တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၂၁-၂၄

မာလုကျပုတ္တသုတ်တရားတော် ၂၁
မြန်မာပြန်အကျဉ်းချုပ်
မာလုကျပုတ္တရဟန်း၊ (သင်ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်)
မြင်ရ ကြားရ ရောက်ရသိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှဖြစ်လိမ့်
မည်၊ ကြားသိရသည်၌ ကြားရုံမျှဖြစ်လိမ့်မည်၊ (နံသိ စားသိ ထိသိလျက်) ရောက်ရသည်၌
ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ ကြံသိရသည်၌ ကြံသိရုံမျှဖြစ်လိမ့်မည်။
ရှင်းပြချက်
အဲဒါဟာ မာလုကျပုတ္တ ရဟန်းအား ဝိပဿနာအလုပ် အကျဉ်းချုပ် ပေးတော်မူတာဘဲ။ အတိုချုပ် ဆိုလိုတာကတော့
''မြင်ရုံမျှစသည်တွင်သာတည်အောင် ပေါ်လာသမျှကို မပြတ်ရှုမှတ်နေရမယ်'' လို့ ဆိုလိုတာပါဘဲ။ မရှုမမှတ်ပဲနဲ့တော့ မြင်ရုံမျှ
စသည်တွင် တည်အောင် မတတ်နိုင်ပါဘူး၊ မပြတ်ရှုနေတာတောင်မှ အားထုတ်ခါစဆိုယင် မြင်ရုံမျှစသည်တွင် မတည်သေးပါ
ဘူး၊ မြင်လိုက် ကြားလိုက်တာနဲ့ မိန်းမဘဲ ယောကျာ်းဘဲ ဘယ်သူဘဲ စသည်ဖြင့် ပညတ်တွေဆီကို ရောက်သွားတတ်ပါသေး
တယ်။ တချို့က အနိစ္စစသည်ဖြင့် ဆင်ခြင်ရုံနဲ့ မြင်ရုံမျှစသည်မှာ တည်တယ်လို့လဲဆိုကြတယ်။ တချို့ကလဲ စိတ်ကို စိတ်
အတိုင်းထားရုံနဲ့ မြင်ရုံမျှ စသည်မှာ တည်တယ်လို့လဲ ဆိုကြတယ်။ အဲဒီလို ပြောနေကြတဲ့သူတွေမှာ နားမခံသာတဲ့စကားကို
ကြားရတဲ့အခါ ကိုယ်မêကိက်တဲ့ စာကို ဖတ်ရတဲ့အခါ ဒေါသစိတ်ဖြစ် မဖြစ်ကို¤င်း၊ ကိုယ်ထဲ၌ နာကျင်မှု မခံသာမှု ဖြစ်တဲ့
အခါ ညည်းညူးခြင်း သည်းမခံလိုခြင်း ဖြစ်-မဖြစ်ကို¤င်း စိစစ်ဝေဘန်၍ မှန်-မမှန် ဆုံးဖြတ်သင့်ပါတယ်။
မြင်တိုင်း ကြားတိုင်း စသည်ပေါ်လာသမျှကို မပြတ်ရှုမှတ်နေယင်တော့ ဘင်္ဂÓဏ်စသည်ရောက်တဲ့အခါ မြင်ရုံမျှ
စသည်တွင်သာ တည်နေပုံကို ကိုယ်တိုင်တွေ့အားဖြင့် သိရပါတယ်။ ဒါကြောင့် အဲဒီလို မပြတ်ရှုမှတ်လို့ မြင်ရုံမျှ စသည်တွင်
သာ တည်နေယင် ဝိပဿနာÓဏ်၏ အကျိုးသက်ရောက်ပုံကိုလဲ ဒီလိုဆက်ပြီး ဟောကြားတော် မူပါတယ်။
ဝိပဿနာ၏ အကျိုးအာနိသင် ပြဆိုချက်
ယတော ခေါ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ
ဒိဋ္ဌမတံ္တ ဘဝိဿတိ၊ သုတေ သုတမတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ ဘဝိဿတိ၊ ဝိညာတေ
ဝိညာတမတံ္တ ဘဝိဿတိ၊ တတော တွံ မာလုကျပုတ္တေ န တေန။
