တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၁၇-၂ဝ

မာလုကျပုတ္တသုတ်တရားတော် ၁၇
အရှင်ပေါဋ္ဌိလမထေရ်ဝတ္ထု
မြတ်စွာဘုရားလက်ထက်တော်ကာလက အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတပါးရှိခဲ့တယ်၊ ပိဋကသုံးပုံဆောင် စာချ
ဆရာတော်ကြီးပါဘဲ၊ ဒါပေမဲ့ ဘာဝနာကို အားမထုတ်တဲ့အတွက် မြတ်စွာဘုရားရှင်က သူ့ကို တွေ့မြင်ရတဲ့အခါ တုစ္ဆပေါဋ္ဌိလ
အချည်းနှီး ပေါဋ္ဌိလ-အလကား ပေါဋ္ဌိလလို့ မိန့်ခေါ်တော်မူတယ်။ အဲဒီလို ရှုတ်ချပြီး ခေါ်တော်မူတဲ့အတွက် အရှင်ပေါဋ္ဌိလက
ဆင်ခြင်တယ်၊ ငါ့မှာ ပရိယတ်ဘက်ကတော့ လိုလေသေးမရှိ ပြည့်စုံနေတာဘဲ၊ ငါ့ကို မြတ်စွာဘုရားရှင်က တုစ္ဆ-အချည်းနှီး
အလကားလို့ ဆိုတာဟာ ဘာဝနာဘက်က လိုနေလို့ဘဲ၊ ဘာဝနာဘက်က ပြည့်စုံအောင် အားထုတ်မယ်လို့ ယောနိသော မန
သိကာရဖြင့် နှလုံးသင်းဆင်ခြင်ပြီး ရဟန္တာ ၃ဝ-ရှိတဲ့ တောရကျောင်းတခုကိုသွားပြီး မထေရ်ကြီးထံမှာ ကမ္မဋ္ဌာန်းတောင်း
တယ်၊ မထေရ်ကြီးက ပရိယတ် မာန်ခံနေမှာကို မြင်တော်မူတဲ့အတွက် ဒုတိယမထေရ်ထံ လွှဲလိုက်တယ်၊ ဒုတိယမထေရ်ကလဲ
တတိယမထေရ်ထံ လွှဲလိုကတယ်၊ ဒီနည်းဖြင့် နောက်ဆုံးကျတော့ (၇)နှစ် အရွယ် ရဟန္တာသာမဏေ ကလေးထံ ရောက်သွား
တယ်။
သာမဏေကလေးက ''တပည့်တော်ဟာ ငယ်လဲငယ်ပါသေးတယ်၊ သုတလဲ နဲပါတယ်၊ အရှင်ဘုရားများထံမှ
သင်ယူဘို့သာ ရှိပါတယ်'' လို့ အကြောင်းပြပြီး ငြင်းပယ်ပါသော်လဲ အရှင်ပေါဋ္ဌိလက ရိုသေစွာ ထပ်မံပြီးတောင်းပန်းပါတယ်။
အဲဒီတော့ သာမဏေငယ်က ဒီလို ကမ္မဋ္ဌာန်းပေးပါတယ်။
အရှင်ဘုရား၊ တောင်ပို့တခုမှာ အပေါက် ၆-ခု ရှိပါတယ်၊ အဲဒီတောင်ပို့ထဲက ဖွတ်ကို ဖမ်းချင်ယင် အပေါက်ငါးခုကို
ပိတ်ပြီးတော့ ကျန်တဲ့တပေါက်က စောင့်ပြီး ဖမ်းရပါတယ်။ အဲဒါလိုဘဲ ဒွါရ ၆-ပါးမှာ အာရုံ ၆-ပါးထင်လျှင် ငါးဒွါရကို
ပိတ်ပြီး မနောဒွါရ တခုတည်းကသာ အလုပ်လုပ်ရပါတယ်လို့ ကမ္မဋ္ဌာန်း ပေးလိုက်ပါတယ်တဲ့။
ဆိုလိုတာကတော့ မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဆိုတဲ့ ငါးဒွါရမှာ ဇောမကျစေပဲ မနောဒွါရ၌သာ ရှုသိမှု
ဝိပဿနာ ဇောဖြစ်စေလျက် အားထုတ်ပါလေလို့ ဆိုလိုတာပါဘဲ။ အဲဒါလောက်ဆိုယင် ပိဋကသုံးပုံ စာချဆရာတော်ကြီးဆို
