တိုက်ရိုက်လွှင့်ထုတ်မှု့အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.....

Rensselaer မြို့ ( Albany, New York )တွင်တည်ရှိသော ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော်ဦးဣဿရိယက ဦးဆောင်ပြီး လူငယ်များ ဘာသာ၊သာသနာ နှင့်ရင်းနှီးကျွမ်း ဝင်လာစေရန် အတွက်၎င်း၊ ဝိပဿနာတရားအားထုတ်နိုင်ရန်အတွက်၎င်း၊
သာသနာပြုရန်ကြွရောက်လာကြသော အာဂန္တုရဟန်းတော်များ ချမ်းသာစွာသီတင်းသုံးနိုင်စေရန် ရည်ရွယ်၍ ဓမ္မာရုံ နှင့် တရားဟောခန်းမများကိုတိုးချဲ့ဆောက်လုပ်လျှက်ရှိပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းမိမိတို့တတ်စွမ်းသမျှ အလှူတော်ငွေ၊ လုပ်အားအလှူတို့ကိုတစ်ဦးတည်းဖြစ်စေ၊စုပေါင်း ၍ဖြစ်စေပါဝင်ကုသိုလ်ယူနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုပါက....ဆရာတော်ဦးဣဿရိယ....

Dhammavadi Aungmyay Mingala Temple
1140 Broadway
Rensselaer, NY 12144
Tel: 646-284-2763 (mobile)
Tel: 518-772-1634 (Monastery)..
Email...nawarat2004@yahoo.com သို့ဆက်သွယ်နိုင်ပါသည်။
Payable to.......U Eithareya.

ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ အော်ဘနီ၊ ရန်ဆဲလ်လီယာမြို့၊ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း တွင်
၂၀၁၀ခု မတ်လ(၁၇) မှ (၂၀)ရက်အထိ၊ (၃)ရက် ကျင်းပပူဇော်အပ်သော ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ


ပထမနေ့ ..... မနက်ပိုင်း.....(ဖွင့်ပွဲ)

03/17/11 01:31PM
03/17/11 04:52PM
03/17/11 06:11PM
03/17/11 09:40PM

03/18/11 01:08PM
03/18/11 05:47PM

03/19/11 08:36AM
03/19/11

03/20/11 05:00AM
03/20/11 08:01AM
03/20/11 11:32AM (ပိတ်ပွဲ / အောင်ပွဲ)

Ashin Kheminda (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင် ခေမိန္ဒ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ ၁။ အရတော်စွ လူ့ဘဝ

Ashin Pyanyarwantha , (Dhamma Vadi Aungmyay Monastery , Albany , New York)

အရှင်ပညာဝံသ ( ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်း - (Albany , New York) ဟောကြားတော်မူသောတရားတော်များ

မြတ်ပဌာန်းဒေသနာတရားတော်များ

မိုးကုတ်မြို့  ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက (တောင်တန်းသာသနာပြု)သုံးဘွဲ့ရ ဓမ္မာစရိယ သာသနဝိသောဓနီအဖွဲ့ (ဥက္ကဌ)နိုင်ငံတော်ဗဟိုဝန်ဆောင်သဒ္မမ္မဇောတိကဓဇ မဟာသဒ္မမ္မဇောတိကဓဇ ဂန္ထ ဝါစကပဏ္ဍိတ သကျသီဟပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဌ
မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသ
ခက်ခဲနက်နဲသောမြတ်ပဌာန်းဒေသနာတရားတော်များကို လွယ်ကူ၊နားလည်၊နှုတ်တက်ရစေရန် ရည်ရွယ်၍
Albany, New York , Rensselear မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ၌ ညစဉ်သင်ကြားပို့ချဟောပြောချက်များ.........



မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda

မိုးကုတ်ဝိပဿနာပဓာနနာယက ကမ္မဋ္ဌာန်းနည်းပြSayadaw U Tayzeinda
Click on the photo.