မာလုကျပုတ္တ-မာလုကျ၏ သားဖြစ်သောရဟန်း၊ ယတော အကြင်အခါ၌၊ တေ သင်အား၊ ဒိဋ္ဌေ မြင်ရသည်၌၊
ဒိဋ္ဌမတံ္တ ဘဝိဿတိ-မြင်ရုံမျှ ဖြစ်လတံ့၊ သုတေ သုတမတံ္တ ဘဝိဿတိကြားရသည်၌ ကြားရုံမျှ ဖြစ်လတံ့၊ မုတေ မုတမတံ္တ
ဘဝိဿတိ ရောက်ရသည်၌ ရောက်ရုံမျှဖြစ်လတံ့၊ ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ-သိရသည်၌ သိရုံမျှဖြစ်လတံ့၊ မာလုကျ
ပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တတော-ထိုအခါ၌၊ တွံ-သင်သည်၊ န တေန-ထိုမြင်ရသော အဆင်း စသည်နှင့်
တကွ မစပ်မဆိုင်ပဲ ရှိလတံ့။
အတိုချုပ် ဆိုလိုတာကတော့ မြင်တိုင်း ကြားတိုင်း စသည်မှာ မြင်ရုံမျှ ကြားရုံမျှစသည်သာ ဖြစ်နေလျှင် အဲဒီအခါမှာ
သင်ဟာ ထိုမြင်ရတဲ့ အဆင်း စသည်နှင့် (သာယာတဲ့ ရာဂ, ရွံ့မုန်းတဲ့ ဒေါသ, သိမှားတဲ့ မောဟတို့ အလိုအားဖြင့်) မစပ်မ
ဆိုင်ပဲ ရှိပါလိမ့်မယ်လို့ ဆိုလိုတာပါဘဲ။ မရှုမမှတ်တဲ့ သူတွေမှာတော့ မြင်ရုံမျှ စသည်တွင် မရပ်မတည်ပဲ မြင်ရတဲ့ အဆင်း
စသည်ကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ ဒါကြောင့် အဲဒီ အဆင်းစသည်ကို ပြန်လည် စဉ်းစားပြီး သာယာတပ်မက်တဲ့ ရာဂလဲ
ဖြစ်နေတယ်၊ ရွံ့မုန်းပြစ်မှားတဲ့ ဒေါသလဲ ဖြစ်နေတယ်၊ အမြဲတည်ရှိနေတယ်၊ စသည်ဖြင့် အသိမှားတဲ့ မောဟလဲ ဖြစ်နေ
တယ်၊ ဒါကြောင့် မရှုမမှတ်နိုင်တဲ့ သူတွေမှာ အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် အမျှင်မပြတ် ဆက်စပ်လျက်ရှိနေတယ်။
ထင်ရှားပေါ်လာသမျှကို မမေ့မလျော့ မပြတ် ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ဘင်္ဂÓဏ် စသည်ရောက်ပြီး ဝိပဿနာ
Óဏ် ထက်သန်နေတဲ့အခါ ဆိုယင် ရှုသိရတဲ့ အာရုံရော ရှုသိမှုရော ချက်ခြင်းပင် ပျောက်ပျောက်သွားတာကို ထင်ရှားတွေ့ပြီး
အနိစ္စ ဒုက္ခ အနတ္တမျှဘဲလို့ သိသိနေတဲ့အတွက် မြင်ရုံမျှ စသည်တွင်သာ တည်တယ်၊ ဘာမျှစွဲပြီး မကျန်ရစ်ဘူး။ အဲဒီအာရုံကို
ဆက်လက်ဆင်ခြင်ခြင်းလဲ မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် စပ်ပြီး ဘာကိလေသာမျှ မဖြစ်ဘူး၊ မမြင်ရ
တာ စသည်လိုပင် ဖြစ်သွားတယ်၊ မရှုမသိယင်တော့ ကိလေသာတွေ အဲဒီ အာရုံမှာ ဖြစ်နိုင်ခွင့် ရှိနေတယ်၊ အဲဒီလို
ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကို အာရမ္မဏာနုသယ ခေါ်တာဘဲ၊ ရှုသိရတဲ့အာရုံ၌ အဲဒီကိလေသာတွေ မဖြစ်နိုင်တာကို ''ရှုမှု
ဝိပဿနာက တဒင်္ဂကပဟာန် ဖြင့် ပယ်တယ်'' လို့ ဆိုရတာဘဲ၊ အဲဒီလို တဒင်္ဂပဟာန်ဖြင့် ပယ်သွားတဲ့အတွက် အဲဒီလို
ရှုသိတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ ရှုသိရတဲ့ အာရုံတွေနဲ့ (ရာဂစသည် အလိုအားဖြင့်) မစပ်ဆိုင်တော့ပဲ ကင်းကွာသွားတာဘဲ။ အဲဒါကို
မာလုကျပုတ္တသုတ်တရားတော် ၂၂
''န တေန-ထိုမြင်ရတဲ့ အဆင်းစသည်နှင့်တကွ မစပ်မဆိုင်ပဲ ရှိလတံ့'' လို့ ဟောတော်မူတာပါဘဲ။ အဲဒါကို ရှေ့နားက ဆိုခဲ့တဲ့
မြန်မာပြန် အကျဉ်းချုပ်နဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။
မြန်မာပြန်အကျဉ်းချုပ် ဆောင်ပုဒ်
မာလုကျပုတ္တ ရဟန်း၊ (သင် ဝန်ခံခဲ့သည့် အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်) မြင်ရ ကြားရ ရောက်ရ သိရ
တဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊ ရောက်ရသည်၌
ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ သိရသည်၌ သိရုံမျှ ဖြစ်လိမ့်မည်။ အဲဒီလိုဖြစ်လျှင်၊ သင်ဟာ ထိုမြင်ရသည့် အဆင်းစသည်နှင့်
(သာယာ, မုန်းထား, သိမှားတဲ့ အလိုအားဖြင့်) မစပ်မဆိုင်ပဲ ရှိလိမ့်မည်။
မြင်ရုံမျှ စသည်ဖြစ်အောင် ရှုပုံကို ဖွင့်ပြတဲ့ အဋ္ဌကထာ၌ မြင်ဆဲစသည်မှာပင် အကုသိုလ်ဇော မဖြစ်အောင် အားထုတ်
ဖို့လဲ ပြထားပါတယ်၊ အဲဒါကတော့ တမင်ကြောင့်ကြ စိုက်နေဘို့ မလိုပါဘူး၊ မပြတ်ရှုနေတဲ့ ယောဂီမှာ သူ့အလိုလိုပင် အကု
သိုလ်ဇောမဖြစ်ပဲ ကင်းပါတယ်၊ ဝိပဿနာÓဏ် အလွန်ထက်သန်တဲ့အခါကျတော့ ဇောတောင်မဖြစ်တော့ပဲ ဝုဋ္ဌောမျှတွင် ရပ်
သွားတာလဲ ရှိကြောင်းကို အရှင်ပေါဋ္ဌိလမထေရ် ဝတ္ထုနှင့် စပ်ပြီးရှေ့နားက ပြောခဲ့ပါပြီ၊ လိုရင်းကတော့ ဘင်္ဂÓဏ် စသည်ဖြစ်
ပြီး ရှုသိရသမျှအာရုံမှာ ကိလေသာဖြစ်ခွင့်မရှိပဲ ကင်းငြိမ်းဘို့ရာက လိုရင်းပါဘဲ။ အဲဒီလို ရှုသိရတဲ့အာရုံ၌ ကိလေသာ ဖြစ်ခွင့်
မရှိယင် တဒင်္ဂပဟာန်ကိစ္စလဲ ပြီးတယ်၊ ဒီသုတ်မှာ ဟောပြထားတဲ့အတိုင်း မြင်ရတဲ့ အဆင်းစသည်နှင့် ရာဂစသည် အလိုအား
ဖြင့် မစပ်မဆိုင်တော့ဘူး ဆိုတာလဲ ထင်ရှားတယ်။ အဲဒီလိုမစပ်ဆိုင်လျှင် အဲဒီအာရုံတွေ၌ မတည်တော့ဘူး ဆိုတာကိုလဲ ဒီလို
ဆက်ပြီး ဟောတော်မူပါတယ်။
ယတော တွံ မာလုကျပုတ္တ န တေန၊