တော့ ရှုသိရမည့် လုပ်ငန်းစဉ်အကျယ်ကို ကောင်းကောင်း သဘောပေါက်သွားပါတယ်၊ အဲဒါဟာ မြင်သိရာ ကြားသိရာ နံသိ
ရာ စားသိရာ ထိသိရာတွေမှာ ဝုဋ္ဌောမျှတွင် ရပ်တန့်စေပြီးတော့ ချက်ခြင်း ရှုသိ ရှုသိသွားဘို့ရာပါဘဲ။ ယခုဒီသုတ်မှာ မြင်ရ
သည်၌ မြင်ရုံမျှ တည်လတံ့၊ မြင်ရုံမျှ တည်စေရမယ်လို့ ညွှန်ကြားချက်နဲ့ အတူတူပါဘဲ။ အရှင်ပေါဋ္ဌိလ မထေရ်ဟာ အဲဒီနည်း
အတိုင်း ရှုမှတ်အားထုတ်ပြီးတော့ မြတ်စွာဘုရားကဟောတဲ့ ဂါထာပုဒ်ကိုလဲ နာရတဲ့အတွက် မကြာခင်ပဲ ရဟန္တာ ဖြစ်တော်မူ
သွားပါသတဲ့။
ချက်ခြင်းမရှုနိုင်လျှင် ပညတ်ရောက်သွားပုံ
ဒီနေရာမှာ မြင်သိပြီးလျှင် ပြီးချင်း မရှုမသိနိုင်လျှင် ဒုတိယ တတိယ ကြံသိဝီထိတို့ဖြင့် ပညတ်အလွှဲအမှားတွေကို
သိသွားပုံကို ဒီလို ဆောင်ပုဒ်စီထားပါတယ်၊ ''ထင်ဆဲဆင်းဓာတ် မြင်လတ်ဦးစွာ၊ မြင်ပြီးတရား စဉ်းစားပြန်ရာ၊ သဏ္ဌာန်ဒြပ်
ပညတ်ပေါ်ကာ၊ မည်နာမ သိရနောက်ဆုံးမှာ'' တဲ့။ အဲဒါကို ဆိုကြရမယ်။
ထင်ဆဲ ဆင်းဓာတ် မြင်လတ်ဦးစွာ (အဲဒါက မြင်သိဝီထိမှာ သိပုံဘဲ။)
မြင်ပြီးတရား စဉ်းစားပြန်ရာ၊ (ဒါက မြင်ပြီးနောက် ပဌမ ကြံသိဝီထိဖြင့် သိပုံဘဲ။)
သဏ္ဌာန်ဒြပ် ပညတ်ပေါ်ကာ၊ (ဒါက ဒုတိယကြံသိဝီထိဖြင့် ပုံသဏ္ဌာန်ပညတ် သိပုံဘဲ။)
မည်နာမ သိရနောက်ဆုံးမှာ။ (ဒါက တတိယကြံသိဝီထိဖြင့် အမည်ပညတ် သိပုံဘဲ။)
မာလုကျပုတ္တသုတ်တရားတော် ၁၈
ချက်ခြင်းရှုနိုင်လျှင် ပရမတ်၌တည်ပုံ Óဏ်ဖြစ်ပုံ
မြင်ပြီးလျှင်ပြီးခြင်း ရှုမှတ်နိုင်ယင်တော့ မြင်ရုံမျှတွင် တည်ပြီး ပရမတ် ရုပ်နာမ်အစစ်ကိုလဲ ပိုင်းခြားပြီး သိရတယ်၊
အဖြစ်အပျက်ကိုလဲ သိရတယ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှပဲ ဆိုတာကိုလဲ သိရတယ်၊ အဲဒါကိုလဲ ''မြင်လျှင်မြင်ချင်း
လက်ငင်းမှတ်လျှင်၊ မြင်ရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊ ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊ အနိစ္စ, ဒုက္ခ, သဘောထင်'' လို့ ဆောင်ပုဒ်စီ
ထားတယ်၊ အဲဒါကို ဆိုကြရမယ်။
မြင်လျှင်မြင်ချင်း လက်ငင်းမှတ်လျှင်၊ (ဒါက မြင်သိ ဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်
လျှင်၊ သို့မဟုတ် ပဌမကြံသိ ဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်လျှင်လို့- ဆိုလိုတာပါဘဲ။)
