တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၂၅-၃၄

မာလုကျပုတ္တသုတ်တရားတော် ၂၅
မြင်ခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့်ဝေးသည်
၁။ ရူပံ ဒိသွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတံ္တ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော နှလုံးသွင်း နေသော သူအား၊ ရူပံ ဒိသွာ အဆင်းကို မြင်ပြီးလျှင်၊
သတိ မုဋ္ဌာ အမှတ်မရပဲ သတိမေ့သွား၏ တဲ့။
လူတွေက ချစ်ဖွယ်အာရုံကောင်း တွေနဲ့သာ တွေ့ချင်နေကြတယ်၊ အာရုံဆိုးကိုတော့ မတွေ့ချင်ကြဘူး၊ ဒါကြောင့်
မျက်စိဖြင့်စူးစိုက်ပြီး ကြည့်ကတည်းက အကောင်းကို တွေ့ချင်လို့ ကြည့်တာဘဲ၊ အဲဒီလို အာရုံကောင်းကို တွေ့ချင်မြင်ချင်တဲ့
စိတ်နဲ့ ကြည့်ကြတာ ဖြစ်တဲ့အတွင် ချစ်ဖွယ်အာရုံကို မြင်ရယင် တရားဘက်ဆိုင်ရာ သတိမရှိပဲ သတိမေ့သွားတော့တာဘဲ၊
တရားဘက်လိုက်စားနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ်လို့ အဲဒီလို အာရုံကောင်း နှလုံးသွင်း မြှော်လင့်နေခိုက်မှာ အာရုံကောင်းကို မြင်ရ
ယင် အယင်က ရှုမှတ်နေကျဖြစ်ပေမဲ့ ချစ်ဖွယ်လို့ ထင်သွားတော့တာဘဲ၊ ရှုမှတ်မှု သတိကင်းသွားတော့တာဘဲ၊ ဒါကြောင့်
အဆင်းကို မြင်ပြီးယင် မေ့သွားတယ်လို့ ဆိုတာပါဘဲ၊ လောကဘက်က ဖြစ်ရိုးဖြစ်စဉ် သတိကတော့ မမေ့ပါဘူး၊ မမေ့တဲ့
အတွက် မိန်းမဘဲ ယောကျာ်းဘဲ၊ ဘယ်သူ ဘယ်ဝါလဲ၊ ချစ်စရာဘဲ စသည်ဖြင့် မှတ်စွဲသွားတော့တာဘဲ။
တရားရှုမှတ်ခြင်းမရှိတဲ့ သာမန်လူတွေမှာတေ့ ''ချစ်ဖွယ်အာရုံကို မြင်ပြီးယင် ချစ်စရာဘဲ စသည်ဖြင့် နှလုံးသွင်းပြီး
မေ့သွားတယ်'' ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ၊ ချစ်ဖွယ်လို့ နှလုံးသွင်းတာနဲ့ ''မေ့တယ်'' ဆိုတာဟာ သဘောအားဖြင့် အတူတူ
ပါဘဲ။ ဒါကြောင့်-
ရူပံ ဒိသွာ- အဆင်းကိုမြင်ပြီးလျှင်၊ ပိယံ နိမိတံ္တ- ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော နှလုံးသွင်းသော သူအား၊
သတိ မုဋ္ဌာ အမှတ်မရပဲ သတိမေ့သွား၏လို့ ဒီလို အနက်လဲ ပြန်နိုင်ပါတယ်၊ အဲဒါဟာ စောစောကတည်းက ချစ်ဖွယ်ကို
လိုလားနေတဲ့အတွက် အဆင်းကောင်းကို မြင်ပြီးလျှင် မရှုမမှတ်နိုင်ဘဲ ချစ်ဖွယ်လို့ နှလုံးသွင်းမိသွား တာပါဘဲ။ အဲဒါကို
''အဆင်းမြင်လျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်'' လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
နိဗ္ဗာန်နှင့် ဝေးပုံဆောင်ပုဒ်များ
၁။ အဆင်းမြင်လျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်။
ဒါကတော့ သာမန်လူတွေမှာ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ၊ သာမန်လူတွေမှာ မြင်ပြီးလျှင် ပြီးချင်း ရှုမှတ်ရမယ်ဆိုတာ မသိ
တာကဘဲများတယ်၊ ကြားနာဘူးလို့ သိတောင်မှ တင်းတင်းရင်းရင်း ရှုမှတ်ဆဲမဟုတ်ယင် မြင်ပြီးယင် ချစ်ဖွယ်ထင်ပြီး
မရှုနိုင်ပဲ မေ့နေကြတာ ချည်းပါဘဲ၊ အားထုတ်နေဆဲ ယောဂီတောင်မှ သတိ သမာဓိ အားမကောင်း သေးယင် မရှုမမှတ်နိုင်ပဲ
ချစ်ဖွယ်ထင်ပြီး မေ့နေတတ်သေးတာပါဘဲ။ အဲဒီလို ချစ်ဖွယ်ထင်သွားယင် မြင်ဆဲမှာလဲ တပ်မက်တဲ့စိတ်ဖြစ်ပြီး တပ်မက်
သာယာလျက် ခံစားမှုတွေလဲ ဖြစ်တော့တာဘဲ၊ မြင်ပြီးတဲ့ နောက်လဲ ပြန်လည်စဉ်းစားပြီး တပ်မက်သာယာလျက် ခံစားမှုတွေ
ဖြစ်ပွားနေတော့တာဘဲ။ ဒါကြောင့်သော-
မြင်ပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်ပဲ မေ့သွားသော ထိုသူသည်၊ သာရတ္တစိတ္တော- တပ်မက်သာယာ
သော စိတ်ရှိလျက်၊ ဝေဒေတိ ခံစား၏၊ တဉ္စ- ထိုမြင်ရသော အဆင်းအာရုံကိုလည်း၊ အဇ္ဈောသ တိဋ္ဌတိ- မျို၍ သိမ်းထား
သကဲ့သို့ စိတ်ထဲ၌ သိမ်းပိုက်လျက်တည်၏- လို့ ဟောထားတာပါဘဲ။
မြင်စဉ်က ûပံးûပံး ကလေး မြင်ခဲ့ယင် အဲဒီ ûပံးûပံး ရုပ်ကလေးကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ ပြန်လည် စဉ်းစားမိ
တိုင်း အဲဒီ ûပံးûပံးရုပ်ပုံ ချစ်စရာကလေး ပေါ်နောတာဘဲ၊ ဓာတ်ပုံ အရုပ်ကလေးများကို ကြည့်ရသလိုဘဲ၊ စဉ်းစားမိတိုင်း အဲဒီ
ûပံးûပံးရုပ်ကေး စိတ်ထဲမှာပေါ်ပြီး တပ်မက်သာယာလျက် ခံစားနေတယ်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာ ကြာသည်
တိုင်အောင်လဲ ပေါ်နေတာဘဲ။ အဲဒီပါဠိ၏ အနက်ကို ''သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်တည်'' လို့ ဆောင်ပုဒ်စီ
ထားတယ်။ အဲဒါကို ဆိုကြရမယ်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်တည်။
မာလုကျပုတ္တသုတ်တရားတော် ၂၆
အများအားဖြင့် လူတွေဟာ ချစ်ဖွယ်အဆင်းကို မြင်ရယင် ဒီအတိုင်းချည်း စိတ်ထဲမှာ စွဲနေကြတာပါဘဲ။ ယခုပြောခဲ့
တဲ့အတိုင်း ချစ်ဖွယ်အဆင်းကိုမြင်ပြီး သာယာတပ်စွဲတယ်ဆိုတာက ပဓာနနည်းဖြင့် ပြဆိုထားပါဘဲ၊ ထို့အတူပင် မြင်ရတဲ့
အဆင်းကို မုန်းဘွာယ်ထင်ပြီး နှလုံးမသာ ဖြစ်လျက် ခံစားနေတာလဲ ရှိတာပါဘဲ၊ အလယ်အလတ် ရိုးရိုး အဆင်းကို မြင်ပြီး
မချစ်မမုန်းဘဲ အမြဲရှိနေတဲ့ ပုဂ္ဂိုလ်အနေနဲ့ အမြင်မှားလျက် ခံစား စွဲလမ်းနေတာလဲ ရှိတာပါဘဲ။ ယခုပြောခဲ့တဲ့အတိုင်း မြင်ရ
တဲ့အဆင်းကို စိတ်ထဲစွဲပြီး သိမ်းပိုက်ထားယင် အဲဒီအဆင်း အဲဒီမိန်းမ ယောကျာ်းစသည်ကို အကြောင်းûပပြီးတော့ ချမ်းသာ
ဆင်းရဲဝေဒနာအမျိုးမျိုးလဲ ဖြစ်ပွားတယ်၊ လောဘ ဒေါသစသော ကိလေသာတွေ, ကံတွေ, ကံ၏အကျိုးဝိပါက် ဝဋ်ဆင်းရဲတွေ
လဲ ဖြစ်ပွားတော့တာဘဲ၊ အဲဒီလို ဖြစ်ပွားပြီး ဆင်းရဲနေပုံကို ဒီလိုလဲ ပြဆိုထားပါတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ရူပသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိစေသာ စ၊ စိတ္တမဿူပဟညတိ။
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ-မြင်ရတဲ့ အဆင်းကို စိတ်ထဲ၌စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊ ရူပသမ္ဘဝါ-စွဲလျက် သိမ်းပိုက်ထားသည့်