တတော တွံ မာလုကျပုတ္တ န တတ္ထ။
မာလုကျပုတ္တ-မာလုကျာ၏သားဖြစ်သော ရဟန်း၊ ယတော အကြင်အခါ၌၊ တွံ-သင်သည်၊ န တေန ထိုမြင်ရသည့်
အဆင်းစသည်နှင့် မစပ်ဆိုင်ပဲ ရှိလတံ့၊ မာလုကျပုတ္တ မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တတော-ထိုသို့ မစပ်ဆိုင်သော
အခါ၌၊ တွံ-သင်သည်၊ န တတ္ထ-ထိုမြင်ရသည့် အဆင်းစသည်၌ မတည်ပဲ ရှိလတံ့တဲ့။
မတည် ဆိုတာ ''ငါဘဲ၊ ငါ့ဥစ္စာဘဲ၊ ငါ့အတ္တဘဲ'' လို့ တဏှာမာန ဒိဋ္ဌိဖြင့် ကပ်ငြိ၍ မတည်တော့ဘူးလို့ ဆိုလိုကြောင်း
ဥဒါန်းအဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ အဲဒီ ပါဠိ၏ မြန်မာပြန်ကို ဆိုကြရမယ်။
မစပ်မဆိုင်လျှင်၊ အဲဒီ မြင်ရသည့် အဆင်းစသည်၌ မတည်ပဲ ရှိလိမ့်မည်။
''အဲဒီ မြင်ရတဲ့အဆင်း စသည်နှင့် ရာဂစသည်အလိုအားဖြင့် မစပ်မဆိုင်ဘူး'' ဆိုတာနဲ့ ''အဲဒီအာရုံများ၌ တဏှာ
စသည်ဖြင့် ကပ်ငြိ၍ မတည်ဘူး'' ဆိုတာဟာ အရအားဖြင့် အတူတူပါဘဲ၊ ဝေါဟာရမျှသာ ကွဲပြားပါတယ်။ တနည်းအားဖြင့်
ယူမယ် ဆိုယင်တော့ အဲဒီအာရေုံ တ၌ွ မတညေ် တာဘ့ူး ဆတို့ဲ စကားတြော် ဖင့် အဒဲြီ မငရ် တ့ဲ အဆင်း စသညကို စနွ့်လတွှြ် ပီး
နိဗ္ဗာန်အာရုံသို့ ရောက်သွားတာကို ဆိုတယ်လို့ ယူယင်လဲ သင့်စရာရှိပါတယ်။ ဒါကြောင့် အဲဒီအာရုံတွေမတည်လျှင် ဆင်းရဲ
၏ အဆုံးနိဗ္ဗာန်သို့ ရောက်သွားကြောင်းကို ဒီလိုဆက်ပြီး ဟောတော်မူပါတယ်။
နိဗ္ဗာန်ဆိုက်ရောက်ပုံ
ယတော တွံ မာလုကျပုတ္တ န တတ္ထ။ တတော တွံ မာလုကျပုတ္တ နေဝိဓ, န ဟုရံ, န
ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ ယတော-အကြင်အခါ၌၊ တွံ-သင်သည်၊ န တတ္ထ ထိုမြင်ရသည့်
အဆင်းစသည်၌ မတည်ပဲ ရှိလတံ့၊ မာလုကျပုတ္တ-မာလုကျာ၏သား ဖြစ်သော ရဟန်း၊ တတော-ထိုသို့ မတည်သောအခါ၌၊
တွံသင်သည်၊ ဝါ-သင်ဟုဆိုရသည့် ရုပ်နာမ်အစဉ်သည်၊ နေဝ ဣဓ ဤလူလောက၌လဲ မရှိ၊ န ဟုရံ-ဟိုလောက၌လဲ မရှိ၊ န
ဥဘယမန္တရေန- (ဤလောက ဟိုလောက ဆိုတဲ့ ထိုနှစ်ပါးကို ကြဉ်၍) အခြား၌လဲ မရှိတော့ပြီ၊ ဧသေဝ-ဤသို့ သင်(ဟု
ဆိုအပ်သော ရုပ်နာမ်အစဉ်)၏ မရှိတော့ခြင်းသည်ပင်လျှင်၊ ဒုက္ခဿ အန္တော ဆင်းရဲ၏ အဆုံးပေတည်း၊ ဝါ ဆင်းရဲ၏
ကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းတဲ့။
မာလုကျပုတ္တသုတ်တရားတော် ၂၃
မြင်ရသော အဆင်းစသည်၌ ''ငါ၊ ငါ့ဟာ၊ ငါ့အတ္တ'' လို့ စွဲလမ်းကပ်ငြိလျက် မတည်တော့ဘူးဆိုလျှင် ဘုရားရှင်က