မြင်ရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊ (ဒါက ချက်ခြင်းရှုမှတ်နိုင်လျှင် မြင်ရုံမျှတွင်စိတ်အစဉ်
ရပ်စဲသွားတယ်၊ ဒုတိယကြံသိဝီထိ စသည်မဖြစ်တော့ဘူးလို့ ဆိုလိုပါတယ်၊ ယခု ဒီသုတ်မှာ
ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ-စသည်ဖြင့် ဟောထားတဲ့အတိုင်းပါဘဲ။)
ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊ (ဒါက ရုပ်နာမ် ၂-ပါးကို ခွဲခြားပြီး သိမြင်တယ်၊
အဖြစ်အပျက်ကိုလဲ ကိုယ်ပိုင်Óဏ်ဖြင့်ပင် သိမြင်တယ်လို့ ဆိုလိုတာပါဘဲ။)
အနိစ္စ, ဒုက္ခ, သဘောထင်။ (အနိစ္စ, ဒုက္ခ အခြင်းအရာ, အနတ္တသဘောမျှ အခြင်း
အရာတွေလဲ ထင်ပေါ်တယ်၊ ကိုယ်ပိုင်Óဏ်ဖြင့် သိမြင်တယ်လို့ ဆိုလိုတာပါဘဲ။)
ယခုပြောခဲ့တဲ့အတိုင်း ဝိပဿနာ သမာဓိÓဏ် ရင့်သန်အားကောင်းတဲ့အခါ မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး, မြင်ဆဲက
ထင်ရှားပေါ်ခဲ့တဲ့ အဆင်းပရမတ်ရုပ်နဲ့ မြင်သိစိတ်စသော နာမ်များကို ခွဲခြားပြီးတော့လဲ သိတယ်၊ အဲဒီရုပ်နာမ်များ ဖြစ်ပေါ်
လာတာ ပျောက်ကွယ်သွားတာကိုလဲ သိတယ်၊ ဘင်္ဂÓဏ်ထက် ထက်သန်သန်ကြီး ဖြစ်နေတဲ့အခါဆိုယင် မြင်ရတာနဲ့ မြင်သိ
တာတွေ ရိပ်ရိပ် ရိပ်ရိပ်နဲ့ ပျောက်ပျက်သွားတာကိုသာ တွေ့နေရတယ်၊ ဒါကြောင့် အဲဒီလို တရိပ်ရိပ်နဲ့ ပျက်ပျက်သွားတာကို
တွေ့နေရတော့ မျက်စိက မှုန်သွားတာလေလားလို့တောင် ထင်တတ်သေးတယ်။ အဲဒီလို လျင်မြန်စွာ ပျက်ပျက်သွားတာကိုသာ
တွေ့ရတော့ မမြဲဘူးလို့လဲ ပိုင်နိုင်စွာသိရတယ်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ကြောက်စရာ ဆင်းရဲပဲလို့လဲ သိရတယ်၊ သူ့သဘော
အတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲ အနတ္တပဲလို့လဲ ပိုင်နိုင်စွာ သိရတယ်။ အဲဒါဟာ မြင်ရုံမျှတွင် တည်နေပုံပါဘဲ။
အဲဒီလို မြင်ရုံမျှတွင် တည်နေအောင် ရှုဘို့ရာ ''ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ'' လို့ ဟောတော်မူတာပါဘဲ။ အဲဒီပါဠိမှာ မာလုကျ
ပုတ္တမထေရ် တောင်းပန်ဝန်ခံတဲ့ စကားထဲက အပ္ပမတ္တော ဝိဟရေယျံ-ဆိုတဲ့ ပုဒ်များကိုလဲ 'တေ သင့်အား' ဆိုတဲ့ပုဒ်၏
ဝိသေသန အဖြစ်ဖြင့် အပ္ပမတ္တဿ ဝိဟရတောလို့ လိုက်ပြီးယှဉ်စပ်ဖို့ရာလဲ လိုပါတယ်။ ယှဉ်စပ်ပုံကတော့--