Thursday, May 21, 2009

မာလုကျပုတ္တသုတ်တရားတော် ၃၅-၆၄

မာလုကျပုတ္တသုတ်တရားတော် ၃၅
အဲဒီတော့ မြတ်စွာဘုရားရှင်က ''ညီတော်နန္ဒ ရဟန်းဘဝ၌ ပျော်မွေ့ပါ၊ ဟောဒီနတ်သမီးတွေကို ရဘို့အတွက်
ငါဘုရားက တာဝန်ခံပါသည်'' လို့ မိန့်တော်မူတယ်။ ''အဲဒီလို ဆိုယင် ဘုရားရှင်၏ သာသနာအကျင့် မြတ်၌ ပျော်မွေ့ပါမည်''
လို့ အရှင်နန္ဒက ဝန်ခံပါသတဲ့။ လူ့လောကပြန်ရောက်လာတဲ့အခါ အရှင်နန္ဒဟာ နတ်သမီးတွေ ရလိမ့်မယ်လို့ မြှော်လင့်ပြီး
ရဟန်းအကျင့်တရားကို ပျော်ရွှင်စွာ အားထုတ်နေပါသတဲ့။
အဲဒီအခါ အချို့ရဟန်းတော်များက ''မြတ်စွာဘုရားဟာ အရှင်နန္ဒအား နတ်သမီးတွေ ရရေးအတွက် အာမခံထား
သတဲ့၊ အရှင်နန္ဒက နတ်သမီးတွေရအောင် ကျင့်နေသတဲ့၊ ဒီလိုဆိုတော့ နေ့စား လစား အလုပ်သမားမျိုး ဖြစ်နေတာပေါ့၊
ငွေဖြင့် ဝယ်ထားတဲ့ အလုပ်သမားမျိုး ဖြစ်နေတာပေါ့'' လို့ ကဲ့ရဲ့ပြောဆိုကြသတဲ့။ အဲဒီလို ပြောဆိုတာတွေကို ကြားရတော့
အရှင်နန္ဒဟာ အလွန်ရှက်ပြီးတော့ (ဧကော ဝူပကဋ္ဌော) တပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် (အပ္ပမတ္တော)
ကမ္မဋ္ဌာန်းအာရုံ၌ အမှတ်ရမှုသတိကို မစွန့်မူ၍ (ဒါက အဋ္ဌကထာအဖွင့်ဘဲ၊ မြန်မာလို အချောအားဖြင့် ဆိုယင်တော့) ရှုမှတ်
ဖွယ်အာရုံကို မမေ့မလျော့ မပြတ်ရှုမှတ်လျက် (အာတာပီ) ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော
သမ္မပ္ပဓာန် လုံ့လနှင့် ပြည့်စုံသည်ဖြစ်၍ (ပဟိတတ္တော) ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးရရန်သာ
စေလွှတ်အပ်သောစိတ်, စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည်ဖြစ်၍ ကျင့်နေတယ်၊ ဒါကြောင့် မကြာခင်ပဲ အရဟတ္တမဂ်
အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာဖြစ်သွားတော်မူပါသတဲ့။
ဒီဝတ္ထုထဲမှာ လိုရင်းသိစရာကတော့ ရှုမှတ်မှုလုံးဝမရှိသေးခင်က သူ့ဇနီး ဇနပဒကလျာဏီကမှာလိုက်တဲ့ စကားသံ
ကလေးကို စိတ်ထဲမှာ ကြားယောင်ယောင် ဖြစ်နေပုံပါဘဲ။ အခြားသူတွေလဲ တရားရှုမှတ်ခြင်းမရှိယင် ကြားရတဲ့ ချစ်ဖွယ်
စကားသံ ကလေးတွေ စိတ်ထဲမှာ စွဲတည်နေတာချည်းဘဲ၊ အဲဒီလို ဖြစ်ပုံကို (သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်
တည်-လို့) ဆိုထားတာပါဘဲ။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ သဒ္ဒသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ- ကြားရတဲ့အသံကို စိတ်ထဲ၌စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား သဒ္ဒသမ္ဘဝါ- စွဲလျက် သိမ်းပိုက်ထားသည့်
အသံကြောင့် ဖြစ်ကုန်သော၊ အနေကာများစွာကုန်သော၊ ဝေဒနာ-အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ
ဖြစ်ပွါးကုန်၏တဲ့။ ဆောင်ပုဒ်ကတော့ ''အဆင်းဆိုင်ရာ''လို့ ဆိုထားရာမှာ ''အသံဆိုင်ရာ'' လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်။
အဲဒါကို ဆိုကြရမယ်။
၃။ အသံဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
အဲဒီအသံကောင်းကလေးတွေကို အာရုံûပပြီး စိတ်ကူးထဲမှာ သုခဝေဒနာတွေလဲ ဖြစ်ပွားနေတယ်၊ အဲဒီအသံကောင်း
ဆိုင်ရာအာရုံကို မရနိုင်မဲ့အရေး ကြံတွေးပြီးတော့ ဒုက္ခဝေဒနာတွေလဲ ဖြစ်ပွားနေတယ်၊ အဒီလိုဖြစ်ပုံတွေဟာ ကိုယ်တိုင်တွေ့
အားဖြင့်ပင် ထင်ရှားနေပါတယ်။ နောက်ပြီးတော့အဘိဇ္ဈာ
စ-ရလိုသမှုရှေးရှုကြံစည်သော လောဘသည်¤င်း ဝိဟေသာ စ ညှဉ်းဆဲလိုသော ဒေါသသည်¤င်း၊ ဝဍ္ဎုန္တိ
ဖြစ်ပွားကုန်၏၊ အဿထိုပုဂ္ဂိုလ်၏၊ စိတံ္တ-စိတ်သည်၊ ဥပဟညတိ-လောဘဒေါသတို့ကြောင့် ပင်ပမ်းလျက် ရှိနေချေသည်တဲ့။
အဲဒီ ကြားရတဲ့ အသံအာရုံကို ရလိုတဲ့ လောဘ, ရပြီးကို ခင်မင်တွယ်တာတဲ့ လောဘဆိုတာတွေလဲ ဖြစ်ပွားနေကြတယ်၊
အဲဒီအသံအာရုံကို မရအောင်ဖြစ်စေ၊ ရပြီးကို ပျက်စီးဆုံးရှုံးအောင်ဖြစ်စေ ûပမယ်ûပတယ်လို့ ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့
ဒေါသတွေလဲ ဖြစ်ပွားနေကြတယ်၊ အဲဒီ လောဘ ဒေါသ တွေကစေခိုင်းတိုက်တွန်းတဲ့အတိုင်း ကြောင့်ကြစိုက်ထုတ် ûပလုပ်
နေကြရတဲ့အတွက် စိတ်ဟာ ပင်ပန်းဆင်းရဲနေပါတယ်တဲ့။ အဲဒါအတွက် ဆောင်ပုဒ်ကတော့ ရှေးကနဲ့ အတူတူပါဘဲ၊ ဆိုကြရ
မယ်။
၎။ လောဘစည်ကား၊ ဒေါသပွား၊ ဗျာများစိတ်ပန်းသည်။
အဲဒီအဆိုအတိုင်း ကိလေသာတွေ ကံတွေ အကျိုးဝိပါက် ဆင်းရဲတွေ ဖြစ်ပွားနေကြောင့်း၊ မရှုမမှတ်သူမှာ အဲဒီ
ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံစုဆောင်းနေသည် မည်ကြောင်းများကို ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။ ဒါကြောင့်-
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲကို၊ အာစိနတော လက်ခံ၍ ဆည်းပူး
စုဆောင်းနေသော သူအား၊ နိဗ္ဗာနံ ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါ
မာလုကျပုတ္တသုတ်တရားတော် ၃၆
သည်တဲ့၊ ရှေးကလဲ ငါတို့ဟာ မရှုမမှတ်ပဲ အမှတ်တမဲ့ နေလာခဲ့တာဘဲ၊ မûပပြင် မပြောင်းလဲတော့ ပါဘူးလို့ ကြံပြီး နေမြဲ
နေသွားယင် မီးပုံကြီးထဲ လောင်စာတွေ မပြတ်ထည့်ပေးနေလို့ မီးမငြိမ်းသလိုပင် ဆင်းရဲတွေဟာ ဖြစ်မြဲဖြစ်ပွားပြီး မငြိမ်းဘဲ
ရှိနေမယ်၊ အဲဒီတော့ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန် ဝေးနေမြဲဝေးနေတာပေါ့၊ ဆောင်ပုဒ်တွေကတော့ ရှေးကနဲ့အတူတူပါဘဲ၊ ဆိုကြရ
မယ်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွနိဗ္ဗာန်ပြည်။
ယခု ရွတ်ပြခဲ့တဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ကြားခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန် ဝေးသည်လို့)
ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြားခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ကြားတိုင်း ကြားတိုင်း မပြတ်ရှုမှတ်နေယင်တော့ နိဗ္ဗာန်နဲ့ နီးကပ်နီးကပ်သွားတယ်၊ အဲဒီလို နိဗ္ဗာန်နဲ့နီးပုံကို ဒါရိုက်
ပြတဲ့ ဂါထာ ၂-ပုဒ်ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။
ကြားခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ သဒ္ဒေသု၊ သဒံ္ဒ သုတွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော-အကြင်ပုဂ္ဂိုလ်သည်၊ သဒံ္ဒ သုတွာ-အသံကို ကြားပြီး၍၊ ဝါ-အသံကို ကြားပြီးလျှင်၊ ပဋိဿတော- တဖန်
အမှတ်ရသည်၊ ဟောတိ- ဖြစ်၏။ (အသံကို ကြားပြီးလျှင် တဖန် အမှတ်ရတယ်ဆိုတဲ့ ဒီပါဠိအနက်ကို အထူး သတိûပကြရ
မယ်၊ အဲဒါဟာ ကြားပြီးလျှင်ပြီးချင်း ရှုမှတ်ရမယ်လို့ ဝိပဿနာရှုပုံကို ဒါရိုက်ထင်ရှားပြတဲ့ စကားဘဲ၊ ဒါကြောင့် ''ဝိပဿနာ
ရှုတယ်ဆိုတာ ကြားပြီး တရား, မြင်ပြီး တွေ့ပြီး သိပြီး တရားကိုသာ ရှုရတယ်။ မကြားရ မမြင်ရ မတွေ့ရ မသိရတာတွေကို
သုတမယÓဏ်မျှဖြင့် ဆင်ခြင်ပြီး ရှုရတာမဟုတ်ဘူး'' ဆိုတာက ခိုင်မြဲစွာ မှတ်သားထားကြရမယ်) သော အသံကိုကြားပြီး
လျှင် ချက်ခြင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ သဒ္ဒေသု-ကြားရသော အသံတို့၌၊ န ရဇ္ဇတိ-မတပ်မက်၊ ဝါ- တပ်မက်မှု
ရာဂကင်းသည်တဲ့။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သိဝီထိဖြစ်ပုံနှင့် အလားတူ ကြားသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို
ပြတာဘဲ၊ အဲဒီလို ကြားပြီးလျှင် ပြီးချင်း အမှတ်ရတဲ့ သူဟာ ကြားရတဲ့ အသံရုပ်မျှကိုသာ မှန်စွာသိရတယ်၊ အဲဒီအသံရုပ်နဲ့
ကြား သိနာမ်-စသည် ချက်ခြင်းပင် ပျောက်ကွယ် ပျက်စီးသွားတာကိုလဲ အမှန်အတိုင်း သိရတယ်၊ မိန်းမအသံဘဲ, ယောက်ျား
အသံဘဲ, ဘာကိုပြောတာဘဲ စသည်ဖြင့် ချစ်ဖွယ် ပညတ်အာရုံကို မတွေ့ရဘူး၊ ဒါကြောင့် အဲဒီကြားရတာကို ဆက်လက်ပြီး
မဆင်ခြင်တော့ပဲ ကြားရုံမျှ၌သာ တည်တယ်၊ (သုတေ သုတမတံ္တ ဘဝိဿတိ) ကြားရသည်၌ ကြားရုံမျှ ဖြစ်လတံ့ဆိုတဲ့
စကားတော်နဲ့ အညီပါဘဲ၊ အဲဒီအသံကို ကြားရပေမဲ့ မကြားရတဲ့ အသံမှာလိုပင် တပ်မက်သာယာမှု စသော ကိလေသာ
မဖြစ်တော့ပဲ ကင်းတယ်၊ ဒါကြောင့် (န သော ရဇ္ဇတိ သဒ္ဒေသု) အမှတ်ရတဲ့ ထိုသူဟာ ကြားရတဲ့ အသံတို့၌ မတပ်မက်ဘူး-
လို့ ဆိုတာပါဘဲ၊ ဆောင်ပုဒ်ကတော့ ''အဆင်းမြင်က''လို့ ဆိုတာကို ''အသံကြားက'' လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်၊ အဲဒါကို
ဆိုကြရမယ်။
၁။ အသံကြားက၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ယခု ဒီရိပ်သာက ယောဂီတွေ ကြားလျှင် ကြားတယ်လို့ ရှုမှတ်နေကြတာဟာ ဒီသုတ် တရားတော်နဲ့လဲ အံကျကိုက်
ပြီး ညီနေပါတယ်၊ သမာဓိÓဏ်အားရှိလာတဲ့အခါမှာ ကြားတယ် ကြားတယ်လို့ မှတ်တိုင်း မှတ်တိုင်း ကြားရတဲ့အသံရော
ကြားသိတာရော- ရှုသိတာရော ချက်ခြင်းပင် ပျောက်ပျောက်သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ ကြားရတဲ့အသံနဲ့စပ်ပြီး
တပ်မက်သာယာတဲ့ ရာဂလဲမဖြစ်ရတော့ဘူး၊ တပ်မက် သာယာခြင်းမရှိပဲ ခံစားရုံမျှသာ ရှိတယ်၊ နောက်ပြီးတော့ အဲဒီအသံကို
စိတ်ထဲမှာစွဲပြီး သိမ်းပိုက်မထားဘူး၊ အဲဒီလို ကိလေသာ ကင်းပုံ အစွဲကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
သော ကြားပြီးလျှင် ချက်ခြင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ဝိရတ္တစိတ္တော- တပ်မက်ကင်းသော စိတ်သည်ဖြစ်၍၊
ဝါ- မတပ်မက်သော စိတ်ဖြင့်၊ ဝေဒေတိ- ခံစား၏၊ တဉ္စ ထိုအသံကိုလည်း၊ န အဇ္ဈောသ တိဋ္ဌတိ သိမ်းပိုက်ဆုပ်ကိုင်လျက်
မတည်တဲ့။ ဆောင်ပုဒ်ကတော့ မြင်ခိုက်ရှုပုံဆောင်ပုဒ်နဲ့ အတူတူပါဘဲ။ အဲဒါကို ဆိုကြရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၃၇
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်းမရှိပဲ ခံစားရုံမျှသာ ဖြစ်သောကြောင့် သူများလိုပင် အသံကိုကြားပြီး ခံစားမှုဖြစ်ပေမဲ့ ဝေဒနာ
ကြောင့် တဏှာ စသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတော့ ဖြစ်ပွားခြင်းမရှိဘူး၊ အဲဒါကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားတယ်။
၎။ ယထာဿ သုဏတော သဒံ္ဒ၊ သေဝတော စာပိဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ- အခြားမဲ့၌ မှတ်သိမှုပါသောအကြင် အခြင်းအရာဖြင့်၊ သဒံ္ဒ သုဏတော စာပိ- အသံကို ကြားလဲ ကြားသော်
လဲ၊ (ထေရဂါထာ အဋ္ဌကထာမှာ ပဿတော ရူပံ- ဆိုတဲ့ ပါဌ်ကို အနိစ္စာဒိတော ရူပံ ပဿန္တဿ-လို့ ဖွင့်ပြထားကြောင်း နှာ
၇၉-မှာ ထုတ်ပြထားခဲ့တယ်၊ အဲဒီမှာ ပါဠိဂါထာ၌ ပဿတောပုဒ်က စက္ခုဝိညာဏ်ဖြင့် မြင်တာကိုသာ ဆိုလိုကြောင်း ထင်ရှား
နေပါတယ်၊ ယင်း ပဿတောပုဒ်ဖြင့် ဝိပဿနာရှုမြင်ပုံကို ပြတာမဟုတ်ပါဘူး၊ ယခု ကြားသိဆိုင်ရာ ဒီဂါထာမှာ သုဏတော
ပုဒ်ဖြင့် ရှုသိပုံကို မပြ၊ ကြားသိပုံကိုသာ ပြကြောင်း အလွန်ပင်ထင်ရှားလျက် ရှိနေပါတယ်၊ ဒီကနောက် နံသိစားသိ ဆိုင်ရာ
ဂါထာများကျတော့လဲ ဃာယတော, သာယတောလို့ ပြဆိုထားတာတွေကို တွေ့ရပါလိမ့်မယ်၊ အဲဒီပုဒ်များဖြင့်လဲ ရှုသိပုံကို
မပြ၊ နံသိပုံ စားသိပုံကိုသာ ပြကြောင်း ထင်ရှားပါတယ်၊ ရှုသိပုံကိုတော့ ''ယထာ- အခြားမဲ့၌ မှတ်သိမှု ပါသော အကြင်
အခြင်းအရာဖြင့်'' ဆိုတဲ့ ပုဒ်ကသာ ပြပါတယ်၊ အဲဒါဟာ ပါဠိပညာရှင်များ အထူးသတိûပဘို့ပါဘဲ၊ အဲဒီအဋ္ဌကထာပါဌ်ဟာ
အဆက်ဆက် ရေးကူးရာမှာ ချွတ်ယွင်းလာဟန် တူပါတယ်) ဝေဒနံ-ခံစားမှု ဝေဒနာကို၊ သေဝတော စာပိ-မှီလဲ မှီဝဲသော်လဲ၊
ဒုကံ္ခ-မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊ ခီယတိ- ကုန်သာ ကုန်ခန်း၏၊ နောပစီယတိ ဆည်းပူး
အပ်သည်ကား မဟုတ်ပေ၊ ဧဝံ-ဤသို့သော အခြင်းအရာဖြင့်၊ သတော-အမှတ်ရလျက်၊ သော-ထိုယောဂီပုဂ္ဂိုလ်သည်၊ စရတိကျင့်ပေ၏
တဲ့။
ကြားသိမှု ကြားခံစားမှု ဖြစ်ပြီးလျှင်ပြီးခြင်း မှတ်သိမှုပါသော အခြင်းအရာဖြင့် ကြားလဲ ကြားတယ်၊ ခံစားလဲ ခံစား
တယ်၊ သို့ပေမဲ့ သာမန်လူများမှာလို အဘိဇ္ဈာစသော ကိလေသဝဋ် ကမ္မဝဋ်ဆင်းရဲတွေတော့ ဆက်လက်ပြီး မဖြစ်တော့ဘူး၊
ကမ္မဝဋ်မဖြစ်တဲ့အတွက် အဲဒီကံကြောင့်ဖြစ်မည့် ဘဝသစ်ဝိပါက ဝဋ်ဆင်းရဲတွေလဲ မဖြစ်တော့ဘူး၊ မရှုမိလျှင်ဖြစ်မည့် အဲဒီဝဋ်
ဆင်းရဲတွေဟာ ရှုမှတ်ပြီး အမှန်အတိုင်း သိရတဲ့ အဲဒီအာရုံနဲ့ စပ်ပြီး ဖြစ်ခွင့်မရတော့ပဲ လုံးဝကင်းငြိမ်းသွားတယ်၊ အဲဒါဟာ
အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာဝဋ်စသော ဆင်းရဲတွေ ငြိမ်းသွားတာဘဲ၊ ဘာနဲ့တူသလဲဆိုယင်-ရောဂါပျောက်ခါစ
ပုဂ္ဂိုလ်များမှာ မတော်တဲ့အစာကို စားမိယင် ရောဂါပြန်ဖြစ် တတ်တယ်၊ ဒါပေမဲ့ အဲဒီမသင့်တဲ့အစာကို စားပြီးလျှင် အစာဖျက်
အစာကြေဆေးကို စားလိုက်ယင်တော့ ရောဂါမဖြစ်ပဲ ရှိတတ်ပါတယ်၊ အဲဒီလို ''စားချင်တာလဲ စားရတယ်၊ ရောဂါလဲ မဖြစ်ပဲ
ရှိတယ်'' ဆိုတာဟာ ဘာကြောင့်လဲ ဆိုယင်, မသင့် တာကို စားပြီးလျှင်ပြီးခြင်း အစာဖျက် အစာကြေဆေးကို စားလိုက်လို့ဘဲ၊
အဲဒါလိုပင် ကြားသိပြီးလျှင်ပြီးခြင်း ရှုသိမှုဆိုတဲ့ မဇ္ဈိမပဋိပဒါအကျင့်ကို ထည့်ပေးလိုက်တဲ့အတွက် ကိလေသာ ဆင်းရဲစသည်
တွေ ဖြစ်ခွင့်မရပဲ ကင်းငြိမ်းသွားတာပါဘဲ။ ဒါကြောင့် ကြားတိုင်း ကြားတိုင်း ရှုမှတ်ပြီး သိသိသွားဘို့ ညွှန်ကြားတာပါဘဲ။
အဲဒီစကားရပ်အတွက် ဆောင်ပုဒ် အမှတ် (၃)မှာ (မှတ်သိလျက်သား၊ ကြားလဲကြား၊ ခံစားမှီဝဲသည်) လို့ ပြင်ဆို ကြရမယ်။
၃။ မှတ်သိလျက်သား၊ ကြားလဲကြား၊ ခံစားမှီဝဲသည်။
အမှတ် (၄၊၅) ဆောင်ပုဒ်များကတော့ ရှေးကအတိုင်းပါဘဲ၊ ပြင်ဘို့မလိုပါဘူး။ အဲဒီဆောင်ပုဒ်တွေလဲ ဆိုကြရမယ်။
၎။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
ယောဂီဟာ သူများလိုပင် အသံကို ကြားလဲ ကြားပါတယ်၊ ခံစားမှုကို မှီဝဲခြင်းလဲ ရှိပါတယ်၊ ဒါပေမဲ့ ကြားပြီးလျှင်
ချက်ခြင်း ရှုသိရှုသိသွားသောကြောင့် ကိလေသာဆင်းရဲနှင့် ဝဋ်ဆင်းရဲတွေဟာ ဖြစ်ခွင့်မရှိတော့ပဲ ကင်းငြိမ်းကုန်ခန်းသွားတယ်
လို့ ဆိုလိုပါတယ်၊ အဲဒါဟာ တဒင်္ဂနိဗ္ဗာန်သို့ ဆိုက်ရောက်သည် မည်ကြောင်း မြင်ခိုက်ဆိုင်ရာမှာ အကျယ်ပြောခဲ့ပါပြီ။
ဒါကြောင့် နိဗ္ဗာန်ရောက်ချင်တဲ့သူဟာ ကြားတိုင်း ကြားတိုင်း ရှုမှတ်လျက် ကျင့်ရတယ် ဆိုတာကိုလဲ ညွှန်ပြထားတာပါဘဲ။
အဲဒီလို ရှုမှတ်နေယင် ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ပယ်သတ်ခြင်းကိစ္စ ပြီးသောကြောင့် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ်နေ
ကြောင်းကိုလဲ ဒီလို ဖေါ်ပြထားပါတယ်။
ဧဝံ-ဤဆိုအပ်ခဲ့သည့်အတိုင်း ကြားပြီးလျှင် ပြီးခြင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ-မရှုမမှတ်လျှင် ဖြစ်ခွင့်မရှိသော
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော-ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား၊ နိဗ္ဗာနံ-ဆင်းရဲ ငြိမ်းသော နိဗ္ဗာန်သည်၊ ဝါမာလုကျပုတ္တသုတ်တရ
ားတော် ၃၈
နိဗ္ဗာန်ကို၊ သန္တိကေ-နီးသည်ဟူ၍၊ ဝုစ္စတိ- ဆိုအပ်ပါသည်တဲ့။ ဆောင်ပုဒ်ကတော့ ''မြင်တိုင်း ရှုမှတ်'' လို့ ဆိုရာမှာ ''ကြား
တိုင်း ရှုမှတ်'' လို့ ပြင်ဆိုရုံလောက်သာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၆။ ကြားတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ဒီဂါထာများ, ဆောင်ပုဒ်များ၏ အဓိပ္ပါယ်အကျယ်ကို သိချင်ယင်တော့ မြင်ခိုက်ဆိုင်ရာမှာ ပြန်ကြည့် ကြရုံပါဘဲ။
ယခု ရွတ်ပြခဲ့တဲ့ အမှတ် (၃၊၄) ဂါထာ ၂-ပုဒိဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ကြားခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်) လို့
ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြားခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ကြားခိုက်နှင့်ဆိုင်တဲ့ အမှတ် (၁၊၂) ဂါထာ ၂-ပုဒ်ဖြင့် ကြားခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်နှင့် ဝေးကြောင်း ပြဆိုထား
တယ်၊ ရှုမှတ်သူမှာတော့ နိဗ္ဗာန်နှင့် နီးကြောင်း အမှတ် (၃၊၄) ဂါထာ ၂-ပုဒ်ဖြင့် ပြဆိုထားတယ်၊ ဒါဟာ အရှင်
မာလုကျပုတ္တမထေရ်၏ တင်ပြချက်ကို မြတ်စွာဘုရားရှင်ကိုယ်တိုင်က သာဓုခေါ်တော်မူပြီးတော့ ဟောတော်မူတဲ့ဂါထာတော်
များဘဲ၊ ဒီတော့ နိဗ္ဗာန်နှင့်မနီးပဲ ဝေးချင်ယင် ကြားခိုက်စသည်၌ မရှုမမှတ်ပဲ နေကြရုံပါဘဲ၊ နိဗ္ဗာန်နှင့် နီးချင်ယင်, နိဗ္ဗာန်သို့
အမြန်ရောက်ချင်ယင်တော့ ကြားခိုက်စသည်၌ ကြားတယ် ကြားတယ်စသည်ဖြင့် မပြတ်ရှုမှတ်သွားကြရုံပါဘဲ။ ကြားရသည်၌
ကြားရုံမျှဖြစ်လတံ့-ဆိုတဲ့ ဝိပဿနာလုပ်ငန်းစဉ်နှင့်စပ်ပြီး ပြောစရာကတော့ ပြည့်စုံလောက်ပါပြီ။ ယခုနံသိလျက် ရောက်ရ
