တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၇-၁ဝ

မာလုကျပုတ္တသုတ်တရားတော် ၇
အားထုတ်နေပါမည်လို့ ဆိုလိုတာပါဘဲ။ အဲဒီမှာ တပါးတည်း ဆိတ်ငြိမ်ရာနေပြီး တရားအားထုတ်တယ်ဆိုတာ အလွန်
အရေးကြီးပါတယ်၊ တပါးတည်း တရားအားထုတ်နေတယ်ဆိုတော့ အခြားပုဂ္ဂိုလ်နဲ့စပ်ပြီး သမာဓိမပျက်ဘူး၊ သမာဓိရဘို့
Óဏ်ဖြစ်ဖို့ အကောင်းဆုံးပါဘဲ၊ ဒါပေမဲ့-တပါးတည်းနေရန် အခွင့်မသာလို့ အများနဲ့အတူနေပြီး အားထုတ်ရယင်လဲ အဲဒီ
အခြားပုဂ္ဂိုလ်တွေက သူတို့တရားကိုသာ သူတို့ဂရုစိုက်ပြီး အားထုတ်နေကြယင် မိမိကလဲ အခြားသူတွေကို ဂရုမစိုက်ပဲ ကိုယ့်
တရားကိုသာ ဂရုစိုက်ပြီး အားထုတ်နေယင် ဆိတ်ငြိမ်ရာမှာ နေသလိုပင် သမာဓိÓဏ် ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် သူတပါး
တွေကိုမကြည့်နဲ့၊ သူတပါးကို စကားလဲမပြောနဲ့၊ ကိုယ့်တရားကိုသာ မဲမဲသဲသဲ ဂရုစိုက်ပြီး အားထုတ်နေရမယ်၊ အဲဒီလိုဆိုယင်
အနီးအပါးမှာ အခြားသူတွေ ရှိနေပေမယ်လို့ တဦးတယောက်တည်း နေသလိုပင် စိတ်ထဲမှာ ဆိတ်ငြိမ်မှုကို ရနေပါတယ်။
အပ္ပမတ္တော-အဖွင့်
နောက်ပြီးတော့-အပ္ပမတ္တော မမေ့မလျော့သည်ဖြစ်၍တဲ့။ တရားအားထုတ်ယင် မမေ့မလျော့ရဘူးဆိုတာကို နားလည်
ပြီးသိပြီး ဖြစ်နေဟန်တူပါတယ်၊ မမေ့မလျော့အားထုတ်တယ်ဆိုတာ အင်မတတန် အရေးကြီးပါတယ်၊ ယခုဒီရိပ်သာမှာ တရား
အားထုတ်နေကြတဲ့ ယောဂီတွေဟာ မမေ့မလျော့အားထုတ်နေကြတာဘဲ၊ မြင်တိုင်း မြင်တိုင်းလဲ မမေ့မလျော့ ရှုမှတ်ရတယ်၊
ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတတိုင်း ကြံသိတိုင်းလဲ မမေ့မလျော့ ရှုမှတ်အားထုတ်နေကြရတာဘဲ၊ ကိုယ်အမူအရာ
ûပတိုင်း ခံစားမှုဝေဒနာ ပေါ်လာတိုင်း စိတ်အမူအရာဖြစ်တိုင်း မြင်မှုစသော သဘောတရားတွေ ထင်ရှားတိုင်း မမေ့မလျော့
ရှုမှတ်အားထုတ် နေကြရတာဘဲ။
အာတာပီ-အဖွင့်
နောက်ပြီးတော့- အာတာပီ- ကိလေသာကို ပူလောင်သွေ့ခြောက်ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန်လုံ့လ ဝီရိယနှင့်
ပြည့်စုံသည်ဖြစ်၍တဲ့။ အဲဒီမှာ အာတာပ ဆိုတာက ပူလောင်စေတတ်တယ်တဲ့၊ ဘာကိုပူလောင်စေသလဲဆိုယင် ကိလေသာတွေ
ကို ပူလောင်စေတာပါဘဲ၊ နေပူ မီးပူကြောင့် ရေအစိုများ ခြောက်သွားသလိုပင် လုံ့လဝီရိယဖြင့် အပြင်းအထန် အားထုတ်နေ