သင်လို့ဆိုတဲ့ (မာလုကျပုတ္တအနေဖြင့် ငါလို့ ဆိုရတဲ့) ရုပ်နာမ်အစဉ်ဟာ မျက်မှောက်ဖြစ်တဲ့ ဤလူလောကမှာလဲ မရှိတော့ဘူး၊
မျက်ကွယ်ဖြစ်တဲ့ နတ်ဘဝစသော ဟိုလောကမှာလဲ မရှိတော့ဘူး၊ အဲဒီလောက ၂-ပါးမှ အလွတ်ဖြစ်သော အခြားမှာလဲ
မရှိတော့ဘူး၊ အဲဒီလို သင်လို့ငါလို့ဆိုရတဲ့ ရုပ်နာမ်အစဉ်မရှိခြင်းဟာ ဆင်းရဲ၏ဆုံးရာ နိဗ္ဗာန်ပါသဘဲတဲ့။ မရှိပုံက ဘယ်လိုလဲ
ဆိုတော- အရိယမဂ်ဖြင့် နိဗ္ဗာန်ကိုတွေ့နေဆဲမှာ မိမိကိုယ်လို့ဆိုရတဲ့ ဖြစ်ပျက်ရုပ်နာမ်ဟူသမျှ အကုန်လုံး ကင်းဆိတ် နေတာ
ကိုသာတွေ့ရတယ်၊ တနည်းအားဖြင့် ပြောရယင် ရှုသိရတဲ့ ရုပ်နာမ်တွေရော ရှုသိမှုရော လုံးဝ ပြတ်စဲကင်းရှင်းနေတာကိုသာ
တွေ့ရတယ်၊ အဲဒါဟာ အရိယမဂ်ဖိုလ်ဖြစ်ခိုက်၌ ငါလို့ဆိုစရာ ကင်းနေပုံ မရှိပုံပါဘဲ၊ အဲဒီလို ငါမရှိတာဟာ ဆင်းရဲဆုံးရာ
နိဗ္ဗာန်ပါဘဲတဲ့။ နောက်တနည်းအားဖြင့်တော့-ရဟန္တာများ ပရိနိဗ္ဗာန်စံတဲ့အခါ ငါလို့ ဆိုစရာရုပ်နာမ်တွေဟာ ဘယ်မှာမျှ
မရှိတော့ဘူး၊ ပရိနိဗ္ဗာန်စုတိစိတ် ချုပ်သည်နှင့် တûပိင်နက် အကုန်လုံးကင်းသွားတယ်၊ ဒါကတော့ ဆင်းရဲဟူသမျှ ကုန်ဆုံးရာ
အနုပါဒိသေသနိဗ္ဗာန်ဘဲ၊ အရိယမဂ်ဖိုလ်၏ အာရုံဟာလဲ ဒီအနုပါဒိသေသနိဗ္ဗာန်နဲ့ ရုပ်နာမ်ကင်းဆိတ်သည့် အလိုအားဖြင့်
သဘောတူပါတယ်။
အဋ္ဌကထာမှာ အညေလို့ ပြဆိုထားတဲ့ အခြားဆရာတို့၏ အလိုအားဖြင့်-နေဝ ဣဓ-ဤ၌လဲ သင်မရှိဆိုတာဟာ
မျက်စိ နား နှာ လျှာ ကိုယ်စိတ်ဆိုတဲ့ ဒွါရ ၆-ပါး၌လဲမရှိတော့ဘူးလို့ ဆိုပါသတဲ့၊ န ဟုရံ-ဟို၌လဲ မရှိ-ဆိုတာဟာ အဆင်း
အသံ အနံ့ အရသာ အတွေ့ သဘောအာရုံဆိုတဲ့ အာရုံ ၆-ပါး၌လဲ မရှိတော့ဘူးလို့ ဆိုပါသတဲ့၊ န ဥဘယမန္တရေနထိုနှစ်ပါး
ကို ကြဉ်၍ အခြား၌လဲ မရှိဆိုတာဟာ မြင်သိ ကြားသိ နံသိ စားသိ ထိသိ ကြံသိ-ရှုသိဆိုတဲ့ ဝိÓဏ် ၆-ပါး၌လဲ
မရှိတော့ဘူးလို့ ဆိုပါသတဲ့။
အဲဒီအညေဝါဒအဆိုအဖွင့်ဟာ ယခုယောဂီတို့၏ တွေ့ပုံအရအားဖြင့် ပေါ်လွင်ပါတယ်။ ဝိပဿနာရှုနေတဲ့ ယောဂီဟာ
ဘင်္ဂÓဏ်စသည်နှင့် သင်္ခါရုပေက္ခာÓဏ်များသို့ ရောက်နေတဲ့အခါ မြင်မှု ကြားမှုစသည် ထင်ပေါ်တိုင်းရှုမှတ်ပြီး ချက်ခြင်းပင်
ချုပ်ပျက် ချုပ်ပျက်သွားတာကို သိရတယ်၊ ရှုသိမှုကိုလဲ ချက်ခြင်းပင် ချုပ်ပျက် ချုပ်ပျက်သွားတယ်လို့ သိရတယ်၊ အဲဒီလို