တာနှင့်စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာအလုပ်ပေး ပုံကို ဟောရမယ်။
ဝိပဿနာ၏ အခြေခံ မေးခွန်းတော် (၃)
ယေ တေ ဃာနဝိညေယျာ ဂန္ဓာ အဃာယိတာ အဃာယိတပုဗ္ဗာ၊ န စ ဃာယသိ၊ န
စ တေ ဟောတိ ဃာယေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါဝါ ပေမံ ဝါ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ ဃာနဝိညေယျာ-နှာခေါင်းဖြင့် နံသိနိုင်ကောင်းကုန်သော။ ယေ
ဂန္ဓာ အကြင် အနံ့တို့ကို၊ တေ-သင်သည်၊ အဃာယိတာ-မကြာမီကလဲ မနံဘူးသေး၊ အဃာယိတပုဗ္ဗာ ရှေးကာလ ရှေးဘဝ
တွေကလဲ မနံဘူးခဲ့သေး၊ န စ ဃာယသိ- ယခုလဲ နံနေဆဲမဟုတ်၊ တေ သင်အား၊ န စ ဟောတိ ဃာယေယျန္တိ-နံနိုင်သည်
ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊ တတ္ထ- ထိုနံလဲ မနံဘူးသေး၊ နံဆဲလဲမဟုတ်၊ နံနိုင်သည်- နံရလိမ့်မယ်လို့တောင် စိတ်ကူး
ထဲမှာမပေါ်သေးတဲ့ ထိုအနံ့တို့၌၊ တေ-သင်အား၊ ဆန္ဒော ဝါ-လိုချင် နှစ်သက်မှုသည်¤င်း၊ ရာဂေါ ဝါ-တပ်မက်စွဲလမ်းမှုသည်
¤င်း၊ ပေမံ ဝါ- ချစ်ခင်မှုသည်¤င်း၊ အတ္ထိ-ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလိုမေးတော်မူပါတယ်။
နံလဲမနံဘူးသေး၊ နံဆဲလဲမဟုတ်၊ နံရလိမ့်မယ် လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့ အနံ့နှင့် အဲဒီအနံ့၏ တည်ရာ
ပုဂ္ဂိုလ် မိန်းမ ယောက်ျားကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို အနံ့နဲ့
အနံ့ရှင် ပုဂ္ဂိုလ် ရှိတယ်လို့တောင် မသိရသေးပဲနဲ့ အဲဒီလို အနံနဲ့ အနံ့ရှင်ကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ
ဘယ်ဖြစ်မလဲ မဖြစ်ပါဘူး။ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါ
ဘုရားလို့ ဖြေကြားလျှောက်ထားပါတယ်၊ အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ။ ဒီမေးခွန်းဖြင့် မနံမသိရတဲ့ အနံ့ကို အာရုံûပ
ပြီး လိုချင်နှစ်သက်ခြင်းစသည် မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မနံရ မသိရတဲ့ အနံ့တွေကိုတော့ ဝိပဿနာရှုဘို့ မလိုဘူး၊ အဲဒီ
အနံ့တွေမှာ ကိလေသာ မဖြစ်ရအောင် ကြောင့်ကြစိုက်ဖို့ မလိုဘူး ဆိုတာကိုလဲ သိစေပါတယ်။ အဲဒီအတွက် ဆောင်ပုဒ်က
တော့ ''မနံရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်'' လို့ ဆိုရုံပါဘဲ။
၁။ မနံရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
နံရယင်တော့ နံရတဲ့အနံ့နဲ့ အနံ့ရှင်ကို အာရုံûပပြီး ချစ်ခင်နှစ်သက်မှု စသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို
ကိလေသာ ဖြစ်နိုင်ပုံကိုလဲ မေးခွန်းတော်ဖြင့်ပင် သိစေပါတယ်၊ ဆောင်ပုဒ်ကတော့ ''နံရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်
သည်'' လို့ ဆိုကြရုံပါဘဲ။
၂။ နံရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်။
မရှုမိတဲ့အာရုံမှာ ကိလေသာ ဖြစ်နိုင်တယ်၊ အဲဒီလို ဖြစ်နိုင်တာကိုပင် ကိန်းတယ်လို့ ဆိုတာပါဘဲ၊ အဲဒီလို မရှုမိတဲ့
အာရုံ၌ဖြစ်နိုင်တဲ့ ကိလေသာကို အာရမ္မဏာနုသယလို့လဲ ခေါ်တယ်၊ အဲဒီလို အာရမ္မဏာနုသယ ကိလေသာကို ကင်းငြိမ်းစေ
မာလုကျပုတ္တသုတ်တရားတော် ၃၉
လိုယင် နံတိုင်း နံတိုင်း ရှုမှတ်ပြီး ပယ်ရတယ်။ အဲဒီအနက်ကိုလဲ ''နံတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်'' လို့
ဆိုကြရုံပါဘဲ။
၃။ နံတိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
နိဂုံးချုပ် ညွှန်ပြချက် ဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
ထုတ်ပြနိုင်ခဲ့တဲ့မေးခွန်းဖြင့် အနံ့ကို နံတိုင်း နံတိုင်း မမေ့မလျော့ မပြတ်ရှုသင့်ကြောင်း သိနားလည်စေပြီးတဲ့အခါ
အဲဒီလို မပြတ်ရှုနေယင် နံရသည်၌ နံရုံမျှတည်လိမ့်မည်-စသည်ဖြင့် ရှုမှတ်ပုံနှင့်တကွ အကျိုးဆက်များကိုပါ ဟောကြားတော်
မူပါတယ်။ အနံ့ကို နံသိပြီး ရောက်တာတွေ့တာကိုတော့ (မုတေ မုတမတံ္တ ဘဝိဿတိ) လို့ ဟောတော်မူပါတယ်။ အကျယ်
အပြည့်အစုံ ဟောတော်မူပုံကိုတော့ နှာ ၂၈-စသည်မှာ ထုတ်ပြခဲ့ပါပြီ။
မုတေနံလျက် ရောက်ရ တွေ့ရသည်၌၊ မုတမတံ္တ-ရောက်ရုံမျှ တွေ့ရုံမျှသည်၊ ဘဝိဿတိ ဖြစ်လတံ့ တဲ့။ ရောက်တယ်
ဆိုယင်တွေ့တာပါဘဲ၊ ရောက်တယ်ဆိုတာထက် ဗမာစကားမှာတွေ့တယ်ဆိုတာက ပိုပြီးပေါ်လွင်တယ်၊ ဒါကြောင့် မုတ
ရောက်တယ် ဆိုရမည့်နေရာမှာ တွေ့တယ်လို့ ပြောသွားမယ်။ နံလျက် တွေ့ရသည်၌ တွေ့ရုံမျှ ဖြစ်လိမ့်မယ်လို့ ဟောတော်မူ
တဲ့ဒေသနာတော်အရ နံခိုက်၌ မရှုသူမှာ နိဗ္ဗာန် ဝေးပုံနှင့် ရှုသူမှာ နီးပုံကို အရှင်မာလုကျပုတ္တမထေရ်က ဂါထာ ၄-ပုဒ်ဖြင့်
တင်ပြတယ်၊ အဲဒါကို မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း သာဓု ခေါ်ပြီး ကိုယ်တော်တိုင်လဲ ထပ်ဟောတော်မူပါတယ်။ အဲဒီ
ဂါထာ ၄-ပုဒ် အနက်အဓိပ္ပါယ်ကို ရှင်းပြမယ်။
နံခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ ဂနံ္ဓ ဃတွာ သတိ မုဋ္ဌာ၊ ပိယံ နိမိတံ္တ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိကရောတော-နှလုံးသွင်း မြှော်လင့်နေသော သူ့အား၊ ဂနံ္ဓ ဃတွာ-အနံ့ ကို
နံပြီး၍၊ ဝါ-နံပြီးလျှင်၊ (ပိယံ နိမိတံ္တ ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော နှလုံးသွင်းမိသော သူအား၊ အစပဌမကတည်းက
အနံ့ကောင်းကို မြှော်လင့်နေသူမှာ အနံ့ကောင်းကို နံရလျှင် ချစ်ဖွယ်နေဖြင့် နှလုံး သွင်းမိတော့တာဘဲ၊ အဲဒီလို နှလုံးသွင်းမိ
သူမှာ) သတိမုဋ္ဌာ-အမှတ်မရပဲ သတိမေ့သွားလေတော့သည် တဲ့။ ဆောင်ပုဒ်ကတော့ ''အဆင်းမြင်လျှင်'' လို့ ဆိုထားရာမှာ
''အနံ့နံလျှင်'' လို့ ပြင်ဆိုရုံလောက်ပဲ ထူးပါတယ်၊ အဲဒါကို ဆိုကြရမယ်။
၁။ အနံ့နံလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
အဲဒီမှာလဲ မေ့ဆိုတာက မရှုမမှတ်မိတာကို ဆိုတာပါဘဲ၊ လောကရေးဘက်ကတော့ မမေ့ပါဘူး၊ ရေမွှေးနံ့ဘဲ နံ့သား
နံ့ဘဲ ဘယ်သူ့ကိုယ်က အနံ့ဘဲလို့ စွဲလမ်းသိမ်းပိုက်လျက် အမှတ်ရနေတာပါဘဲ။ ဒါကြောင့်သော-
နံပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊ သာရတ္တစိတ္တော- တပ်မက်သော စိတ်ရှိလျှင်၊
ဝေဒေတိ နံရတဲ့အနံ့ကို ခံစား၏။ တဉ္စ ထိုအနံ့ကိုလဲ၊ အဇ္ဈောသ တိဋ္ဌတိမျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ သိမ်းပိုက်လျက်
တည်၏-လို့ ဟောတော်မူဘာပါဘဲ၊ ဆောင်ပုဒ်ကတော့ မြင်ရာ၌ လိုပါဘဲ။ အဲဒီဆောင်ပုဒ် ကို ဆိုကြရမယ်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်သည်။
ဝိပဿနာ ရှုနေတဲ့ ယောဂီမှာတော့ သာယာဘွယ် အနံ့ကို မနံရပဲ ရွံဘွယ်ကို နံရတာက များတတ်ပါတယ်၊ အဲဒီလို
ရွံဘွယ်အပုပ်အညှီအနံ့ကိုလဲ မရှုနိုင်တဲ့သူမှာ ရွံစရာအနေနဲ့ စိတ်ထဲ စွဲကျန်နေတာပါဘဲ၊ အဲဒီလို စွဲကျန်နေယင်လဲ အဲဒီအနံ့ဆိုး
ကိုရွံမုန်းပြီး ခံစားမှု, အနံ့ကောင်းကို တောင့်တမှုစသည်တွေ ဖြစ်တော့တာပါဘဲ။ ဒါကြောင့် ဒီလိုလဲ ဆက်ပြီး ဟောပြထားပါ
သေးတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဂန္ဓသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
မာလုကျပုတ္တသုတ်တရားတော် ၄ဝ
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ-နံရတဲ့ အနံ့ကိုစွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊ ဂန္ဓသမ္ဘဝါ-စွဲလျက် သိမ်းပိုက်ထားသည့် အနံ့ကြောင့်
ဖြစ်ကုန်သော၊ အနေကာ-များစွာကုန်သော၊ ဝေဒနာ-အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ- ဖြစ်ပွားကုန်၏
''အနံ့ဆိုင်ရာ'' လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အနံ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
နောက်ပြီးတော့-အဘိဇ္ဈာ စ-ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်¤င်း၊ ဝိဟေသာ စညှဉ်းဆဲလိုသော ဒေါသ
သည်¤င်း၊ ဝဍ္ဎုန္တိ-ဖြစ်ပွါးကုန်၏၊ အဿ-ထိုပုဂ္ဂိုလ်၏၊ စိတံ္တ-စိတ်သည် ဥပဟညတိ-လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက်
ရှိနေချေသည်တဲ့။ အဲဒီအနံ့ကို အကြောင်းûပပြီး လောဘ ဒေါသတေထိုက်သည် အားလျော်စွာ ဖြစ်ပွားတယ်၊ အဲဒီလောဘ
ဒေါသတွေက တိုက်တွန်းတဲ့အတိုင်း ကြောင့်ကြဗျာပါရစိုက်ပြီး စိတ်လဲ ပင်ပန်းနေတတ်ပါတယ်တဲ့၊ ဆောင်ပုဒ်ကတော့ ရှေးက
နဲ့ အတူတူပါဘဲ၊ ဆိုကြရမယ်။
၎။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများ စိတ်ပန်းသည်။
အဲဒီကိလေသာတွေမှ ဆက်ပြီး ကမ္မဝဋ် ဝိပါကဝဋ်တွေလဲ ဖြစ်ပွါးတော့တာဘဲ၊ ဒါကြောင့် မရှုမမှတ်ပဲ အမှတ်တမဲ့
နေသူမှာ နံတိုင်း နံတိုင်း အဲဒီ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံစုဆောင်းနေသည်မည်တယ်၊ အဲဒီလို ဖြစ်ပုံများကို
ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။ ဒါကြောင့် ---
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲကို၊ အာစိနတော-လက်ခံ၍ ဆည်းပူး
စုဆောင်းနေသောသူအား၊ နိဗ္ဗာနံ- ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါ
သည်-တဲ့။ ရှေးကလဲ ငါတို့ဟာမရှုမမှတ်ပဲ အမှတ်တမဲ့နေလာခဲ့တာဘဲ၊ မûပပြင် မပြောင်ဲးတော့ ပါဘူးလို့ ကြံပြီး နေမြဲနေသွား
ယင် မီးပုံကြီးဟာ လောင်စာတွေ မပြတ်ရနေလို့ မငြိမ်းသလိုပင် ဝဋ်ဆင်းရဲတွေဟာလဲ ဖြစ်မြဲ ဖြစ်ပွားပြီး မငြိမ်းပဲ ရှိနေမယ်၊
အဲဒီတော့ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန် ဝေးမြဲ ဝေးနေတာပေါ့၊ ဆောင်ပုဒ်ကတော့ ရှေးက အတိုင်းပါဘဲ၊ ဆိုကြရမယ်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြခဲ့တဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (နံခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်လို့)
ဆိုလိုတာပါဘဲ၊ အဲဒါကို ဆိုကြရမယ်။
နံခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန် ဝေးသည်။
အနံ့နံတိုင်း မပြတ်ရှုမှတ်နေယင်တော့ နိဗ္ဗာန်နဲ့ နီးကပ်နီးကပ်သွားတယ်၊ အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂-ပုဒ်
ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။
နံခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ဂန္ဓေသု၊ ဂနံ္ဓ ဃတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော အကြင်ပုဂ္ဂိုလ်သည်၊ ဂနံ္ဓ ဃတွာ-အနံ့ကို နံပြီး၍၊ ဝါ-အနံ့ကို နံပြီးလျှင်၊ ပဋိဿတော တဖန် အမှတ်ရသည်။
ဟောတိ-ဖြစ်၏၊ (ဒါဟာ အနံ့နံပြီးလျှင် ပြီးခြင်း ဝိပဿနာရှုဘို့ ဒါရိုက်ညွှန်ပြတာပါဘဲ၊ မနံရတဲ့ အနံ့ကိုတော့ ကြံတွေးပြီး
ရှုဘို့မလိုဘူး၊ အဲဒီလိုကြံတွေးရှုရုံမျှဖြင့် အာရမ္မဏာနုသယ ကိလေသာကို ပယ်နိုင်တဲ့ ဝိပဿနာအစစ် မဖြစ်ဘူးဆိုတာကိုလဲ
ခိုင်မြဲစွာ မှတ်ထားကြရမယ်။) သော-အနံ့ကို နံပြီးလျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ဂန္ဓေသု-နံရသော အနံ့တို့၌၊
န ရဇ္ဇတိ-မတပ်မက်၊ ဝါ-တပ်မက်မှုတဏှာ ကင်းသည်တဲ့။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သီဝီထိ ဖြစ်ပုံနှင့် အလားတူ နံသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို
ပြတာဘဲ၊ အဲဒီလို နံပြီးလျှင်ပြီးခြင်း အမှတ်ရတဲ့သူဟာ နံရတဲ့အနံ့ရုပ်မျှကိုသာ မှန်စွာသိရတယ်။ အဲဒီအနံ့ရုပ်နဲ့ နံသိစိတ်
မာလုကျပုတ္တသုတ်တရားတော် ၄၁
နာမ်စသည် ချက်ခြင်းပင် ပျောက်ကွယ်ပျက်စီးသွားတာကိုလဲ အမှန်အတိုင်း သိရတယ်၊ မွှေးတယ် မည်သူ၏အနံ့ဘဲ စသည်
ဖြင့် ချစ်ဖွယ် အာရုံကို မတွေ့ရဘူး၊ ဒါကြောင့် အဲဒီနံရတာကို ဆက်လက်ပြီး မဆင်ခြင်တော့ဘဲ နံရုံမျှ၌သာလျှင် တည်တယ်၊
(မုတေ မုတ မတံ္တ ဘဝိဿတိ) နံသိလျက် တွေ့ရသည်၌ တွေ့ရုံမျှဖြစ်လတံ့ ဆိုတဲ့ စကားတော်နှင့် အညီပါဘဲ။ အဲဒီအနံ့ကို
နံရပေမဲ့ မနံရမသိရတဲ့ အနံ့မှာလိုပင် တပ်မက်သာယာမှုစသော ကိလေသာ မဖြစ်တော့ပဲ ကင်းငြိမ်းတယ်၊ ဒါကြောင့် (န
သော ရဇ္ဇတိ ဂန္ဓေသု) အမှတ်ရတဲ့ ထိုသူဟာ နံရတဲ့ အနံ့တို့၌ မတပ်မက်ဘူး-လို့ ဆိုတာပါဘဲ၊ ဆောင်ပုဒ်ကတော့ ''အဆင်း
မြင်က'' လို့ ဆိုထားရာမှာ ''အနံ့နံက'' လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်၊ အဲဒါကို ဆိုကြရမယ်။
၁။ အနံ့နံက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
ယခုဒီရိပ်သာက ယောဂီတွေ အနံ့နံလျှင် နံတယ်လို့ ရှုမှတ်နေကြတာဟာ ဒီသုတ်တရားတော်နဲ့လဲ အံကျကိုက်ပြီး ညီ
နေတာပါဘဲ၊ သမာဓိÓဏ်အားရှိလာတဲ့အခါမှာ နံတယ်လို့ မှတ်တိုင်း မှတ်တိုင်း နံရတဲ့ အနံ့ရော+နံသိတာရော+ရှုသိတာရော
ချက်ခြင်းပင် ပျောက်ပျောက်သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ နံရတဲ့အနံ့နဲ့စပ်ပြီး တပ်မက်သာယာတဲ့ရာဂလဲ မဖြစ်
ရတော့ဘူး၊ တပ်မက်သာယာခြင်းမရှိပဲ ခံစားရုံမျှသာရှိတယ်၊ နောက်ပြီးတော့ အဲဒီအနံ့ကို စိတ်ထဲမှာစွဲပြီး သိမ်းပိုက်မထား
တော့ဘူး၊ အဲဒီလို ကိလေသာကင်းပုံ, အစွဲကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
သော-နံပြီးလျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ဝိရတ္တစိတ္တော-တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍
ဝါမတပ်မက်သော စိတ်ဖြင့်၊ ဝေဒေတိ-ခံစား၏။ တဉ္စ-ထိုအနံ့ကိုလည်း၊ န အဇ္ဈောသ တိဋ္ဌတိ-သိမ်းပိုက် ဆုပ်ကိုင်လျက်
မတည်တဲ့။ ဆောင်ပုပ်ကတော့ ရှေးကအတိုင်းပါဘဲ။ ဆိုကြရမယ်။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်းမရှိပဲ ခံစားရုံမျှသာ ဖြစ်သောကြောင့် သူများလိုပင် အနံ့ကိုနံပြီး ခံစားမှုဖြစ်ပေမဲ့ ဝေဒနာကြောင့်
တဏှာစသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတော့ ဖြစ်ပွားခြင်း မရှိဘူး၊ အဲဒါကို ဒီလိုဆင်ပြီး ပြဆိုထားပါတယ်။
၎။ ယထာဿ ဃာယတော ဂနံ္ဓ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊ ဂနံ္ဓ ဃာယတော စာပိ-အနံ့ကို နံလဲ နံသော်လဲ၊
ဝေဒနံ ခံစားမှုဝေဒနာကို၊ သေဝတော စာပိ-မှီလဲမှီဝဲသော်လဲ၊ ဒုကံ္ခ မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲ
သည်၊ ခီယတိ ကုန်သာ ကုန်ခန်း၏၊ နောပစီယတိ-ဆည်းပူး စုဆောင်းအပ်သည်ကား မဟုတ်ပေ၊ ဧဝံ ဤသို့သော အခြင်း
အရာဖြင့် သတော-အမှတ်ရလျက်၊ သော-ထိုယောဂီပုဂ္ဂိုလ်သည်၊။ စရတိကျင့်ပေ၏တဲ့။
နံသိမှု နံခံစားမှု ဖြစ်ပြီးလျှင် ပြီးချင်း မှတ်သိမှုပါသော အခြင်းအရာဖြင့် နံလဲနံတယ်၊ ခံစားလဲ ခံစားတယ်၊ သို့ပေမဲ့
သာမန်လူများမှာလို အဘိဇ္ဈာစသော ကိလေသဝဋ် ကမ္မဝဋ် ဆင်းရဲတွေတော့ ဆက်လက်ပြီး မဖြစ်တော့ဘူး၊ ကမ္မဝဋ် မဖြစ်တဲ့
အတွက် အဲဒီကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါကဝဋ်ဆင်းရဲတွေလဲ မဖြစ်တော့ဘူး၊ မရှုမိလျှင်ဖြစ်မည့် အဲဒီ ဝဋ်ဆင်းရဲတွေဟာ
ရှုမှတ်ပြီး အမှန်အတိုင်းသိရတဲ့ အဲဒီအာရုံနဲ့စပ်ပြီး ဖြစ်ခွင့်မရတော့ပဲ လုံးဝကင်းငြိမ်းသွားတယ်၊ အဲဒါဟာ အာရမ္မဏာ နုသယ
ခေါ်တဲ့ ကိလေသဝဋ်ဆင်းရဲတွေစသော ငြိမ်းသွားတာဘဲ၊ ဒီနေရာမှာ အစာဖျက် အစာကြေဆေးကြောင့် ရောဂါမဖြစ်တာနဲ့
တူပုံကို ကြားခိုက်ရှုမှု ဆိုင်ရာ၌ ပြခဲ့ပါပြီ။ ဒါကြောင့် ဆင်းရဲငြိမ်းချင်ယင် နံတိုင်း ရှုသိသွားဘို့ ညွှန်ကြားတော် မူတာပါဘဲ။
ဆောင်ပုဒ်က အမှတ် (၃)မှာ (မှတ်သိလျက်သား၊ နံသိသွား၊ ခံစားမှီဝဲသည်) လို့ ပြင်ဆိုကြရမယ်။
၃။ မှတ်သိလျက်သား၊ နံသိသွား၊ ခံစားမှီဝဲသည်။
အမှတ် (၄၊ ၅) ဆောင်ပုဒ်များကိုတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၎။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
ယောဂီဟာ နှာခေါင်းရုပ်က ရှိနေတဲ့အတွက် နံစရာရှိယင် နံလဲ နံပါတယ်၊ ခံစားမှုကို မှီဝဲခြင်းလဲ ရှိပါတယ်၊ (ခံစားမှု
ဆိုတာ ဘုရားရဟန္တာများမှာလဲ ရှိနေတာဘဲ၊) ဒါပေမဲ့ ရှုမှတ်နေတဲ့ ယောဂီမှာ ထူးတာကတော့ အဲဒီရှုသိရတဲ့ အနံနဲ့စပ်ပြီး
မာလုကျပုတ္တသုတ်တရားတော် ၄၂
ကိလေသာနှင့် ဝဋ်ဆင်းရဲတွေဟာ ဖြစ်ခွင့်မရှိပဲ ကင်းငြိမ်းသွားကြတယ်၊ အဲဒါကို ကုန်ခန်းတယ်လို့ ဆိုတာပါဘဲ၊ အဲဒါဟာ
တဒင်္ဂနိဗ္ဗာန်သို့ ဆိုက်ရောက်သည် မည်ကြောင်း မြင်ခိုက်ဆိုင်ရာမှာ အကျယ်ဖွင့်ပြခဲ့ပါပြီ။ ဒါကြောင့် နိဗ္ဗာန်ကို ယခုဘဝတွင်
ရောက်ချင်ယင် နံတိုင်းနံတိုင်းလဲ ရှုမှတ်လျက် ကျင့်ရမယ် ဆိုတာလဲ ညွှန်ကြားထားတာပါဘဲ၊ အဲဒီလို ရှုမှတ်နေယင် ဆင်းရဲ