ယင် လောဘ ဒေါသစသော ကိလေသာတွေ ဖြစ်ခွင့်မရပဲ ကင်းသွားပါတယ်၊ ဥပမာအားဖြင့် သံတုံး သံခဲကြီးဟာ ရဲရဲတောက်
မီးပူနေယင် အဲဒီ သံတုံး သံခဲကို ယင်ကောင်တွေ မကပ်နိုင်ဘူး၊ သံတုံး သံခဲကြီးက မပူပဲ အေးနေယင်တော့ ယင်ကောင်တွေ
က အဲဒီ သံတုံး သံခဲကြီးကို ကပ်ရောက်နိုင်တယ်၊ အဲဒါလိုဘဲ ရှုမှတ်အားထုတ်မှုမရှိတဲ့ ပကတိပုဂ္ဂိုလ်တွေသန္တာန်မှာ ကိလသာ
တွေက ကပ်ရောက်ပြီး ဖြစ်နိုင်တယ်၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ဝင်ရောက်ပြီးဖြစ်နိုင်တယ်၊ ယခု
ပကတိလူတွေမှာ အဲဒီလို ကိလသာတွေ ဖြစ်နေတာဟာ ရှုမှတ်အားထုတ်မှု မရှိလို့ပါဘဲ၊ မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့
မြင်ရာကလဲ ကိလေသာဖြစ်ခွင့်မရဘူး၊ ကြားရာစသည်ကလဲ ကိလေသာဖြစ်ခွင့်မရဘူး၊ အဲဒါဟာ ပူနေတဲ့ သံတုံး သံခဲကြီးမှာ
ယင်ကောင်တွေ မကပ်နိုင်တာလိုပင် ရှုမှတ်အားထုတ်မှု လုံ့လကြောင့်ပါဘဲ၊ အစိုဓာတ်နှင့်တူတဲ့ ကိလေသာတွေ ခမ်းခြောက်
ကင်းပျောက်နေတဲ့ သဘောပါဘဲ။
သမ္မပ္ပဓာန် ၄-ပါး အကြောင်း
အဲဒီလို ကိလေသာ အစိုဓာတ်တွေကို ပူလောင်သွေ့ခြောက်စေတတ်တဲ့ အားထုတ်မှုကို သမ္မပ္ပဓာန် လုံလဝီရိယလို့
ခေါ်တယ်၊ အဲဒီ သမ္မပ္ပဓာန်က ကိစ္စအားဖြင့် ၄-ပါးရှိတယ်၊ (၁) မဖြစ်ဘူးသေးတဲ့ အကုသိုလ်ကို မဖြစ်အောင်အားထုတ်တာက
ကိစ္စတပါး၊ အခါအားလျော်စွာ သူတပါးတွေမှာ တုပ်ကွေးဖျား စသောရောဂါ ဖြစ်နေကြတယ်ဆိုယင် မိမိမှာ အဲဒီလို ရောဂါမ
ဖြစ်အောင် ကြောင့်ကြစိုက်ရသလိုပင် သူတပါးမှာ အကုသိုလ်တွေ ဖြစ်ပွါးနေတာကို မြင်ရကြားရယင် မိမိမှာ အဲဒီလို
အကုသိုလ်တွေ မဖြစ်အောင် စောင့်ရှောက်အားထုတ်ရမယ်တဲ့။
(၂) နောက်ပြီးတော့-ဖြစ်ဘူးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာကလဲ ကိစ္စတပါးတဲ့၊ အဲဒါကတော့ မိမိမှာ
မတော်တဆ ဖြစ်ဘူးယင် အဲဒီအကုသိုလ်မျိုး နောက်ထပ် မဖြစ်အောင် ကြောင့်ကြစိုက်ရမယ်၊ ဒီနေရာမှာတော့ တကယ်
မဖြစ်သေးပေမဲ့ အကြောင်းညီညွတ်ယင် ဖြစ်နိုင်တဲ့ အနုသယကိလေသာကိုလဲ (ဥပ္ပန္န) ဖြစ်နေတဲ့ ရှိနေတဲ့ အကုသိုလ်လို့ ဆိုရ
တယ်၊ အဲဒီဖြစ်နိုင်တဲ့ အနုသယ အကုသိုလ်ကိလေသာကိုလဲ ဖြစ်ခွင့်မရအောင် အားထုတ်ရမယ်တဲ့၊ မြင်တိုင်း ကြားတိုင်း
တွေ့တိုင်း သိတိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့ အာရမ္မဏာနုသယ ခေါ်တဲ့ အဲဒီ အကုသိုလ်ဟာ ဖြစ်ခွင့်မရပဲ ကင်းနေ