အဆင်းကြောင့် ဖြစ်ကုန်သော၊ အနေကာ- များစွာကုန်သော၊ ဝေဒနာ-အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ
ဖြစ်ပွားကုန်၏ တဲ့။
အဲဒီအနက်ကို ''အဆင်းဆိုင်ရာ၊ ဝေဒနာ၊ များစွာပွါးတော့သည်'' လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အဆင်းဆိုင်ရာ၊ ဝေဒနာ၊ များစွာပွားတော့သည်။
ချစ်စရာအဆင်းဆိုတဲ့ မိန်းမ, ယောကျာ်း, အသုံးအဆောင် တွေကိုစွဲပြီး အဲဒါတွေနဲ့ပြည့်စုံလို့ သုံးဆောင်ခံစားနေရ
ယင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ သုခဝေဒနာတွေ ပွါးနေတယ်၊ မပြည်စုံယင်၊ သို့မဟုတ် ပြည့်စုံပြီးတွေ ပျက်စီးကင်းကွာ
သွားယင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတွေ ပွါးနေတယ်။ အမြင်ဆိုး အာရုံကို သိမ်းပိုက်ထားမိယင်တော့ ပြန်လည်
စဉ်းစားမိတိုင်း စိတ်ဆင်းရဲဒုက္ခ ဝေဒနာတွေ ပွားနေတော့တာဘဲ။ နောက်ပြီးတော့အဘိဇ္ဈာ
စ-ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်¤င်း၊ ဝိဟေသာ စ ညှဉ်းဆဲလိုသော ဒေါသသည်¤င်း၊ ဝဍ္ဎုန္တိ
ဖြစ်ပွားကုန်၏။ အဿ ထိုပုဂ္ဂိုလ်၏၊ စိတံ္တ-စိတ်သည်၊ ဥပဟညတိ လောဘဒေါသတို့ကြောင့် ပင်ပန်းလျက်ရှိနေချေသည်တဲ့။
အဲဒီမြင်ရတဲ့ အဆင်းအာရုံကို ရလိုသော လောဘ, ရပြီးကို ခင်မင်တွယ်တာတဲ့ လောဘ ဆိုတာတွေလဲ ဖြစ်ပွားနေကြတယ်၊
အဲဒီ အဆင်းအာရုံကို မရအောင် ဖြစ်စေ၊ ရပြီးကို ပျက်စီးဆုံးရှုံး အောင်ဖြစ်စေ ûပလုပ်တယ်လို့ ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့
ဒေါသတွေလဲ ဖြစ်ပွားနေကြတယ်၊ အဲဒီလောဘ ဒေါသတွေက စေခိုင်းတိုက်တွန်းတဲ့အတိုင်း ကြောင့်ကြစိုက်ထုတ် ûပလုပ်နေရ
တဲ့အတွက် စိတ်ဟာ ပင်ပန်းဆင်းရဲ နေပါတယ်တဲ့။ အဲဒါကို ''လောဘစည်ကား၊ ဒေါသပွား၊ ဗျာများစိတ်ပန်းသည်'' လို့
ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၎။ လောဘစည်ကား၊ ဒေါသပွား၊ ဗျာများစိတ်ပန်းသည်။
အဲဒါဟာ အလွန်ထင်ရှားပါတယ်၊ ယခုလူတွေ ပင်ပန်းနေကြရတာဟာ အဲဒီလောဘ ဒေါသတွေက တိုက်တွန်းစေခိုင်း
ရာတွေကို ကြောင့်ကြဗျာပါရစိုက်ပြီး ûပလုပ်နေကြရတဲ့အတွက် ပင်ပန်းဆင်းရဲနေကြရတာဘဲ။ မြင်ဆဲမှာ မရှုမမှတ်နိုင်ပဲ
မေ့လာခဲ့တဲ့အတွက် အဲဒီမြင်ရတာကို ချစ်ဖွယ်မုန်းဖွယ်ထင်တာဟာ အလွဲသိတဲ့ သိမှားတဲ့ အဝိဇ္ဇာဘဲ၊ အဲဒီလို ချစ်ဖွယ်
မုန်းဖွယ်ထင်တဲ့အဝိဇ္ဇာကြောင့် လိုချင်တဲ့ လောဘ, ညှဉ်းဆဲလိုတဲ့ ဒေါသတွေ ဖြစ်ပွားတယ်၊ အဲဒီလောဘဒေါသက တိုက်တွန်း
တဲ့အတိုင်း အဆိုးအကောင်း အမှုတွေကို ûပနေကြရတယ်၊ အထူးအားဖြင့် လောဘတဏှာကြောင့် ûပလုပ်နေကြရတာပါဘဲ၊
အဲဒီလို ûပလုပ်မှုအကုသိုလ်ကံကြောင့် အပါယ်လေးပါး ကျရောက်ပြီးတော့ ဆင်းရဲနေကြတယ်၊ ဘဝချမ်းသာကို တောင့်တပြီး
ûပလုပ်တဲ့ကုသိုလ်ကံကြောင့် လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး အို, နာ, သေဆိုတဲ့ ဆင်းရဲတွေကို ခံစားနေကြရတယ်၊ ဒါကြောင့်
မြင်ဆဲမှာ မရှုမမှတ်ပဲ မေ့မေ့လျော့လျော့ နေလာတာဟာ အဲဒီဆင်းရဲတွေကို လက်ခံစုဆောင်းနေသည် မည်တယ်၊ အဲဒီလို
မရှုမမှတ်ပဲ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံဆည်းပူး စုဆောင်းနေတဲ့သူမှာ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်နဲ့ဝေးနေတယ်၊
အဲဒီအကြောင်းအရာကိုလဲ ဒီလို ဖော်ပြထားပါတယ်။
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာ ဆင်းရဲဝဋ်ဆင်းရဲကို၊ အာစိနတော-လက်ခံ၍ ဆည်းပူးစု
ဆောင်းနေသော သူအား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်
တဲ့။ အဲဒါကို (ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာနိဗ္ဗာန်ပြည်-လို့) ဆောင်ပုဒ်
စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၂၇
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
ဤနည်းဖြင့်ပဲ မပြောင်းလဲ-ဆိုတာ မြင်ခိုက်စသည်မှာ မရှုမမှတ်ပဲ မေ့မေ့လျော့လျော့နေတဲ့ နည်းပါဘဲ၊ အဲဒီနည်း
အတိုင်း အမှတ်တမဲ့နေလာတာ တသက်လုံး တဘဝလုံး ကြာလှပြီ၊ ယခု မူတော့ မပြောင်းလဲဘူးလို့ဆိုယင် အဲဒါဟာ
မြင်တိုင်း မြင်တိုင်း ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို လက်ခံနေသူ ရှာနေသူ စုဆောင်းနေသူမည်ပါတယ်၊ အဲဒီလို မရှုမမှတ်ပဲ
နေယင် နိဗ္ဗာန်နဲ့ ဝေးတာဘဲ၊ အဲဒီနောက်အပိုဒ်လဲ ဆိုကြရမယ်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
မြင်ဆဲမှာ မရှုမမှတ်နိုင်လို့ အနိစ္စ ဒုက္ခ အနတ္တသဘောမှန်ကို မသိဘဲ ချစ်ဖွယ်ထင်ယင် အဲဒီချစ်ဖွယ်အာရုံကိုမှီပြီး
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ဖြစ်ပွါးတယ်၊ ဒါကြောင့် အဲဒီဆင်းရဲတွေကို လက်ခံစုဆောင်းနေသူ မည်တယ်၊ အဲဒီဆင်းရဲ
တွေကို လက်ခံစုဆောင်းနေတော့ ဆင်းရဲငြိမ်းဘို့နှင့် ဝေးနေတာပေါ့၊ ဘာလိုလဲဆိုယင်-မီးလျှံမီးပုံထဲ လောင်စာတွေ ထပ်ကာ
ထပ်ကာ မပြတ်ထည့်ပေးနေယင် မီးငြိမ်းဘို့နှင့် ဝေးသလိုပါဘဲ၊ ယခု ရွတ်ပြခဲ့တဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ်ဆိုလိုတာက
တော့ ''မြင်ခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်'' လို့ ဆိုလိုတာပါဘဲ၊ အဲဒါကိုလဲ ဆိုကြရမယ်။
မြင်ခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ယခု မြင်တိုင်း၌ ရှုမှတ်သူမှာ နိဗ္ဗာန်နှင့် နီးပုံကို ပြဆိုထားတဲ့ ဂါထာ ၂-ပုဒ်ကို ရွတ်ဆိုဟောပြမယ်။ ရွတ်ပြခဲ့ပြီး
ဂါထာနှစ်ပုဒ်ကို ကျမ်းဂန်သုံးဝေါဟာရအားဖြင့် ကဏှပက္ခ-အမည်းပိုင်းအဘို့လို့ ခေါ်တယ်၊ ယခုရွတ်ဆိုဟောပြမည့် ဂါထာ
၂-ပုဒ်ကိုတော့ သုက္ကပက္ခ-အဖြူပိုင်းအဘို့လို့ ခေါ်ကြတယ်။
၃။ န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိသတော။
ဝိရတ္တစိတ္တော ဝေဒေတတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော-အကြင် ပုဂ္ဂိုလ်သည်၊ ရူပုံ ဒိသွာ-အဆင်းကို မြင်ပြီး၍ ဝါ-အဆင်းကို မြင်ပြီးလျှင်၊ ပဋိဿတော- တဖန်