မာလုကျာပုတ္တ မာလုကျ၏သားဖြစ်သော ရဟန်း၊ အပ္ပမတ္တဿ ဝိဟရတော-သင်ဝန်ခံသည့်အတိုင်း မမေ့မလျှော့
မပြတ်ရှုလျက်နေလျှင်၊ ဝါ-မမေ့မလျော့ မပြတ်ရှုနေသော၊ တေ-သင်အား၊ ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု
မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊ ဒိဋ္ဌေမြင်ရသည်၌၊ ဒိဋ္ဌမတံ္တ ဘဝိဿတိ-မြင်ရုံမျှ ဖြစ်လတံ့တဲ့။ ဒီလို
ရှေ့နားက ဝန်ခံခဲ့သည့် စကားနဲ့လိုက်ပြီး ယှဉ်စပ်လိုက်မှ အနက် အဓိပ္ပါယ် ပေါ်လွင်ချောမော သွားပါတယ်။ အတိုချုပ် ဆိုလို
တာကတော့ ''မာလုကျပုတ္တရေ၊ သင်က မမေ့မလျော့ အားထုတ်နေပါ့မယ်-လို့ ဝန်ခံခဲ့တယ်မဟုတ်လား၊ အဲဒီလို ဝန်ခံခဲ့သည့်
အတိုင်း မမေ့မလျော့ မပြတ်ရှုနေလျှင် ဟောဒီ မြင်ရကြားရ ရောက်ရ သိရတာတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ
ဖြစ်ပါလိမ့်မည်'' စသည်ဖြင့် ဆိုလိုတာပါဘဲ၊ အဲဒါဟာ ယခု ဘုန်းကြီးတို့ ယောဂီတွေမှာ ကိုယ်တိုင်တွေ့အားဖြင့် ထင်ရှားနေ
ပါတယ်၊ ဘင်္ဂÓဏ် ရောက်တဲ့အခါကျတော့ မြင်ရတာလဲ မြင်ရုံမျှပဲ၊ ကြားရ နံရ စားသိရ ထိသိရ ကြံသိရတာတွေလဲ ကြားရုံ
မျှ နံရုံမျှ စားသိရုံမျှ ထိသိရုံမျှ ကြံသိရုံမျှတွင် ရပ်သွားတာဘဲ၊ မိန်းမ ယောကျာ်းစသော ပညတ်အာရုံတွေဆီကို မရောက်တော့
ဘူး၊ အင်မတန် ထင်ရှားပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၁၉
လူတယောက်က စောဒနာပုံ
ဒါပေမဲ့ မြင်ဆဲ ကြားဆဲစသည်မှာ မပြတ်လိုက်ပြီး မရှုမမှတ်ဘူးတဲ့ ပုဂ္ဂိုလ်တွေကတော့ မြင်တယ် ကြားတယ် စသည်
ဖြင့် ရှုမှတ်နည်းမှာ ယုံမှားသံသယရှိနေကြတယ်၊ တချို့က မှားတယ်လို့တောင် ထင်နေကြသေးတယ်။ တခါက ချောက်ûမိ့မှာ
တရားဟောနေစဉ် တုန်းက လူတယောက်က လာပြီး စောဒနာတဲ့အနေနဲ့ မေးလျှောက်တယ်၊ စက္ခုဝိÓဏ်က မြင်သိ ရာမှာ
အဆင်းရုပ်၏ ဥပါဒ်နဲ့ ဘင်ဆိုတဲ့ အဖြစ်အပျက်ကို မမြင်နိုင်ဘူး မဟုတ်ပါလား တဲ့။ စက္ခု ဝိညာဏ် ဆိုတာ အဆင်းရုပ်ကို
မြင်သိရုံမျှပါဘဲ၊ အဆင်းရုပ်၏ အဖြစ်အပျက်ကိုတော့ မမြင်နိုင်ပါဘူး၊ ''အဲဒီလို စက္ခုဝိညာဏ်က အဆင်းရုပ်၏ အဖြစ်အပျက်
ကိုမြင်ရတော့ အဲဒီမြင်သိတာကို ရှုမှတ်ခြင်းဖြင့် အဆင်းရုပ်၏ အဖြစ်အပျက်ကို မြင်နိုင်ပါ့မလား'' လို့ စောဒနာတဲ့ သဘောပါ
ဘဲ။
စောဒနာကို ရှင်းပြချက်