ပါတယ်၊ အရိယမဂ် ရောက်တဲ့အခါကျတော့ သန္တာနာနုသယဆိုတဲ့ အကုသိုလ်လဲ ကင်းငြိမ်းသွားတော့တာပါဘဲ၊ အဲဒီ မဖြစ်
ဘူးတဲ့ ရိုးရိုးအကုသိုလ်လဲ မဖြစ်ရအောင်, အနုသယအကုသိုလ်လဲ မဖြစ်ရမကိန်းရအောင် အားထုတ်ရမယ်တဲ့။
(၃) နောက်တခုကတော့-မဖြစ်ဘူးသေးတဲ့ ကုသိုလ်ဖြစ်အောင် အားထုတ်တာလဲ သမ္မပ္ပဓာန် ကိစ္စတခုပါဘဲ၊ ဒါန
ကုသိုလ်ဖြစ်ဖြစ်၊ သီလကုသိုလ်ဖြစ်ဖြစ်၊ ဘာဝနာကုသိုလ်ဖြစ်ဖြစ် မဖြစ်ဘူးသေးယင် ဖြစ်အောင် အားထုတ်ရမယ်၊ အထူးအား
မာလုကျပုတ္တသုတ်တရားတော် ၈
ဖြင့် ဝိပဿနာ ကုသိုလ်ဟာ မဖြစ်ဘူးသေးယင် ဖြစ်အောင် အားထုတ်ရမယ်၊ အစပိုင်း Óဏ်များလောက်သာ ဖြစ်ဘူးသေး
ယင် အထက်ပိုင်း ဝိပဿနာÓဏ်တွေလဲ ဖြစ်အောင်အားထုတ်ရမယ်၊ အရေးကြီးဆုံးကတော့ အရိယမဂ် ကုသိုလ်တွေဖြစ်
အောင် ဝိပဿနာ ရှုမှတ် အားထုတ်ဖို့ပါဘဲ။
(၄) နောက်တခုကတော့- ဖြစ်ဘူးတဲ့ ကုသိုလ်ကိုလဲ ဖြစ်မြဲဖြစ်ပြီး တည်နေအောင်, တိုးပွားအောင်, မဂ်ဖိုလ်Óဏ်
အထိပြည့်စုံသွားအောင် အားထုတ်ရမယ်တဲ့။ ဝိပဿနာ ရှုမှတ်နေတဲ့ ယောဂီကတော့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း မဖြစ်သေးတဲ့
အကုသိုလ်ကိုမဖြစ်အောင် အားထုတ်နေသည် မည်ပါတယ်၊ ဖြစ်ပြီး အကုသိုလ်ကိုလဲ ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ဝိပဿနာ
ကုသိုလ် အရိယမဂ် ကုသိုလ်များလဲဖြစ်ပွါးအောင်၊ ဖြစ်ပြီးသောဝိပဿနာ ကုသိုလ်များလဲ တည်တံ့တိုးပွါး ပြည့်စုံသွားအောင်
အားထုတ်နေသည်မည်ပါတယ်။ ဒါကြောင့် အဲဒီသမ္မပ္ပဓာန်ကိစ္စလေးပါးဖြင့် အပြင်းအထန် အားထုတ်သွားလိုကြောင်းကို (အာ
တာပီ) ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာအားထုတ်မှု သမ္မပ္ပဓာန်လုံ့လဝီရိယနှင့် ပြည့်စုံ
သည်ဖြစ်၍ နေလိုပါတယ်လို့ ဝန်ခံ လျှောက်ထားတာပါဘဲ။ အတိုချုပ်အားဖြင့်တော့ အပြင်းအထန် အားထုတ်လျက် နေလိုပါ
တယ်လို့ ဆိုလိုတာပါဘဲ။
ပဟိတတ္တော အဖွင့်
အပြင်းအထန် အားထုတ်တယ်ဆိုတာ ကိုယ်နဲ့ အသက်ကို မငဲ့ကွက်ပဲ စွန့်စွန့်စားစား အားထုတ်တာကို ဆိုတာပါဘဲ၊
ဒါကြောင့် ပဟိတတ္တော-စေလွှတ်အပ်သောစိတ်- စွန့်လွှတ်အပ်သော ကိုယ်စိတ် ရှိသည်ဖြစ်၍ နေလိုကြောင်းလဲ ဆက်ပြီး
လျှောက်ထားဝန်ခံပါတယ်။ အဲဒီမှာ ရှေးနိဿယများက (ပဟိတတ္တော- နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍-လို့)