ကို ပယ်သတ်ခြင်း ကိစ္စပြီးသောကြောင့် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ် နေကြောင်းကိုလဲ ဒီလို ဖော်ပြထားပါတယ်။
ဧဝံ-ဤဆိုအပ်ခဲ့သည့်အတိုင်း နံပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ-မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော- ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား နိဗ္ဗာနံ ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါနိဗ္ဗာန်ကို၊
သန္တိကေ နီးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်တဲ့။ ဆောင်ပုဒ်ကတော့ ''မြင်တိုင်းရှုမှတ်'' လို့ဆိုရာမှာ ''နံတိုင်း
ရှုမှတ်''လို့ ပြင်ဆိုကြရုံပါဘဲ။
၆။ နံတိုင်းရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်။
ဒီဂါထားများ, ဆောင်ပုဒ်များ၏ အဓိပ္ပာယ်အကျယ်ကို သိချင်ယင်တော့ မြင်ခိုက်ဆိုင်ရာမှာ ပြန်ကြည့်ကြရုံပါဘဲ။
ယခုရွတ်ပြခဲ့တဲ့ အမှတ် (၃၊ ၄) ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (နံခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်) လို့
ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
နံခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
နံရသည်၌ နံရုံမျှ ဖြစ်လတံ့-ဆိုတဲ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့် စပ်ပြီး ပြောစရာကတော့ ပြည့်စုံလုံလောက်ပါပြီ၊ ယခု
စားသိလျက် တွေ့ရတာနဲ့စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ မေးခွန်းတော် (၄)
ယေ တေ ဇိဝှါဝိညေယျာ ရသာ အသာယိတာ၊ အသာယိတပုဗ္ဗာ၊ န စ သာယသိ၊ န
စ တေ ဟောတိ သာယေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း) ဇှိဝါ ဝိညေယျာ လျှာဖြင့် စားသိနိုင်ကောင်း ကုန်သော၊ ယေ
ရသာ အကြင် အရသာတို့ကို၊ တေ-သင်သည်၊ အသာယိတာ-မကြာမီကလဲ မစားသိဘူးသေး (မလျက်ဘူးသေးဟု ပြန်လျှင်
စားသိရသမျှတွေ အကုန်မပြန့်နှံ့ပဲ နေမည်စိုး၍ မစားသိဘူးသေး-ဟု ပြန်သည်) အသာယိတပုဗ္ဗာ- ရှေးကာလ ရှေးဘဝတွေ
ကလဲ မစားသိခဲ့ဘူးသေး၊ န စ သာယသိ- ယခုလဲ စားသိနေဆဲမဟုတ်၊ တေ-သင်အား၊ န စ ဟောတိ သာယေယျ န္တိစား
သိနိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊ တတ္ထ ထိုစားလဲ မစားသိဘူးသေး၊ စားသိဆဲလဲမဟုတ်၊ စားသိနိုင်သည်စား
သိရလိမ့်မည်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့ ထိုအရသာတို့၌၊ တေ-သင်အား၊ ဆန္ဒောဝါ-လိုချင်နှစ်သက်မှုသည်
¤င်း၊ ရာဂေါ ဝါ-တပ်မက်စွဲလန်းမှုသည်¤င်း၊ ပေမံ ဝါ-ချစ်ခင်မှုသည်¤င်း၊ အတ္ထိ- ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလိုမေး
တော်မူပါတယ်။
စားလဲမစားဘူးသေး၊ စားရဆဲလဲမဟုတ်၊ စားရလိမ့်မယ်လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့ အရသာနှင့်
စားသောက်ဖွယ်ကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလိုအရသာနဲ့ စားသောက်
ဖွယ် ရှိတယ်လို့တောင် မသိရသေးပဲနဲ့ အဲဒီလိုအရသာနဲ့ စားသောက်ဖွယ်ကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ
ဘယ်ဖြစ်မလဲ မဖြစ်ပါဘူး။ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါ
ဘုရား လို့ဖြေကြား လျှောက်ထားပါတယ်၊ အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေကပါဘဲ။ ဒီမေးခွန်းဖြင့် မစားမသိရတဲ့ အရသာ
ကို အာရုံûပပြီး လိုချင်နှစ်သက်ခြင်း စသည်မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မစားရမသိရတဲ့ စားသောက်ဖွယ် အရသာတွေကိုတော့
ဝိပဿနာရှုဘို့ မလိုဘူး၊ အဲဒီ အရသာတွေမှာ ကိလေသာ မဖြစ်ရအောင် ကြောင့်ကြစိုက်ဖို့ မလိုဘူး ဆိုတာကိုလဲ သိစေပါ
တယ်။ အဲဒီအတွက် ဆောင်ပုဒ်ကတော့ ''မစားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်'' လို့ ဆိုကြရုံပါဘဲ။
၁။ မစားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
ယခုခေတ်မှပေါ်တဲ့ မုန့်တို့ အခြားနိုင်ငံကလာတဲ့ သစ်သီးတို့စသော စားကောင်း သောက်ဖွယ် အသစ်အဆန်းတွေ
ဆိုတာများစွာရှိတယ်၊ အဲဒီလိုဟာတွေ မစားဘူးသေးတဲ့ သူမှာ နှစ်သက်တောင့်တခြင်း စားလိုခြင်းဆိုတဲ့ လောဘကိလေသာ
တွေ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုယင် မစားရဘူးသေးတဲ့အတွက် မသိလို့ပါဘဲ၊ စားရယင်တော့ အဲဒါမျိုးကို စားချင်တယ်၊
မာလုကျပုတ္တသုတ်တရားတော် ၄၃
တချို့ရသတဏှာ လွန်ကဲတဲ့သူဆိုယင် မစားရပါက သေသည်အထိတောင် ဆင်းရဲဒုက္ခရောက်သွားတာ ရှိကြောင်း ကျမ်းဂန်
များမှာ ပြဆိုထားတာ ရှိတယ်၊ ဒါကြောင့် ''စားရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်'' လို့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၂။ စားရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
စားသောက်နေတဲ့အခါ အရသာကောင်းကလေးများကို စားသိရယင် မရှုမမှတ်နိုင်သူမှာ အဲဒီအရသာနှင့်စပ်ပြီး
စားလိုမှုစသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို ဖြစ်နိုင်တာကို ကိလေသာကိန်းတယ်လို့ ဆိုရတာဘဲ၊ ယောဂီမှာ အဲဒီ
ကိလေသာကိန်းမှုကို ပယ်ဖျက်ဖို့ လိုပါတယ်၊ ဘယ်လို ပယ်ဖျက်ရသလဲ ဆိုတော့ အရသာကို စားသိပြီးလျှင် ပြီးချင်း သိတယ်
ချိုတယ် စသည်ဖြင့် ရှုမှတ်ပြီး ပယ်ရတာပါဘဲ၊ ဒါကြောင့် ''စားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်''လို့ ဆောင်ပုဒ်
ကို ဆိုကြရမယ်။
၃။ စားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
အဲဒီလိုရှုမှတ်ပြီး ကိလေသာကို ပယ်ရမယ်ဆိုတာ မြတ်စွာဘုရားရှင်က မေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်၊
အဲဒါကိုလဲ ''မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်'' ဆိုတဲ့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို နားလည်စေပြီးတော့ စားသိတိုင်း မပြတ်ရှုနေယင် စားသိရုံမျှ၌သာ ရပ်တည်ပြီး ကိလေသာ ငြိမ်းမည် ဆိုတာ
ကိုလဲ (မုတေ မုတမတံ္တ ဘဝိဿတိ) စားသိလျက် တွေ့ရသည်၌ စားသိရုံမျှ တွေ့ရုံမျှ ဖြစ်လိမ့်မည်လို့လဲ ညွှန်ကြားတော်မူပါ
တယ်၊ အကျယ်ကိုတော့ နှာ ၂၉-စသည်မှာ ဖော်ပြခဲ့ပါပြီ။ အဲဒီ ဒေသနာတော်အရ အရှင်မာလုကျပုတ္တမထေရ်က စားသိခိုက်၌
မရှုသူမှာ နိဗ္ဗာန်ဝေးပုံနှင့် ရှုသူမှာ နီးပုံကို ဂါထာ ၄-ပုဒ်ဖြင့် တင်ပြလျှောက်ထားပါတယ်၊ အဲဒါကို မြတ်စွာဘုရားရှင်က
မှန်ကန်ကြောင်း သာဓုခေါ်တောင်မူပြီး ကိုယ်တော်တိုင်လဲ ထပ်ဟောတော်မူပါတယ်။ အဲဒီဂါထာ ၄-ပုဒ်၏ အနက် အဓိပ္ပါယ်
ကို အကျဉ်းချုပ် ရှင်းပြပါဦးမယ်။
စားသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ ရသံ ဘောတွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတံ္တ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော နှလုံးသွင်း မြှော်လင့်နေသောသူအား၊ ရသံ ဘောတွာ အရသာကို
စားသိပြီး၍၊ ဝါ-စားသိပြီးလျှင် (ပိယံ နိမိတံ္တ-ချစ်ဖွယ် အာရုံကို၊ မနသိကရောတော နှလုံးသွင်းမိသော သူအား၊ အစ ပဌမ
ကတည်းက အရသာကောင်းကို မြှော်လင့် နေကြတာဘဲများတယ်၊ ဒါကြောင့် အရသာကောင်းကို စားသိရလျှင် ကောင်းလိုက်
တာကောင်းလိုက်တာလို့ နှလုံးသွင်းမိတော့တာပါဘဲ၊ အဲဒီတော့) သတိ မုဋ္ဌာ-အမှတ်ရမှု သတိမရှိပဲ မေ့သွားလေတော့သည်
တဲ့။ ကောင်းလိုက်တာလို့ နှလုံးသွင်းမိတာနဲ့ မေ့သွားတယ်ဆိုတာ ဒီနေရာမှာ အတူတူပါဘဲ၊ ပကတိလူတွေမှာ စားသိရတာကို
ရှုမှတ်ရမယ်လို့ နားလဲ မလည်ကြပါဘူး၊ သာမန်လူတွေ ထားလိုက်ပါဦးတော့၊ တချို့ စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်တွေတောင်
အရသာ သိပြီးလျှင်ပြီးချင်း ရှုပြီးသိရမယ်ဆိုတာ နားမလည်တာကပဲ များပါတယ်၊ တချို့က အရသာသိနေတာဟာ သိပြီး
သားပဲ၊ ရှုနေဘို့ မလိုပါဘူးလို့တောင် မရိုမသေ ပြောတတ်ကြသေးတယ်၊ တချို့ကလဲ ဖြေးဖြေးချင်း ရှုမှတ်ပြီး စားနေတယ်
ဆိုတာ အချိန်ကုန်ရုံမျှဘဲ၊ မြန်မြန်စားပြီးတော့မှ တရားအားထုတ်ရတယ်လို့လဲ ပြောတတ်ကြသေးတယ်၊ ဒါကြောင့် စားသိတာ
ကို အမှတ်ရတဲ့သူက အလွန်နဲပါတယ်။
သတိပဋ္ဌာန်ဒေသနာတော်အရ မပြတ်ရှုမှတ်နေကြတဲ့ ယောဂီထဲကတောင် စားသိရာမှာ မရှုမမှတ်မိပဲ မေ့သွားတာတွေ
တော်တော်များများ ရှိနေကြသေးတာပါဘဲ။ အဲဒီလို မရှုမမှတ်မိပဲ မေ့သွားယင်၊ သော-စားသိပြီးလျှင် ချစ်ဖွယ်ထင်လျက်
မရှုမမှတ်နိုင်သော ထိုသူသည်၊ သာရတ္တစိတ္တော-တပ်မက်သော စိတ်ရှိလျက်၊ ဝေဒေတိ-ခံစား၏၊ တဉ္စ-ထိုအရသာကိုလဲ၊
အဇ္ဈောသ တိဋ္ဌတိ-မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက်တည်၏တဲ့။ ဆောင်ပုဒ်များကတော့ ''အဆင်းမြင်လျှင်'' လို့ဆို
ထားရာမှာ ''အရသာသိလျှင်'' လို့ ပြင်ဆိုရုံလောက်ပဲ ထူးပါတယ်၊ အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။
၁။ အရသာသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်။
မာလုကျပုတ္တသုတ်တရားတော် ၄၄
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်။
ယခု အများလူစုတွေ စားသောက်နေကြတာဟာ အဲဒီလို သာယာတပ်မက်ပြီး ခံစားဘို့ ရည်ရွယ်ပြီး တတ်နိုင်သမျှ
အရသာကောင်းအောင် ချက်ûပတ်ûပပြင်ပြီး စားနေကြတာဘဲ၊ ရဟန်းသံဃာတော်တွေအား ကျွေးမွေးလှူဒါန်းတဲ့ အခါလဲ
ကောင်းသည်ထက် ကောင်းအောင် ûပပြင်ပြီး လှူဒါန်းနေကြတာဘဲ။
မော်လûမိင် တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်ကြီးက ဒီကိစ္စနဲ့ စပ်ပြီးတော့ ပြောဘူးတာကလေးကို အမှတ်
ရနေပါတယ်၊ တချိန်က သူဟာ ဒါယကာတဦးအား အစာအာဟာရတွေ စက်ဆုပ်ဖွယ်ထင်အောင် ရှုပြီး စားသုံးရတဲ့အကြောင်း
ဟောပြောပါသတဲ့၊ အဲဒီတော့ အဲဒီဒကာက ''တပည့် တော်တို့က စားသောက်ဖွယ်ကို ကောင်းသည်ထက်ကောင်းအောင် တမင်
ûပလုပ်ပြီးတော့ လှူကြရတာဘဲ၊ စက်ဆုပ်ဖွယ်ထင်အောင် ဆင်ခြင်ပြီး စားသုံးဘို့ မသင့်ပါဘူး'' လို့ လျှောက်ပါသတဲ့။
ဟုတ်မှာဘဲ၊ ဒကာ ဒကာမများက မြိန်မြိန်ရှက်ရှက် သုံးဆောင်ဘို့ အထူးûပပြင်ပြီး ကျွေးတာ လှူတာကို ''ရွံ့စရာဖြစ်အောင်
ဆင်ခြင်ပြီး သုံးဆောင်တယ်'' ဆိုတော့ ကျေနပ်ကြမှာ မဟုတ်ပေဘူး။ ဒါပေမဲ့ အရသာကောင်းဖြစ်အောင် ûပပြင်ပြီးလှူတာက
ဒကာဒကာမတို့၏ တာဝန်ဘဲ၊ စားရတာနဲ့ စပ်ပြီး ကိလေသာကင်းအောင် နှလုံးသွင်းဘို့ဆိုတာကတော့ ရဟန်းမြတ်တို့၏
တာဝန်ဘဲ။
ဒါကြောင့် ရဟန်းတော်များမှာ စားသုံးတဲ့အခါ အောက်ထစ်ဆုံးအားဖြင့် ပစ္စဝေက္ခဏာအရ ဆင်ခြင်ပြီးတော့ စားသုံး
ရတယ်၊ ဆင်ခြင်ပုံ အကျဉ်းချုပ်ကတော့-နေဝ ဒဝါယ-ဆွမ်းခဲဘွယ်ဘောဇဉ်ကို စားသုံးရတာဟာ အရပ်ထဲက လူများလို
ပျော်ရွှင်မြူးတူးနိုင်ဘို့လဲ မဟုတ်ဘူး၊ န မဒါယ မာန်ယစ်ဘို့လဲ မဟုတ်ဘူး၊ န မဏ္ဍနာယ- ရုပ်ရေကြည်လင်ဘို့လဲ မဟုတ်
ဘူး၊ န ဝိဘူသနာယ အသားအရေပြည့်ဝတောင့်တင်းစေဘို့လဲ မဟုတ်ဘူး၊ ဒါဖြင့် ဘာအတွက်လဲဆိုတော့-ဣမဿ
ကာယဿ ဌိတိယာ-ဤရုပ်ကိုယ်ကြီး တည်မြဲတည်နေဘို့ သုံးဆောင်ရတယ်၊ နောက်ပြီးတော့ ယာပနာယ-မျှတနိုင်ဘို့ဘဲ၊
နောက်ပြီးတော့ ဝိဟိံ သူပရတိယာ-ဆာလောင်ပင်ပန်းမှု ငြိမ်းဘို့ဘဲ၊ နောက်ပြီးတော့ ဗြဟ္မစရိယာနုဂ္ဂဟာယ သီလ သမာဓိ
ပညာအကျင့်မြတ်ကို ကျင့်နိုင်ဘို့ဘဲ-ဤသို့ စသည်ဖြင့် ဆင်ခြင်ပြီး သုံးဆောင်ရတယ်။ ဒါထက် တတ်နိုင်ယင်တော့ ခုတင်က
ပြောခဲ့တဲ့အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်းအရ စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီး သုံးဆောင်ရတယ်၊ စက်ဆုပ်ဖွယ်ထင်
အောင် ဆင်ခြင်ပုံတွေကိုတော့ ဝိသုဒ္ဓိမဂ် မြန်မာပြန် ဒုတိယတွဲမှာ ကြည့်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သတိပဋ္ဌာန်
ဒေသနာတော် နည်းအရ ရှုမှတ်ပြီး သုံးဆောင်တာက အကောင်းဆုံးပါဘဲ၊ အဲဒါကို နောက်နားကျမှ ပြောရမယ်။ အဲဒီလို
မရှုနိုင်ယင်တော့ စားသိရတဲ့အရသာကို တပ်မက်စွဲလမ်းပြီး ကိလေသာဆင်းရဲ စသည်တွေ ဖြစ်ပွားသွားတော့ တာပါဘဲ။
အဲဒီလို ဖြစ်ပွါးပုံကို ဒီလို ဆက်ပြီး ဖော်ပြတော်မူပါတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ရသသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ-စားသိရတဲ့ အရသာကို စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊ ရသသမ္ဘဝါ-စွဲလျက် သိမ်းပိုက်ထားသည့်
အရသာကြောင့်ဖြစ်ကုန်သော၊ အနေကာ-များစွာကုန်သော၊ ဝေဒနာအကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ
ဖြစ်ပွားကုန်၏တဲ့၊ ဆောင်ပုဒ်ကတော့- ''အဆင်းဆိုင်ရာ ဆိုထားရာ''လို့ ဆိုထားရာမှာ ''အရသာဆိုင်ရာ'' လို့ ပြင်ဆိုရုံမျှသာ
ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အရသာဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
နောက်ပြီးတော့ အဘိဇ္ဈာ စ ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်¤င်း၊ ဝိဟေသာ စညှဉ်းဆဲလိုသော ဒေါသ
သည်¤င်း၊ ဝဍ္ဎုန္တိ-ဖြစ်ပွါးကုန်၏၊ အဿ-ထိုပုဂ္ဂိုလ်၏၊ စိတံ္တ-စိတ်သည်၊ ဥပဟညတိ-လောဘ ဒေါသတို့ကြောင့် ပင်ပန်း
လျက် ရှိနေချေသည်တဲ့။
စားသုံးရတဲ့ အရသာကောင်းကို စွဲမက်ပြီး အဲဒီလို အစာကောင်းတွေကို စားရအောင် လိုချင်တောင့်တတဲ့ လောဘလဲ
ဖြစ်ပွါးတယ်၊ စား ဝတ် နေရေး ဆိုရာမှာ အဝတ်ကတော့ တထည်လောက်ရထားယင် တနှစ်လောက်သုံးလို့ ရတတ်ပါတယ်၊
နေရာအိမ်သို့ ဆိုတာကလဲ တခါလောက်ûပပြင်ထားယင် တော်တော်ကြာအောင် သုံးရပါတယ်၊ စားရေးကတော့ တနေ့ ၂-ကြိမ်
ထက်မနည်း သုံးဆောင်နေရတာမို့ တော်တော်တာဝန်လေးပါတယ်၊ ဈေးတွေ အဆမတန်ကြီးမြင့်နေတဲ့အခါ သာပြီးတာဝန်
လေးတာဘဲ၊ ကံကောင်းထောက်မထားတဲ့ သူတွေမှာတော့ သိပ်တာဝန် မလေးပေဘူး၊ အများအားဖြင့် လူ့လောကကြီးတခုလုံး
မှာ ဆင်းရဲတဲ့လူတွေက များတာဘဲ၊ ဒါကြောင့် စားရေးအတွက် ရှာကြံကြရတာဟာ အလွန်ဝန်လေးပုံရပါတယ်။ ရရာနည်းဖြင့်
ရှာကြံရတော့ အကုသိုလ်ကံတွေ ဖြစ်ပွါးကြမှာပါဘဲ၊ ကိုယ့်အလုပ်နှောင့်ရှက်တယ်လို့ ထင်ရတဲ့သူတွေကို ညှဉ်းဆဲလိုတဲ့ဒေါသ
မာလုကျပုတ္တသုတ်တရားတော် ၄၅
လဲဖြစ်ပွါးတတ်တယ်၊ အင်အားရှိယင် တကယ်ကို ညှဉ်းဆဲမှုတွေလဲ ဖြစ်တာဘဲ၊ အဲဒီစားသောက်ရေးနဲ့စပ်ပြီး ရှာကြံရတဲ့အ
တွက် စိတ်လဲပင်ပန်းဆင်းရဲနေရပါတယ်တဲ့။ အဲဒါတွေဟာ အရသာစားသိစဉ်က အမှတ်မရခဲ့လို့ တပ်မက်စွဲလမ်းပြီးဖြစ်တဲ့
ကိလေသဝဋ် ကမ္မဝဋ်တွေဘဲ၊ အဲဒီကမ္မဝဋ်ကြောင့် ဘဝသစ်ဝိပါကဝဋ်လဲ ဖြစ်ရဦးမယ်၊ အရသာစားသိတိုင်း မရှုမမှတ်ယင်
အဲဒီကိလေသာဝဋ်စသော ဆင်းရဲတွေကို လက်ခံဆည်းပူးနေသည်မည်တယ်။ အဲဒီစကားဆိုင်ရာ ဆောင်ပုဒ်များကို ဆိုကြရ
မယ်။
၎။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများစိတ်ပန်းသည်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
ရှေးကလဲ စားရာမှာ အမှတ်တမဲ့ စားလာတာဘဲ၊ စားသိတိုင်း ရှုမှတ်တဲ့နည်းဖြင့် မûပပြင် မပြောင်းလဲတော့ပါဘူးလို့
နေမြဲအတိုင်း နေသွားယင် ဆင်းရဲကို ရှာနေသူမည်တယ်၊ ဆင်းရဲကို ရှာမှီးစုဆောင်းနေတော့ ဆင်းရဲငြိမ်းဘို့ ဝေးတာပေါ့၊
ဘာလို့တုန်းဆိုယင်-မီးပုံကြီးထဲ လောင်စာတွေ အသစ်အသစ် ထည့်ပေးနေယင် အဲဒီမီးပုံကြီး မငြိမ်းပဲ ကြာရှည်တည်နေသ
လိုပါဘဲ၊ ဒါကြောင့်--
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အာစိနတော-လက်ခံ၍ ဆည်းပူး
စုဆောင်းသောသူအား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ၊ နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်
တဲ့။ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၆။ ဆင်းရဲကိုသာ။ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြခဲ့တဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ်ဆိုလိုတာကတော့ (စားသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်လို့)
ဆိုလိုတာပါပဲ။ အဲဒါကို ဆိုကြရမယ်။
စားသိခိုက်၌ မရှု မမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
အရသာ စားသိတိုင်း မပြတ်ရှုမှတ်နေယင်တော့ နိဗ္ဗာန်နဲ့ နီးကပ် နီးကပ်သွားတယ်။ အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့
ဂါထာ ၂-ပုဒ်လဲ ရွတ်ဆိုပြီး ဟောပြမယ်။
စားသိခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ရသေသု၊ ရသံ ဘောတွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော-အကြင် ပုဂ္ဂိုလ်သည်၊ ရသံ ဘောတွာ- အရသာကို စားသိပြီး၍၊ ဝါ-စားသိပြီးလျှင်၊ ပဋိဿတော-တဖန်
အမှတ်ရသည်၊ ဟောတိ-ဖြစ်၏ တဲ့။