အမှတ်ရသည်၊ ဟောတိ-ဖြစ်၏၊ (ဒီ ပါဠိအနက်ကို အထူး သတိûပကြရမယ်၊ ''အဆင်းကို မြင်ပြီးလျှင် တဖန် အမှတ်ရတယ်''
ဆိုတာဟာ ''မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်ရမယ်'' လို့ ဆိုတာဘဲ၊ ဒါဟာဝိပဿနာရှုပုံကို ဒါရိုက်ထင်ရှားပြတဲ့စကားဘဲ၊ ဒီစကား
အရအားဖြင့် ''ဝိပဿနာ ရှုတယ်ဆိုတာ မြင်ပြီး တရား, ကြားပြီး တွေ့ပြီး သိပြီး တရားကိုသာ ရှုရတယ်၊ မမြင်ရ မကြားရ
မတွေ့ရ မသိရတာတွေကို သုတမယÓဏ်မျှဖြင့် ဆင်ခြင်ပြီး ရှုရတာ မဟုတ်ကြောင်း'' ခိုင်မြဲစွာ မှတ်ထားကြရမယ်။) သောအဆင်း
ကို မြင်ပြီးလျှင် အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ရူပေသု-မြင်ရသော အဆင်းတို့၌၊ နရဇ္ဇတိ-မတပ်မက်၊ ဝါ-တပ်မက်မှု
ရာဂကင်းသည်တဲ့။
ဒီနေရာမျာ ပိုပြီး ခိုင်မြဲအောင် ထေရဂါထာ အဋ္ဌကထာ အဖွင့်ကိုလဲ ထုတ်ပြပါဦးမယ်။
န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတောတိ-ပဋိဿတော- ဟူရာ၌ ဆိုလိုသောအနက်မှာ၊ ယော ပုဂ္ဂိလောအကြင်ပုဂ
္ဂိုလ်သည်၊ ရူပံ ဒိသွာ-အဆင်းကို မြင်ပြီး၍၊ အာပါထဂတံ ရူပါရမ္မဏံ မျက်စိထဲ၌ ထင်ပေါ်လာသော အဆင်းအာရုံ
ကို၊ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန-စက္ခုဒွါရ၌ ဖြစ်သော စိတ်အစဉ်ဖြင့်၊ (အာဝဇ္ဇန်းမှ တဒါရုံတိုင်အောင် စိတ်အစဉ်ကို
ဆိုတာပါဘဲ) ဂဟေတွာ ယူပြီး သိပြီး၍ စတုသမ္ပဇညဝသေန သမ္ပဇဉ်လေးပါး အလိုအားဖြင့်၊ သမ္ပဇာနကာရိတာယ-မှန်စွာသိ
လျက် ûပလေ့ရှိသည်၏ အဖြစ်ဖြင့်၊ (ပဌမ အခြေခံအဖြစ် ဆင်ခြင်စဉ်က အကျိုးရှိ မရှိ ဆင်ခြင်တဲ့ သာတ္ထက သမ္ပဇဉ်နှင့်
သင့်မသင့်ဆင်ခြင်တဲ့ သပ္ပါယသမ္ပဇဉ်များဖြင့် အခြေခံခဲ့ရတယ်၊ မပြတ်ရှုနေခိုက်မှာတော့ ဂေါစရသမ္ပဇဉ်နှင့် အနိစ္စ စသည်ကို
သိတဲ့ အသမ္မောဟ သမ္ပဇဉ်တို့ဖြင့် မှတ်သိရတာကို ဆိုလိုပါတယ်။) ပဋိဿတော ဟောတိ တဖန် အမှတ်ရသည်-စသည်ဖြင့်
ဖွင့်ပြထားပါတယ်။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို ပြတာပါဘဲ၊ အဲဒါလောက် မြန်မြန်
မမှတ်နိုင်သေးခင်တော့ ကြံသိတဲ့ ပထမဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်ယင်လဲ သင့်လျော်တာပါဘဲ။ အဲဒီလို မြင်ပြီးလျှင် ပြီးချင်း
အမှတ်ရတဲ့သူဟာ မြင်တဲ့ ပရမတ် အဆင်းမျှကိုသာ မှန်စွာ သိရတယ် အဲဒီအဆင်းနှင့် မြင်သိစိတ် စသည် ချက်ခြင်းပင်
ပျောက်ကွယ် ပျက်စီးသွာတာကို အမှန်အတိုင်း သိရတယ်၊ မိန်းမဘဲ, ယောက်ျားဘဲ လှတယ် စသည်ဖြင့် ချစ်ဖွယ်ပညတ်ကို
မတွေ့ရဘူး၊ ဒါကြောင့် မြင်ရတာကို ဆက်လက် မဆင်ခြင်တော့ပဲ မြင်ရုံမျှသာ တည်တယ်၊ (ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ)
မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့ ဆိုတဲ့စကားတော်နဲ့ အညီပါဘဲ။ အဲဒီအဆင်းကို မြင်ရပေမဲ့ မမြင်ရတဲ့အဆင်းမှာလိုပင်
တပ်မက်သာယာမှုစသော ကိလေသာမဖြစ်ပဲ ကင်းတယ်၊ ဒါကြောင့် (န သော ရဇ္ဇတိ ရူပေသု) အမှတ်ရတဲ့ ထိုသူဟာ မြင်ရ
မာလုကျပုတ္တသုတ်တရားတော် ၂၈
တဲ့အဆင်းတို့၌ မတပ်မက်ဘူးလို့ ဆိုလိုတာပါဘဲ၊ အဲဒီ ပါဠိအနက်ကို (အဆင်းမြင်က၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်-လို့)
ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
နိဗ္ဗာန်နှင့် နီးပုံ ဆောင်ပုဒ်များ
၁။ အဆင်းမြင်က၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ယခု ဒီကယောဂီတွေ ''မြင်လျှင်, မြင်တယ်'' လို့ ရှုမှတ်နေကြတာဟာ ဒီသုတ်တရားတော်နဲ့လဲ အံကျကိုက်ပြီး
ညီနေတာပါဘဲ။ ဒါပေမဲ့ ရှုမှတ်ခါစမှာတော့ သတိ သမာဓိ Óဏ်က အားမရှိသေးလို့ မြင်သိဝီထိ ပြီးလျှင် ပြီးချင်းတော့ မရှု
မမှတ်နိုင်သေးဘူး၊ သမ္မသနÓဏ် ဥဒယဗ္ဗယÓဏ် အဆင့်များ ရောက်တဲ့အခါကျမှ အသိမြန်ပုံ ထင်ရှားလာတယ်၊ ဘင်္ဂÓဏ်
ရောက်တဲ့အခါကျတော့ မြင်ရုံမျှတည်ပုံ, တပ်မက်မှုစသော ကိလေသာကင်းပုံတွေဟာ အင်မတန်ထင်ရှားပါတယ်။ ဒါကြောင့်
ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ်ရှုမှတ်နေယင်း အဆင်းအထူးကို မြင်ယင် မြင်တယ် မြင်တယ်လို့ ရှုမှတ်ပြီး
ဖောင်းတယ်ပိန်တာကိုပဲ ပြန်မှတ်သွားရတယ်၊ အဲဒီလို ရှုမှတ်လို့ သတိ သမာဓိÓဏ်အားကောင်းတဲ့ အခါကျတော့ မြင်ရတဲ့
အဆင်းကို သာယာခြင်းမရှိပဲ ခံစားရုံမျှဖြစ်တာလဲ ထင်ရှားတယ်၊ အဲဒီအဆင်းစိတ်ထဲမှာ စွဲမတည်တာလဲ ထင်ရှားတယ်၊
ဒါကြောင့် အဲဒီလို ကိလေသာကင်းပုံ အစွဲကင်းပုံကိုလဲ ဒီလို ဆက်ပြီး ပြဆိုထားတယ်။
သော-မြင်ပြီးလျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည် ဝိရတ္တစိတ္တော-တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊ ဝါ
မတပ်မက်သောစိတ်ဖြင့်၊ ဝေဒေတိခံစား၏၊ တဉ္စ-ထို အဆင်းကိုလည်း၊ န အဇ္ဈောသ တိဋ္ဌတိ-သိမ်းပိုက်ဆုပ်ကိုင်လျက်
မတည်တဲ့။ အဲဒါကိုလဲ (မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲမသိမ်းပြီလို့) ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်း စသည်မရှိပဲ ခံစားမှု ဝေဒနာမျှ ဖြစ်ခြင်း, စိတ်ထဲမှာ စွဲလမ်းသိမ်းပိုက် မထားခြင်းများကြောင့်
အဲဒီ မြင်ရတဲ့ အဆင်းဟာ မမြင်ရတဲ့ အဆင်းလိုပင်ဖြစ်သွားတယ်၊ ရှုမှတ်ခြင်း မရှိတဲ့ သာမန်ပုဂ္ဂိုလ်များမှာ (ဝေဒနာပစ္စယာ
တဏှာ) ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ဝေဒနာကြောင့် တဏှာ ဖြစ်ရိုးဖြစ်စဉ် ရှိသော်လဲ မြင်ပြီးလျှင် ပြီးချင်း
ရှုမှတ်ပြီး အမှန်အတိုင်း သိသိနေတဲ့ ယောဂီမှာတော့ အမှားသိ အဝိဇ္ဇာ ကင်းသွားတဲ့အတွက် တဏှာစသော ကိလေသာတွေလဲ
မဖြစ်ဘူး၊ ကိလေသာကို မှီပြီးဖြစ်မည့် ကံလဲမဖြစ်ဘူး၊ အဲဒီကံ မဖြစ်တဲ့အတွက် ကံ၏ အကျိုးဝိပါက် ဘဝသစ်ဆင်းရဲတွေလဲ
မဖြစ်တော့ဘူး၊ အဲဒီလို ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ တွေ ကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