ပြန်ဆိုထားကြတဲ့အတွက် တချို့က ''စိတ်ကို နိဗ္ဗာန်ပို့ထားယင် ပြီးတာဘဲ၊ တရားအားထုတ်ဘို့ မလိုဘူး'' လို့ ဘုရားဟော
ကျမ်းဂန်များနဲ့ ပြောင်းပြန် ဆန့်ကျင်ဘက် ဟောပြော နေကြတာလဲ ရှိတယ်၊ အမှန်ကတော့ ကိုယ်နဲ့အသက်ကို မငဲ့ကွက်ပဲ
မဂ်ဖိုလ်နိဗ္ဗာန်ရရေးအတွက်သာ အလေးûပပြီး ဘာဝနာတရားကို တင်းတင်း ရင်းရင်း ပြင်းပြင်းထန်ထန် အားထုတ်ပါမယ်လို့
ဆိုလိုတာပါဘဲ။ ဒါကြောင့် အဲဒီ ပဟိတတ္တော-ပုဒ်ကို နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာ (နှာ ၁၉၆)-၌
''ဝိသေသာဓိဂမတ္ထာယ-မဂ်ဖိုလ်နိဗ္ဗာန် တရားထူးကို ရခြင်းအကျိုးငှါ၊ ပေသိတတ္တော ဟုတွာ စေလွှတ်အပ်သော စိတ်
ရှိသည်ဖြစ်၍'' လို့ ဖွင့်ပြထားပါတယ်၊ အဲဒီ အဖွင့်အရ ရှေးနိဿယများက တရားထူးသုံးပါးထဲက ပဓာနဖြစ်တဲ့ နိဗ္ဗာန်ကိုသာ
ဖော်ပြပြီးတော့- ''ပဟိတတ္တောနိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍'' လို့ အနက်ပြန်ဆိုတော်မူခဲ့ကြတာပါဘဲ။
နောက်ပြီးတော့ သုတ်သီလက္ခန် အဋ္ဌကထာ (နှာ-၂၉၉) ၌လဲ-
''ကာယေစ-ကိုယ်၌¤င်း၊ ဇီဝိတေစ အသက်၌¤င်း၊ အနပေက္ခတာယ မငဲ့သည်၏
အဖြစ်ဖြင့်၊ ပေသိတစိတ္တော-စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍၊ ဝိဿဋ္ဌအတ္တဘာဝေါ-စွန့်
လွှတ်အပ်သော အတ္တဘော (ကိုယ်) ရှိသည် ဖြစ်၍'' လို့ ဖွင့်ပြထားပါတယ်။
ဒါကြောင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိတယ်ဆိုတာဟာ '' နိဗ္ဗာန်ရယင်ပြီးရော၊ ကိုယ်နှင့်အသက်ကို မငဲ့ဘဲ
သေသေကြေကြေ အပြင်းအထန် အားထုတ်ပါမည်'' လို့ဆိုလိုတာပါဘဲ၊ ဒါကြောင့် ''ပဟိတတ္တော နိဗ္ဗာန်ရရေးကိုသာ အလေး
ûပသည်ဖြစ်၍'' တို့ ဒီလိုဆိုလိုရင်း အနက်ပြန်ယင်လဲ သင့်တာပါဘဲ။
မာလုကျပုတ္တဆိုတဲ့ ရဟန်းတော်က တပါးတည်း ဆိတ်ငြိမ်ရာကပ်ရောက်ပြီး မမေ့မလျော့ အားထုတ်လိုပါတယ်။
အပြင်းအထန် အားထုတ်လိုပါတယ်၊ တရားအားထုတ်လို့ သေချင်လဲ သေသွားပါစေ၊ နိဗ္ဗာန်ရရေးကိုသာ အလေးûပပြီး
တင်းတင်းရင်းရင်း အားထုတ်လိုပါတယ်၊ ကမ္မဋ္ဌာန်းတရားကို အကျဉ်းချုပ် ဟောကြားတော်မူပါလို့ ဒီလိုတောင်းပန်တယ်၊
အဲဒီလို တောင်းပန်တော့ မြတ်စွာဘုရားက ဒီလို မိန့်တော်မူပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၉
မြတ်စွာဘုရား၏ မိန့်ခွန်းတော်