ဒါဟာအရသာကို စားသိပြီးလျှင်ပြီးခြင်း ဝိပဿနာရှုဘို့ ဒါရိုက်ညွှန်းပြတာဘဲ၊ မစားမသိရတဲ့ အရသာရုပ်ကိုတော့
ကြံတွေးပြီးရှုဘို့ မလိုဘူး၊ အဲဒီလို ကြံတွေးရှုရုံမျှဖြင့် အာရမ္မဏာ-နုသယကိလေသာကို ပယ်နိုင်တဲ့ ဝိပဿနာÓဏ်အစစ်
မဖြစ်ဘူးဆိုတာကိုလဲ ခိုင်မြဲစွာ မှတ်သားထားကြရမယ်။ ရှုပုံကတော့-စားသောက်ဖို့ ထမင်းစားပွဲ ဆွမ်းစားပွဲရှေ့မှာ ထိုင်ပြီးတဲ့
နောက် ထမင်းပွဲကို ကြည့်ယင် ကြည့်တယ် မြင်တယ် ကြည့်တယ် မြင်တယ်လို့ ရှုမှတ်ရတယ်၊ ဒါက မြင်သိမှုနဲ့ ဆိုင်တဲ့
မှတ်ပုံဘဲ၊ ထမင်းပွဲဆီကို လက်လှမ်းယင်ြ<ွကတယ် လှမ်းတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ ထမင်းလုပ်ကို ကိုင်ယင် ပြင်ယင်လဲ
ကိုင်တယ် ပြင်တယ်လို့ မှတ်ရတယ်၊ ထမင်းလုပ်ကို မ-ပြီး ယူလာယင် မတယ် ယူတယ် လို့ မှတ်ရတယ်၊ ပါးစပ်ထိယင်
ထိတယ်လို့ မှတ်၊ ပါးစပ်ဖွင့်ယင် ဖွင့်တယ်လို့ မှတ်၊ ထမင်းလုပ် ပါးစပ်ထဲထည့်လျှင် ထည့်တယ်မှတ်၊ ပါးစပ်ပြန်ပိတ်တာကို
ပိတ်တယ်လို့ မှတ်၊ လက်ပြန်ချတော့ ချတယ်ချတယ်မှတ်၊ ပန်းကန်ပြားနဲ့ထိတော့ ထိတယ်မှတ်၊ ဝါးတော့ ဝါးတိုင်း ဝါးတိုင်း
ဝါးတယ် ဝါးတယ်လို့ မှတ်ရတယ်၊ ဒါတွေကတော့ ကာယဒွါရက ထိသိမှုနှင့်ဆိုင်တယ်၊ စားစရာမှာ ထိသိမှု ရှုမှတ်ရတာတွေ
ကများတယ်၊ လက်က လှုပ်ရှားûပပြင်ရာမှာ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောရုပ် အတွေ့အထိကို ရှုသိရတာပဲ၊ ထမင်းအပူကို
ထိရတဲ့အခါ တေဇောရုပ်အတွေ့ကို ရှုသိရတာဘဲ၊ ပါးစပ်က ဝါးတဲ့အခါ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောရုပ်အတွေ့ကို ရှုသိရ
တာဘဲ၊ ဒီလို ထိသိမှု မှတ်သိရတာတွေကပဲ များပါတယ်။ လျှာပေါ်မှာ အရသာပေါ်လာတော့ ချိုတယ် ချဉ်တယ် စသည်ဖြင့်
ရှုမှတ်ရတယ်၊ အဲဒါကတော့ စားသိမှုကို ရှုသိရတာဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၄၆
အဲဒီလို အရသာထင်ပေါ်လာတိုင်း ရှုမှတ်ပြီးသိသိနေလျှင် အဲဒီအရသာနှင့်စပ်ပြီး သာယာတပ်မက်ခြင်း မဖြစ်တော့
ဘူး၊ ဒါကြောင့် သော-အရသာကို စားသိပြီးလျှင် ချက်ခြင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ရသေသု-စားသိရသော အရသာ
တို့၌၊ န ရဇ္ဇတိ-မတပ်မက်၊ ဝါ-တပ်မက်မှု ရာဂကင်းသည်လို့ ဆိုထားတာပါဘဲ။ ဆောင်ပုဒ်ကတော့ (အရသာသိက၊ အမှတ်
ရ၊ ရာဂကင်းတော့သည်လို့) ဆိုကြရုံပါဘဲ။
၁။ အရသာသိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
အရသာစားပြီးလျှင် ချက်ခြင်းအမှတ်ရတယ်လို့ ဆိုတာက ရှေ့ပိုင်းနားတုန်းက ပြခဲ့တဲ့ မြင်သိဝီထိနှင့် အလားတူတဲ့
စားသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်သိတာကိုဆိုတာပါဘဲ၊ အဲဒီလိုရှုမှတ်ပြီး သိသိနေယင် သမာဓိÓဏ် အားကောင်းတဲ့အခါကျ
တော့ စားသိရတဲ့ အရသာရုပ်မျှကိုသာ မှန်စွာသိရတယ်၊ အဲဒီအရသာရုပ်နဲ့ စားသိနာမ်, ရှုသိနာမ်များ ချက်ခြင်းပင် ပျောက်
ကွယ် ပျက်စီးသွားတာကိုလဲ အမှန်အတိုင်းသိရတယ်၊ ကောင်းလိုက်တာ ကြက်သားဟင်းဘဲ စသည်ဖြင့် ချစ်ဖွယ်အာရုံကိုတော့
မတွေ့ရတော့ဘူး၊ ဒါကြောင့် အဲဒီစားသိရတာကို မကြံစည်တော့ပဲ အရသာသိရုံမျှ၌သာ တည်တယ်၊ အဲဒါဟာ (မုတေ
မုတမတံ္တ ဘဝိဿတိ) စားသိလျက် တွေ့ရသည်၌ တွေ့ရုံမျှသာ ဖြစ်လတံ့-ဆိုတဲ့ စကားတော်နှင့် အညီပါဘဲ၊ အဲဒီအရသာကို
စားသိရပေမဲ့ မစားရ မသိရတဲ့အရသာမှာလိုပင် တပ်မက်သာယာမှုစသော ကိလေသာတွေ မဖြစ်တော့ပဲ ကင်းငြိမ်းသွားတယ်။
ယခုဒီရိပ်သာက ယောဂီတွေ မြင်သိတိုင်း ထိသိတိုင်း နံသိတိုင်း စားသိတိုင်း ရှုမှတ်ပြီး သိနေကြတာဟာ မဟာသတိ
ပဋ္ဌာန သုတ်ဒေသနာတော်နှင့်ညီသည့်ပြင် ယခုဟောပြခဲ့တဲ့ မာလုကျပုတ္တသုတ်တရားတော်နှင့်လဲ အံကျကိုက်ပြီး ညီနေ
ကြောင်း အလွန်ပင် ထင်ရှားပါတယ်။ သမာဓိÓဏ်အထူးအားကောင်းတဲ့ အခါကျတော့ ဟင်းနံ့နှင့် အရသာကို တွေ့ရတိုင်း
နံတယ်၊ သိတယ်၊ ချိုတယ်၊ ချဉ်တယ် စသည်ဖြင့် ရှုမှတ်ပြီး အနံ့အရသာ ရော+အနံ့အရသာ သိမှုရော+ရှုသိမှုရော ချက်ခြင်း
ပင်ပျောက်ပျက်သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ စားသိရတဲ့ အရသာနဲ့စပ်ပြီး တပ်မက်သာယာတဲ့ ရာဂလဲ မဖြစ်ရတော့
ဘူး၊ တပ်မက်သာယာခြင်းမရှိပဲ ခံစားရုံမျှသက်သက်သာ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုတောင် ထက်မြင်တတ် ပြောတတ်ကြ
ပါသေးတယ် ရှုမှတ်ပြီး စားနေရတဲ့အတွက် မြိန်မြိန်ရှက်ရှက် အရသာမပေါ်ပဲ ရှိနေတာဘဲ၊ မရှုမမှတ်ပဲ စားရယင်တော့
မြိန်မြိန်ရှက်ရှက် စားလို့ကောင်းမှာပဲလို့တောင် ပြေတတ်ကြပါသေးတယ်၊ အဲဒီလို ထင်တာပြောတာဟာ ဟုတ်လဲဟုတ်ပါ
တယ်၊ ရှုမှတ်လို့ ကိလေသာကင်းနေတဲ့အတွက် မြိန်ရှက်တဲ့အနေနဲ့ မထင်ရှားပဲ ဖြစ်နေတာဘဲ၊ အဲဒီလို ကိလေသာကင်းပုံ,
အစွဲကင်းပုံကို ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
သော-မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊ ဝိရတ္တစိတ္တော-တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊ ဝါ-မတပ်မက်သော
စိတ်ဖြင့်၊ ဝေဒေတိ-ခံစား၏၊ တဉ္စစ-ထိုအရသာကိုလဲ၊ န အဇ္ဈောသ တိဋ္ဌတိ- သိမ်းပိုက် ဆုပ်ကိုင်လျက် မတည်တဲ့။ ဆောင်
ပုဒ်ကတော့ ရှေးကအတိုင်းပါဘဲ၊ ဆိုကြရမယ်။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲမသိမ်းပြီ။
၎။ ယထာဿ သာယတော ရသံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံသော စရတိဿတော။
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ-အခြားမဲ့၌ မှတ်သိမှုပါသော အကြင်အခြင်းအရာဖြင့်၊ ရသံ-အရသာကို၊ သာယတော စာပိ-စားသိလဲ စားသိ
ငြားသော်လဲ၊ ဝေဒနံ-ခံစားမှုကို၊ သေဝတော စာပိ-မှီလဲ မှီဝဲငြားသော်လဲ၊ ဒုကံ္ခ-ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊ ခီယတိကုန်သာ
ကုန်ခန်း၏၊ နောပစိယတိ- ဆည်းပူးအပ် သည်ကားမဟုတ်ပေတဲ့။
ဝိပဿနာယောဂီပုဂ္ဂိုလ်ဟာလဲ သူများလိုပင် အစာအရသာကို စားလဲစားပါတယ်၊ ခံစားမှုကိုလဲ မှီဝဲပါတယ်၊ သို့ပေမဲ့
သာမာန်ပုဂ္ဂိုလ်များမှာလို အရသာနဲ့စပ်ပြီး ကိလေသာတွေလဲ မဖြစ်ဘူး၊ အဲဒီအရသာမျိုးကို ရှာမှီးခြင်းစသည်ဖြင့် အကုသိုလ်
ကံ ကုသိုလ်ကံတွေလဲ မဖြစ်ဘူး၊ ကံမဖြစ်တော့ ကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါက်ဆင်းရဲတွေလဲ မဖြစ်ဘူး ကင်းငြိမ်းတယ်၊
ဘာကြောင့်လဲဆိုတော့ စားသိပြီးလျှင် ပြီးချင်း မှတ်သိမှုပါနေလို့ ပါတဲ့။ ဆောင်ပုဒ်ကတော့ (မှတ်သိလျက်သား၊ စားသိသွား၊
ခံစားမှီဝဲသည်) လို့ ဆိုကြရမယ်။
၃။ မှတ်သိလျက်သား၊ စားသိသွား၊ ခံစားမှီဝဲသည်။
နောက်တပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၄၇
၎။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
သူများလိုပင် စားလဲစားပေမဲ့၊ ခံစားမှုလဲ ဖြစ်ပေမဲ့ မရှုမမှတ်တဲ့ သာမန်လူများမှာလို (ဝေဒနာပစ္စယာ တဏှာ) ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ခံစားမှု အကြောင်းûပပြီး တဏှာမဖြစ်တော့ဘူး၊ တဏှာမဖြစ်တဲ့အတွက် ဥပါဒါန်နဲ့ကံလဲ
မဖြစ်တော့ဘူး၊ ကံမဖြစ်တဲ့အတွက် အဲဒီကံ၏ အကျိုးဝိပါက် ဆင်းရဲတွေဆိုတာလဲ မဖြစ်တော့ဘူး၊ အဲဒါဟာ မရှုမိတဲ့
အရသာနဲ့စပ်ပြီး ဖြစ်ခွင့်ရှိတဲ့ ကိလေသာတွေ ကံတွေ ဝိပါက်ဆင်းရဲတွေ ကင်းငြိမ်းကုန်ခန်းနေပုံပါဘဲ။ ဒါကြောင့် အဲဒီ
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ငြိမ်းစေချင်တဲ့ယောဂီဟာ စားသိတိုင်းအမှတ်ရတဲ့ဒီနည်းဖြင့် မပြတ်ကျင့်ရတယ်ဆိုတဲ့ အကြောင်း
ကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
ဧဝံ-စားသိတိုင်း ရှုသိမှုပါသော ဤနည်းဖြင့်၊ သော-ထို ယောဂီသည်၊ သတော-အမှတ်ရလျက်၊ စရတိ-ကျင့်သည်
တဲ့။ အဲဒါဟာ စားသိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားရမယ် ဆိုတာကို ဒါရိုက်ပြတာပါဘဲ၊ ဆောင်ပုဒ်က
တော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
အဲဒီလို ရှုမှတ်တိုင်းရှုမှတ်တိုင်း စားရတဲ့အရသာနဲ့ စပ်ပြီးဖြစ်ပွားမည့် ကိလေသာစသော ဆင်းရဲတွေကို တဒင်္ဂပဟာန်
ဖြင့် ပယ်သတ်ပယ်သတ်သွားယင် တဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက်ဆိုက်ရောက် သွားတယ်၊ ဝိပဿနာ Óဏ်အားပြည့်တဲ့အခါကျ
တော့ ဒီလိုရှုမှတ်နေယင်းထဲကပင် အရိယမဂ်Óဏ်ဖြင့် နိဗ္ဗာန် အစစ်ကို ဆိုက်ရောက်ပြီး မျက်မှောက်ûပသွားတယ်၊ ဒါကြောင့်
ရှုမှတ်တိုင်း ရှုမှတ်တိုင်း နိဗ္ဗာန်အစစ်ကို ရောက်ဖို့လဲ နီးကပ် နီးကပ်နေတာဘဲ။ ဒါကြောင့်-
ဧဝံ-ဤဆိုအပ်ခဲ့သည့်အတိုင်း စားသိပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော ဖျက်ဆီးသော ပုဂ္ဂိုလ်အား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်
ကို၊ သန္တိကေ-နီးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်တဲ့။ ဆောင်ပုဒ်ကတော့ (စားတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်
ပြည်) လို့ ဆိုကြရုံပါဘဲ။
၆။ စားတိုင်းရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ယခုရွတ်ပြခဲ့တဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (စားသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်) လို့ဆိုလို
တာပါဘဲ၊ အဲဒါကို ဆိုကြရမယ်။
စားသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ရှုသူမှာ ဘယ်အချိန်မဆို တရားထူးကိုရနိုင်သည်
စားနေယင်းရှုမှတ်လို့ နိဗ္ဗာန်ဆိုက်ရောက်ပုံကတော့ အဋ္ဌကထာများမှာ ထင်ရှားပြထားတာတွေ ရှိပါတယ်။ဘယ်လိုလဲ
ဆိုတော့ ရှေးတုန်းက သီဟိုဠ်ကျွန်းမှာ ûမိ့ထဲရွာထဲ၌ သံဃာတော်များ ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးဘို့ ဆောက်လုပ်ထားတဲ့
ဆွမ်းစားဇရပ်ဆိုတာ တွေရှိတယ်၊ နံနက်စေစောပိုင်းမှာ ယာဂုခေါ်တဲ့ ဆန်ûပတ်ဆွမ်းကို ခံယူပြီး အဲဒီ ဆွမ်းစားဇရပ်မှာပဲ
ဘုဉ်းပေးကြရမယ်၊ နေ့ပိုင်းကျတော့ ဆွမ်းကိုခံယူပြီး အဲဒီဇရပ်မှာပဲ ဘုဉ်းပေးကြရတယ်၊ အဲဒီလိုဘုဉ်းပေးနေကြယင်း
ဝိပဿနာရှုပြီး အရဟတ္တမဂ်ဖိုလ် တရားထူးများ ရသွားကြတယ်၊ အဲဒီဇရပ်တွေမှာ ရဟန္တာ မဖြစ်ဘူးဘူးလို့ ပြစရာနေရာ
တောင် မရှိဘူး၊ ရဟန္တာဖြစ်ဘူးတဲ့ နေရာချည်းဘဲ တဲ့၊ ဒီလို အဋ္ဌကထားများမှာ ပြဆိုထားပါတယ်။
နောက်ပြီးတော့ တနေ့က ခုနစ်ဝါမြောက် ဗုဒ္ဓဝါတော်စဉ်အရ အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ်မှ အသမယဝိမုတ္တ
ပုဂ္ဂိုလ်ကို ဟောယင်း အဲဒီက အဋ္ဌကထာအဖွင့်ကို ထုတ်ပြပြီး ဟောခဲ့တယ်၊ ဘယ်လိုလဲ ဆိုတော့--
ယဿ သဒ္ဓါ ဗလဝတီ, ဝိပဿနာ စ အာရဒ္ဓါ တဿ ဂစ္ဆန္တဿ တိဋ္ဌန္တဿ
နိသီဒန္တဿ နိပဇ္ဇန္တဿ ခါဒန္တဿ ဘုဉ္ဇန္တဿ မဂ္ဂဖလပဋိဝေဓော နာမ န ဟောတီတိ နတ္ထိ-
တဲ့။
[ ပုဂ္ဂလပညတ္တိအဋ္ဌကထာ နှာ-၃၂ ]
မာလုကျပုတ္တသုတ်တရားတော် ၄၈
ယဿ-အကြင်ပုဂ္ဂိုလ်မှာ၊ သဒ္ဓါ စ-ယုံကြည်မှု သဒ္ဓါတရားသည်လည်း၊ ဗလဝတီ-အားကြီး၏-အားကောင်း၏။
(ပေါ်လာသမျှကို ရှုမှတ်နေခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်မယ်လို့ ယုံကြည်မှုကလဲ အားကောင်းတယ်တဲ့၊ အဲဒါက အရေး
ကြီးတယ်၊ နှစ်နှစ်ûခိက်ûခိက် ယုံကြည်ဘို့လိုပါတယ်) ဝိပဿနာ စ- ဝိပဿနာကိုလည်း၊ အာရဒ္ဓါ-ဥဒယဗ္ဗယÓဏ်ရောက်
အောင် အားထုတ်စûပအပ်ပြီ၊ (ဝိပဿနာကို အားထုတ်စûပခဲ့ပြီတဲ့၊ အောက်ထစ်ဆုံးအားဖြင့် ဥဒယဗ္ဗယÓဏ်ရောက်နေပြီလို့
ဆိုလိုပါတယ်၊ အဲဒါထက် ဘင်္ဂÓဏ်စသည်ရောက်နေယင်တော့ သာပြီးပြည့်စုံ နေတာပါဘဲ၊) တဿ-ထိုပုဂ္ဂိုလ်မှာ၊ ဂစ္ဆန္တဿ
သွားနေစဉ် ဖြစ်စေ၊ တိဋ္ဌန္တိဿ-ရပ်နေစဉ်ဖြစ်စေ၊ နိသီဒန္တဿ ထိုင်နေစဉ် ဖြစ်စေ၊ နိပဇ္ဇန္တဿ-လဲလျောင်းနေစဉ်ဖြစ်စေ၊
ခါဒန္တဿ-မုန့်သစ်သီးစသည်ကို ခဲစားနေစဉ်ဖြစ်စေ၊ ဘုဉ္ဇန္တဿ-ဆွမ်းထမင်းကို သုံးဆောင်နေစဉ်ဖြစ်စေ၊ မဂ္ဂဖလပဋိဝေဓော
နာမ-မဂ်ဖိုလ်ကို ထိုးထွင်းသိခြင်း ရခြင်းမည်သည်၊ န ဟောတီတိ-မဖြစ်ဟူ၍၊ နတ္ထိ-မရှိပေတဲ့။
မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မပြတ်ရှုမှတ်နေလျှင် မဂ်ဖိုလ်တရားထူးကို ရနိုင်
တယ်လို့ ယုံကြည်မှုသဒ္ဓါလဲ အားကောင်းနေယင်၊ ရှုမှတ်အားထုတ်စ ûပခဲ့ပြီးဖြစ်၍ အဖြစ်အပျက်ကို ကိုယ်ပိုင်Óဏ်ဖြင့်
တွေ့သိလဲ တွေ့သိနေယင် သွားနေဆဲဖြစ်ဖြစ်၊ ရပ်နေဆဲဖြစ်ဖြစ်၊ ထိုင်နေဆဲဖြစ်ဖြစ်၊ လျောင်းနေဆဲဖြစ်ဖြစ်၊ စားသောက်နေဆဲ
ဖြစ်ဖြစ် ဘယ်အချိန်မဆို (ဝိပဿနာÓဏ်အားပြည့်ယင်) မဂ်ဖိုလ်ကို ရောက်နိုင်ရနိုင်တာချည်းဘဲ၊ မရောက်နိုင် မရနိုင်တဲ့
အချိန်ရယ်လို့ မရှိပါဘူးတဲ့၊ ဒီအချိန်ဟာ တကယ်အားထုတ်နေတဲ့ ယောဂီများအတွက် အင်မတန် အားရစရာ ကောင်းတာဘဲ။
အဲဒါကို ဆောင်ပုဒ်ကလေးများ စီထားတယ်၊ လိုက်ဆိုကြရမယ်။
၁။ ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။
၂။ သွားစဉ်, ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်တွင်မဆို ရှိပါစေ။
၃။ စားစဉ်, ခဲစဉ်၊ သုံးဆောင်စဉ်၊ ဘယ်တွင်မဆို ရှိပါစေ။
၎။ ရှုနေသူမှာ၊ မဂ်ဖိုလ်ဟာ၊ ဘယ်ခါမဆို ဖြစ်နိုင်ပေ။
ဒါကြောင့် စားသောက်နေတဲ့အခါလဲ စေ့စေ့စပ်စပ် မပြတ်ရှုပြီး စားသောက်ဖို့လိုပါတယ်။ ကိုယ်တဦးတည်း စား
သောက်နေတဲ့အခါ ဆိုယင်တော့ ဖြေးဖြေးချင်းချင်း ûပပြင်ပြီး စေ့စေ့စပ်စပ် ရှုမှတ်နေယင် ထမင်းတလုပ်မှာပင် မှတ်ချက်
ပေါင်း လေးငါးခြောက်ဆယ်ထက် မနည်း ရနိုင်တယ်၊ အဲဒီလို ရှုမှတ်နေယင်တော့ ထမင်းစားတာက တနာရီလောက်လဲ
ကြာတတ်တယ်၊ ယခု ဒီမှာ အများနဲ့အတူ စားရတဲ့အခါမှာတော့ အဲဒီလောက် စေ့စပ်အောင် ရှုမှတ်ဖို့ မလွယ်ပါဘူး၊ ဒါပေမဲ့
ရနိုင်သမျှရအောင် အထူးအလေးûပပြီး ရှုမှတ်ကြရမယ်။
စားသိမှုနှင့်စပ်ပြီး ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကတော့ ပြည့်စုံလောက်ပါပြီ။ ယခု ထိသိမှုနှင့်စပ်ပြီး မေးခွန်းမှစ၍
ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ မေးခွန်းတော် (၅)
ယေ တေ ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ အသံဖုဋ္ဌာ အသံဖုဋ္ဌပုဗ္ဗာ၊ န စ ဖုသသိ၊ န စ
တေ ဟောတိ ဖုသေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ၊
(မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊) ကာယဝိညေယျာ-ကိုယ်ဖြင့် ထိသိနိုင်ကောင်းကုန်သော၊
ယေဖောဋ္ဌဗ္ဗာ-အကြင် အတွေ့ရုပ်တို့ကို၊ တေ-သင်သည်၊ အသံဖုဋ္ဌာ မကြာမီကလဲ မထိသိဘူးသေး၊ (အတွေ့ရုပ်တွေဆိုတာ
ကြမ်းတမ်းခက်မာ နူးညံ့ချောညက်တဲ့ အတွေ့ကတမျိုး၊ ပူအေးနွေးတဲ့ အတွေ့က တမျိုး၊ တောင့်တင်းလှုပ်ရှားတဲ့ အတွေ့က
တမျိုး၊ ဒီလို ၃-မျိုးရှိတယ်၊ အဲဒီတွေ့ထိစရာတွေကို မကြာမှီကလဲ မထိသိရသေးဘူးလို့ ဆိုလိုပါတယ်။) န အသံဖု႒ပုဗၺာေ
ရှးကာလ ရှေးဘဝတွေကလဲ မထိသိရဘူးသေး၊ န စ ဖုသသိ-ယခုလဲ ထိသိနေဆဲမဟုတ်၊ တေ-သင်အား၊ န စ ဟောတိ
ဖုသေယျန္တိ ထိသိနိုင်သည်ဟူ၍လဲ စိတ်ကူးထဲမှာတောင် မဖြစ်သေး၊ တတ္ထ-ထိုထိလဲ မထိသိဘူးသေး၊ ထိသိဆဲလဲမဟုတ်၊
ထိသိနိုင်သည် ထိသိရလိမ့်မည်ဟူ၍ စိတ်ကူးထဲမှာတောင် မပေါ်သေးသော တွေ့ထိစရာ အတွေ့ရုပ်တို့၌၊ တေ-သင်အား၊
ဆန္ဒော ဝါ-လိုချင်နှစ်သက်မှုသည်¤င်း၊ ရောဂါ ဝါ-တပ်မက်စွဲလမ်းမှုသည်¤င်း၊ ပေမံ ဝါ-ချစ်ခင်မှုသည်¤င်း၊ အတ္ထိ-ရှိပါ
သလား ဖြစ်ပါသလားတဲ့၊ ဒီလို မေးတော်မူပါတယ်။
တွေ့ထိလဲ မတွေ့ထိဘူးသေး၊ တွေ့ထိရဆဲလဲ မဟုတ်၊ တွေ့ထိရလိမ့်မယ်လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့
သက်ရှိသက်မဲ့ တွေ့ထိစရာကိုအာရုံûပပြီး လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလိုတွေ့ထိစရာ ရှိတယ်
လို့တောင် မသိရသေးပဲနဲ့ အဲဒီသက်ရှိသက်မဲ့ တွေ့ထိစရာကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်မလဲ၊
မဖြစ်ပါဘူး၊ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို တွေ့ထိစရာမှာ လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါ
ဘုရား-လို့ ဖြေကြား လျှောက်ထားပါတယ်။ အဲဒါဟာ တိကျမှန်ကန်တဲ့အဖြေဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၄၉
ဒီမေးခွန်းတော်ဖြင့် မတွေ့မထိရတဲ့အာရုံမှာ လိုချင်နှစ်သက်ခြင်းစသော ကိလေသာမဖြစ်နိုင်ကြောင်း ဒါရိုက်ပြတော်မူ
တယ်၊ ဥပမာ နိုင်ငံခြားကထုတ်လုပ်တဲ့ အဝတ်အထည် အခင်းကောင်းကလေးတွေ၊ ûခံထည်ကောင်းကလေးတွေဆိုတာ
ရှိတယ်၊ အဲဒီလို အဝတ်အထည်ûခံစရာနှင့်စပ်ပြီး မမြင်ဘူး မကြားဘူး မထိဘူးတဲ့သူမှာ လိုချင်တောင့်တခြင်း ဖြစ်ပါ့မလား၊