အဘိဓမ္မာအဋ္ဌကထာများမှာ ပြထားတဲ့အတိုင်းဆိုယင်တော့ အဆင်းရုပ်ဟာ စက္ခုဝိညာဏ် မဖြစ်မီ စိတ် ၄-ကြိမ် ၅-
ကြိမ်စသည်က ဖြစ်ခဲ့တယ်။ ချုပ်ပျက်တော့လဲ စက္ခုဝိညာဏ် မရှိတဲ့ နောက် စိတ် ၁၂-ကြိမ် ၁ဝ-ကြိမ် ၉-ကြိမ် စသည်ကြာမှ
ချုပ် ပျက်သွားတယ်၊ ဒါကြောင့် အဲဒီအဆင်းရုပ်၏ ဥပါဒ်ဘင် အစစ်ဖြစ်တဲ့ အဖြစ်အပျက်ကိုတော့ စက္ခုဝိညာဏ်စိတ်က မမြင်
ခဲ့ပါဘူး၊ ဒါပေမဲ့ မြင်တယ်လို့ ရှုမှတ်တဲ့ သတိÓဏ်ကတော့ အဲဒီစက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်၏ ဥပါဒ်နဲ့ဘင်ဆိုတဲ့ အဖြစ်
အပျက်အစစ်ကို အမှတ်ရပြီး သိနိုင်ပါတယ်၊ ဒါကလဲ မြင်သိတဝီထိလုံးနဲ့ ဆိုင်တဲ့ အဖြစ်အပျက်ကို သိတာပါဘဲ၊ အဲဒီလို
မြင်သိစိတ်၏ အဖြစ်အပျက်ကို သိယင် အဲဒီ စိတ်အစဉ်၏ အာရုံ ဖြစ်ပုံ ပျက်ပုံကိုလဲ သုတ္တာန်ဒေသနာနည်း အရ အားဖြင့်
သိတယ်လို့ဆိုရပါတယ်။ ဒါကြောင့် အင်္ဂုတ္တရပါဠိ ဈာနသုတ် (တတိယအုပ် ၂၂ဝ) စသည်မှာ ဈာန်မှ ထတဲ့အခါ ဈာန်ဝင်စား
ခိုက်က ဖြစ်ခဲ့တဲ့ ခန္ဓာငါးပါးလုံးရှုပုံကို အထင်အရှား ဟောထားပါတယ်။ အဲဒီမှာ ဈာန်စိတ် စေတသိက် နာမ်တရားများ ဖြစ်ပုံ
ကတော့ မြင်တယ်လို့ရှုမှတ်တဲ့အခါ မြင်သိစိတ်ထင်ရှားသလိုပင် ထင်ရှားပါတယ်၊ ရုပ်၏အဖြစ်အပျက်ကိုတော့ ဈာန်စိတ်က
အာရုံûပခဲ့တာမဟုတ်လို့ တိုက်ရိုက်အားဖြင့် ထင်ရှားတယ်လို့ မဆိုနိုင်ပါဘူး၊ ဒါပေမဲ့ ဈာန်စိတ်စေတသိက် နာမ်တရား တွေကို
ထင်ရှားသိရယင် အဲဒီဈာန်၏ မှီရာ ရုပ်, ဈာန်စိတ်ကြောင့်ဖြစ်တဲ့ ရုပ်များ၏ အဖြစ်အပျက်ကိုလဲ ရှုသိနိုင်တော့တာပါ ဘဲ။
အဲဒီဈာနသုတ်မှာ ပြထားတဲ့ ရှုပုံနည်းအရအားဖြင့် မြင်တယ်လို့ ရှုမှတ်တဲ့အခါလဲ မြင်ရတဲ့ အဆင်းရုပ်, မြင်သိစိတ်
၏ မှီရာရုပ်များ ဖြစ်ပျက်ပုံကိုလဲ သိတယ်လို့ဆိုနိုင်ပါတယ်၊ ရှုမှတ်နေတဲ့ ယောဂီမှာ မြင်သိရတဲ့ အဆင်းရုပ်ပေါ်လာပုံ ပျက်
သွားပုံကို လျှပ်ရောင်၏ အဖြစ်အပျက်ကို မြင်ပြီးသိရသလိုပင် ထင်ရှားသိရပါတယ်။ ဒါကြောင့် မဟာနိဒ္ဒေသ (၃၃) စသည်
မှာ-
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ လို့ ပြဆိုထားတာပါဘဲ။
အာကာသေ ကောင်းကင်၌၊ ဝိဇ္ဇုပ္ပါဒေါ ဣဝ လျှပ်လက်သကဲ့သို့ပင်၊ သင်္ခါရာ- သင်္ခါရတရားတို့သည်၊ ဥပ္ပဇ္ဇန္တိ စ
အသစ်သစ်လည်းဖြစ်ကုန်၏၊ ဝယန္တိစ- ဖြစ်ပြီးလျှင် ချုပ်လည်း ချုပ်ပျက်ကုန်၏ တဲ့။