မာလုကျပုတ္တ-မာလုကျာ၏သားရဟန်း၊ ဧတ္ထဒါနိ-ယခု သင့်လျှောက်တောင်းပန်
သော ဤစကားရပ်၌၊ ဝါ-ဤစကားနှင့်စပ်၍၊ ဒဟရေ ဘိက္ခူ-ရဟန်းငယ်တို့ကို၊ ကိံဝက္ခာမအဘယ
်သို့ ဆိုကုန်အံ့နည်း၊ ဝါဆိုဘွယ်မရှိတော့ပါ၊ ဘိက္ခု-မာလုကျာ၏ သားရဟန်း၊ ယတြ
-ယော တွံ-ယင်းသင်သည်၊ ဇိဏ္ဏော-အိုမင်း ရင့်ယော်လှပြီ ဖြစ်ပါလျက်၊ ဝုဒ္ဓေါ မဟလ္လ
ကော-အသက်အရွယ် ကြီးလှပြီ ဖြစ်ပါလျက်၊ အဒ္ဓဂတော ဝယော အနုပ္ပတ္တော-နောက်ဆုံး
အရွယ်သို့ ရောက်နေပြီဖြစ်ပါလျက်၊ သံခိတ္တေန သြဝါဒံ အကျဉ်းချုပ် အဆုံးအမကို၊ ယာစသိ
နာမ-လျှောက်တောင်း တုံသေး၏-လို့ မိန့်တော်မူပါတယ်။
အဲဒီမေးခွန်းတော်ထဲမှာ ဇိဏ္ဏော အိုမင်းရင့်ယော်လှပြီ စသောစကားရပ်ဖြင့် အဲဒီမာလုကျပုတ္တရဟန်းဟာ အသက်
ရှစ်ဆယ်ကျော် ကိုးဆယ်ကျော် သေခါနီးအရွယ် ရောက်နေပြီလို့ မှတ်ယူရပါတယ်။ အဲဒီ မိန့်ခွန်းတော်ဖြင့် မာလုကျပုတ္တ
ရဟန်းအိုကြီးကို နှိမ်ချရာလဲရောက်တယ်၊ ချီးမြှောက်ရာလဲ ရောက်တယ်တဲ့။ နှိမ်ချရာ ရောက်ပုံကတော့ မာလုကျပုတ္တဟာ
ငယ်ရွယ်စဉ်ကတော့ တရားအားမထုတ်ခဲ့ပဲ မေ့မေ့လျော့လျော့ နေလာခဲ့တယ်၊ ယခု သေခါနီးအရွယ် အိုမင်းလှမှ တရားအား
ထုတ်မလို့တဲ့၊ ဒါကြောင့် သင်တို့ရဟန်းငယ်တွေလဲ မာလကျပုတ္တလိုပင် ငယ်ရွယ်စဉ်မှာ တရားအားမထုတ်ပဲ မေ့မေ့လျော့
လျော့နေကြ၊ အရွယ်ကြီးရင့်လှမှ တရား အားထုတ်ကြလို့ ပြောဆိုရမှာလို ဖြစ်နေကြောင်း ရည်ရွယ်ယင် မာလုကျပုတ္တအား
နှိမ်ချရာရောက်ပါတယ်တဲ့။
ချီးမြှောက်ရာရောက်ပုံကတော့ မာလုကျပုတ္တဟာ အလွန်အိုမင်း ရင့်ယော်နေတာတောင်မှ တောအရပ်သို့ ကပ်ရောက်
ပြီး တရားအားထုတ်ဦးမလို့တဲ့၊ ဒီတော့ သင့်တို့ရဟန်းငယ်တွေဟာ တရားအားထုတ်သင့်ကြောင်း အထူးပြောစရာ မလိုပါဘူး
လို့ ရည်ရွယ်ယင်တော့ မာလုကျပုတ္တ ရဟန်းအိုကြီးကို ချီးမြှောက်ရာရောက်ပါသတဲ့။ ဟုတ်တယ်၊ အခုနေအခါလဲ အိုမင်း
မစွမ်းဖြစ်နေတဲ့ အဘိုးအို အဖွားအိုကြီးတွေ တင်းတင်းရင်းရင်း အပြင်းအထန် အားထုတ်နေတာကို မြင်တွေ့ရယင် ပျိုရွယ်တဲ့
သူတွေလဲ တင်းတင်းရင်းရင်း အပြင်းအထန်အားထုတ်ဘို့ ဝန်လေးစရာ မရှိပါဘူး၊ အဲဒီ အဖိုးကြီးအဖွားကြီးတွေကို အားကျပြီး
အားထုတ်သင့်တာပါဘဲ၊ ထို့အတူပင် ငယ်ရွယ်တဲ့သူတွေ êကိးêကိးစားစား အားထုတ်နေတာ မြင်တွေ့ရယင်လဲ အရွယ်ကြီးတဲ့
သူတွေဟာ အားကျပြီး အားထုတ်သင့်တာပါဘဲ။