မဖြစ်ကြောင်း ထင်ရှားပါတယ်၊ ထို့အတူပင် သက်ရှိလူပုဂ္ဂိုလ်အတွေ့နှင့် စပ်ပြီးတော့ မထိဘူး မသိဘူးသေးတဲ့သူမှာ တွေ့ထိ
လိုတဲ့ စိတ်မဖြစ်ပါဘူး။ ဒါကြောင့် မထိရ မသိရသေးတဲ့ တွေ့ထိစရာ အာရုံမှာ လိုချင်နှစ်သက်မှုစသော ကိလေသာတွေ မဖြစ်
ဘူး၊ ကိလေသာတွေ မဖြစ်နိုင်ပဲ သူ့အလိုလိုပင် ကင်းငြိမ်းနေတဲ့အတွက် အဲဒီလို မထိရမသိရတဲ့ အတွေ့အထိအာရုံမှာ
ကိလေသာ မဖြစ်ရအောင် ဝိပဿနာရှုဘို့ မလိုဘူးဆိုတာကိုလဲ ဒီမေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်။
တွေ့ထိရာယင်တော့ အဲဒီ တွေ့ထိရတဲ့အာရုံမှာ လိုချင်နှစ်သက်ခြင်း စသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ ဒါကြောင့်
အဲဒီလို တွေ့ထိရတဲ့အာရုံမှာ ကိလေသာ ဖြစ်ခွင့်မရအောင် ဝိပဿနာဖြင့် ရှုမှတ်ပြီး ပယ်သင့်တယ် ဆိုတာကိုလဲ ဒီမေးခွန်း
တော်ဖြင့် သိနားလည်စေပါတယ်၊ ဒါကြောင့် မြင်မှုနှင့်စပ်ပြီး ပြဆိုခဲ့တဲ့ ဆောင်ပုဒ်တွေလိုပင် အလားတူဆောင်ပုဒ်များကိုလဲ
ဆိုကြရမယ်။
၁။ မထိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
မထိရတဲ့ အာရုံမှာ ကိလေသာဖြစ်ခွင့်မရှိဘဲ သူ့ဟာသူပင် ငြိမ်းနေတယ်၊ ဒါကြောင့် အဲဒီ မထိရ မသိရတဲ့ အာရုံတွေ
ကို ဆင်ခြင်စဉ်းစားပြီး ဝိပဿနာရှုနေဘို့ မလိုဘူးဆိုတာကိုလဲ သိနားလည်စေပါတယ်၊ နောက်တပုဒ်လဲ ဆိုကြရမယ်။
၂။ ထိရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
ထိရယင်တော့ အဲဒီထိရတဲ့အာရုံကို ပြန်လည်ဆင်ခြင်ပြီး ကိလေသာတွေ ဖြစ်နိုင်တယ်၊ ဒါကြောင့် အဲဒီထိရတဲ့အာရုံ
မှာ ကိလေသာ မကိန်းနိုင်အောင်, မဖြစ်နိုင်အောင် ထိသိပြီးလျှင် ပြီးခြင်း ရှုမှတ်ပြီး, ဖြစ်မည့်ကိလေသာတွေကို ပယ်သင့်တယ်
ဆိုတာကိုလဲ သိနားလည်စေပါတယ်။ အဲဒီဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
၃။ ထိတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
အဲဒီလို ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကို ခုတင်ကပြဆိုခဲ့တဲ့ မေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်၊အဲဒီဆောင်ပုဒ်
ကိုလဲ ဆိုကြရမယ်။
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို သိနားလည်စေပြီးသော ထိသိတိုင်း ထိသိတိုင်း မပြတ်ရှုနေလျှင် ထိသိရုံမျှ၌သာတည်ပြီး ကိလေသာ ငြိမ်း
မယ်ဆိုတာကိုလဲ (မုတေ မုတမတံ္တ ဘဝိဿတိ) ထိသိလျက် တွေ့ရသည်၌ ထိသိရုံမျှ တွေ့ရုံမျှ ဖြစ်လိမ့်မယ်လို့လဲ ညွှန်ကြား
တော်မူပါတယ်၊ အကျယ်ကိုတော့ နှာ ၂၉-စသည်မှာ ဖော်ပြခဲ့ပါပြီ။ မဂ်ရောက် ဖိုလ်ရောက် ရည်သန်ပြီး မမေ့မလျော့
မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ ဒီအတွေ့အထိ ရှုမှတ်ရတာက အများဆုံးပါဘဲ။ ထိုင်ပြီး ရှုမှတ်နေတဲ့အခါ မြင်တာ ကြားတာကို
တရံတခါမျှသာ ရှုမှတ်ရတယ်၊ နံတာကိုတော့ ရှုမှတ်ရခဲပါတယ်၊ စားသောက်တဲ့ အခါများမှာတော့ ထမင်းနံ့ ဟင်းနံ့ ဖျော်ရည်
နံ့များကို နံသိပြီး ရှုမှတ်ရတာ ရှိပါတယ်၊ စားသိတာကို ရှုမှတ်ရတာကလဲ စားသောက်နေဆဲမှာသာ ရှုမှတ်ရတာဘဲ၊ အများ
အားဖြင့် တနေ့လုံးတညလုံး ရှုမှတ်နေရတာဟာ ဒီ အတွေ့အထိကို ရှုမှတ်နေရတာပါဘဲ။
လမ်းလျှောက်သွားနေတဲ့အခါ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေစဉ်လဲ သွားတယ်လို့ သိရမယ်လို့
ဟောကြား ညွှန်ပြထားတော်မူသည့် အတိုင်း သွားတယ် သွားတယ်၊ ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ြ<ွကတယ် လှမ်းတယ်
ချတယ်-လို့ မပြတ်ရှုမှတ်ပြီး သွားရတယ်။ အဲဒါဟာ ခြေထောက်လဲ ကိုယ်ထဲက အတွေ့အထိ အာရုံကို ရှုမှတ်ရတာဘဲ၊
ကျမ်းဂန်ဝေါဟာရနဲ့ ပြောရယင်တော့ ခြေထောက်ထဲ ကိုယ်ထဲက တောင့်တင်းတွန်းကန် လှုပ်ရှားတဲ့ ဝါယောအတွေ့အထိကို
ရှုမှတ်ပြီး သိရတာပါဘဲ၊ ရံခါမှာတော့ ခြေထောက်ထဲ ကိုယ်ထဲက ပူတဲ့ နွေးတဲ့ အေးတဲ့ တေဇောဓာတ်ကိုလဲ ရှုသိရတယ်၊
ကြမ်းတမ်း နူးညံ့ချောညက်တဲ့ ပထဝီဓာတ်ကိုလဲ ရှုသိရတယ်။ အများအားဖြင့်တော့ ဝါယောဓာတ်ကို ရှုသိရတာကဘဲ များပါ
တယ်။
မတ်တတ်ရပ်နေတဲ့အခါလဲ (ဌိတော ဝါ ဌိတောမှီတိ ပဇာ-နာတိ) ရပ်နေစဉ်လဲ ရပ်တယ်လို့ သိရမယ်လို့ ဟောကြား
ညွှန်ပြထားတဲ့အတိုင်း ရပ်တယ် ရပ်တယ်လို့ မပြတ်ရှုမှတ်နေရုံပါဘဲ။ ရပ်တာတမျိုးတည်း ရှုမှတ်ရုံနဲ့ အားမရသေးယင် အဲဒီ
ရပ်နေခိုက်မှာ ထင်ရှားတဲ့ အတွေ့အထိနဲ့ တွဲပြီး ရပ်တယ် ထိတယ် ရပ်တယ် ထိတယ်လို့ ရှုမှတ်ရုံပါဘဲ။ အဲဒီလို ရှုမှတ်ရုံနဲ့
မာလုကျပုတ္တသုတ်တရားတော် ၅ဝ
အားမရသေးယင်တော့ ဝမ်းဗိုက်ကအတွေ့အထိကို အာရုံûပပြီး ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ် စသည်ဖြင့်
ရှုမှတ်သွားပါဘဲ။
ထိုင်နေတဲ့အခါလဲ (နိသိန္နော ဝါနိသိန္နောမှီတိ ပဇာနာတိ) ထိုင်နေစဉ်လဲ ထိုင်တယ်လို့ သိရမယ်-လို့ ဟောကြား
ညွှန်ပြထားတဲ့အတိုင်း ထိုင်တယ် ထိုင်တယ်လို့ မပြတ်ရှုမှတ်နေရုံပါဘဲ၊ အဲဒါ တမျိုးတည်းမှတ်ရုံမျှနဲ့ အားမရသေးယင်
ထိုင်နေစဉ်မှာ ထင်ရှားတဲ့ အတွေ့အထိနဲ့တွဲပြီး ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်လို့ ရှုမှတ်နေရုံပါဘဲ။ အဲဒါနဲ့ အားမရ
သေးယင်တော့ ဝမ်းဗိုက်ထဲက တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ် အတွေ့အထိကို ပဓာနûပပြီး ဖောင်းတယ် ပိန်တယ်၊
ဖောင်းတယ် ပိန်တယ်စသည်ဖြင့် ရှုမှတ်နေရုံပါဘဲ။ လဲလျောင်းနေတဲ့အခါလဲ လျောင်းတာ ထိတာ ဖောင်းတာ ပိန်တာကို
နည်းတူပင် ရှုနေရုံပါဘဲ။
အာနာပါနကို ရှုဘို့ ဘာ့ကြောင့် မညွှန်းသလဲ
ဒီနေရာမှာ ရှုရှိုက်လေထဲ ဝါယောဓာတ်ပဲ၊ အဲဒီ ရှုရှိုက် အတွေ့အထိကိုတော့ ရှုဘို့ရာ ဘာ့ကြောင့် မညွှန်ကြား
ပါသလဲလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ မိမိ၏ သဘောအရ ဆိုယင်တော့ ရှုရှိုက်လေရုပ်ကို ရှုခြင်းဖြင့်လဲ ဝါယောရုပ်
နဲ့ ရှုသိနာမ်ကိုသိပြီး ဝိပဿနာÓဏ် ဖြစ်သင့်တယ်လို့ဘဲ သဘောကျပါတယ်။ ဒါပေမဲ့ ဝိသုဒ္ဓိမဂ်၌ ကာယာနုပဿနာ (၁၄)
ပိုင်းကို သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းတို့ဖြင့် ခွဲခြားပြရာတွင် အာနာပါနကို သမထကမ္မဋ္ဌာန်းလို့သာ ပြထားတယ်။
ပြပုံကတော့-
ဣရိယာပထပဗံ္ဗ စတုသမ္ပဇညပဗံ္ဗ ဓာတုမနသိကာရပဗ္ဗန္တိ ဣမာနိ တီဏိ
ဝိပဿနာဝသေန ဝုတ္တာနိ။ပ။ အာနာပါနပဗ္ဗံ ပန ပဋိကူလမန သိကာရပဗ္ဗဉ္စ ဣမာ-နေဝေတ္ထ
ဒွေ သမာဓိဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိမဂ် ပဌမတွဲ နှာ ၂၃၂)
ဣရိယာပထပဗံ္ဗ စတုသမ္ပဇညပဗံ္ဗ ဓာတုမနသိကာရပဗ္ဗန္တိ- ဣရိယာပုထ် ၄-ပါးရှုပုံ အပိုင်း, သမ္ပဇဉ် ၄-ပါးဖြင့် ရှုပုံ
အပိုင်း, ဓာတ်လေးပါး နှလုံးသွင်းပုံအပိုင်းဟူသော၊ ဣမာနိ တီဏိ-ဤသုံးပိုင်းတို့ကို၊ ဝိပဿနာဝသေန-ဝိပဿနာဘာဝနာ
အလိုအားဖြင့်၊ ဝုတ္တာနိ-ဟောတော်မူအပ်ကုန်၏။ပ။ ပန-ထိုမှတပါး၊ အာနာပါနပဗ္ဗံ ပဋိကူလမနသိကာရပဗ္ဗဉ္စ-ရှူရှိုက်လေ
ရှုပုံကိုပြသော အာနာပါနပိုင်းနှင့် ဆံပင် မွှေးညှင်း စသည်တို့ကို စက်ဆုပ်ဖွယ် ရှုပုံပြသော အပိုင်းဟူသော၊ ဣမာနေဝ ဒွေဤနှစ်ပိုင်း
တို့ကိုသာလျှင်၊ ဧတ္ထ-ဤ ကာယာနုပဿနာ ၁၄-ပိုင်းတို့တွင်၊ သမာဓိဝသေန-သမာဓိဘာဝနာ အလိုအားဖြင့်၊
ဝုတ္တာနိ-ဟောတော်မူအပ်ကုန်၏။
အထက်ပါဝိသုဒ္ဓိမဂ်၌ အာနာပါနပိုင်းကို သမာဓိဘာဝနာ- သမာဓိကမ္မဋ္ဌာန်းလို့ အတိအလင်း ပြဆိုထားတယ်၊ အဲဒီ
တော့ ဘုန်းကြီးတို့က အာနာပါနကိုရှုဘို့ ညွှန်ကြားယင် မလိုလားတဲ့ သူတွေက အထက်ပါ ဝိသုဒ္ဓိမဂ်ကိုကိုင်ပြီး ဘုန်းကြီးတို့
ညွှန်ပြနေတာကို သမထကမ္မဋ္ဌာန်းဘဲ၊ ဝိပဿနာမဟုတ်ဘူးလို့ စွပ်စွဲပယ်ဖျက်ကြမှာ သေချာပါတယ်၊ ဘုန်းကြီးတို့ကလဲ
အထက်ပါ ဝိသုဒ္ဓိမဂ်ကို ပယ်ဖျက်ပြီး ဝိပဿနာပါလို့ ဖြေရှင်းဘို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ကိုယ်တိုင်ကတော့
အာနာပါနကို ဝိပဿနာအနေဖြင့် မညွှန်ကြားခြင်းဖြစ်ပါတယ်။ ဒါပေမယ်လို့ အာနာပါနကိုသာ ရှုချင်ပါတယ်ဆိုတဲ့
သူတွေကိုတော့ သူတို့သဘောအတိုင်း ရှုဘို့ ခွင့်ûပပါတယ်၊ မတားမြစ်ပါဘူး။
နောက်တခုကတော့ အာနာပါနကို ရှုယင် နှာသီးဖျား တနေရာထဲ၌သာ စူးစိုက်ပြီး ရှုရမယ်၊ အတွင်းသို့ ဝင်လာသော
လေကိုလဲ လိုက်မရှုရဘူးလို့ ပဋိသမ္ဘိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ်မှာ အတိအလင်း ပြဆိုထားတယ်။ အဲဒါဟာ အဲဒီကျမ်းဆရာတို့၏
ရည်ရွယ်ချက်အားဖြင့် ဥပစာရသမာဓိ, အပ္ပနာ ဈာန်သမာဓိရအောင် ရှုဘို့ရည်ရွယ်ပြီး ပြဆိုတာပါဘဲ။ ဝိပဿနာÓဏ် ဖြစ်
အောင် ရှုရာမှာတော့ တနေရာတည်းက ရုပ်ကိုသာ ရှုရမယ်လို့ အကန့်အသတ်မရှိပါဘူး။ ဒါပေမဲ့ အာနာပါနကို ရှုနေယင်း
ကိုယ်ထဲမှာ ထင်ရှားပေါ်လာတဲ့ အတွေ့အထိရုပ်တွေကို လိုက်ရှုဘို့ ဘုန်းကြီးတို့က ညွှန်ကြားယင်၊ စိတ်ကူး အကြားအမြင်
တွေကိုလဲ လိုက်ရှုဘို့ ညွှန်ကြားယင်၊ အဲဒီ ပဋိသမ္ဘိဒါမဂ်, ဝိသုဒ္ဓိမဂ်တို့နှင့် ဆန့်ကျင်တယ် မှားတယ်လို့ အပြောအဆို အစွပ်
အစွဲခံရဘို့ သေချာနေပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့က အာနာပါနကို ဝိပဿနာအနေဖြင့် ရှုဘို့ မညွှန်ကြားတာပါဘဲ၊
ဒါလောက်ဆိုယင် အာနာပါနကို ရှုဘို့ ဘာကြောင့် မညွှန်ကြားသလဲဆိုတော့ မေးခွန်း ပြေလည်လောက်ပါပြီ။
မာလုကျပုတ္တသုတ်တရားတော် ၅၁
အဖောင်းအပိန်မှတ်တာဟာ ပါဠိတော်နဲ့မဝေးဘူးလား
လူတယောက်က ဖောင်းတာပိန်တာ မှတ်နေယင် ဘုရားဟော ပါဠိတော်နဲ့ ဝေးကွာမနေပေဘူးလားလို့ ဒီလို စောဒနာ
ပါတယ်။ အဖြေကတော့ ဘုရားဟော ပါဠိတော်များနဲ့ မဝေးပါဘူး၊ အံကျကိုက်ညီနေပါတယ်လို့ ဖြေကြားပါတယ်။ ဒီလို
ဖြေကြားနိုင်ခြင်း၏ ခိုင်လုံတဲ့သာဓကပါဠိတော်တွေက ရာထောင်မက များစွာရှိနေပါတယ်၊ ဘယ်လိုပါဠိတော်တွေလဲ ဆိုလျှင်
သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် စသည်တွေပါဘဲ၊ အဲဒီပါဠိတော်တွေမှာ ဒွါရ ၆-ပါးက ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်တွေကို
မရှုယင် ကိလေသာဖြစ်ကြောင်း, ရှုပြီးအမှန်အတိုင်းသိမှ ကိလေသာကင်းငြိမ်းပြီး မဂ်Óဏ်ဖိုလ်Óဏ်ဖြင့် နိဗ္ဗာန်ကို မျက်
မှောက်ûပနိုင်ကြောင်း အတိအလင်း ပြဆိုထားပါတယ်၊ ယခုဟောနေတဲ့ မာလုကျပုတ္တသုတ် တခုတည်းဖြင့်ပင် အဲဒီလို ဟောပြ
ထားပုံဟာ အလွန်ထင်ရှားနေပါတယ်။
ဘယ်လိုလဲဆိုလျှင် မတွေ့မထိရတဲ့အာရုံမှာ ကိလေသာမဖြစ်ဘူး၊ တွေ့ထိရတဲ့အာရုံမှာ ကိလေသာဖြစ်တယ် ဆိုတာ
ကို ယခုဟောပြခဲ့တဲ့ စကားထဲမှာ ထင်ရှားတွေ့ခဲ့ကြပြီ မဟုတ်ပါလား၊ တော်တော်ကြာတော့ ဂါထာ ၄-ပုဒ်ဖြင့်လဲ ထင်ရှားပြ
ထားတာကို တွေ့ကြရပါလိမ့်မယ်။ နောက်ပြီးတော့ သတိပဋ္ဌာန် ဒေသနာတော်မှာပင် ဓာတုမနသိကာရပိုင်း၌ ဓာတ်လေးပါးကို
ရှုတယ်ဆိုတာဟာ ထင်ရှားပေါ်လာတဲ့ ဓာတ်တွေကို ရှုရတာဘဲ။ ဝမ်းဗိုက် ဖေါင်းခိုက် ပိန်ခိုက်၌ တောင့်တင်းလှုပ်ရှားတဲ့
ဝါယောဓာတ် ထင်ရှားတဲ့အတွက် အဲဒီဝါယောဓာတ်ကို ရှုတာဟာ ဓာတုမနသိကာရပါဘဲ၊ ဓာတ်ဆိုတဲ့ ကျမ်းဂန်စကားကို
မသုံးပဲ ဖောင်းတယ် ပိန်တယ်လို့ အရပ်သုံးစားနဲ့ ရှုတာကတော့ (ဂစ္ဆာမီတိ ပဇာနာတိ) စသည်ဖြင့် ညွှန်ပြထားတဲ့ ဘုရား
စကားတော်နှင့် အညီပါဘဲ၊ အဲဒီလို အရပ်သုံးစကားဖြင့် ရှုမှတ်လို့ သမာဓိÓဏ် ရင့်လာတဲ့အခါကျတော့ တောင့်တင်း
လှုပ်ရှားတဲ့ ဓာတ်သဘော အဆက်ဆက်မျှ ဖြစ်ပျက်နေတာကို ကိုယ်ပိုင်Óဏ်ဖြင့် တွေ့သိကြရတာပါဘဲ။
နောက်ပြီးတော့ သတိပဋ္ဌာန်ပါဠိတော် အာယတနဓမ္မာနုပဿနာ ပိုင်း၌ (ကာယဉ္စ ပဇာနာတိ၊ ဖောဋ္ဌဗ္ဗေ စ ပဇာနာတိ)
လို့ညွှန်ပြထားတဲ့ ပါဠိတော်နဲ့လဲ အံကျကိုက်ညီနေပါတယ်။ အဲဒီပါဠိက ကိုယ်ထဲမှာ ဘယ်အစိတ်အပိုင်းကမဆို ထိတွေ့ရတဲ့
အာရုံနဲ့ ထိတွေ့ရာဌာန ကာယပသာဒသိပုံကို ဟောထားတာပါဘဲ။ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်နဲ့လဲ မဝေးပါဘူး
အံကျ ကိုက်ညီနေတာပါဘဲ၊ သံယုတ်ပါဠိတော်တွေမှာတော့ အလားတူပြထားတဲ့ သုတ္တန် စကားတော်တွေ ရာပေါင်းများစွာ
ရှိနေပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့က ဣရိယာပထပိုင်းဒေသနာတော်မှာ (ယထာ ယထာ ဝါ မနဿကာယော
ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ) ဆိုတဲ့ စကားရပ်ဖြင့် ဣရိယာပုထ် လေးပါးမှ အလွတ်ဖြစ်တဲ့ ကိုယ်အမူ
အရာဟူသမျှကိုလဲ ညွှန်ပြတယ်လို့ ကောက်ယူထားပါတယ်။
ယခုပြောခဲ့တဲ့အတိုင်း ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ရတာကို အားမရဘူး၊ သတိပဋ္ဌာန်ပါဠိတော် ကာယာနုပဿနာ
ပိုင်း၌ တိုက်ရိုက်ဟောပြထားတဲ့ အမည်နဲ့သာ ရှုမှတ်ချင်တယ်ဆိုယင်တော့ ထိုင်နေဆဲမှာထိုင်တယ် ထိုင်တယ်လို့ချည်း မပြတ်
ရှုမှတ်နေဘို့ ညွှန်ကြားပါတယ်၊ ရပ်နေဆဲ, လျောင်းအိပ်နေဆဲ မှာလဲ ရပ်တယ် ရပ်တယမ်၊ အိပ်တယ် အိပ်တယ်လို့ချည်း
မပြတ်ရှုမှတ်နေဘို့ ညွှန်ကြားပါတယ်၊ ဒါပေမဲ့ အာနာပါန ရှုဘို့တော့ ဘုန်းကြီးတို့အနေနဲ့ မညွှန်ကြားပါဘူး၊ ဘာ့ကြောင့်လဲ
ဆိုယင် ရှေ့နားပိုင်းက ပြောခဲ့တဲ့အတိုင်း ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်ရာရောက်နေမည့်ပြင်၊ သတိပဋ္ဌာနသုတ်အဖွင့် အဋ္ဌကထာ
စသည်မှာ ဝင်လေထွက်လေကို ရှု၍ ဈာန်ရပြီးမှသာ ဝိပဿနာရှုပုံကို ပြထားတဲ့ စကားများနဲ့လဲ ဆန့်ကျင်ရာရောက်နေမည်
ဖြစ်သောကြောင့် ပါဘဲ။ ဒါပေမဲ့ အာနာပါနကို ရှုချင်တယ်ဆိုယင်တော့ ဘယ်သူ့ကိုမှ မတားမြစ်ပါဘူး၊ သူ့သဘောအတိုင်း
ခွင့်ûပပါတယ်။
ဝမ်းဗိုက်က အဖောင်းအပိန် အထိအသိကို ရှုပုံနဲ့စပ်ပြီး ရှင်းပြနေရတာနဲ့ စကားက အတော်ကျယ်ပြန့်သွားတယ်၊
ယခုမူရင်း ဒေသနာကို ဆက်ပြီးပြောရမယ်၊ မြတ်စွာဘုရားရှင်က မထိရတဲ့အာရုံမှာ ကိလေသာမဖြစ်ဘူး၊ ထိရတဲ့ အာရုံမှာ
တော့ ကိလေသာဖြစ်နိုင်တယ်၊ အဲဒီဖြစ်နိုင်တဲ့ ကိလေသာကို, ထိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး ပယ်သင့်တယ်ဆိုတာကို
မေးခွန်းတော်ဖြင့် နားလည်စေပြီးတဲ့ နောက်မှာ (မုတေ မုတမတံ္တ ဘဝိဿတိ) စသည်ဖြင့် မပြတ်ရှုသိနေသူမှာ ကိလေသာ
ငြိမ်းပုံ, ဆင်းရဲအဆုံး နိဗ္ဗာန်တွေ့ပုံများကို ဟောကြားတော် မူပါတယ်။ အဲဒီတရားတော်ကို နာကြားပြီး မာလုကျပုတ္တမထေရ်
က သူ၏ သဘောကျထင်မြင်ပုံကို ဂါထာ ၂၄-ပုဒ်တို့ဖြင့် မြတ်စွာဘုရားအား တင်ပြတယ်၊ မြတ်စွာဘုရားရှင်က သာဓုခေါ်
တော်မူပြီး အဲဒီဂါထာတွေကို ကိုယ်တော်တိုင်လဲ ထပ်ပြီး ဟောတော်မူပါတယ်။ အဲဒီ ဂါထာတွေထဲက အတွေ့အထိနဲ့ဆိုင်တဲ့
ဂါထာ ၄-ပုဒ်ကို ထုတ်ပြီး ဟောရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၅၂
ထိသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ ဖဿံ ဖုဿ သတိ မုဋ္ဌာ၊ ပိယံ နိမိတံ္တ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော-နှလုံးသွင်း မြှော်လင့်နေသော သူအား၊ ဖဿံ ဖုဿ-အတွေ့အာရုံ
ကို တွေ့ထိပြီး၍၊ ဝါ-တွေ့ထိပြီးလျှင်၊ (ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော-နှလုံးသွင်းမိသောသူအား) သတိ
မုဋ္ဌာ-အမှတ်ရမူ သတိမရှိပဲ မေ့သွားလေတော့သည်တဲ့။
အတွေ့အထိဆိုတာက ကိုယ်ထဲမှာ အမြဲလိုလိုပင် ထင်ရှားပေါ်နေတယ်၊ သက်ရှိ သက်မဲ့ ကိုယ်ပအာရုံနဲ့ တွေ့ထိတာ
လဲရှိတယ်၊ ကိုယ်ထဲက အသား အသွေးဒ စသည်နဲ့ တွေ့ထိနေတာလဲ ရှိတယ်၊ ကိုယ့်လက် ကိုယ့်ခြေစသည်နဲ့ တွေ့ထိတာ
လဲ ရှိတယ်။ အဲဒီ အတွေ့အထိတွေထဲမှာ အသား အသွေး စသည်အချင်းချင်း တွေ့ထိတာကိုတော့ တွေ့ထိတယ်လို့တောင်
မသိကြ နားမလည်ကြတာပဲ များပါတယ်၊ သတိပဋ္ဌာန်ရှုနည်းအရ နားမလည်တဲ့ သူတွေမှာတော့ အင်မတန် ထင်ရှားတဲ့
အပြင်ပက အာရုံတွေနဲ့ တွေ့ထိရတဲ့အခါလဲ ရှုမှတ်ရမှန်း မသိတဲ့အတွက် အမှတ်မရပဲ မေ့နေကြတာချည်း များပါတယ်၊
ထိတိုင်း ထိတိုင်း ရှုမှတ်ရမယ်လို့ ကြားသိဘူးတဲ့ သူတွေထဲကလဲ တင်းတင်းရင်းရင်း ရှုမှတ်နေဆဲ မဟုတ်ယင် ထိတာတွေကို
မရှုမိပဲ မေ့နေတာကပဲ များတတ်ပါတယ်။
လူတွေဟာ အာရုံကောင်းကိုသာ မြှော်လင့်တောင့်တနေကြတဲ့အတွက် အာရုံကောင်းနဲ့ တွေ့ထိရလျှင် တရားနှလုံး
သွင်းနေတဲ့သူလဲ အမှတ်မရပဲ မေ့သွားတတ်တာဘဲ၊ သတိပဋ္ဌာန်နည်းအရ မပြတ်ရှုမှတ်နေတဲ့ သူတောင်မှ သမာဓိÓဏ်အား
မရှိသေးယင် မေ့သွားတတ်သေးတာပဲ၊ မေ့ဆိုတာကလဲ တခြားမဟုတ်ပါဘူး၊ ချစ်ဖွယ်အာရုံဆိုလျှင် ချစ်ဖွယ်အနေဖြင့်
ထင်မှတ်သွားတာကို မေ့တယ်လို့ ဆိုတာပါဘဲ၊ မုန်းဘွယ်အာရုံဆိုယင်လဲ မုန်းဘွယ်အနေဖြင့် ထင်မှတ်သွားတာဟာ မေ့တာပါ
ဘဲ၊ ရိုးရိုးအာရုံနဲ့ ထိရတဲ့အခါလဲ မြဲတဲ့အနေ မိန်းမယောကျာ်းစသည်အနေနဲ့ ထင်မှတ်သွားတာလဲ မေ့သွားတာပါဘဲ၊ ဆိုလို