အဲဒီမှာ လျှပ်ရောင်၏ ဥပါဒ်ဆိုတဲ့ ဖြစ်ခြင်းကိုလဲ မျက်စိဖြင့် မမြင်နိုင်ပါဘူး၊ ဘင်ဆိုတဲ့ ပျက်ခြင်းကိုလဲ မမြင်နိုင်ပါ
ဘူး၊ ဒါပေမဲ့ လျှပ်ရောင်ဟာ ပေါ်လာပြီး ချက်ခြင်းပင် ပျောက်ကွယ်သွားတယ် ဆိုတာကိုတော့ မျက်မြင်အားဖြင့်ပင် ထင်ရှား
သိရပါတယ်၊ အဲဒါလိုပါဘဲ မြင်ဆဲ၌ မြင်တယ်လို့ ရှုမှတ်ရာမှာလဲ မြင်ရတဲ့ အဆင်းဟာ ပေါ်လာပြီး ချက်ခြင်းပင် ပျောက်သွား
တယ်ဆိုတာကို ဥဒယဗ္ဗယÓဏ် ဘင်္ဂÓဏ် ရောက်နေတဲ့ ယောဂီက ထင်ရှား သိရပါတယ်၊ အထူးအားဖြင့် ကြားတယ်လို့
ရှုမှတ်ရာမှာ ကြားရတဲ့ အသံ ရုပ်ဖြစ်ပျက်ပုံက ပိုပြီးထင်ရှား တတ်ပါတယ်၊ ထို့အတူပင် ထိတယ် ထိတယ် လို့ ရှုမှတ်ရာမှာလဲ
ထိသိရတဲ့ အတွေ့ရုပ် ဖြစ်ပျက်ပုံဟာ ထင်ရှားတာပါဘဲ၊ အဲဒီလို အဖြစ်အပျက်ကို ထင်ရှားတွေ့ပြီး အနိစ္စ ဒုက္ခ အနတ္တ
အခြင်းအရာတို့ဖြင့် သိသိသွားတာဟာ သုတ္တန်နည်းအရ ကိုယ်တိုင်တွေ့ ဝိပဿနာÓဏ် အစစ်ချည်းပါဘဲ၊ အဲဒီလို ခဏမစဲ
ဖြစ်ပျက်နေတာကို တွေ့ရတယ်-
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ- ရဟန်းတို့ ဤသို့ သိမြင်ရလျှင် သုတနှင့် ပြည့်စုံ
သော အရိယသာဝကသည် ရုပ်၌လည်း မပျော်မွေ့ငြီးငွေ့၏- စသည်ဖြင့် ဟောထားတဲ့ နိဗ္ဗိဒါÓဏ် စသည်လဲဖြစ်နိုင်ပါတယ်၊
နိဗ္ဗိနံ္ဒ ဝိရဇ္ဇတိ- ငြီးငွေ့လျှင် တပ်မက်ကင်းလျက် အရိယမဂ် ဖြစ်၏- စသည်ဖြင့် ဟောတော်မူခဲ့ ဒေသနာတော်နှင့်အညီ
မဂ်ဖိုလ်နိဗ္ဗာန်ကိုလဲ မျက်မှောက်တွေ့မြင်ပြီး သောတာပန် စသည်ဖြစ်သွား နိုင်ပါတယ်။
အတီတဘဝင်နှင့် ûပိင်ဖြစ်တဲ့ အဆင်းရုပ်၏ ဥပါဒ်ဆိုတဲ့ ဖြစ်ခြင်းနှင့် ဒုတိယတဒါရုံ စသည်နှင့် ûပိင်တူချုပ်တဲ့ဘင်ကို
ကိုယ်ပိုင်Óဏ်ဖြင့် ဘယ်နည်းနှင့်မျှ မသိနိုင်ပါဘူး၊ အဋ္ဌကထာများမှာ ပြဆိုထားတဲ့အတိုင်း သုတမယÓဏ်ဖြင့် သိရုံမျှရှိမှာ
မာလုကျပုတ္တသုတ်တရားတော် ၂ဝ
ဘဲ၊ အဲဒီလိုသိရုံမျှဖြင့် ဝိပဿနာÓဏ်အစစ်လဲ မဖြစ်နိုင်ပါဘူး၊ အဲဒီကို ဆင်ခြင်ပြီးသိရုံနဲ့ ငြီးငွေ့တဲ့ နိဗ္ဗိဒါÓဏ်လဲ မဖြစ်နိုင်
ပါဘူး၊ နောက်ပြီးတော့ ဒီတကြိမ်မြင်ရာမှာ အဆင်းရုပ်က တကြိမ်မျှဖြစ်တဲ့ အတီတဘဝင်နှင့် ûပိင်တူဖြစ်တယ်၊ အတီတဘဝင်
၂-ကြိမ် ၃-ကြိမ်စသည် ဖြစ်ရာမှာ ပဌမအတီတဘဝင်နှင့် ûပိင်တူဖြစ်တယ်လို့လဲ တိတိကျကျ ဘယ်သူမျှ မသိ နိုင်ပါဘူး၊