၎။ ယထာဿ ပဿတော ရူပံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။Ä
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊ ရူပံ ပဿတော စာပိ-အဆင်းကို မြင်လဲ မြင်သောလဲ၊
ဝေဒနံ-ခံစားမှုဝေဒနာကို၊ သေဝတော စာပိ-မှီလဲမှီဝဲသော်လဲ၊ ဒုကံ္ခ-မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ
သည်၊ ခီယတိ-ကုန်သာ ကုန်ခန်း၏၊ နောပစီယတိ- ဆည်းပူးအပ်သည်ကား မဟုတ်ပေ၊ ဧဝံ-ဤသို့သော အခြင်းအရာဖြင့်၊
သတော-အမှတ်ရလျက်၊ သော-ထိုယောဂီပုဂ္ဂိုလ်သည်၊ စရတိ-ကျင့်ပေ၏တဲ့။
မြင်သိမှု မြင်ခံစားမှု ဖြစ်ပြီးလျှင် ပြီးချင်း မှတ်သိမှုပါတဲ့ အခြင်းအရာအားဖြင့် မြင်လဲ မြင်တယ်၊ ခံလဲ ခံစားတယ်၊
သို့ပေမဲ့ သာမန်လူများမှာလို အဘိဇ္ဈာစသော ကိလေသာ ဆင်းရဲကို လက်ခံစုဆောင်းရာ မရောက်ဘူး၊ အဲဒီ ကိလေသာ
ဆင်းရဲကို ကုန်သာကုန်စေပါတယ်၊ အဲဒီကိလေသာကို မှီပြီးဖြစ်မည့် ကမ္မဝဋ်နှင့် ဝိပါကဝဋ်ဆင်းရဲကိုလဲ ကုန်သာကုန်စေပါ
တယ်၊ အဲဒီအခြင်းအရာအားဖြင့် မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်လျက် ကျင့်နေပါတယ်တဲ့။ (အဲဒီမှာ စ-သဒ္ဒါက သမုစ္စည်းအနက်
ရှိတယ်၊ မြင်ရုံမျှမဟုတ်ဘူး၊ ခံစားလဲခံစားတယ်၊ ခံစားရုံမျှ မဟုတ်ဘူး၊ မြင်လဲ မြင်တယ်လို့ အပြန်အလှန် ပေါင်းဆည်းပြ
တယ်။ အပိ-သဒ္ဒါကတော့ ရှုတ်ချခြင်းဂရဟာ အနက်ကို ဒါရိုက်ပြပြီးတော့ ချီးမြှောက်ခြင်း သမ္ဘာဝနာ အနက်ကိုလဲ သိစေပါ
တယ်၊ ရှုမှတ်နေတဲ့ ဝိပဿနာယောဂီဟာ သူများလိုပင် အဆင်းကို မြင်မြဲ မြင်တာပါဘဲ၊ ခံစားမြဲ ခံစားတာပါဘဲလို့ အများနဲ့
တန်းတူûပပြီး ရှုတ်ချတယ်၊ အဲဒီလို ရှုတ်ချတယ်၊ အဲဒီလို ရှုတ်ချပြီးတော့ သို့သော်လဲ-သို့ပေမဲ့ သူများမှာလို ကိလေသာဆင်းရဲ
ဝဋ်ဆင်းရဲမဖြစ်ဘူးလို့ ချီးမြှောက်လဲ ချီးမြှောက်ပါတယ်။ ဥပမာဖြင့်ပြရလျှင် ဒီကလေးက ငယ်ပေမယ်လို့ လိမ္မာတယ်ဆိုလျှင်
ငယ်သေးတယ်လို့ ဝန်ခံတာက ရှုတ်ချတာဘဲ၊ သို့ပေမယ်လို့ ငယ်ပေမဲ့ လိမ္မာတယ်ဆိုတာက ချီးမြှောက်ပြောဆိုတာဘဲ၊ အဲဒီ
အသုံးအနှုန်းမျိုးပါဘဲ၊ အလွန်သေချာစေ့စပ်တဲ့ စကားပါဘဲ။) ဒီနေရာမှာ ထေရဂါထာ အဋ္ဌကထာဖွင့်ပုံကိုလဲ ထုတ်ပြပါဦး
မယ်။
မာလုကျပုတ္တသုတ်တရားတော် ၂၉
ယာထဿ ပဿသော ရူပန္တိ-ရူပံဟူရာ၌ ဆိုလိုသည်မှာ၊ အဿ ယောဂိနော-ရှုမှတ်နေသော ထိုယောဂီအား၊ ယထာအကြင်
အခြင်းအရာဖြင့် ရှုမှတ်လျှင်၊ တတ္ထ-ထိုမြင်ရသော အဆင်း၌၊ အဘိဇ္ဈာဒယော-အဘိဇ္ဈာ စသည်တို့သည်၊ နပ္ပဝတ္တန္တိမဖြစ်ကုန်၊
ဧဝံ-ဤ အခြင်းအရာဖြင့်၊ အနိစ္စာဒိတော-အနိစ္စစသော အခြင်းအရာအားဖြင့်၊ ရူပံ-အဆင်းကို၊ ပဿန္တဿ-ရှုမြင်
သောသူအားဟု ဆိုလို၏တဲ့။ အဆင်းကို ပကတိမျက်စိဖြင့် မြင်ပြီးနောက် အနိစ္စစသော အခြင်းအရာဖြင့် ရှုတယ်လို့ ဆိုလိုတာ
ပါဘဲ။ ကဏှပက္ခနှင့် ယှဉ်ကြည့်ယင် ဒီသုက္ကပက္ခမှာ အနိစ္စစသည်ဖြင့် ရှုမှု နောက်လိုက်နှင့်တကွ မြင်တယ်လို့ဆိုမှ ပါဠိဂါထာ
၏အနက် ပေါ်လွင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူများလိုပင် အဆင်းကို မြင်မြဲ မြင်တာပါဘဲ၊ သို့သော်လဲ ဆင်းရဲကို
လက်ခံစုဆောင်းရာ မရောက်ဘူးလို့ ပါဠိက ဆိုလိုပါတယ်၊ ဒါ့ကြောင့်ပါဘဲ။ သေဝတော စာပိ ဝေဒနန္တိ-ဝေဒနံဟူရာ၌ ဆိုလို
သည်မှာ၊ တံ အာရဗ္ဘ-ထို အဆင်းကို အာရုံûပ၍၊ ဥပ္ပနံ္န ဝေဒနံစဖြစ်သော ဝေဒနာကို¤င်း၊ တံသမ္ပယုတ္တဓမ္မေ စ-ထိုဝေဒနာနှင့်
ယှဉ်သောတရားတို့ကို¤င်း၊ ဂေါစရသေဝနာယ-ဂေါစရသမ္ပဇဉ်အလို မှီဝဲခြင်းဖြင့်၊ သေဝတော စာပိ-မှီလဲ မှီဝဲငြားသော်လည်း
ဟု ဆိုလိုပါတယ်တဲ့။ ဒီနေရာမှာလဲ ကဏှပက္ခနှင့် ယှဉ်ကြည့်ယင် မြင်ခံစား ဝေဒနာမှီဝဲမှုကို ယူမှ သူ့ပါဠိဂါထာနဲ့ ပိုပြီး
ပေါ်လွင်ပါတယ်၊ သူများလိုပင် မြင်ခံစားမှုလဲ ဖြစ်တာပါဘဲ။ ဒါပေမဲ့ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကိုတော့ လက်ခံစုဆောင်း
ခြင်း မဖြစ်ဘူးလို့ ပါဠိဂါထာက ဆိုလိုသောကြောင့်ပါဘဲ။ သံယုတ် အဋ္ဌကထာမှာတော့ လောကုတ္တရာဝေဒနာကို မှီဝဲသူအား-
လို့ ဖွင့်ပြထားတယ်။ ကဏှပက္ခနှင့် ယှဉ်ကြည့်ယင် အဲဒီအဖွင့်က သာပြီး အဆင်မပြေတာဘဲ။ (ဒါတွေကတော့ ပါဠိပညာရှင်
တို့ နက်နက်နဲနဲ ဆင်ခြင်စရာတွေပါဘဲ။)
ပါဠိဂါထာမှာ (ဧဝံ-ဤသို့သော အခြင်းအရအားဖြင့်၊ သတော-အမှတ်ရလျက်၊ စရတိ-ကျင့်သည်) ဆိုတဲ့ စကားရပ်
ကို အထူးသတိûပကြရမယ်၊ မြင်တိုင်း မြင်တိုင်း မြင်ပြီးလျှင် ချက်ခြင်းပင် ရှုမှတ်ပြီး သိသိသွားဘို့ ညွှန်ကြားတာဘဲ၊ အဲဒီလို
ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားမှ ဝိပဿနာအစစ် ဖြစ်တယ်ဆိုတာ အထူးသတိûပပြီး မှတ်ထားကြရမယ်။ အဲဒီစကားရပ်ကို
(မှတ်သိလျက်ပင်၊ မြင်လဲမြင်၊ ထို့ပြင် ခံစားသည်။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်းခန်းသည်။ ဤနည်းဖြင့်သာ၊
ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်လို့) ဆောင်ပုဒ် ၃-ခုစီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ မှတ်သိလျက်ပင်၊ မြင်လဲမြင်၊ ထိုပြင် ခံစားသည်။
၎။ သို့ပါသော်လဲ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
နောက် ၂-ပိုဒ်ကတော့ ဧဝံဤ ဆိုအပ်ခဲ့သည့် အတိုင်း မြင်ပြီးလျှင်ပြီးခြင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ မရှုမမှတ်လျှင်
ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား၊ နိဗ္ဗာနံ-ဆင်းရဲ ငြိမ်းသော
နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ သန္တိကေ-နီးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်တဲ့။
မြင်တိုင်း မြင်တိုင်း ရှုမှတ်နေတဲ့ယောဂီမှာ မရှုလျှင် ဖြစ်နိုင်တဲ့ ကိလေသာတွေ ကင်းငြိမ်းနေတာဘဲ၊ အဲဒါဟာ
ရှုမှတ်မှု ဝိပဿနာက တဒင်္ဂပဟာန်အားဖြင့် ပယ်ပယ်သွားလို့ပါဘဲ။ ဒါကြောင့် အဲဒီလို ကိလေသာ ငြိမ်းတာကို တဒင်္ဂနိဗ္ဗာန်
လို့ခေါ်ရတယ်၊ ရှုသိရတဲ့အာရုံ၌ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ရှုသိမှုÓဏ်စိတ်ဖြင့် ငြိမ်းခြင်းလို့ ဆိုလိုတာပါဘဲ၊ ယောဂီ
ဟာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အဲဒီတဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက်နေတာဘဲ၊ အဲဒီတဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက် ဆိုက်ရောက်ပြီး
တော့ မှတ်သိÓဏ်က အားကောင်းပြီး သက္ကာယဒိဋ္ဌိစသော ကိလေသာက အားနည်းတဲ့အခါ အရိယမဂ်Óဏ်ဖြင့် နိဗ္ဗာန်အစစ်
ကို မျက်မှောက်ûပသွားတာဘဲ၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး သိသိနေတဲ့ယောဂီမှာ နိဗ္ဗာန်နီးတယ်လို့ ပြဆိုတာ
ပါဘဲ၊ အဲဒါကို ''မြင်တိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်'' လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၆။ မြင်တိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်။
မြင်တိုင်း မြင်တိုင်းရှုမှတ်ပြီး အမှန်အတိုင်းသိသိနေတဲ့ယောဂီဟာ မရှုလျှင်ဖြစ်နိုင်တဲ့ ကိလေသာနဲ့ ဝဋ်ဆင်းရဲတွေကို
ပယ်ပယ်နေသည် မည်ပါတယ်၊ အဲဒီလို ဆင်းရဲကို ပယ်သတ်ပြီး ငြိမ်းစေတဲ့အတွက် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ်နေတယ်လို့
ဆိုရတာပါဘဲ။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိနေတဲ့ ယောဂီမှာ နာမရူပပရိစ္ဆေဒ
Óဏ်မှ သင်္ခါရုပေက္ခာÓဏ်အထိ ဝိပဿနာÓဏ်တွေ အစဉ်အတိုင်း ဖြစ်ပွားသွားတယ်၊ သင်္ခါရုပေက္ခာÓဏ် အားပြည့်တဲ့
အခါ အနုလောမÓဏ်ဆိုတာ ဖြစ်ပြီးတော့ နိဗ္ဗာန်ကို အာရုံûပလျက် ဂေါတြဘူÓဏ် မဂ်Óဏ် ဖိုလ်Óဏ်ဆိုတာတွေ အစဉ်
အတိုင်း ဖြစ်သွားတယ်။ ဒါကြောင့် အဲဒီလို ဖြစ်ပုံကို ပဋ္ဌာန်း ပါဠိတော်မှာအနုလောမံ
ဂေါတြဘုဿ၊ ဂေါတြဘု မဂ္ဂဿ၊ မဂ္ဂေါ ဖလဿ အနန္တရပစ္စယေန
ပစ္စယော-လို့ ဟောထားတာပါဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၃ဝ
အနုလောမံ-အနုလောမÓဏ်သည်၊ ဂေါတြဘုဿ-နိဗ္ဗာန်ဆီသို့ ညွတ်သော ဂေါတြဘူÓဏ်အား၊ အနန္တရပစ္စယေန
ပစ္စယော-အခြားမဲ့၌ ကျေးဇူးûပခြင်းဖြင့် ကျေးဇူးûပ၍၊ ဂေါတြဘု-ဂေါတြဘူÓဏ်သည်၊ မဂ္ဂဿ-မဂ်အား၊ အနန္တရပစ္စယေန
ပစ္စယော-အခြားမဲ့၌ ကျေးဇူးûပခြင်းဖြင့် ကျေးဇူးûပ၏၊ မဂ္ဂေါ-မဂ်သည်၊ ဖလဿ-ဖိုလ်အား၊ အနန္တရပစ္စယေန ပစ္စယောအခြား
မဲ့၌ ကျေးဇူးûပခြင်းဖြင့် ကျေးဇူးûပ၏တဲ့။
အဲဒီပဋ္ဌာန်းဒေသနာတော်အရ ''မြင်ရတဲ့ အဆင်းစသော ရုပ်နာမ်ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုသိတဲ့ အနုလောမÓဏ်
၏ အခြားမဲ့၌ နိဗ္ဗာန်ဆီညွတ်တဲ့ ဂေါတြဘူÓဏ် ဖြစ်တယ်၊ အဲဒီဂေါတြဘူ၏ အခြားမဲ့၌ အရိယမဂ် ဖြစ်တယ်၊ အဲဒီမဂ်၏
အခြားမဲ့၌ ဖိုလ်ဖြစ်တယ်'' ဆိုတာကို တိတိကျကျ သိရတယ်။ အဲဒီမှာ အနုလောမÓဏ် ဆိုတာ ခေါင်ထိပ် ဝိပဿနာÓဏ်ဘဲ၊
အဲဒီÓဏ်က သင်္ခါရုပေက္ခာÓဏ် အားပြည့်တဲ့အခါမှဖြစ်တာ၊ သင်္ခါရုပေက္ခာÓဏ်ဆိုတာကလဲ မြင်တိုင်း ကြားတိုင်း
တွေ့တိုင်း သိတိုင်း ရှုမှတ်ပြီး သိတဲ့အခြေခံ ဝိပဿနာÓဏ် အဆင့်ဆင့်တွေ အစဉ်အတိုင်းဖြစ်ပြီးမှ ဖြစ်တဲ့Óဏ်ဘဲ၊ဒါကြောင့်
မြင်မှုစသည်ကိုမရှုယင် အခြေခံဝိပဿနာ အဆင့်ဆင့်တွေ မဖြစ်ဘူး၊ အခြေခံဝိပဿနာ အဆင့်ဆင့်တွေ မပြည့်စုံယင် သင်္ခါ
ရုပေက္ခာÓဏ်ဆိုတာ မဖြစ်နိုင်ဘူး၊ သင်္ခါရုပေက္ခာÓဏ် မဖြစ်ယင် အနုလောမÓဏ် မဖြစ်ဘူး၊ အနုလောမÓဏ် မဖြစ်ယင်
ဂေါတြဘူÓဏ်မဖြစ်ဘူး၊ ဂေါတြဘူÓစ်မဖြစ်ယင် အရိယမဂ်Óဏ် ဖိုလ်Óဏ်ဆိုတာမဖြစ်ဘူး။ အဲဒါကို ကိန်းသေ မှတ်ထား
ကြရမယ်။
အထူး သတိပြုရန်
ယခု ဖော်ပြခဲ့သော ''ရူပံ ဒိသွာ သတိ မုဋ္ဌာ'' ဟူသော ပါဠိ, ''ရူပံ ဒိသွာ ပဋိဿတော'' ဟူသော ပါဠိတို့ဖြင့် ''မျက်စိ
ဖြင့်အဆင်းရုပ်ကို မြင်ပြီးလျှင် မရှုသူမှာ ရာဂစသော ကိလေသာဖြစ်ပွားကြောင်း၊ ရှုသူမှာ ရာဂစသော ကိလေသာမဖြစ်
ကြောင်း ငြိမ်းကြောင်း'' ပြထားသည်မှာ အလွန်ပင် ထင်ရှားပါတယ်၊ မဟာသတိပဋ္ဌာနသုတ်တရားတော်ဖြင့်လဲ ''ဖြစ်ဆဲဖြစ်
သော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို ရှုမှတ်၍ သိအပ်ကြောင်း၊ ထိုသို့ ရှုမှတ်၍သိသော သတိပဋ္ဌာန်မှကင်း၍ မဂ်ဖိုလ်နိဗ္ဗာန်
ကို မရနိုင်ကြောင်း'' အတိအလင်း ထင်ရှားပြထား ပါတယ်၊ ''အနုလောမံ ဂေါတြဘုဿ၊ ဂေါတြဘု မဂ္ဂဿ အနန္တရပစ္စယေန
ပစ္စယော'' ဟူသော ပဋ္ဌာန်းပါဠိတော်ဖြင့်လဲ ဝိပဿနာမရှုပဲ အရိယမဂ်Óဏ် ဖြစ်ရိုးမရှိကြောင်း အတိအလင်း ထင်ရှားပြထား
ပါတယ်။ ''ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာနိဗ္ဗာန ဝုစ္စတိ'' ဟူသော ပါဠိဖြင့် ''မြင်ပြီးလျှင် ပြီးချင်း အမှတ်မရသူ မရှုသူမှာ ရာဂ
စသော ကိလေသာ ဆင်းရဲ ကမ္မဝဋ် ဝိပါက ဝဋ်ဆင်းရဲများကို လက်ခံစုဆောင်းနေရာ ရောက်သောကြောင့် မရှုသူမှာ နိဗ္ဗာန်
ဝေးကြောင်း'' ထင်ရှားဖော်ပြထားပါတယ်၊ ပါဠိတတ်သူတိုင်း ဤအနက်သာမှန်ကြောင်းလဲ ထင်ရှားသိနိုင်ပါတယ်၊ ''ဧဝံ
အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ'' ဟူသော ပါဠိဖြင့် ''မြင်ပြီးလျှင် ပြီးချင်း အမှတ်ရသူ ရှုသူမှာ ကိလေသာဆင်းရဲ
ဝဋ်ဆင်းရဲများကို ပယ်ဖျက်ရာ ရောက်သောကြောင့် ရှုသူမှာ နိဗ္ဗာန်နီးကြောင်း'' ထင်ရှားဖော်ပြထားပါတယ်၊ ပါဠိတတ်သူတိုင်း
ဤအနက်သာ မှန်ကြောင်းလဲ ထင်ရှားသိနိုင်ပါတယ်၊ ဒါကြောင့် ဖြစ်ခိုက်ရုပ်နာမ်ကို မရှုပဲ၊ သို့မဟုတ် သီလအခြေခံ၍
သမာဓိ ပညာ ဘာဝနာအလုပ်ကို အားမထုတ်ပဲ မဂ်ဖိုလ်နိဗ္ဗာန်တရားထူးကို ရနိုင်ကြောင်း ပြောဟောချက်များကို ဘုရားအလို
တော်နှင့် ညီ-မညီ၊ သင့်-မသင့် မှန်-မမှန် အထူးသတိûပ၍ ဆင်ခြင်သင့်ပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၃၁
ရှုမှတ်မှ ဘုရားအလိုတော်ကျဖြစ်သည်
အမှန်ကတော့ မြင်ပြီးလျှင် (ပဋိဿတော) တဖန် အမှတ်ရသည်လို့ ဆိုတဲ့ အတိုင်း မြင်ပြီးလျှင် ရှုမှတ်ဖို့က ဘုရား၏
အလိုတော် ကျဘဲ၊ နောက်ပြီးတော့ (ဧဝံ သော စရတိဿတော-လို့) ဆိုတဲ့အတိုင်း ရှုမှတ်ပြီး ကျင့်တယ်ဆိုတာနဲ့၊ အဲဒီလို