အဲဒီတော့ မာလုကျပုတ္တရဟန်းက ဒီလိုထပ်ပြီး လျှောက်ပြန်ပါတယ်၊ တပည့်တော်ဟာ အိုမင်းရင့်ယော်လှပြီ ဖြစ်ပေမဲ့
မြတ်စွာဘုရားက တပည့်တော်အား အကျဉ်းချုပ်အားဖြင့် သြဝါဒတရားကို ဟောကြားတော်မူပါ၊ တပည့်တော်ဟာ မြတ်စွာ
ဘုရား၏ တရားတော်ကို ကိုယ်တိုင်တွေ့ပြီး သိနားလည်တဲ့သူ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ မြတ်စွာဘုရား၏ တရား အမွေခံ
အစစ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်၊ ဖြစ်လိမ့်မယ်လို့ မြှော်လင့်ပါတယ်လို့ ထပ်မံပြီး လျှောက်ထားတောင်းပန်ပါတယ်။
အဲဒီတော့ မြတ်စွာဘုရားက ဝိပဿနာရှုရခြင်း၏အကြောင်းကို အခြေအမြစ်မှစပြီး သိနားလည်ရအောင်လို့ ရှေးဦးစွာ
မေးခွန်းများဖြင့် မေးတော်မူပါတယ်၊ အဲဒီမေးခွန်းတွေက အင်မတန် ခိုင်လုံပါတယ်၊ သဘောပေါက် နားလည်ဘို့ရာလဲ
အင်မတန် ကောင်းပါတယ်၊ ဒါပေမဲ့ သုတနည်းတဲ့သူတွေ အတွက်ကတော့ နက်နဲတဲ့သဘော ရှိပါတယ်။ ရှေးကဆိုယင် နေရာ
အသစ်မှာ တရားဟောတဲ့အခါ ဘုန်းကြီးက ဒီသုတ်ကို စပြီးဟောခဲ့ပါတယ်၊ ယခုတော့ အများက ရှုပုံရှုနည်းကို နားလည်နေ
ကြပြီ ဖြစ်တဲ့အတွက် ဒီသုတ်ကို မဟောပဲနေခဲ့တာ နှစ်ပေါင်းတော်တော်ကြာသွားပါပြီ။ အဲဒီမှာ မြတ်စွာဘုရားမေးတော်မူပုံ
ကတော့-
ဝိပဿနာအခြေခံ မေးခွန်းတော် (၁)
တံ ကိံ မညသိ မာလုကျပုတ္တ၊ ယေ တေ စက္ခု ဝိညေယျာ ရူပါ အဒိဋ္ဌာ အဒိဋ္ဌပုဗ္ဗာ၊
န စ ပဿတိ၊ န စ တေ ဟောတိ ပေဿယျေန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ
ပေမံ ဝါ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သောရဟန်း၊ တံ-ငါမေးမည့် ထိုအရာကို၊ တွံ-သင်သည်၊ ကိံ မညသိ- ဘယ်
လိုထင်သလဲ-သင် သဘောကျသည့်အတိုင်း ဖြေပါတဲ့။ စက္ခုဝိညေယျာ- မျက်စိဖြင့် မြင်နိုင်ကောင်းကုန်သော၊ ယေရူပါအကြင်
အဆင်းတို့ကို၊ တေ-သင်သည်၊ အဒိဋ္ဌာ-မမြင်ဘူးသေး၊ မျက်စိဖြင့် မြင်နိုင်ကောင်းတဲ့ အဆင်းတွေတဲ့၊ အဲဒါ ပရမတ်
ရုပ်တရားအစစ်ဖြစ်တဲ့ အဆင်းတွေဘဲ၊ မျက်စိဖြင့် မမြင်ကောင်းတဲ့ အဆင်းတွေဆိုတာလဲ ရှိတယ်၊ ဘယ်လိုဟာတွေလဲ
ဆိုတော့ စိတ်ကူးဖြင့် ကြံတွေးပြီး သိရတဲ့ အဆင်း၊ အိပ်မက်မြင်မက်ရသလို သမာဓိကြောင့် ထင်ပေါ်လာတဲ့ အဆင်းတွေ ဒိလို
မာလုကျပုတ္တသုတ်တရားတော် ၁ဝ
အဆင်းတွေကတော့ တကယ်ရှိတဲ့ ပရမတ် တရားတွေ မဟုတ်ဘူး၊ ပညတ်တွေဘဲ၊ အဲဒီ ပညတ်အဆင်းတွေကို ပြောတာ