သိတဲ့အတွက် မြင်ရတဲ့အဆင်း စသည်နှင့်စပ်ပြီး သာယာတပ်မက်တဲ့ရာဂလဲ ဖြစ်ခွင့်မရှိဘူး၊ စိတ်ဆိုးတဲ့ ဒေါသလဲ ဖြစ်ခွင့်မရှိ
ဘူး၊ မြဲတယ်စသည်ဖြင့် သိမှားတဲ့ မောဟလဲ ဖြစ်ခွင့်မရှိဘူး၊ ဒါကြောင့် အဲဒီမြင်ရတဲ့ အဆင်းစသည်နှင့် မစပ်မဆိုင်တော့ဘူး၊
အဲဒီလို မစပ်မဆိုင်ပဲရှိနေလျှင် သင်္ခါရုပေက္ခာဆိုတဲ့ ဝိပဿနာÓဏ် ရင့်သန်အားပြည့်တဲ့အခါမှာ ရှုသိနေကျဖြစ်တဲ့ မြင်ရသော
အဆင်းစသည်ကို အနုလောမÓဏ်ဖြင့် ရှုသိပြီးတော့ ဂေါတြဘူÓဏ်၏ အစွမ်းဖြင့် စွန့်လွှတ်သွားတယ်၊ အဲဒီလို စွန့်လွှတ်
သွားတာဟာ မြင်ရတဲ့အဆင်းစသည်၌ မတည်ပဲ ဖြစ်သွားတာဘဲ၊ အဲဒီလို မတည်တော့ အရိယမဂ်Óဏ်ဖြင့် ရုပ်နာမ်ခပ်သိမ်း
ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ûပသွားတယ်၊ အဲဒီအခါမှာ ဘုရားရှင်က သင်လို့ဆိုတဲ့ (မာလုကျပုတ္တအနေ, အခြားယောဂီ
များအနေနဲ့တော့ ငါလို့ဆိုရတဲ့) ရုပ်နာမ်အစဉ်ဟာ မျက်စိနားစသော ဒွါရ ၆-ပါး၌လဲ မထင်ရှားပဲ ရှိမယ်၊ အဆင်းအသံ
စသော လောကီအာရုံများ၌လဲ မထင်ရှားပဲ ရှိမယ်၊ မြင်သိမှု ကြားသိမှု စသော ဖြစ်ရိုးဖြစ်စဉ် အသိစိတ်များ၌လဲ မထင်ရှားပဲ
ရှိမယ်၊ သင်လို့ ငါလို့ဆိုရတဲ့ ရုပ်နာမ်အစဉ် အဲဒီလိုမထင်ရှားပဲ ပြတ်စဲချုပ်ငြိမ်းသွားတာ ဟာ ဆင်းရဲ၏အဆုံး နိဗ္ဗာန်ဘဲလို့
ဆိုလိုပါတယ်။ အဲဒီ အညေဝါဒအဆိုဟာ ယခုယောဂီများ ဝိပဿနာ လမ်းဆုံးရောက်ပုံနဲ့ နှီးနှောကြည့်ယင် ပေါ်လွင်ပါတယ်၊
မိလိန္ဒပဥှာမှာ နိဗ္ဗာန်မျက်မှောက်ûပပုံ ပြထားတာနဲ့လဲ ကိုက်ညီပါတယ်။ မိလိန္ဒပဥှာ၌ ပြထားပုံကတော့နိဗ္ဗာန်မျက်မှောက်ပြုပုံ
တဿ တံ စိတံ္တ အပရာပရံ မနသိကရောတော ပဝတံ္တ သမတိက္ကမိတွာ အပ္ပဝတံ္တ
သြက္ကမတိ၊ အပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာပဋိပန္နော နိဗ္ဗာနံ သစ္ဆိကရောတီတိ ဝုစ္စတိ။
(မိလိန္ဒပဥှာ ၃၁၁)
အပရာပရံ-တမှတ်ပြီးတမှတ် အဆင့်ဆင့်၊ မနသိကရောတော-နှလုံးသွင်း ရှုသိနေသော၊ တဿ ထိုယောဂီ၏၊ တံ
စိတံ္တ-ရှုသိနေသော ထိုစိတ်သည်၊ (အပရာပရံ မနသိ ကရောတော တမှတ်ပြီးတမှတ် အဆင့်ဆင့် နှလုံးသွင်း ရှုသိနေစဉ်၊)
ပဝတံ္တ သမတိက္ကမိတွာ မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်ကို ကျော်လွန်၍၊ အပ္ပဝတံ္တ- မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်၏
ပြတ်စဲ ချုပ်ငြိမ်းခြင်းသဘောသို့၊ သြက္ကမတိ-သက်ဝင်၍ သွားလေတော့၏။