ရှုမှတ်ပြီး အနိစ္စစသည်ဖြင့် အမှန်အတိုင်းသိယင် သိတိုင်း သိတိုင်း ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ဖျက်ဆီးသည် မည်တယ်၊
အဲဒီလို ရှုပြီး ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ဖျက်ဆီးပယ်ရှင်းနေတဲ့ သူမှာ နိဗ္ဗာန်နီးတယ်ဆိုတာဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
အလိုတော်အစစ်ဖြစ်ကြောင်း အလွန်ပင်ထင်ရှားနေပါတယ်။ ဒါကြောင့် အဲဒီ ဘုရားအလိုတော် ထင်ရှားပေါ်အောင် ဘုန်းကြီး
က ''မြင်ခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်'' လို့ နိဂုံးချုပ်ဆောင်ပုဒ် တခုလဲ စီထားပါတယ်။ အဲဒါကို ဆိုကြရမယ်။
မြင်ခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်
မြင်ခိုက်၌မရှုသူမှာ နိဗ္ဗာန်နှင့်ဝေးကြောင်း အမှတ် (၁-၂) ဂါထာများဖြင့် ပြထားတယ်၊ ဒါကြောင့် မြင်ခိုက်၌ မရှုယင်
နိဗ္ဗာန်နှင့် ဝေးတာဘဲ၊ နိဗ္ဗာန်နဲ့ဝေးချင်ယင် မရှုဘဲနေကြရုံဘဲ၊ နိဗ္ဗာန်နှင့် ဝေးချင်ကြသလား၊ နီးချင်ကြသလား၊ နီးချင်ကြ
သလား၊ (နီးချင်ကြပါတယ်ဘုရား)။ နိဗ္ဗာန်နှင့် နီးချင်ကြယင် မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်သွားကြဘို့ပါ
ဘဲ။ မြင်ရသည်၌ မြင်ရုံမျှဖြစ်လတံ့ဆိုတဲ့ ဝိပဿနာလုပ်ငန်းစဉ်နှင့်စပ်ပြီး ပြောစရာကတော့ စုံလောက်ပါပြီ၊ ယခုကြားရတာ
နှင့်စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာအလုပ်ပေးပုံ ဟောရမယ်။
ဝိပဿနာ၏ အခြေခံမေးခွန်းတော် (၂)
ယေ တေ သောတဝိညေယျာ သဒ္ဒါ အဿုတာ အဿုတပုဗ္ဗာ၊ န စ သုဏာသိ၊ န စ
တေ ဟောတိ သုဏေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊) သောတဝိညေယျာ နားဖြင့် တကယ်ကြားနိုင်ကောင်းကုန်သော၊
ယေ သဒ္ဒါ အကြင်အသံတို့ကို၊ တေ-သင်သည်၊ အဿုတာ-မကြာမီကလဲ မကြားဘူးသေး၊ အဿုတပုဗ္ဗာ-ရှေးကာလ
ရှေးဘဝတွေကလဲ မကြားဘူးခဲ့သေး၊ န စ သုဏာသိ-ယခုလဲ ကြားနေဆဲမဟုတ်၊ တေ-သင့်အား၊ န စ ဟောတိ သုဏေယျန္တိ
-ကြားနိုင်သည်ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊ တတ္ထ-ကြားလဲ မကြားဘူးသေး၊ ကြားဆဲလဲမဟုတ်၊ ကြားနိုင်တယ်- ကြား
ရလိမ့်မယ်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့ ထိုအသံတို့၌၊ တေ-သင့်အား၊ ဆန္ဒော ဝါ-လိုချင်နှစ်သက်မှုဆန္ဒသည်¤င်း၊
ရာဂေါဝါ-တပ်မက်စွဲလမ်းမှု ရာဂသည်¤င်း၊ ပေမံ ဝါ-ချစ်ခင်မှုသည်¤င်း၊ အတ္ထိ-ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလိုမေးတော်
မူပါတယ်။
ရှေးကလဲ မကြားဘူးသေးတဲ့အသံ၊ ယခုလဲ ကြားဆဲမဟုတ်တဲ့အသံ၊ ကြားနိုင်တယ်-ကြားရလိမ့်မယ်လို့ စိတ်ကူးထဲ
မှာတောင် မပေါ်သေးတဲ့အသံ၊ အဲဒီလိုအသံနှင့် အသံရှင်မိန်းမ ယောက်ျားကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း
ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို လုံးဝမကြားရ မသိရသေးတဲ့ အသံနဲ့ အသံရှင်ကို လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း
ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်မလဲ မဖြစ်ပါဘူး၊ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို လိုချင်နှစ်သက်ခြင်း တပ်မက်
ခြင်း ချစ်ခင်ခြင်း မဖြစ်ပါဘုရားလို့ ဖြေကြားလျှောက်ထားပါတယ်။ အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ။ ဒီအမေးဖြင့်
မကြားရတဲ့အသံကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်းစသည်မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မကြားရတဲ့အသံတွေကိုတော့ ဝိပဿနာ
ရှုဘို့ မလိုဘူး၊ အဲဒီအသံတွေမှာ ကိလေသာမဖြစ်ရအောင် ဝိပဿနာရှုဘို့ မလိုဘူးဆိုတာကိုလဲ သိစေပါတယ်။ အဲဒါကို
''မကြားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်'' လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၁။ မကြားရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်။
ကြားရယင်တော့ အဲဒီကြားရတဲ့အသံနဲ့ အသံရှင်ကိုအာရုံûပပြီး ချစ်ခင်နှစ်သက်မှုစသော ကိလေသာတွေ ဖြစ်နိုင်တယ်၊
အဲဒီလို ကိလေသာဖြစ်နိုင်ပုံကိုလဲ မေးခွန်းတော်ဖြင့်ပင် သိစေပါတယ်၊ အဲဒါကိုလဲ ''ကြားရရာမှာ၊ ကိလေသာ၊ ကိန်းကာ
ဖြစ်နိုင်သည်'' လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၂။ ကြားရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်။
ကိလေသာ ကိန်းတယ်ဆိုတာ မြင်တာကြားတာ စသည်ကို မရှုမသိလျှင် အဲဒီမြင်ရကြားရတဲ့ အာရုံစသည်ကို
ပြန်လည်ဆင်ခြင်ပြီး ကိလေသာ ဖြစ်နိုင်တာကို ဆိုတာပါဘဲ၊ ဒါကြောင့် အဲဒီလို ကိလေသာဖြစ်နိုင်ခွင့်ဆိုတဲ့ ကိန်းမှုမရှိရ
အောင် မြင်တိုင်း ကြားတိုင်းစသည်မှာ ရှုမှတ်ကြရတာဘဲ၊ အဲဒီလို ရှုမှတ်ပြီး ကိန်းမည့် ကိလေသာတွေကို ပယ်သင့်တယ်
မာလုကျပုတ္တသုတ်တရားတော် ၃၂
ဆိုတာကိုလဲ မေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်၊ အဲဒါကိုလဲ ''ကြားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်''
လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ ကြားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
ယခုဆိုခဲ့ကြတဲ့ အမှတ် (၁-၂-၃) ဆောင်ပုဒ်များအရ ဝိပဿနာလုပ်ငန်းစဉ်ကို မေးခွန်းဖြင့်ပင် သိနားလည်စေ
ကြောင်းကိုလဲ နိဂုံးချုပ်အနေဖြင့် ဆောင်ပုဒ်တခု စီထားပါသေးတယ်။ ''မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်'' တဲ့။
အဲဒါကိုလဲ ဆိုကြရမယ်။
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို မေးခွန်းဖြင့်ပင် ''ကြားရတဲ့အာရုံမှာ ကိလေသာမဖြစ်ရအောင် ကြားပြီးလျှင် ပြီးချင်း ရှုသိဘို့လိုတယ်'' ဆိုတဲ့
ဝိပဿနာ လုပ်ငန်းစဉ်ကို နားလည်စေပြီးတဲ့အခါ ကြားမှုနှင့် ဆိုင်တဲ့ ဝိပဿနာအလုပ်ကို (သုတေ သုတမတံ္တ ဘဝိဿတိလို့)