မဟုတ်ဘူး၊ တကယ်ရှိနေလို့ မျက်စိနဲ့ တိုက်ဆိုင်မိယင် တကယ်မြင်နိုင်တဲ့ အဆင်းကို ပြောတာ၊ အဲဒီအဆင်းတွေကို သင်ဟာ
ဒီဘဝမှာ တခါမှမမြင်ဘူးသေးဘူးတဲ့။ အဒိဋ္ဌပုဗ္ဗာ- ရှေးဘဝများကလဲ မမြင်ဘူးခဲ့သေးဘူးတဲ့၊ ဒါကတော့ ရှေးဘဝကို ပြန်
လည် အောက်မေ့နိုင်တဲ့ သူများအတွက်ပါဘဲ၊ မြတ်စွာဘုရား လက်ထက်တော်က ပတိပူဇိကာဆိုတဲ့ အမျိုးသမီးဟာ ရှေးဘဝ
က ခင်ပွန်းဖြစ်တဲ့ မာလာဘာရီဆိုတဲ့ နတ်သားကြီးကို မှတ်မိနေတယ်၊ သတိရနေတယ်၊ အဲဒီလို သတိရနေတဲ့အတွက် မာလ
ဘာရီနတ်သားကြီးထံ ပြန်ရောက်ချင်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်အတွက် ရည်ပြီးတော့ ရှေးဘဝကလဲ မမြင်ဘူးသေးတဲ့ အဆင်း
လို့ဆိုပါတယ်၊ အခြားပုဂ္ဂိုလ်တွေ အတွက်ဆိုယင်တော့ မကြာမီကလဲ မမြင်ဘူးသေးဘူး၊ ရှေးတုန်းကလဲ မမြင်ဘူးသေးဘူးလို့
ဆိုယင် လုံလောက်နေပါပြီ။
စက္ခုဝိညေယျာ- တွေ့ဆုံပါက မျက်စိဖြင့် တကယ်မြင်နိုင်ကောင်းကုန်သော၊ ယေ ရူပါ အကြင်အဆင်းတို့ကို၊ တေ
သင်သည်၊ အဒိဋ္ဌာ- မကြာမီကလဲ မမြင်ဘူးသေး၊ အဒိဋ္ဌပုဗ္ဗာ ရှေးကာလ ရှေးဘဝကလဲ မမြင်ခဲ့ဘူးသေး။ န စ ပဿသိ
ယခုမြင်ဆဲလဲ မဟုတ်ဘူး၊ (ရှေးကလဲ မမြင်ခဲ့ဘူးသေး၊ ယခုလဲ မြင်နေဆဲ မဟုတ်ဘူး၊ အဲဒီလို အဆင်းတွေက ရှိတော့ ရှိနေ
တာဘဲ။) တေ-သင့်အား၊ န စ ဟောတိ ပေဿယျန္တိ-မြင်နိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊ ဒီလိုအဆင်းတွေကို
တနေ့ကျယင် မြင်ရလိမ့်မယ်၊ မြင်နိုင်တယ်လို့ သင်၏ စိတ်ကူးထဲမှာတောင် မဖြစ်သေးဘူးတဲ့။
တတ္ထ-မြင်လဲ မမြင်ဘူးသေး၊ မြင်ဆဲလဲမဟုတ်၊ မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့
ထိုအဆင်းတို့၌၊ တေ-သင်အား၊ ဆန္ဒော ဝါ-လိုချင် နှစ်သက်မှုသည်¤င်း၊ ရာဂေါဝါ-တပ်မက်စွဲလမ်းမှု သည်¤င်း၊ ပေမံဝါချစ်ခင်မှုသည်¤
င်း၊ အတ္ထိ-ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလို မေးတော်မူပါတယ်။
ရှေးကလဲ မမြင်ဘူးသေးဘူး၊ ယခုလဲ မြင်နေဆဲ မဟုတ်ဘူး၊ ဒီလိုအဆင်း ဒီလိုလူကို မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့
စိတ်ကူးတောင် မဖြစ်သေးဘူး၊ အဲဒီလို အဆင်းတဲ့-အဆင်းဆိုပေမဲ့ အဆင်းသက်သက် မဟုတ်ပါဘူး၊ မိန်းက ယောက်ျားဆို