ရင်းကတော့ ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့ မရှုမသိလျှင် မေ့တယ်လို့ ဆိုရတာချည်းပါဘဲ။ အဲဒီလို မရှုမိ မမှတ်မိပဲ
မေ့သွားယင်, အဲဒီထိသိရတဲ့ အာရုံက အာရုံကောင်းလဲ ဖြစ်ယင် သာယာနှစ်သက်ပြီး ခံစားမှုဖြစ်တယ်၊ အာရုံက မကောင်းယင်
တော့ အဲဒီအာရုံကို ရွံမုန်းပြီး ခံစားတာလဲ ရှိတယ်၊ အာရုံကောင်းကို တောင့်တပြီး စိတ်ကူးမျှဖြင့် နှစ်သက်သာယာလျက် ခံစား
တာလဲ ရှိတယ်၊ ဒါကြောင့်သော-
ထိသိပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊ သာရတ္တစိတ္တော-တပ်မက်သော စိတ်ရှိ
လျက်၊ ဝေဒေတိ-ခံစား၏၊ တဉ္စ-ထိုတွေ့ထိရတာကိုလဲ၊ အဇ္ဈောသ တိဋ္ဌတိ-မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက်တည်
၏-လို့ ဟောထားတာပါဘဲ။ ဆောင်ပုဒ်ကတော့ ''အဆင်းမြင်လျှင်'' လို့ ဆိုရာမှာ ''အတွေ့ထိလျှင်''လို့ ပြင်ဆိုရုံလောက်ပဲ
ထူးပါတယ်၊ အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။
၁။ အတွေ့ထိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်သည်။
ယခုအများလူစုတွေမှာ ကာမဂုဏ်အတွေ့အထိတွေနဲ့စပ်ပြီး သာယာတပ်စွဲလျက် ခံစားနေကြတာ အလွန်ထင်ရှားနေ
တာပါဘဲ၊ နူးညံ့ချောညက်တဲ့ အိပ်ရာနေရာ အတွေ့နဲ့စပ်ပြီးတော့လဲ သာယာခံစားနေကြတာ အင်မတန်ထင်ရှားပါတယ်၊နူးညံ့
ချောညက်တဲ့ အဝတ်အထည် ဘိနပ် ပုဝါစသော အသုံးအဆောင် အတွေ့များနဲ့ စပ်ပြီးတော့လဲ သာယာလျက် ခံစားနေကြတာ
ဟာထင်ရှားပါတယ်၊ ကျန်းမာပေါ့ပါးနေတဲ့သူတွေမှာ လက်ခြေများကို ကွေးလိုက် ဆန့်လိုက်စသည်ဖြင့် ûပပြင်မှုနဲ့စပ်ပြီး
တော့ နှစ်သက်သာယာနေကြတာဘဲ၊ ထိုင်လိုက် ထလိုက် သွားလိုက်စသည်ဖြင့် အတွေ့အထိများနှင့် စပ်ပြီးတော့ နှစ်သက်
သာယာနေကြတာဘဲ။ အဲဒီလို ကိုယ်တွင်းကိုယ်ပ အတွေ့အထိများနဲ့စပ်ပြီး သာယာနှစ်သက်လျှင် ခံစားမှုအမျိုးမျိုး ကိလေသာ
အမျိုးမျိုးတွေလဲ ဖြစ်ပွါးတော့တာဘဲ၊ ဒါကြောင့်-
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဖဿသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ-ထိသိရတဲ့ အတွေ့အာရုံကို စွဲပြီး စိတ်ထဲ သိမ်းပိုက်ထားသော ထိုသူအား၊ ဖဿ သမ္ဘဝါ-အတွေ့အာရုံကို
စွဲမှီ၍ ဖြစ်ကုန်သော၊ အနေကာ-များစွာကုန်သော၊ ဝေဒနာ-အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ-ဖြစ်ပွါး
မာလုကျပုတ္တသုတ်တရားတော် ၅၃
ကုန်၏။ စသည်ဖြင့် ဟောတော်မူတာပါဘဲ။ ဆောင်ပုဒ်ကတော့ (အတွေ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်) လို့ ဆိုကြ
ရမယ်။
၃။ အတွေ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာပွါးတော့သည်။
နောက်ပြီးတော့-အဘိဇ္ဈာ စ-ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်¤င်း၊ ဝိဟေသာ စ-ညှဉ်းဆဲလိုသော ဒေါသ
သည်¤င်း၊ ဝဍ္ဎုန္တိ-ဖြစ်ပွါးကုန်၏။ အဿ-ထိုပုဂ္ဂိုလ်၏၊ စိတံ္တ-စိတ်သည်၊ ဥပဟညတိ-လောဘဒေါသတို့ကြောင့် ပင်ပန်းလျက်
ရှိနေချေသည် တဲ့။
အတွေ့အထိကောင်းနှင့်ဆိုင်တဲ့ အဝတ်အထည်ကောင်း အသုံးအဆောင်ကောင်း တွေကိုရအောင်၊ နေရာကောင်း
ယာဉ်ကောင်းတွေ သုံးရအောင်၊ သက်ရှိသက်မဲ့ အတွေ့ကောင်းတွေနှင့် တွေ့ထိရအောင် လိုချင်တောင့်တတဲ့ လောဘတွေလဲ
ဖြစ်ပွါးတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ထိုင်ထသွားလာနိုင် ကွေးဆန့်နိုင်အောင်၊ နေကောင်းထိုင်သာနဲ့ ကိုယ်ထဲ၌ အတွေ့အထိ
ကောင်းအောင် လိုချင်တောင့်တတာလဲ ဒီအတွေ့အထိနှင့်ဆိုင်တာဘဲ၊ ကိုယ့်အလိုအတိုင်း မဖြစ်အောင် နှောင့်ရှက်တယ်
ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့ဒေါသလဲ ဖြစ်ပွါးတယ်။ အဲဒီ လောဘ ဒေါသတွေ၏ အလိုလိုက်ပြီး ရှာကြံûပလုပ်နေတဲ့ အတွက်
ကြောင့်ကြဗျာပါရတွေများပြီး စိတ်လဲ ပင်ပန်းနေတယ်၊ အဲဒီလို အတွေ့ကောင်းနှင့် ပြည့်စုံရအောင် ရှာကြံရာ ûပလုပ်ရာမှာ
အကုသိုလ်အမှုလဲ ဖြစ်တတ်တယ်၊ နောင်ဘဝအတွက်ရည်ရွယ်ပြီး ဒါနစသည်ကိုûပယင်တော့ ကုသိုလ်အမှုလဲ ဖြစ်တတ်တယ်၊
အဲဒီအကုသိုလ်အမှု ကုသိုလ်အမှုတွေကြောင့် ဘဝသစ် ရုပ်နာမ် အကျိုးဝိပါက်တွေ ဖြစ်ပြီး အိုရ နာရ သေရစသည်ဖြင့် ဆင်းရဲ
တွေကို တွေ့ရတယ်၊ ဒါကြောင့်တွေ့ထိတိုင်း မရှုမမှတ်ယင် ဖြစ်နိုင်တဲ့ ကိလေသာတွေနှင့် ကမ္မဝဋ် ဝိပါကဝဋ်ဆင်းရဲတွေကို
လက်ခံစုဆောင်းနေရာ ရောက်တယ်။ ဆောင်ပုဒ်တွေကတော့ ရှေးကအတိုင်းပါဘဲ၊ ဆိုကြရမယ်။
၎။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများ စိတ်ပန်းသည်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲ ရှာသူမည်။
ရှေးကလဲ ငါတို့ဟာ ကိုယ်အတွေ့အထိကို မရှုမမှတ်ပဲ နေလာခဲ့ကြတာဘဲ၊ သွား ရပ် ထိုင် လျောင်း ကွေး ဆန့်
စသည်ကိုလဲ မရှုမမှတ်ပဲ နေလာခဲ့ကြတာဘဲ၊ ရှုမှတ်နေယင် ပင်ပန်းရုံရှိမှာဘဲ၊ မပြင်တော့ပါဘူးလို့ အမှုမဲ့ အမှတ်မဲ့ နေမြဲတိုင်း
သာ နေသွားယင်တော့ ယခုပြောခဲ့တဲ့ ကိုယ်အတွေ့အထိနဲ့ စပ်ဆိုင်တဲ့ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို ရှာကြံလက်ခံ
စုဆောင်းနေသူမည်ပါတယ်၊ အဲဒီလို ဆင်းရဲတွေကို ရှာကြံလက်ခံစုဆောင်း နေတဲ့သူမှာ နိဗ္ဗာန်ဝေးပါတယ်တဲ့။ ဒါကြောင့်
ဒီလိုဆက်ပြီးတော့ ဟောပြထားပါတယ်။
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲကို၊ အာစိနတော-လက်ခံ၍ ဆည်းပူး
စုဆောင်းနေသောသူအား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါ
သည်တဲ့။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြတဲ့ ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့-(ထိသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်) လို့
ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ထိသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
သွား ရပ် ထိုင် လျောင်း ကွေး ဆန့်တာမှစပြီး ထိသိတိုင်း ရှုမှတ်နေယင်တော့ နိဗ္ဗာန်နဲ့ နီးကပ် နီးကပ်သွားတယ်၊
အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂-ပုဒ်ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။
မာလုကျပုတ္တသုတ်တရားတော် ၅၄
ထိသိခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ဖေဿသု၊ ဖဿံ ဖုဿ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ၊
ယော-အကြင်ပုဂ္ဂိုလ်သည်၊ ဖဿံ-ဖုဿ-အတွေ့အာရုံကို ထိသိပြီး၍၊ ဝါ-ထိသိပြီးလျှင်၊ ပဋိဿတော-တဖန်
အမှတ်ရသည်၊ ဟောတိ-ဖြစ်၏-တဲ့။
ဒါဟာ ထိသိပြီးလျှင်ပြီးချင်း ရှုမှတ်ဖို့ ဒါရိုက်ညွှန်ပြတဲ့စကားဘဲ၊ အဲဒီမှာ (ဖုဿ) ထိသိပြီး၍-ထိသိပြီးလျှင် ဆိုတဲ့
စကားဖြင့် ထိသိရတဲ့ အာရုံကိုသာ ရှုမှတ်ဖို့ ပြထားသောကြောင့် မထိမသိရတဲ့ အတွေ့ရုပ်ကိုတော့ ကြံတွေးဆင်ခြင်ပြီးရှုဘို့
မလိုဘူး၊ အဲဒီလို ကြံတွေးဆင်ခြင်ပြီး ရှုရုံမျှဖြင့် ဘယ်အာရုံမှာမျှ ဖြစ်ခွင့်ရှိတဲ့ ကိလေသာ-ကိန်းတဲ့ ကိလေသာကို မပယ်နိုင်
ဘူး၊ အာရမ္မဏာနုသယကို ပယ်နိုင်တဲ့ ဝိပဿနာÓဏ် အစစ်မဖြစ်ဘူး ဆိုတာကိုလဲ ခိုင်မြဲစွာ မှတ်သားထားကြရမယ်။ ရှုပုံက
တော့ထိသိမှုက
အင်မတန်ကျယ်ပြန့်ပါတယ်၊ ခြေဖဝါးမှ ခေါင်းအရေအထိ၊ ခေါင်းအရေမှ ခြေဖဝါးအထိ အသွေးအသား
ကောင်းတဲ့ ကိုယ်ထဲက နေရာတိုင်းမှာ ထိသိမှုတွေ ရှိနေတာဘဲ၊ ဘယ်နေရာကမဆို ထင်ရှားပေါ်လာတဲ့ အဲဒီထိသိမှုကို
ထိတယ် ထိတယ်လို့ ရှုမှတ်ဖို့ပါဘဲ။ သတိပဋ္ဌာန် ဒေသနာတော်နှင့် နှီးနှောပြီး ပြောရယင်တော့ သွားနေတဲ့အခါ သွားတယ်
သွားတယ်၊ ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ြ<ွကတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မပြတ်ရှုမှတ်သွားဘို့ပါဘဲ၊ အဲဒီလို
ရှုမှတ်ရာမှာ ခြေထဲ ကိုယ်ထဲက တောင့်တင်း တွန်းကန်လှုပ်ရှားတဲ့ အတွေ့ဟာ ဝါယောဓာတ်ခေါ်တဲ့ ပရမတ်ရုပ် အစစ်ပါဘဲ၊
အများအားဖြင့် အဲဒီ ဝေါယောရုပ်ကို သိရတာပါဘဲ၊ အဲဒီလို သိအောင် ရှုမှတ်ဖို့ရာ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) လို့
ဟောထားတာပါဘဲ၊ အဲဒီမှာ ဝါယောဓာတ်ဟု သိ၏လို့လဲ မဟောခဲ့ဘူး၊ ရုပ်ဟု သိ၏လို့လဲ မဟောခဲ့ဘူး၊ အရပ်သုံးစကားဖြင့်
(ဂစ္ဆာမီတိ) သွားသည်ဟုသိ၏လို့သာ ဟောတော်မူခဲ့ပါတယ်၊ အဲဒါဟာ သုတနည်းသူတွေလဲ အလွယ်တကူ ရှုမှတ်နိုင်အောင်
လို့ ဟောတော်မူခဲ့တာပါဘဲ။ အဲဒီလို သွားတယ် ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ြ<ွကတယ် လှမ်းတယ် ချတယ်လို့ အရပ်သုံး
စကားနဲ့ရှုမှတ်နေပေမဲ့ သမာဓိÓဏ် အားရှိလာတဲ့အခါကျတော့ တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ သဘောတရားမျှဘဲလို့လဲ
မှန်စွာသိပါတယ်၊ ခဏမစဲ ဖြစ်ပျက်နေတာကိုလဲ မှန်စွာသိပါတယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူး၊ ဆင်းရဲဘဲ၊ အစိုးမရတဲ့
အနတ္တ သဘောတရားမျှဘဲ ဆိုတာလဲ အမှန်အတိုင်း သိပါတယ်။
ထို့အတူပင် မတ်တတ်ရပ်နေဆဲမှာ ရပ်တယ်ရပ်တယ်လို့ မပြတ်ရှုမှတ်နေရမယ်။ ထိုတဲ့အခါလဲ ထိုင်တယ်ထိုင်တယ်
လို့ မပြတ်ရှုမှတ်နေရမယ်၊ ထိုင်တာတခုတည်းကို ရှုမှတ်နေရုံမျှဖြင့် အားမရလျှင် တနေရာ နှစ်နေရာက ထင်ရှားထိနေတာနဲ့
တွဲပြီးတော့ ထိုင်တယ်ထိတယ်၊ ထိုင်တယ်ထိတယ်လို့ ဒီလိုလဲ ရှုမှတ်နိုင်ပါတယ်။ ညောင်းတာပူတာ နာတာ ယားတာအစရှိတဲ့
မခံသာမှု ဒုက္ခဝေဒနာတွေဟာလဲ အာရုံဆိုးနဲ့ထိပြီး ဖြစ်နေတာတွေဘဲ၊ ဒါကြောင့် အဲဒီလိုဒုက္ခဝေဒနာတခုခု ထင်ရှားပေါ်နေ
ယင်လဲ အဲဒီ အခံခက်တဲ့နေရာကို စူးစိုက်ပြီး ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ်၊ နာတယ် နာတယ်၊ ယားတယ်
ယားတယ်စသည်ဖြင့် ရှုမှတ်နေရမယ်၊ အဲဒါဟာ ဒုက္ခဝေဒနာကို ရှုတာဖြစ်သောကြောင့် ဝေဒနာနုပဿနာလို့လဲ ခေါ်ရပါ
တယ်။ အတွေ့ကောင်းနဲ့တွေ့ထိပြီး ကောင်းတဲ့အခါလဲ ကောင်းတယ်ကောင်းတယ် စသည်ဖြင့်ရှုမှတ်ရမယ်၊ ဒါလဲ သုခဝေဒနာ
ကို ရှုတာဖြစ်သောကြောင့် စသည်ဖြင့် ရှုမှတ်ရမယ်၊ ဒါလဲ သုခဝေဒနာကို ရှုတာဖြစ်သောကြောင့် ဝေဒနာနုပဿနာလို့လဲ
ခေါ်ရတာပါဘဲ။
ကိုယ်ထဲက အပူဓာတ်နဲ့ တွေ့ထိရလို့ဖြစ်စေ၊ အပြင်က မီးပူ နေပူ လေပူတို့နှင့် တွေ့ထိရလို့ဖြစ်စေ ပူတာကို ပူတယ်
ပူတယ်လို့ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်ရာမှာ ထိသိရတဲ့အပူကို ရှုမိယင် တေဇောဓာတ်ကို သိတာဘဲ၊ ကိုယ်ထဲက မခံသာတဲ့
အပူကို သိယင်တော့ ဒုက္ခဝေဒနာကို သိတာဘဲ။ ထို့အတူပင် လေအေး ရေအေး စသည်နှင့် တွေ့ထိရတဲ့အခါလဲ အေးတယ်
အေးတယ်လို့ ရှုမှတ်ရတယ်၊ ရံခါ တေဇောဓာတ်ကိုသိတယ်၊ ရံခါ အခံခက်တာကိုသိတယ်၊ သာမာန် အတွေ့အထိ ထင်ရှားတဲ့
အခါကျတော့ ထိတယ် ထိတယ်လို့ ရှုမှတ်ရတယ်၊ ရံခါ နူးညံ့ချောညက်တဲ့ ပထဝီရုပ်ကိုသိတယ်၊ ရံခါ ကြမ်းတမ်းတဲ့ ပထဝီ
ရုပ်ကို သိတယ်၊ ရံခါ ဝါယော တေဇောရုပ်များ ကိုလဲ သိတယ်။
လက်ခြေများကို ကွေးဆန့်လှုပ်ရှား ûပပြင်တဲ့အခါ ကွေးတယ် ဆန့်တယ် လှုပ်တယ် စသည်ဖြင့် ရှုမှတ်ရတယ်၊
ခေါင်းငုံ့တာ မော့တာတွေ၊ ကိုယ်လှုပ်ရှား ûပပြင်တာတွေလဲ ခေါ်နေကျ အရပ်သုံးစကားနဲ့ ရှုမှတ်သွား ရုံပါဘဲ၊ မျက်စိမှိတ်တာ
ဖွင့်တာ မျက်တောင်ခတ်တာတွေလဲ ရှုမှတ်နိုင်ယင် ရှုမှတ်ရတာဘဲ၊ အဝတ်အစား ပြင်ဝတ်တာတွေလဲ ရှုမှတ်ရတာဘဲ၊
စားသောက်တဲ့အခါ ကိုယ်အတွေ့ရှုပုံတွေကိုတော့ စားသိရှုပုံအပိုင်းက ပြောခဲ့ပါပြီ။ မျက်နှာသစ်တာ ရေချိုးတာတွေလဲ တတ်
နိုင်သမျှ ရှုမှတ်ရတာဘဲ။ ကျင်ကြီးကျင်ငယ်စွန့်တဲ့အခါလဲ ကိုယ်အတွေ့နဲ့ ûပလုပ်မှုတွေကို တတ်နိုင်သမျှ ရှုမှတ်ရတာဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၅၅
စကားပြောတဲ့အခါလဲ တတ်နိုင်သမျှ ရှုမှတ်ရတာဘဲ။ ကိုယ်ထဲမှာ ထင်ပေါ်သမျှ အထိအသိတွေဆိုယင် ရှုမှတ်ရတာချည်းပါ
ဘဲ၊ မရှုမမှတ် ကောင်းတာရယ်လို့ မရှိပါဘူး။
ဒါကြောင့် ဘုန်းကြီးတို့ကို ဝမ်းဗိုက်ထဲက ထင်ရှားတဲ့ ဝါယောရုပ်အတွေ့ကို အမှန်အတိုင်းသိပြီး သမာဓိÓဏ် အစစ်
ဖြစ်အောင်လို့ ဖောင်းတာ ပိန်တာကစပြီး အခြေခံအဖြစ်ဖြင့် ရှုမှတ်ဖို့ရာ ညွှန်ကြားနေပါတယ်။ ညွှန်ကြားတဲ့အတိုင်း ရှုမှတ်လို့
ထူးခြားတဲ့ ဝိပဿနာÓဏ်တွေကို ကိုယ်တိုင် တွေ့သိသွားတဲ့ သူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။ အဲဒီ ပုဂ္ဂိုလ်တွေထဲမှာ
အချို့က အဖောင်းအပိန် မရှုချင်ဘူး၊ ဝင်လေ ထွက်လေ ရှုချင်တယ်ဆိုတာနဲ့ သူ့သဘောအတိုင်း ရှုဘို့ ခွင့်ûပထားပါတယ်၊
နောက်ပိုင်းကျတော့ အဖောင်းအပိန်ကို ပြောင်းရွှေ့ပြီး ရှုမှတ်သောအားဖြင့် Óဏ်ထူးများကို တွေ့သိသွားတဲ့ သူတွေလဲ ရှိပါ
တယ်။
ဖောင်းတာ ပိန်တာကို ရှုမှတ်ဖို့ ညွှန်ကြားနေတယ် ဆိုပေမဲ့ အဲဒါ ၂-ခုတည်း ရှုမှတ်ရမယ်လို့ ချုပ်ချယ်ထားတာတော့
မဟုတ်ပါဘူး၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေယင်း စိတ်ကူးဖြစ်ပေါ်လာယင် အဲဒီစိတ်ကူးကိုလဲ ရှုမှတ်ရတယ်၊ ညောင်း ပူ
နာ ကျင် စသည်ဝေဒနာ ထင်ရှားပေါ်လာယင် အဲဒါကိုလဲ ရှုမှတ်ရတယ်၊ အခြား ကိုယ်အမူအရာတွေပေါ်လာယင် အဲဒါတွေကို
လဲ ရှုရတယ်။ ကြားမှု မြင်မှု စသည်တွေ ပေါ်လာယင် အဲဒါတွေကိုလဲ ရှုရတယ်။ သမာဓိÓဏ် အထူးအားကောင်းလာတဲ့
အခါကျတော့ ဒွါရ ၆-ပါးက ထင်ရှားပေါ်လာသမျှကို ဖြစ်ပေါ်စဉ်အတိုင်းလိုက်ပြီး ရှုမှတ်ဖို့လဲ ညွှန်ကြားပါတယ်၊ ညွှန်ကြား
တဲ့အတိုင်း ပေါ်ရာပေါ်ရာကို အစဉ်အတိုင်း လိုက်ပြီးတော့လဲ ရှုနိုင်ကြပါတယ်၊ အဲဒီလို အခါကျတော့ ဖောင်းတာ ပိန်တာကို
အထူးûပပြီး ရှုနေဘို့တောင် မလိုတော့ပါဘူး၊ ထင်ပေါ်စဉ်အတိုင်း အလွယ်တကူနဲ့ လိုက်ပြီး ရှုသွားရုံပါဘဲ။
လျောင်းအိပ်နေတဲ့အခါလဲ အိပ်တယ် အိပ်တယ် စသည်ဖြင့် ထိုင်စဉ်ကလိုပင် ရှုမှတ်သွားရုံပါဘဲ။ ဒါလောက်ဆိုယင်
ထိသိမှုနှင့်စပ်ပြီး ရှုမှတ်ပုံကို နားလည်လောက်ပါပြီ။ ယခု ပြောခဲ့တဲ့အတိုင်း ထိသိမှု ဖြစ်တိုင်း ဖြစ်တိုင်း မပြတ်ရှုမှတ်နေတဲ့
ယောဂီမှာ သမာဓိÓဏ် အားကောင်းတဲ့အခါကျတော့ ထိသိပြီး ချက်ခြင်းပင် ပျောက်ပျောက် သွားတာကိုချည်း တွေ့သိနေရ
တယ်၊ အဲဒီတော့ (မုတေ မုတမတံ္တ ဘဝိဿတိ) ရောက်ရတွေ့ရသည်၌ ရောက်ရုံတွေ့ရုံမျှ ဖြစ်လတံ့-လို့ဆိုတဲ့ စကားတော်နဲ့
အညီပါဘဲ၊ အဲဒီအတွေ့ကို ထိသိရပေမဲ့ မထိမသိရတဲ့ အတွေ့မှာလိုပင် တပ်မက် သာယာမှုစသော ကိလေသာတွေ ဖြစ်ခွင့်မရှိ
တော့ပဲ ကင်းငြိမ်းသွားတယ်။
ယခုဒီရိပ်သာက ယောဂီတွေ ဖောင်းတာ ပိန်တာမှစပြီး ထိသိရသမျှတွေကို မပြတ်ရှုမှတ်ပြီး ခဏမစဲ ဖြစ်ပျက်နေတာ
ကို အမှန်အတိုင်း သိသိနေကြတာဟာ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်နှင့် ညီသည့်ပြင် ဒီမာလုကျပုတ္တသုတ် တရား
တော်နှင့်လဲ အံကျကိုက်ပြီး ညီနေကြောင်း ထင်ရှားပါတယ်။ သမာဓိÓဏ် အထူးအားကောင်းတဲ့အခါ ကျတော့ ဖောင်းမှု
ပိန်မှုပဲဖြစ်ဖြစ်၊ ကွေးမှု ဆန့်မှု လှုပ်ရှားûပပြင်မှုပဲ ဖြစ်ဖြစ်၊ ခြေကိုြ<ွကမှု လှမ်းမှု ချမှုပဲဖြစ်ဖြစ်၊ ရိုးရိုးထိသိမှုပဲ ဖြစ်ဖြစ် ရှုမှတ်
တိုင်း ရှုမှတ်တိုင်း ထိသိရတာရော+မှတ်သိတာရော ချက်ခြင်းပင် ပျောက်ပျက်သွားတာကိုချည်း တွေ့ရတယ်၊ ထိသိပြီး
အဆိုးအကောင်း ခံစားမှုတွေလဲ ချက်ခြင်းပင် ပျောက်ပျောက်သွားတာကို တွေ့ရတယ်။ အဲဒီတော့ ထိသိရတာနဲ့စပ်ပြီး
တပ်မက်သာယာမှု မဖြစ်ရတော့ဘူး၊ တပ်မက်သာယာခြင်း မရှိပဲ ခံစားရုံမျှ သက်သက်သာ ဖြစ်နေတယ်။ ဒါကြောင့် ''သောထိသိပြီး
လျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ဖေဿသု-အတွေ့အာရုံတို့၌၊ န ရဇ္ဇတိ-မတပ်မက်၊ ဝါ-တပ်မက်မှု
ရာဂကင်းသည်'' လို့ ဆိုထားတာပါဘဲ။ ဆောင်ပုဒ်ကတော့ (အတွေ့ထိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်) လို့ ဆိုကြရုံပါဘဲ။
၁။ အတွေ့ထိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
အဲဒီလို တပ်မက်မှု ရာဂကင်းသောကြောင့်-သော မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊ ဝိရတ္တစိတ္တော-တပ်မက်ကင်း
သော စိတ်ရှိသည်ဖြစ်၍၊ ဝါ- မတပ်မက်သော စိတ်ဖြင့်၊ ဝေဒေတိ ခံစား၏၊ တဉ္စ ထိုအတွေ့အာရုံကိုလဲ၊ န အဇ္ဈောသ
တိဋ္ဌတိ-မျိုထားသကဲ့သို့ သိမ်းပိုက်ဆုပ်ကိုင်လျက် မတည်တဲ့၊ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။ ဆောင်ပုဒ်ကတော့ ရှေးက
အတိုင်းဆိုကြရုံပါဘဲ။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
၎။ ယထာဿ ဖုသတော ဖဿံ၊ သေဝတော စာပိဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊ ဖဿံ-အတွေ့အာရုံကို၊ ဖုသတော စာပိ-ထိသိလဲ