ယောဂီဟာ မူလက ဒွါရ ၆-ပါး၌ ထင်ပေါ်လာတဲ့ ထိရတာ ကြံသိရတာ ကြားသိရတာ မြင်သိရတာစသော (အတွေ့
များရာကစ၍ စဉ်ထားသည်) မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်တွေကို တမှတ်ပြီး တမှတ် အဆင့်ဆင့် မပြတ် ရှုသိနေရတယ်၊ ရှုသိလို့
မကုန်နိုင်တဲ့ ရုပ်နာမ် အဖြစ်အပျက်တွေကိုချည်း တွေ့သိနေရတယ်၊ အဲဒီလို မကုန်မဆုံးနိုင်တဲ့ ရုပ်နာမ်တွေကို အနိစ္စ စသော
အခြင်းအရာတို့ဖြင့် ရှုသိနေယင်းထဲက နောက်ဆုံးအကြိမ် သိပြီးတဲ့အခါ အဲဒီသိစရာတွေရော ရှုသိမှုရော ပြတ်စဲ ချုပ်ငြိမ်းခြင်း
သဘောထဲသို့ ရုတ်တရက်ကျရောက်သွားတယ်၊ အဲဒီလို ကျရောက်သွားတဲ့ အခိုက်အတန့်မှာ ထိရတာ သိရတာ ကြားရတာ
မြင်တာ နံရတာ စားသိရတာ ဆိုတဲ့ အာရုံ ၆-ပါးလဲ မထင်ရှားဘူး၊ ကိုယ်အကြည် စိတ်နှလုံး နား မျက်စိ နှာ လျှာ ဆိုတဲ့
မာလုကျပုတ္တသုတ်တရားတော် ၂၄
ဒွါရ ၆-ပါးလဲ မထင်ရှားဘူး၊ ထိသိ, ကြံသိ, ရှုသိ, ကြားသိ, မြင်သိ, နံသိ, စားသိဆိုတဲ့ အသိစိတ်နာမ် ၆-ပါးလဲ
မထင်ရှားဘူး၊ သိစရာရော သိတာရော ကင်းငြိမ်းနေတဲ့ သဘောသာ ထင်ရှားတယ်၊ အဲဒါဟာ အရိယမဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို
မျက်မှောက်ûပတာပါဘဲ တဲ့။ ဒါကြောင့်မဟ
ာရာဇ-မိလိန္ဒမင်းကြီး၊ သမ္မာပဋိပန္နော-မြင်ရုံမျှ စသည်တွင်တည်အောင် မမေ့မလျော့ မပြတ်ရှုသိလျက် မှန်ကန်
စွာ ကျင့်ခဲ့သည်ဖြစ်၍၊ အပ္ပဝတ္တမနုပ္ပတ္တော-ရုပ်နာမ်အယဉ်၏ ပြတ်စဲချုပ်ငြိမ်းခြင်း သဘောထဲသို့ အသိÓဏ်ဖြင့် ဆိုက်ရောက်
သွားသော ယောဂီကို၊ နိဗ္ဗာနံ သစ္ဆိကရောတီတိ- နိဗ္ဗာန်ကို မျက်မှောက်ûပသည်ဟူ၍၊ ဝုစ္စတိ- ပြောဆိုရပါသည် တဲ့။
ဒီမိလိန္ဒပဥှာက ပြဆိုထားတာနဲ့လဲ ကိုက်ညီပါတယ်။ ယခု မာလုကျပုတ္တမထေရ်အား ဝိပဿနာ အလုပ်ပေးပုံ စသည်
၏ မြန်မာပြန်အတိုချုပ်ကို အပြည့်အစုံ လိုက်ဆိုကြရမယ်။
မာလုကျပုတ္တသုတ်တရားတော်၏
မြန်မာပြန်အတိုချုပ်
(၁) မာလုကျပုတ္တရဟန်း၊ (သင်ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်) မြင်ရ
ကြားရ ရောက်ရသိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှဖြစ်လိမ့်မည်၊
ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊ ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ သိရ
သည်၌ သိရုံမျှ ဖြစ်လိမ့်မည်။
