိမ်းဆည်းထားရမည်။
၉။ ဝိပဿနာ အခြေခံတရားတော် ဆောင်ပုဒ်
၁။ ဝိပဿနာ, Óဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း။
၂။ စွဲလမ်းနိုင်ရာ ငါးခန္ဓာ, မှန်စွာရှု၍ဖြစ်သတည်း။
၃။ ဘယ်အကျိုးငှာ, ထိုခန္ဓာ, ဘယ်ဟာရှုရပါသနည်း၊
၎။ မစွဲဘို့ရာ, ဖြစ်ဆဲမှာ, မှန်စွာရှုရပါသတည်း။
၅။ ဖြစ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်။
၆။ မြဲတယ် ကောင်းတယ်, ငါကောင်နှယ်, တကယ်ထင်တတ်သည်။
၇။ ဖြစ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှုကင်းပျောက်သည်။
၈။ မမြဲဆင်းရဲ, သဘောပဲ, Óဏ်ထင်ရှင်းတော့သည်။
၉။ စွဲမှုကင်းပျောက်, မဂ်လမ်းပေါက်, ဆိုက်ရောက် နိဗ္ဗာန်ပြည်။
၁ဝ။ ဝိပဿနာရှုနည်း, မူသေစည်း, သိမ်းဆည်းထားရမည်။
၁ဝ။ သမ္ပဇဉ်ခေါ်တဲ့ အသိÓဏ်တရား ၄-ပါး
၁။ သာတ္ထကသမ္ဖဇဉ်။ ။ကျိုးရှိသလား, မရှိလား စဉ်းစားတာက သာတ္ထက။
၂။ သပ္ပာယသမ္ဖဇဉ်။ ။သင့်တော်ရဲ့လား, မတော်လား, စဉ်းစားတာက သပ္ပါယ။
၃။ ဂေါစရသမ္ဖဇဉ်။ ။ရုပ်ဓာတ်, နာမ်ဓာတ်, စဉ်မပြတ် ရှုမှတ်တာက ဂေါစရ။
၎။ အသမ္မောဟသမ္ဖဇဉ်။ ။မမြဲဆင်းရဲ, ရုပ်နာမ်ပဲ အသိကွဲတာက အသမ္မောဟ။
၁၁။ စိတ္တာနုပဿနာဆောင်ပုဒ်များ
နှိမ်နိုင်ခဲစွ, လျှင်မြန်လှ၍, သူကျလိုရာ, ကျတတ်ပါသည်, ဝိညာဏသွမ်း, စိတ်သရမ်းကို, စောင့်ဖမ်းရှုရေး, ဆုံးမပေး
၍, ယဉ်ကျေးလိမ္မာ, သူဖြစ်လာလျှင်, ချမ်းသာဆောင်ပေးတတ်သတည်း။
ဒုန္နိဂ္ဂဟဿ လဟုနော, ယတ္ထ ကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု, စိတ္တံ ဒန္တံ သုခါဝဟံ။
၁၂။ အဂုင်္တ္တရပါဠိတော်လာ