ချုပ်တဲ့အခါလဲ ဒုတိယ တဒါရုံနှင့် ûပိင်တူချုပ်တယ်၊ ပဌမဘဝင်နှင့် ûပိင်တူချုပ်တယ်၊ သတ္တမဇောနှင့် ûပိင်တူချုပ်တယ်
စသည်ဖြင့်လဲ တိတိကျကျ ဘယ်သူမျှမသိနိုင်ပါဘူး၊ အဲဒီလို အဆင်းရုပ်၏ အဖြစ်အပျက်ကို တိတိကျကျသိရမှ ဝိပဿနာ
Óဏ်ဖြစ်တယ်ဆိုယင် ဝိပဿနာÓဏ်ကို မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် ''အဘိဓမ္မာ အဋ္ဌကထာတို့၌ ပြထားတာက သုတ
မယÓဏ်ဖြင့် ခန့်မှန်းနိုင်ရုံမျှ ပြထားတာဘဲ၊ ဝိပဿနာရှုရာမှာ သိဘို့ပြထားတာ မဟုတ်ဘူး'' ဆိုတာ သဘောပေါက်
နားလည်ထားဘို့လိုပါတယ်။
အမှန်စင်စစ်ကတော့ ရှေ့နားတုန်းက ညွှန်ပြခဲ့တဲ့ ဈာနသုတ် စသည်နှင့်အညီ ဖြစ်ခိုက်ရုပ်ကို ရှုမှတ်ပြီး လျှပ်ရောင်
ပေါ်လာတာ ပျောက်သွားတာကို သိသလို ကိုယ်တိုင်မျက်မှောက် သိသင့်သမျှ သိဘို့က လိုရင်းဘဲဆိုတာလဲ သဘောပေါက်
နားလည်ထားဘို့လိုပါတယ်။ ဒါလောက်ဆိုယင် ''ရုပ်၏ဥပါဒ်နှင့် ဘင်ကို တိတိကျကျ မသိနိုင်ဘူး၊ အဲဒီလို သိရန်လဲမလိုဘူး၊
(ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေဆဲမှာ သွားသည်ဟုသိ၏ စသည်ဖြင့် ညွှန်ပြထားတဲ့ ဒေသနာတော်နှင့် အညီ
ဖြစ်ခိုက်ဖြစ်ဆဲရုပ်ကို ရှုမှတ်ပြီး သူ့အခိုက်နဲ့သူ အပိုင်းအပိုင်း ပြတ်လျက် ချုပ်ပျက်သွားတာကို သိဘို့သာလိုတယ်'' ဆိုတာ
သဘောပေါက် နားလည်လောက်ပါပြီ။ အဲဒီမှာလဲ ဖြစ်ဆဲပစ္စုပ္ပန်ကို ရှုရတယ်ဆိုပေမဲ့ အချို့ ရုပ်, နာမ်တွေကိုတော့ အတိအကျ
ဖြစ်ဆဲကို ရှုလို့မဖြစ်ပါဘူး၊ ဈာန်မှထပြီး ဈာန်စိတ်ရှုတာကို ပစ္စုပ္ပန်ရှုသိတယ်လို့ ဟောထားတဲ့ သုတ္တန်နည်းအရ ချုပ်ပြီးခါစ
အနီးကပ် ပစ္စုပ္ပန်ကို ရှုသိခြင်းသာ ဖြစ်နိုင်ပါတယ်။
ကြားရာ စသည်၌ ရှုပုံ
မြင်ရာ၌ ရှုသိပုံကတော့ ဒါလောက်ဆိုယင် တော်လောက်ပါပြီ၊ နောက်ကျမှ ဂါထာတွေအရ ထပ်ပြီး ရှင်းပြောဘို့လဲ
ရှိပါသေးတယ်၊ ယခုတော့ ''သုတေ သုတမတံ္တ ဘဝိဿတိ-'' စသည်အရ အကျဉ်းချုပ် ပြောပါဦးမယ်။
(အပ္ပမတ္တဿ ဝိဟရတော-မမေ့မလျော့ မပြတ်ရှုလျက် နေလျှင်၊ ဝါ-မမေ့မလျော့ မပြတ်ရှုနေသော၊ တေ-သင်အား၊
ဒါက ဆက်စပ်ပြီး နားလည်ရအောင်လို့ ထပ်ပြီး ဖော်ပြတာပါ) သုတေ-ကြားရသည်၌၊ သုတမတံ္တ ဘဝိဿတိ-ကြားရုံမျှ
ဖြစ်လတံ့တဲ့။