တဲ့ပုဂ္ဂိုလ်တွေကို ပြောတာပါဘဲ၊ အဲဒီလိုမမြင်ဘူးတဲ့ မြင်ဆဲလဲမဟုတ်တဲ့ မြင်ရလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မပေါ်သေးတဲ့
အဆင်း အဲဒီလိုမိန်းမဖြစ်သူ ယောက်ျားဖြစ်သူကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့။
အဲဒီလို အဆင်းပုဂ္ဂိုလ်တွေက ဘယ်မှာ ရှိတာလဲဆိုတော့ ကိုယ်မရောက်ဘူးတဲ့ အရပ်တွေမှာ ရှိပါတယ်၊ တခြားûမိ့ တခြားရွာ
တခြားနိုင်ငံတွေမှာ မြင်တွေ့ရယင် ချစ်စရာကောင်းတဲ့ မိန်းမတွေ ယောက်ျားတွေ အများကြီးရှိနေတာဘဲ၊ ဒီရန်ကုန်ûမိ့ထဲမှာ
တောင်မတွေ့ဘူး မမြင်ဘူးတဲ့လူတွေ အများကြီးရှိနေတာဘဲ၊ လောကမှာ မြင်ဘူးတဲ့လူထက် မမြင်ဘူးတဲ့ လူတွေက အတိုင်း
မသိများနေတာဘဲ၊ အဲဒီမမြင်ဘူးတဲ့ အဆင်းတွေ လူတွေ မိန်းမ (ယောကျာ်း) တွေနှင့်စပ်ပြီး နှစ်သက်လိုချင်ခြင်း တပ်မက်
ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားလို့ မြတ်စွာဘုရားက မေးတော်မူပါတယ်။ (အဲဒီမှာ မာလုကျပုတ္တ အတွက်ကတော့ မိန်းမ
အဆင်းက လိုရင်းပါဘဲ။)
အဲဒီတော့ မာလုကျပုတ္တမထေရ်က ''နော ဟေတံ ဘန္တေ-မြင်လဲ မမြင်ဘူးဘူး၊ မြင်ဆဲလဲ မဟုတ်ဘူး၊ မြင်ရလိမ့်မယ်
လို့ စိတ်ကူးထဲမှာတောင် မပေါ်လာတဲ့အဆင်းတွေ လူတွေ မိန်းမတွေ (ယောက်ျားတွေ) နဲ့စပ်ပြီး နှစ်သက်လိုချင်ခြင်း
တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ပါဘူးဘုရား'' လို့ ဖြေကြားပါတယ်။
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ၊ မမြင်ဘူးတဲ့ အမျိုးသမီး အလှကလေးတွေကို အကြောင်းûပပြီး ယောက်ျား
တွေမှာ နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ဘူး၊ မမြင်ဘူးတဲ့ အမျိုးသား အလှကလေးတွေကို အကြောင်းûပပြီးတော့
အမျိုးသမီးတွေမှာလဲ နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ပါဘူး။ ရှေးက မြင်ခဲ့ဘူးတဲ့သူ မကြာမီက မြင်ခဲ့ဘူးတဲ့သူ
အဲဒီလို အမျိုးသမီး အမျိုးသားတွေကို အကြောင်းûပပြီးတော့ နှစ်သက်တပ်မက်ခြင်း ဖြစ်နိုင်တယ်၊ မြင်လျှင်မြင်ချင်း မြင်ဆဲမှာ
လဲ နှစ်သက်တပ်မက်ခြင်း ဖြစ်နိုင်တယ်။
စိတ်ကူးထဲမှာ မြင်ရလိမ့်မယ်လို့ မြှော်လင့်တဲ့ အဆင်း ပုဂ္ဂိုလ်နဲ့စပ်ပြီးတော့လဲ နှစ်သက်တပ်မက်ခြင်း ဖြစ်နိုင်တယ်၊
အဲဒါကတော့ ဓမ္မပဒအဋ္ဌကထာမှာ ပြထားတဲ့ အနိတ္ထိဂန္ဓကုမာရဝတ္ထုဖြင့် ထင်ရှားပါတယ်။

No comments:

Post a Comment