ညွှန်ကြားတော် မူပါတယ်၊ အပြည့်အစုံ ညွှန်ကြားပုံကိုတော့ ဤစာအုပ်မှာ (နှာ= ၂၈-မှ ၅၂-အထိ) ပြခဲ့ပါပြီ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တေ-သင်အား၊ ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု
မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊ သုတေ-ကြားရ သည်၌၊ သုတမတံ္တ ဘဝိဿတိ-ကြားရုံမျှ ဖြစ်လတံ့တဲ့။
ဒီစကားရပ်ဖြင့် ကြားရတဲ့ အာရုံမှာလဲ သင်ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင် ကြားရုံမျှ ဖြစ်ပါ
လိမ့်မယ်၊ ကြားရုံမျှ ဖြစ်-ဆိုတာ မကြားရတဲ့ အသံအာရုံတို့၌ ကိလေသာမဖြစ်နိုင်သလိုပင် ဒီကြားရတဲ့ အသံ၌ ကြားပြီးလျှင်
ပြီးခြင်း ရှုမှတ်ပြီး သိသွားယင် နောက်ဆက်တွဲ ကိလေသာ အကြံတွေ မဖြစ်တော့ပဲ ကြားရုံမျှသာ ဖြစ်ပါလိမ့်မယ်-လို့ ဆိုလို
တာပါပဲ။ ဒီလိုဖြစ်ပုံနဲ့ စပ်ပြီး အသေးစိတ်အားဖြင့် နားလည်ရအောင် ဤစာအုပ် (နှာ ၃ဝ- စသည်)မှာ မြင်ဆဲ၌
စိတ်အစဉ်ဖြစ်ပုံဆိုတဲ့ စာညွှန်းခေါင်းဖြင့်ပြခဲ့ပါပြီ။ အဲဒီမှာ မြင်သိ ဝီထိစိတ်စဉ်အရာ၌ ဒီကကြားသိဝီထိစိတ်စဉ်ကို လဲထည့်ပြီး
မှတ်သားရုံပါဘဲ၊ လဲထည့်ပုံအစဉ်ကို လိုက်ဆိုကြရမယ်။
ကြားပြီး မရှုနိုင်လျှင် ပညတ်ရောက်ပုံ
ထင်ဆဲ အသံဓာတ် ကြားလတ်ဦးစွာ၊ (ဒါက ကြားသိ ဝီထိ ဖြစ်ပုံဘဲ)
ကြားပြီးတရား စဉ်းစားပြန်ရာ၊ (ကြားပြီးနောက် ပဌမ ကြံသိဝီထိ ဖြစ်ပုံဘဲ)
အမည်နာမ သိရပြီးခါ၊ (ဒါက စကားသံအမည်သိပုံ ဒုကြံသိဝီထိဘဲ)
အနက်ပညတ် သိလတ်နောက်ဆုံးမှာ၊ (စကား၏အနက်ပညတ်ကို သိပုံဘဲ)
ဒီဆောင်ပုဒ်အရ ကြားစဉ်က ကြားရတဲ့ အသံမျှကိုသာသိတယ်။ အဲဒီအနေမှာ ရှုမှတ်နိုင်ယင် ကြားရုံမျှတွင်ပဲ ရပ်စဲ
သွားတယ်၊ မမှတ်နိုင်ယင်တော့ အဲဒီကြားရတာကို ပြန်လည်ကြံသိတဲ့ စိတ်အစဉ်ဖြစ်လာတယ်၊ ဒီစိတ်အစဉ်မှာလဲ ကြားပြီး
အသံမျှကို သာသိပါသေးတယ်၊ ပညတ်အာရုံမပေါ်သေးပါဘူး၊ ဥပမာ လူ-ဆိုတဲ့ အသံကို ကြားရယင် အဲဒီ အသံလောက်သာ
ပေါ်ပါသေးတယ်၊ လူဆိုတဲ့ အမည်ပညတ်တော့ မပေါ်သေးပါဘူး၊ ဒါကြောင့် အဲဒီကြံသိဝီထိ အခြားမဲ့၌ ရှုမှတ်နိုင်ယင်လဲ
ပရမတ်အသံမျှကို သိရုံတွင်သာ ရပ်စဲသွားပါတယ်။ မရှု မမှတ် နိုင်ယင်တော့ လူဆိုတဲ့ အမည်ဝေါဟာရပညတ်လဲ ထင်ရှားတဲ့
ဒုတိယ ကြံသိဝီထိဖြစ်သွားတယ်၊ အဲဒီကနောက် လူပုံသဏ္ဌာန် ပညတ်ထင်ရှားတဲ့ တတိယကြံသိဝီထိစသည်လဲ ဖြစ်သွားတော့
တာဘဲ၊ အဲဒီလို ပညတ်တွေပေါ်သွားယင်တော့ ပြန်လည်ဆင်ခြင်ပြီး ချစ်ခြင်း မုန်းခြင်းစသော ကိလေသာတွေ ဖြစ်ပွားသွား
တော့တာဘဲ၊ အဲဒီလို ကိလေသာ ကြံသိဝီထိတွေ ဆက်လက် မဖြစ်ပဲ ကြားရုံမျှတွင် ရပ်စဲသွားအောင် ကြားပြီးလျှင်ပြီးချင်း
ရှုမှတ်ပြီး သိသိသွားဘို့ပါဘဲ၊ အဲဒီလို ဖြစ်ပုံကိုလဲ လိုက်ဆိုကြရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၃၃
ကြားပြီး ရှုနိုင်လျှင် ပရမတ်၌ တည်ပုံ-Óဏ်ဖြစ်ပုံ
ကြားလျှင် ကြားခြင်း လက်ငင်းမှတ်လျှင်၊ (ကြားသိဝီထိ၏ အခြားမဲ့၌၊ သို့မဟုတ်
ပဌမ ကြံသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်လျှင်လို့ ဆိုလိုတာပါဘဲ။)
ကြားရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊ (အဲဒီလို ရှုမှတ်နိုင်လျှင် ကြားရုံမျှတွင်ပဲ စိတ်အစဉ်
ရပ်စဲသွားတယ်၊ဒုတိယ ကြံသိဝီထိစသည် မဖြစ်တော့ဘူးလို့ ဆိုလိုတယ်၊ သုတေ သုတမတံ္တ
ဘဝိဿတိ-ဆိုတဲ့ ဒီ ဒေသနာတော်နှင့် အညီပါဘဲ။)
ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊ (ကြားရတာက ရုပ်+ကြားသိတာက ရှုသိတာက
နာမ်-ဒီရုပ်နာမ် ၂-ပါးကိုလဲ ခွဲခြားသိတယ်၊ ကြားရတာရော+ကြားသိတာရော+ရှုသိတာရော
ပေါ်လာပြီး ချက်ခြင်းပင် ပျောက်ကွယ်သွားတယ် ဆိုတာကိုလဲ ကိုယ်ပိုင်Óဏ်ဖြင့် သိမြင်
တယ်လို့ ဆိုလိုပါတယ်။)
အနိစ္စ, ဒုက္ခ, သဘောထင်။ (အနိစ္စ မမြဲဘူး၊ ဒုက္ခ-ဆင်းရဲမျှဘဲ၊ အတ္တမဟုတ်တဲ့
သဘောတရားမျှပဲလို့ ဒီလိုလဲအသိÓဏ်မှာ ထင်ပေါ်တယ်လို့ ဆိုလိုပါတယ်။)
ဘုန်းကြီးတို့၏ တပည့်ယောဂီတွေဟာ ဖောင်းတာ ပိန်တာမှစပြီး ပေါ်ရာပေါ်ရာကို မမေ့မလျော့ မပြတ်ရှုမှတ်နေကြရ
တယ်၊ အဲဒီလို ရှုမှတ်နေယင်း အသံကြားယင်လဲ ကြားတယ်လို့ ရှုမှတ်နေရတယ်၊ အဲဒီလို ရှုမှတ်လိုက်တော့ ကြားရုံမျှတွင်
တည်တယ်၊ ကြားတာကို ဆက်လက်ဆင်ခြင်ပြီး ကိလေသာတွေ မဖြစ်ရတော့ဘူး၊ အဲဒီလို မရှုမမှတ်ပဲ အမှတ်တမဲ့ နေမြဲနေကြ
တဲ့ သာမာန်လူတွေမှာတော့ ကြားတာကို ကြားတယ်လို့ ရှုရမယ်ဆိုတာလဲ မသိကြဘူး၊ ရှုမှတ်လိုတဲ့စိတ်လဲ အများအားဖြင့်
မရှိကြဘူး၊ ဒါကြောင့် ကြားပြီးလျှင် ချစ်ဖွယ်အာရုံကောင်းကိုသာ မြှော်ပြီး မေ့နေကြတာဘဲ၊ အဲဒီလို ရှုမှတ်ခြင်းမရှိပဲ မေ့နေသူ
မှာ နိဗ္ဗာန်ဝေးကြောင်း ဂါထာ ၂-ပုဒ်ဖြင့် ဒီလို ပြဆိုထားပါတယ်။
ကြားခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ သဒံ္ဒ သုတွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတံ္တ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော-နှလုံးသွင်း မြှော်လင့်နေသောသူအား၊ (တရားအားထုတ်ခြင်း
မရှိတဲ့ ပကတိပုဂ္ဂိုလ်တွေဟာ ချစ်ဖွယ်အာရုံကောင်းကို အမြဲပင် လိုချင်တောင့်တနေကြတယ်၊ ဒါကြောင့်မျက်စိထဲ အဆင်းရိပ်
ထင်ပေါ်လာယင် ဘာပါလိမ့်မလဲလို့ ဆင်ခြင်တဲ့အာဝဇ္ဇန်း စိတ်ကတည်းက ချစ်ဖွယ်ကို အများအားဖြင့် မြှော်လင့်ဆင်ခြင်ပြီး
ဖြစ်တယ်၊ နားထဲ အသံထင်ပေါ်လာတဲ့ အခါလဲ အသံကောင်းကို မြှော်လင့်လျက် ဆင်ခြင်တယ်၊ တရံတခါတော့ အဆင်းဆိုး
အသံဆိုးကို ရှောင်ရန် ဖျက်ရန်အတွက် ဆင်ခြင်တာလဲ ရှိပါသေးရဲ့၊ ဒါပေမဲ့ အများအားဖြင့်တော့ အကောင်းကို မြှော်လင့်တာ
ကပဲ များပါတယ်၊ အဲဒီလို အကုသိုလ်ဖြစ်ရေး အားပေးတဲ့ ဆင်ခြင်မှုကို အယောနိသော မနသိကာရလို့ ခေါ်တယ်၊ အဲဒီလို
ချစ်ဖွယ်အသံကောင်းကို နှလုံးသွင်း မြှော်လင့် ဆင်ခြင်သူမှာ) သဒံ္ဒ သုတွာ အသံကို ကြားပြီး၍၊ ဝါ-ကြားပြီးလျှင်၊ (ပိယံ