မာလုကျပုတ္တမထေရ်က မမေ့မလျော့ မပြတ်ရှုလျက် အားထုတ်နေပါ့မယ်လို့ ဝန်ခံခဲ့တယ်၊ အဲဒီ ဝန်ခံချက်အရ
ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ မမေ့မလျော့ မပြတ်ရှုနေလျှင် ကြားရသည်၌ ကြားရုံမျှ တွင်ပဲတည်နေပါ
လိမ့်မယ်တဲ့။ ယခု ရွတ်ဆိုဟောပြောနေတဲ့ စကားလုံးတွေဟာ တလုံးချင်း တလုံးချင်း ကြားနေကြရတာဘဲ၊ အဲဒါတွေကို
ကြားတိုင်း ကြားတိုင်း ပိုင်းခြားပြီး ရှုမှတ်နေနိုင်ယင် ဘာမျှ အနက် အဓိပ္ပါယ် မပေါ်နိုင်ဘူး။ အဲဒါကိုဘဲ အခြားအသံတွေကို
လဲ ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ ပိုင်ပိုင်နိုင်နိုင် ရှုမှတ်နေနိုင်ယင် ဘယ်သူ့အသံဘဲ ဘာကိုပြောတာဘဲ
စသည်ဖြင့် ပညာတွေဆီ မရောက်တော့ပဲ ကြားရုံမျှတွင်သာ တည်ပါလိမ့်မယ်တဲ့၊ အဲဒါကတော့ ဝိပဿနာÓဏ် အတော်
အတန်ရင့်လာယင် ယောဂီတိုင်းမှာပင် ထင်ရှားပါတယ်။ အကျယ်ကိုတော့ နောက်သူ့အလှည့်ကျမှ ပြောရမယ်။
မုတေ-ရောက်ရသည်၌၊ ဝါ-နံလျက် စားသိလျက် တွေ့ထိလျက် ရောက်ရသည်၌၊ မုတမတံ္တ ဘဝိဿတိ-ရောက်ရုံမျှ
တွေ့သိရုံမျှ ဖြစ်လတံ့တဲ့။ ဒွါရ ၆-ပါး၌ ထင်ပေါ်လာသမျှကို မမေ့မလျော့ မပြတ် ရှုမှတ်နေလျှင် ရောက်ရသည်၌ ရောက်ရုံမျှ
ဖြစ်ပါလိမ့်မယ်တဲ့။ ရောက်ဆိုတာ နံသိတာ စားသိတာ ထိသိတာကို အကျဉ်းချုံးပြီး ဟောတာပါဘဲ၊ ဒါကြောင့် အနံ့နံသိရတဲ့
အခါ နံရုံမျှတွင် စိတ်အစဉ် ရပ်တန့်သွားပါလိမ့်မယ်၊ စားသိရတဲ့အခါ အရသာသိရုံမျှတွင် ရပ်တန့်သွားပါလိမ့်မယ်၊ ကိုယ်ထဲ
က ထိသိတဲ့အခါလဲ ထိသိရုံမျှတွင်ပဲ ရပ်တန့်သွားပါလိမ့်မယ်၊ အဲဒီ နံရတာ စားသိရတာ ထိသိရတာနဲ့ စပ်ပြီး ဘာနံ့ဘဲ ဘာ
အရသာဘဲ ဘယ်သူနဲ့ ထိရတာဘဲ စသည်ဖြင့် ပညတ်အာရုံတွေဆီ မရောက်ပဲ ရှိပါလိမ့်မယ်တဲ့၊ ဒါက အကျဉ်းချုပ်ပဲ၊ နောက်
သူ့အလှည့်ကျတဲ့အခါကျမှ အကျယ်ဖွင့်ပြ ဟောကြားရမယ်။
ဝိညာတေ-ကြံသိရသည်၌၊ ဝိညာတမတံ္တ ဘဝိဿတိ-ကြံသိရုံမျှ ဖြစ်လတံ့တဲ့။ စိတ်ကူးကြံစည်မှု ဖြစ်တဲ့အခါ စိတ်
ကူးတယ်၊ ကြံတယ် စသည်ဖြင့် ရှုမှတ်လိုက်ယင် ကြံသိရုံမျှတွင်ဘဲ ရပ်တည်ပါလိမ့်မယ်၊ ပညတ်အာရုံတွေဆီ မရောက်ပဲ
ကိလေသာစိတ်တွေ ဆက်လက်မဖြစ်ပဲ ရှိပါလိမ့်မယ်တဲ့၊ ဒါကိုလဲ နောက်ဆုံးသူ့ အလှည့်ကျမှ အကျယ်ပြောရမယ်။
ယခု ပြောပြခဲ့တဲ့ ပါဠိအနက်အရ မြန်မာပြန် အကျဉ်းချုပ်ကို လိုက်ဆိုကြရမယ်။

No comments:

Post a Comment