(၂) အဲဒီလိုဖြစ်လျှင် သင်ဟာ ထိုမြင်ရသည့် အဆင်းစသည်နှင့် (သာယာ မုန်းထား သိမှား
သည့်အလိုအားဖြင့်) မစပ်မဆိုင်ပဲ ရှိလိမ့်မည်။
(၃) မစပ်မဆိုင်လျှင်၊ သင်ဟာ အဲဒီမြင်ရတဲ့ အဆင်းစသည်၌ မတည်ပဲရှိလိမ့်မည်။
(၄) အဲဒီမြင်ရတဲ့ အဆင်းစသည်၌မတည်လျှင် သင်ဟာ ဒီမှာလဲမရှိ၊ ဟိုမှာလဲမရှိ၊ အခြားမှာ
လဲမရှိ၊ ဒီလိုသင်မရှိတာသည်ပင် ဆင်းရဲ၏ အဆုံး နိဗ္ဗာန်ပေတည်း။
အဲဒီ (၄) ပိုဒ်ထဲက အမှတ် (၁) အပိုဒ်ဖြင့် '' မြင်ရုံမျှ စသည်၌သာ တည်အောင် ပေါ်လာသမျှကို မမေ့မလျော့ မပြတ်
ရှုသိသွားဘို့'' ညွှန်ကြားတော်မူတယ်၊ အဲဒါဟာ ဝိပဿနာ အလုပ်ကို အကျဉ်းချုပ် ဟောကြား တော်မူတာဘဲ။
အမှတ် (၂) အပိုဒ်ဖြင့် အဲဒီလိုရှုသိရတဲ့ အာရုံတိုင်းမှာ အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာကင်းပုံကို ပြတော်မူ
တယ်။
အမှတ် (၃) အပိုဒ်ဖြင့် ကိလေသာကင်းပုံကို တနည်းအားဖြင့် ပြတော်မူတယ်။ သို့မဟုတ် ''မြင်ရ ကြားရ ရောက်ရ
ကြံသိရတဲ့ လောကီအာရုံများ၌ မတည်တော့ဘဲ နိဗ္ဗာန်အာရုံရောက်သွားပုံကို ပြတော်မူတယ်'' လို့လဲ ယူသင့်ပါတယ်။
ဒါကြောင့်ပင် အမှတ် (၄) အပိုဒ်ဖြင့် အဲဒီမြင်ရတဲ့ အဆင်းစသည်၌ မတည်လျှင် ဆင်းရဲ၏ အဆုံးရောက်သွားပုံကို ဆက်ပြီးပြ
တော်မူတာဘဲ။
မာလုကျပုတ္တမထေရ်အား ဝိပဿနာအလုပ်ပေးတဲ့ ဘုရားစကားတော်ကတော့ ပြည့်စုံသွားပါပြီ။ အဲဒီအလုပ်ပေး
တရားကို ကြားနာရတော့ မာလုကျပုတ္တမထေရ်က သူ့Óဏ်ထဲမှာ သဘောပေါက် သိနားလည်ပုံကို ဂါထာ ၂၄-ပုဒ်တို့ဖြင့်
မြတ်စွာဘုရားအား တင်ပြလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်ကလဲ သာဓုခေါ်တော်မူပြီးတော့ အဲဒီ ဂါထာတွေကို
ကိုယ်တော်တိုင် ထပ်ပြီးဟောတော်မူပါတယ်၊ ဒါကြောင့် အဲဒီဂါထာတွေကိုလဲ ဘုရားဟောတရားလို့ပဲ အသိအမှတ်ûပကြရပါ
တယ်။
အဲဒီ၂၄-ဂါထာထဲက တဒွါရနဲ့ ဆိုင်တဲ့ ၄-ဂါထာ ၄-ဂါထာကို ထုတ်ပြပြီး တပိုင်းတပိုင်းချင်း ရှင်းလင်း ဟောပြ
သွားမယ်။ အဲဒီ ၄-ဂါထာ ၄-ဂါထာ ထဲမှာလဲ ၂-ဂါထာ ၂-ဂါထာက ဝိပဿနာမရှုသူမှာ နိဗ္ဗာန်နှင့်ဝေးပုံကို ဖော်ပြတယ်။
အခြား ၂-ဂါထာ ၂-ဂါထာက ဝိပဿနာ ရှုသူမှာ နိဗ္ဗာန်နှင့် နီးပုံကို ဖော်ပြတယ်။ ယခု မြင်ခိုက်၌ မရှုမမှတ်လျှင် နိဗ္ဗာန်နှင့်
ဝေးပုံဖော်ပြတဲ့ ဂါထာ ၂-ပုဒ်ကို ရွတ်ဆိုဟောပြမယ်။

No comments:

Post a Comment