နိမိတံ္တ မနသိ ကရောတော ချစ်ဖွယ်အာရုံကို နှလုံးသွင်းမိသောသူအား၊ အစ ပဌမက ချစ်ဖွယ်ကို မြှော်လင့်နေသူမှာ အသံကို
ကြားပြီးလျှင် ချစ်ဖွယ်အနေဖြင့် နှလုံးသွင်းမိတော့တာပါဘဲ။ အဲဒီ နှလုံးသွင်းမိတဲ့သူမှာ) သတိ မုဋ္ဌာ အမှတ်မရပဲ သတိမေ့
သွားလေတော့ သည်တဲ့။ အဲဒါကို ''အသံကြားလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်'' လို့ ''အဆင်မြင်လျှင်'' ဆိုရာမှာ
''အသံ ကြားလျှင်'' လို့ ပြင်ပြီးဆိုကြရမယ်။
၁။ အသံကြားလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
အဲဒီမှာ မေ့ဆိုတာက ရှုမှတ်မှုမရှိတာကို ပြောတာပါဘဲ၊ လောကရေးဘက်ကတော့ မမေ့ပါဘူး၊ ဘာပြောတာဘဲ၊
ဘယ်သူ့အသံဘဲ စသည်ဖြင့် စွဲလမ်းသိမ်းပိုက်လျက် အမှတ်ရနေတာပါဘဲ။ ဒါကြောင့်မာလုကျပုတ္တသုတ်တရ
ားတော် ၃၄
သော-ကြားပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊ သာရတ္တစိတ္တော-တပ်မက်သော စိတ်ရှိလျက်၊
ဝေဒေတိ-ကြားရသည့်အသံကို ခံစား၏၊ တဉ္စ-ထိုအသံကိုလည်း၊ အဇ္ဈောသ တိဋ္ဌတိ-မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌
သိမ်းပိုက်လျက်တည်၏-လို့ ဟောထားတာပါဘဲ၊ ဆောင်ပုဒ်ကတော့ မြင်ရာ၌လိုပါဘဲ။ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်သည်။
နောင်ပြန်လည်ဆင်ခြင်တိုင်း အဲဒီကြားရစဉ်ကလိုပင် အသံကလေးက ထင်ရှားပေါ်လွင်နေတယ်၊ အဲဒီလို ထင်ပေါ်ပုံနဲ့
စပ်ပြီး မှတ်ဖွယ်ကောင်းတာကတော့ အရှင်နန္ဒမထေရ်၏ ဝတ္ထုပါဘဲ။
အရှင်နန္ဒမထေရ် ဝတ္ထု
အရှင်နန္ဒဆိုတာ မြတ်စွာဘုရား၏ အဖတူအမိကွဲ ညီတော်ပါဘဲ၊ မြတ်စွာဘုရားရှင်က သုဒ္ဓေါဒနမင်းကြီးနှင့်
မယ်တော်မဟာမာယာဒေဝီတို့မှ ဖွားမြင်တော်မူတယ်၊ အရှင်နန္ဒကတော့ မဟာမာယာဒေဝီ၏ ညီမတော်မဟာပဇာပတိဂေါတမီ
မှဖွားမြင်တော်မူတယ်။ အရှင်နန္ဒဟာ မြတ်စွာဘုရားအောက် အသက်က လေးငါးရက်လောက်သာ ငယ်ပါတယ်၊ ဘုရား
အလောင်း ဖွားမြင်တော်မူပြီးနောက် (၇)ရက်မြောက်မှာ မယ်တော်မဟာမာယာက နတ်ရွာစံသွားတယ်၊ အဲဒီအခါ မဟာပဇာ
ပတိ ဂေါတမီက သားရင်းဖြစ်တဲ့ နန္ဒသူငယ်ကို အထိန်းတော်များနှင့် လွှဲထားပြီးတော့ ဘုရားအလောင်းတော်ကို ကိုယ်တိုင်
နို့တိုက်ကျွေးပြီး စောင့်ရှောက်လာခဲ့တယ်လို့ ဆိုတယ်။
မြတ်စွာဘုရားရှင်ဟာ ပဌမဝါကျွတ်ပြီးတဲ့နောက် ရာဇûဂိဟ်ûမိ့၌ြ<ွကရောက်ပြီး ဟောပြောလျက်ရှိတယ်၊ အဲဒီအခါ
ခမည်းတော် သုဒ္ဓေါဓနမင်းကြီး၏ ပင့်လျှောက်ချက်အရ ကပိလဝတ်နေပြည်တော်သို့ြ<ွကတော်မူတယ်၊ ၃-ရက်မြောက်နေ့
နံနက်မှာ နန္ဒမင်းသားကို ဇနပဒကလျာဏီဆိုတဲ့ နှမတော် မင်းသမီးနှင့် လက်ထပ်မင်္ဂလာ, မင်းအဖြစ် အဘိသိက်မင်္ဂလာများ
အတွက် ကပ်လှူတဲ့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးတဲ့အခါ နန္ဒမင်းသားကို သပိတ်ဆောင်ယူစေပြီး ကျောင်းတော်သို့ ပြန်ြ<ွက
တော်မူတယ်၊ နန္ဒမင်းသားက ဟိုနားကျယင် သပိတ်ပြန်ယူနိုးနိုး, ဒီနားကျယင် သပိတ်ပြန်ယူနိုးနိုးနဲ့ သပိတ်တော်ကို စွဲကိုင်
လျက် မြတ်စွာဘုရား၏ နောက်တော်က လိုက်ပါသွားရပါတယ်၊ အဲဒီအနေမှာ ဇနပဒကလျာဏီက အဲဒီသတင်းကို ကြားသိရ
လို့ ခေါင်းလျှော်ûပပြင်နေရာက ဆံပင်များကို လက်နဲ့ကိုင်လျက် စိတ်ပူပြီး (တုဝဋံ ခေါ အယျပုတ္တ အာဂစ္ဆေယျာသိ) အရှင့်
သားရေ မြန်မြန်ပြန်လာခဲ့ပါနော်လို့ နန္ဒမင်းသားကို မှာလိုက်သတဲ့။
ကျောင်းရောက်တဲ့အခါကျတော့ မြတ်စွာဘုရားရှင်က ''ညီတော်နန္ဒ ရှင်ရဟန်းûပမလား'' လို့ မေးတော်မူတယ်။ နန္ဒ
မင်းသားက ရှင်ရဟန်းûပလိုတဲ့စိတ်တော့ မရှိပါဘူး၊ ဒါပေမဲ့ မြတ်စွာဘုရားကို ရိုသေလေးစားသောအားဖြင့် (အာမ ပဗ္ဗဇိ
ဿာမိ) မှန်ပါ ရှင်ရဟန်းûပပါမည်လို့ လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားရှင်က ''ဒါဖြင့် နန္ဒကို ရှင်ရဟန်းûပပေးကြ''
လို့မိန့်တော်မူပြီး နန္ဒမင်းသားကို ရှင်ရဟန်းûပစေတယ်။ နောက်ကာလ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူတဲ့အခါ
အရှင်နန္ဒက ရဟန်းဘောင်မှာ မပျော်မမွေ့ ငြီးငွေ့နေတာနဲ့ သီတင်းသုံးတော်များအား သူကဒီလိုပြောသတဲ့'' ငါ့ရှင်တို့ ငါဟာ
မပျော်မွေ့ပဲ အကျင့်မြတ်ကို ကျင့်နေရတယ်၊ အကျင့်မြတ်ကို မိမိသန္တာန်၌ တည်စေရန် မစွမ်းနိုင်တော့ပါဘူး၊ သိက္ခာချပြီး
လူထွက်ပါတော့မယ်'' လို့ ပြောသတဲ့။
အဲဒီအကြောင်းအရာကို ကြားတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က အရှင်နန္ဒကို ခေါ်ပြီးမေးတော်မူတယ်၊ အရှင်နန္ဒ
ကဟုတ်မှန်ကြောင်း လျှောက်တယ်၊ ဘာ့ကြောင့် ရဟန်းဘဝ၌ ပျင်းသလဲလို့ မေးတော်မူတယ်၊ အိမ်က ထွက်ခွါလာခဲ့စဉ်က
ဇနပဒကလျာဏီဟာ ခေါင်းဖီး၍ ထက်ဝက်မျှပြီးသေးတဲ့ ဆံပင်တွေနဲ့ တပည့်တော်ကိုကြည့်ပြီး ''အရှင့်သားရေ မြန်မြန်ပြန်ခဲ့
ပါနော်'' လို့ မှာလိုက်ပါတယ်၊ တပည့်တော်ဟာ အဲဒီစကား သံကြားနေရသလိုပင် သတိရလျက် ရဟန်းဘဝ၌ မပျော်မွေ့ပဲ
ဖြစ်နေပါတယ် စသည်ဖြင့် လျှောက်ထားပါသတဲ့။
အဲဒီတော့ မြတ်စွာဘုရားရှင်က အရှင်နန္ဒ၏လက်မောင်းကိုကိုင်ပြီး တန်ခိုးတော်ဖြင့် ဆောင်ယူခဲ့ပြီးတော့ မီးလောင်
ထားတဲ့ လယ်ယာကွက်တနေရာမှာ မီးလောင်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမကောင်ကို ပြခဲ့ပါတယ်၊ အဲဒီမျောက်အိုမမှာ နား
နှာခေါင်း အမြီးတွေလဲ ပြတ်နေလို့ အလွန်အရုပ်ဆိုးတဲ့ မျောက်မဖြစ်ပါသတဲ့၊ အဲဒီကနောက် တာဝတိံ သာနတ်ပြည်သို့
ဆောင်သွားတယ်၊ အဲဒီတာဝတိံ သာ ရောက်တော့ သိကြားမင်းထံလာကြတဲ့ အလွန်လှပတဲ့ နတ်သမီးငါးရာကိုလဲ အရှင်နန္ဒက
မြင်တွေ့ရတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က ''ဘယ်လိုထင်သလဲ ညီတော်နန္ဒ ဇနပဒကလျာဏီနဲ့ ဒီနတ်သမီး ငါးရာဟာ
ဘယ်သူက ပိုပြီးလှပါသလဲ'' လို့ မေးတော်မူတယ်။ ဒီနတ်သမီးငါးရာနှင့် နိုင်းယှဉ်ကြည့်ယင်တော့ ဇနပဒကလျာဏီက
ဟိုမျောက်အိုမလိုပဲ ဖြစ်နေပါတယ်။ ဒီနတ်သမီးတွေရဲ့ အလှကို ၁၆-ပုံပြီး တပုံတောင်မရှိပါဘူးလို့ အရှင်နန္ဒက လျှောက်တယ်။

No comments:

Post a Comment