ထိသိငြားသော်လဲ၊ ဝေဒနံ-ခံစားမှုကို၊ သေဝတော စာပိ-မှီလဲ မှီဝဲခြင်းသော်လဲ၊ ဒုကံ္ခ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ-ကုန်သာကုန်ခန်း၏။ နောပစီယတိ-ဆည်းပူးအပ်သည်ကား မဟုတ်ပေတဲ့။
မာလုကျပုတ္တသုတ်တရားတော် ၅၆
ဝိပဿနာယောဂီ ပုဂ္ဂိုလ်ဟာလဲ သူများလိုပင် အတွေ့အာရုံကို တွေ့ထိလဲ တွေ့ထိပါတယ်၊ အဲဒီအတွေ့အထိနဲ့စပ်ပြီး
ခံစားမှုကိုလဲ မှီဝဲပါတယ်၊ သို့ပေမဲ့ သာမန်ပုဂ္ဂိုလ်များမှာလို အဲဒီအတွေ့အထိနဲ့စပ်ပြီး ကိလေသာတွေလဲ မဖြစ်ဘူး၊ အဲဒီ
အတွေ့အထိမျိုးကိုရအောင် ရှာကြံûပလုပ်တဲ့ အကုသိုလ်ကံ ကုသိုလ်ကံတွေလဲ မဖြစ်ဘူး၊ ကံမဖြစ်တော့ အဲဒီကံကြောင့်ဖြစ်
မည့် ဘဝသစ် ဝိပါက်ဆင်းရဲတွေလဲ ဖြစ်ခွင့်မရှိတော့ပဲ ကင်းငြိမ်းသွားတယ်၊ ဘာကြောင့်လဲဆိုလျှင် ထိသိပြီးလျှင်ပြီးခြင်း
မှတ်သိမှုပါနေလို့ပါဘဲ၊ မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းအကျင့်ဆိုတာ အဲဒီလို မှတ်သိမှုပါဘဲ။ ဆောင်ပုဒ်ကတော့ (မှတ်သိ
လျက်သား၊ ထိသိသွား၊ ခံစားမှီဝဲသည်) လို့ ဆိုကြရုံပါဘဲ။
၃။ မှတ်သိလျက်သား၊ ထိသိသွား၊ ခံစားမှီဝဲသည်။
နောင်တပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၎။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲကုန်ခန်းသည်။
သူများလို ထိသိပြီး ခံစားနေပေမယ်လို့ မရှုမမှတ်တဲ့ သာမန်လူများမှာလို ''ဝေဒနာကြောင့် တဏှာ ဖြစ်သည်'' ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်အရ တဏှာမဖြစ်တော့ဘူး၊ ကံမဖြစ်တော့ အဲဒီကံ၏ အကျိုးဝိပါက် ဆင်းရဲတွေ ဆိုတာလဲ မဖြစ်ဘူး၊ အဲဒါဟာ
မရှုမိတဲ့ အတွေ့အာရုံနဲ့စပ်ပြီး ဖြစ်ခွင့်ရှိတဲ့ ကိလေသာတွေ ကံတွေ ဝိပါက်ဆင်းရဲတွေ ကင်းငြိမ်ကုန်ခန်းပုံပါဘဲ။ ဒါကြောင့်
အဲဒီကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲတွေ ငြိမ်းစေချင်ယင် သွား ရပ် ထိုင် လျောင်း ထိသိတိုင်း, ကွေး ဆန့် လှုပ်ရှား ûပပြင်
ထိသိတိုင်း, ရိုးရိုးထိသိတိုင်း ချက်ခြင်း အမှတ်ရတဲ့ ဒီနည်းဖြင့် မပြတ်ကျင့်ရတယ်၊ အဲဒီလို ကျင့်သင့်ပုံကို ဒီလို ဆက်ပြီး
ညွှန်ပြတော်မူပါတယ်။
ဧဝံ ထိသိတိုင်း ရှုသိမှုပါသော ဤနည်းဖြင့်၊ သော-ထိုယောဂီသည်၊ သတော-အမှတ်ရလျက်၊ စရတိ-ကျင့်သည်တဲ့။
အဲဒါဟာ ကိုယ်ထဲ၌ ဘယ်အစိတ်အပိုင်းကမဆို ထိသိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားရမယ် ဆိုတာကို
ဒါရိုက်အတိအလင်းပြတဲ့ ဒေသနာပါဘဲ။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
နည်းမှန်ကို ရှုတ်ချပစ်ပယ်တာတွေလဲ ရှိတယ်
တချို့က ကိုယ်တိုင်လဲ ဘာတရားမှ ထိထိ ရောက်ရောက် အားမထုတ်ဘူး၊ သူများဟောပြနေတာကိုလဲ မလိုလားဘူး၊
အဲဒီလို ပုဂ္ဂိုလ်တွေက ဒီမာလုကျပုတ္တသုတ်, မဟာသတိပဋ္ဌာန်သုတ် စသည်နှင့်အညီ ရှုမှတ်အားထုတ် နေကြတာကို ပစ်ပယ်
ရှုတ်ချပြီး ပြောလေ့ရှိကြတယ်၊ ပြောပုံကတော့ ''သွားတယ် ရပ်တယ် ထိုင်တယ် အိပ်တယ် ကွေးတယ် ဆန့်တယ် ဖောင်းတယ်
ပိန်တယ် ဆိုတာတွေက သိပြီး တွေဘဲ၊ ရှုဘို့မလိုပါဘူး''တဲ့။ ဒီလိုပြောကြတယ်။
အမှန်ကတော့ သိပြီးအာရုံတွေမှာ ကိလေသာဖြစ်ခွင့်မရအောင် ချက်ခြင်းရှုရတာဘဲ၊ မသိသေးတာတွေတော့ ကြံတွေး
ပြီး ရှုနေဘို့မလိုပါဘူး၊ အဲဒီအကြောင်းကို ''မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်'' စသည်ဖြင့် ရှေ့ပိုင်းက အထပ်ထပ်
ပြောခဲ့ပါပြီ။ ''သွားတယ်-ဖောင်းတယ် ပိန်တယ်-စသည်ဖြင့် ရှုဘို့မလိုဘူး'' ဆိုတာက ဘုန်းကြီးတို့ကို ရည်ရွယ်ပြီး ပစ်ပယ်
ရှုတ်ချတာပါဘဲ၊ ဒါပေမဲ့ အရင်းစစ်ကြည့်လိုက်တော့ ဒီမာလုကျပုတ္တသုတ်နှင့်တကွ မဟာသတိပဋ္ဌာနသုတ် စသော မြတ်စွာ
ဘုရားရှင်၏ စကားတော်တွေကို ပစ်ပယ် ရှုတ်ချရာ ရောက်ပါတယ်။ ဒီနေရာမှာ တိုတိုနဲ့ နားလည်ချင်ယင်တော့ ဝင်သက်
ထွက်သက် အာနာပါန ဆိုတာ လူတိုင်း လူတိုင်း သိနေကြတာဘဲ၊ ဒါပေမဲ့ အဲဒါကိုတော့ မရှုကောင်းဘူးလို့ ဘယ်သူမျှ
ပြောဝံ့မယ် မဟုတ်ပါဘူး။
မာလုကျပုတ္တသုတ်တရားတော် ၅၇
အဓမ္မ-ဆိုတဲ့ မတရားကို ဟောရာရောက်တယ်
နောက်ပြီးတော့ တချို့က ''ရုပ်ကိုယ်ကြီးကို မရှုကောင်းဘူး၊ ခေါင်းကို၊ လက်ခြေကို၊ ဝမ်းဗိုက်ကို မရှုကောင်းဘူး'' လို့
ဒီလိုလဲ ပစ်ပယ်ရှုတ်ချပြီး ပြောနေကြတယ်။ အဲဒါဟာ ဒီမာလုကျပုတ္တစသော ဘုရားဟော တရားတော်ကို နားမလည်ခြင်း၊
သူတို့ ကိုယ်တိုင် ဝိပဿနာÓဏ်အစစ်ကို မတွေ့မသိဘူးခြင်း စသည်ကြောင့် မပြောသင့်တဲ့ စကားကို ပြောနေကြတာပါဘဲ။
ကိုယ်ကြီးတခုလုံးမှ အဆင်းကိုမြင်လျှင် (ရူပံ ဒိသွာ ပဋိဿတော) စသော ဘုရားဟောဒေသနာတော်များနှင့်အညီ ရှုမှတ်ရမှာ
ဘဲ မဟုတ်ပါလား၊ ထိရာ ထိရာ ကိုယ်ရုပ်ကိုလဲ (ဖဿံ ဖုဿ ပဋိဿ တော) စသည်နှင့်အညီ ရှုမှတ်ရမှာဘဲ မဟုတ်ပါလား၊
အဲဒီတော့ ရုပ်ကိုယ်ကြီးလဲ ရှုမှတ်ရမှာဘဲ၊ လက် ခြေ ဝမ်းဗိုက် စသည်တွေလဲ ရှုမှတ်ရမှာဘဲ၊ မရှုမမှတ်ရဘူးလို့ ဘယ်ပါဠိ
အဋ္ဌကထာ ဋီကာကျမ်းဂန်ကမျှ တားမြစ်ခြင်း မရှိပါဘူး။ နောက်ပြီးတော့ မျက်စိရုပ်, နားရုပ်, နှာခေါင်းရုပ်, လျှာရုပ်
ဆိုတာတွေဟာ ခေါင်းထဲမှာ ရှိနေတာတွေဘဲ၊ အဆင်း အသံ အနံ့ အရသာ ရုပ်ဆိုတာတွေလဲ ခေါင်းထဲက ပေါ်နေတာတွေဘဲ၊
ကိုယ်အကြည့်နဲ့ အတွေ့အထိရုပ်လဲ ခေါင်းထဲမှာရှိတာဘဲ၊ ခေါင်းကိုမရှုရဘူးဆိုတော့ အဲဒီရုပ်တွေကို မရှုရဘူးလို့ ပစ်ပယ်ရာ
ရောက်တယ်။ ဒါကြောင့် ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ အဲဒီလို တရားကို ဟောတာဟာ အဓမ္မ-ဆိုတဲ့ မတရားကို ဟောရာ
ရောက်တယ်။
ဘုန်းကြီးတို့ကတော့ ဒွါရ ၆-ပါးမှာ ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို စွမ်းနိုင်ယင် အကုန်လုံးကိုရှုဘို့ပဲ
ဟောပြောညွှန်ကြား နေပါတယ်။ အကျဉ်းချုပ် ဆောင်ပုဒ်ကိုလဲ ဒီလို စီထားပါတယ်။
ဝိပဿနာရှုနည်း အကျဉ်းဆုံးဆောင်ပုဒ်
ပေါ်တိုင်း မပြတ် ရှုမှတ်နေလျှင်၊
ရုပ်နာမ် နှစ်မျိုး ကြောင်းကျိုး သိမြင်
မမြဲ ဆင်းရဲ Óဏ်ထဲ ပေါ်လွင်၊
အနတ္တ သိရ နိဗ္ဗာန်ဝင်။
အဲဒီမှာ ပေါ်တိုင်း ဆိုတာက မြင်လိုက် ကြားလိုက် စသည်ဖြင့် ဒွါရ ၆-ပါးက ပေါ်လာသမျှကို ဆိုတာပါဘဲ။ မပြတ်
ရှုမှတ်နေလျှင် ဆိုတာက အိပ်ပျော်နေချိန်ကို ချန်လှပ်ပြီး တစက္ကန့်မျှ မနားမရပ်ပဲ မပြတ် ရှုမှတ်နေဘို့ ညွှန်ပြတာပါဘဲ။
ရုပ်နာမ် ၂-ပါးကို ခွဲခြားပြီး သိမြင်ပုံ, အကြောင်းနှင့်အကျိုးကို ပိုင်းခြားပြီး သိမြင်ပုံ, အနိစ္စ ဒုက္ခ အနတ္တသဘောကို ကိုယ်ပိုင်
Óဏ်ဖြင့်တွေ့မြင်ပုံ ဆိုတာတွေကိုတော့ ဝိပဿနာရှုနည်း ကျမ်းမှစ၍ ယခုနောက်ဆုံး ပေါ်ထွက်လာတဲ့ တက္ကသိုလ် ဝိပဿနာ
တရားတော် စာအုပ်အထိ အထပ်ထပ်ဖော်ပြထားခဲ့ပါပြီ၊ ယခုဒီစာအုပ်ထဲမှာလဲ အကျဉ်းချုပ်လောက်တော့ ပြခဲ့ပါပြီ။ ထို့အတူ
ပင် နိဗ္ဗာန်ဝင်ပု့ကိုလဲ အကြိမ်ကြိမ် ပြခဲ့ပါပြီ၊ ဒီမာလုကျပုတ္တသုတ်မှာလဲ နိဗ္ဗာန်နီးပုံနှင့် စပ်ပြီး ၄-ကြိမ်တိုင်တိုင် ပြခဲ့ပါပြီ၊
ယခု ဖွင့်ပြနေတဲ့ ထိသိမှုနှင့် စပ်ပြီးတော့လဲ ဒီလို ပြတော်မူပါတယ်။
ဧဝံ-ဤ ဆိုအပ်ခဲ့သည့်အတိုင်း ထိသိပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ-မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော-ဖျက်ဆီးလိုသောပုဂ္ဂိုလ်အား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်
ကို၊ သန္တိကေနီးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်တဲ့။ ဆောင်ပုဒ်ကတော့ (ထိတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်
ပြည်) လို့ ဆိုကြရုံပါဘဲ။
၆။ ထိတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ယခုရွတ်ပြခဲ့တဲ့ ထိသိမှုဆိုင်ရာ အမှတ် (၃၊၄) ဂါထာ ၂-ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ထိသိခိုက်၌ ရှုမှတ်
သူမှာ နိဗ္ဗာန် နီးသည်) လို့ ဆိုလိုတာပါဘဲ၊ အဲဒါကို ဆိုကြရမယ်။
ထိသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ရိုးရိုးထိသိမှုဖြစ်စေ၊ ဒုက္ခ သုခဝေဒနာ ထင်ရှားပေါ်စေတဲ့ ထိသိမှုဖြစ်စေ၊ သွား ရပ် ထိုင် လျောင်း ကွေး ဆန့်
စသည်ဆိုင်ရာ ထိသိမှုဖြစ်စေ ထိသိမှုကို မပြတ်ရှုနေလျှင် ဘယ်အချိန်မဆို မဂ်ဖိုလ်တရားထူးကို ရနိုင်ကြောင်း ဤစာအုပ်
(နှာ ၁၃၉) ၌ ပုဂ္ဂလပညတ် အဋ္ဌကထာအဆိုကို ထုတ်ပြခဲ့ပြီ၊ အရှင်အာနန္ဒာဟာ စင်္ကြံလျှောက်ရာမှ ခုတင် အိပ်ရာမှာ
ထိုင်တယ်၊ ထိုင်ရာက လှဲချလိုက်စဉ်မှာ အထက် မဂ်ဖိုလ် သုံးပါးသို့ရောက်ပြီး ရဟန္တာဖြစ်သွားကြောင်း (ဝိ-ဌ ပ-နှင့် ဒီ ဌ
ပ-နှာ ၁ဝ) တို့၌ ဖော်ပြထားတယ်၊ အဲဒါဟာ ထိသိမှုနှင့် စပ်ပြီး ရှုမှတ်လျက် ရဟန္တာ ဖြစ်သွားတယ်လို့ မှတ်ယူသင့်တာပါ
ဘဲ။ ဒါကြောင့် မည်သည့်ထိသိမှုကို ဖြစ်စေ လေးလေးစားစား ရှုမှတ်ဖို့ လိုပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၅၈
ထိသိမှုနှင့်စပ်ပြီး ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကတော့ ပြည့်စုံလောက်ပါပြီ။ ယခု ကြံသိမှုနှင့်စပ်ပြီး မေးခွန်းမှစ၍
ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ မေးခွန်းတော် (၆)
ယေ တေ မနောဝိညေယျာ ဓမ္မာ အဝိညာတာ အဝိညာတပုဗ္ဗာ၊ န စ ဝိဇာနာသိ၊ န
စ တေ ဟောတိ ဝိဇာနေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း) မနော ဝိညေယျာ-စိတ်ဖြင့် ကြံသိနိုင် ကောင်းကုန်သော၊ ယေ
ဓမ္မာ-အကြင် သဘောအာရုံတို့ကို၊ တေ-သင်သည်၊ အဝိညာတာ-မကြာမီကလဲ မသိဘူးသေး၊ (သဘောအာရုံဆိုတာ စိတ်ကူး
ထဲမှာ ပေါ်လာသမျှ အာရုံတွေပါဘဲ။ ရုပ်နာမ် ပရမတ်တရားတွေလဲ ရှိတယ်၊ အမည်ပညတ် ပုံသဏ္ဌာန် ပညတ်စသော ပညတ်
အာရုံတွေလဲ ရှိတယ်၊ အတိုချုပ် ပြောရယင်တော့ စိတ်ကူးအာရုံတွေပါဘဲ။) အဝိညာတပုဗ္ဗာ- ရှေးကာလ ရှေးဘဝတွေကလဲ
မသိခဲ့ဘူးသေး၊ န စ ဝိဇာနာသိ- ယခုလဲ သိနေဆဲ မဟုတ်၊ တေ-သင်အား၊ န စ ဟောတိ ဝိဇာနေယျန္တိ သိနိုင်သည် ဟူ၍လဲ
စိတ်ကူးထဲမှာတောင် မဖြစ်သေး၊ တတ္ထ-ထို သိလဲမသိဘူးသေး၊ သိဆဲလဲ မဟုတ်၊ သိနိုင်သည်-သိရလိမ့်မည်လို့တောင် စိတ်
မကူးမိသေးသော သဘောအာရုံတို့၌၊ တေ-သင်အား၊ ဆန္ဒော ဝါ-လိုချင်နှစ်သက်မှုသည်¤င်း၊ ရာဂေါ ဝါ-တပ်မက် စွဲလမ်းမှု
သည် ¤င်း၊ ပေမံ ဝါ-ချစ်ခင်မှုသည်¤င်း၊ အတ္ထိ-ရှိပါသလား ဖြစ်ပါသလားတဲ့။ ဒီလိုမေးတော်မူပါတယ်။
ရှေးကလဲ မသိဘူးသေး၊ ယခုလဲ ကြံသိနေဆဲ မဟုတ်၊ သိနိုင်တယ် သိရလိမ့်မယ်လို့တောင် စိတ်ကူးထဲမှာ မပေါ်
သေးတဲ့ သဘောအာရုံ ဆိုတာ ဘယ်လိုဟာမှန်းမှ မသိရသေးတဲ့ ဟာပါဘဲ၊ အဲဒီလို ဘာမှန်းမှ မသိရသေးတာကို အာရုံûပပြီး
လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် အရှင် မာလုကျပုတ္တမထေရ်က
အဲဒီလို လုံးဝမသိရသေးတဲ့အာရုံမှာ လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါဘုရား- လို့ ဖြေကြားလျှောက်ထားပါတယ်။
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ။
လောကမှာ မမြင်ဘူး မကြားဘူး မတွေ့ဘူး မကြံဘူး သဖြင့် လုံးဝမသိရဘူးတဲ့ သက်ရှိသက်မဲ့ အာရုံဝတ္ထုတွေဆိုတာ
ရှိတော့ ရှိနေတာဘဲ၊ ဒါပေမဲ့ မိမိကိုယ်တိုင် စိတ်ကူးမျှဖြင့်တောင် မသိရသေးယင် အဲဒီလို အာရုံတွေမှာ လိုချင်နှစ်သက်
တပ်မက်ချစ်ခင် ခြင်းဆိုတာ မဖြစ်နိုင်ကြောင်း ဒီမေးခွန်းတော်ဖြင့် ဒါရိုက်ပြတော်မူပါတယ်။ နောက်ပြီးတော့ စိတ်ကူးထဲမှာ
ပေါ်လာတဲ့ အာရုံမှာတော့ လိုချင်နှစ်သက်ခြင်းစသော ကိလေသာတွေ ဖြစ်နိုင်တယ်ဆိုတာကိုလဲ ပြောင်းပြန်နည်းဖြင့် ဆင်ခြင်
၍ သိစေပါတယ်။ အဲဒီ နှစ်ချက်နဲ့စပ်ပြီး ဆောင်ပုဒ်များကတော့ (မသိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။ သိရရာမှာ၊
ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်)လို့ စီထားတယ်။ အဲဒါတွေကို ဆိုကြရမယ်။
၁။ မသိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
၂။ သိရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
သိရတဲ့အာရုံဆိုတာ မြင်သိဝီထိ၏ အခြားမဲ့၌သိရတဲ့ အဆင်းအာရုံလဲရှိတယ်၊ ထို့အတူပင် ကြားသိဝီထိ၏ အခြားမဲ့၊
နံသိဝီထိ၏ အခြားမဲ့၊ စားသိဝီထိ၏ အခြားမဲ့၊ ထိသိဝီထိ၏ အခြားမဲ့များ၌ သိရတဲ့ အသံ အနံ့ အရသာ အတွေ့ အာရုံများလဲ
ရှိတယ်၊ အဲဒါတွေလဲ မရှုမသိနိုင်ယင် ကိလေသာ ကိန်းပြီး ဖြစ်နိုင်တာဘဲ၊ သက်သက် ကြံသိရတဲ့ အာရုံတွေလဲ မရှုမသိနိုင်
ယင် ကိလေသာကိန်းပြီး ဖြစ်နိုင်တာဘဲ၊ ဒါကြောင့် အဲဒီလိုအာရုံတွေမှာ ကိလေသာ မကိန်းနိုင်အောင်၊ ကိလေသာတွေ
ဖြစ်ခွင့်မရအောင် ချက်ခြင်းရှုမှတ်ပြီး သိဘို့လိုပါတယ်၊ အဲဒါကို (သိတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်) လို့
ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၃။ သိတိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
ဒါကြောင့် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် မပြတ်ရှုမှတ် နေစဉ်မှာ စိတ်ကူးကြံစည်မှု ဖြစ်လာ
ယင် စိတ်ကူးတယ်၊ ကြံစည်တယ်၊ စဉ်းစားတယ် စသည်ဖြင့် ရှုမှတ်ရတာဘဲ။ ယခုပြခဲ့တဲ့ ဆောင်ပုဒ် ၃-ခု အရ မသိရတဲ့
အာရုံမှာ ကိလေသာဖြစ်ခွင့်မရှိဘူး၊ သူ့အလိုလိုပင် အဲဒီမသိရတဲ့ အာရုံမှာ ကိလေသာ ကင်းငြိမ်းနေတယ် ဆိုတာရယ်၊ သိရတဲ့
အာရုံမှာတော့ မရှုမသိနိုင်ယင် ကိလေသာဖြစ်နိုင်တယ်၊ အဲဒီလို ကိလေသာ ဖြစ်နိုင်တာကိုပင် ကိလေသာ ကိန်းတယ်လို့
ခေါ်တယ်-ဆိုတာရယ်၊ အဲဒီလို ကိလေသာဖြစ်ခွင့် မရအောင် ရှုမှတ်ပြီး ကိလေသာ ကိန်းမှုကို ပယ်သင့်တယ် ဆိုတာရယ်အဲဒီ
အနက် အဓိပ္ပါယ် ၃-ချက်ကို မေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်။ အဲဒါကို (မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊
ပေါ်လွင်စေခဲ့သည်) လို့ ဆိုကြရုံပါဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၅၉
၎။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင် စေခဲ့သည်။
အဲဒီလို ဝိပဿနာ လုပ်ငန်းစဉ်ကို သိနားလည်အောင် မေးခွန်းဖြင့် သိစေပြီးတော့ မြတ်စွာဘုရားရှင်က ဝိပဿနာ
လုပ်ငန်းစဉ်နှင့်တကွ အကျိုးအာနိသင့်ကို ဒီလို ဟောကြားတော်မူပါတယ်။
လုပ်ငန်းစဉ်နှင့်တကွ အကျိုးအာနိသင်
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာ တေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတံ္တ
ဘဝိဿတိ၊ သုတေ သုတ မတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ ဘဝိဿတိ၊ ဝိညာတေ
ဝိညာတမတံ္တ ဘဝိဿတိ။ ယတော ခေါ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု
ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ၊ သုတေ သုတမတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ
ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ၊ တတော တွံ မာလုကျပုတ္တ န တေန။
ယတော တွံ မာလုကျပုတ္တ န တေန၊ တတော တွံ မာလုကျပုတ္တ န တတ္ထ။ ယတော တွံ
မာလုကျပုတ္တ နတ္ထ၊ တတော တွံ မာလုကျပုတ္တ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊
ဧသေဝန္တော ဒုက္ခဿ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တေ သင်အား၊ ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသုမြင်ရ
ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊ ဒိဋ္ဌေ-မြင်ရသည်၌၊ ဒိဋ္ဌမတံ္တ ဘဝိဿတိ-မြင်ရုံမျှ ဖြစ်လတံ့၊ သုတေ
သုတ မတံ္တ ဘဝိဿတိ-ကြားရသည်၌ ကြားရုံမျှ ဖြစ်လတံ့၊ မုတေ မုတမတံ္တ ဘဝိဿတိ နံလျက် စားသိလျက် ထိသိလျက်
ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတံ့၊ ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ-သိရသည်၌ သိရုံမျှ ဖြစ်လတံ့။
(အဲဒါဟာ မာလုကျပုတ္တမထေရ်က) မမေ့မလျော့ မထေရ်က မမေ့မလျော့ မပြတ် အားထုတ်နေပါမည်လို့ ဝန်ခံခဲ့တဲ့
အတိုင်း မေးခွန်းတော်အရ သိနားလည်ပြီး မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မမေ့မလျော့
မပြတ်ရှုနေလျှင် မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရ ရောက်ရ သိရသည်၌ ကြားရုံမျှ ရောက်ရုံမျှ သိရုံမျှ ဖြစ်လိမ့်မည်
-လို့ ဝိပဿနာလုပ်ငန်း စဉ်ကို ညွှန်ကြားတော်မူတာပါဘဲ၊ မြင်ရုံမျှ စသည်ဖြစ်အောင် ရှုပါလို့ ဆိုလိုပါတယ်။ အဲဒီကနောက်
အကျိုးအာနိသင်ကိုလဲ ဒီလို ဆက်ပြီး ပြတော်မူပါတယ်။)
မာလုကျပုတ္တ-မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊ ယတော အကြင် အခါ၌၊ တေ-သင်အား၊ ဒိဋ္ဌေ ဒိဋ္ဌမတံ္တ
ဘဝိဿတိ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့၊ သုတေ သုတမတံ္တ ဘဝိဿတိ ကြားရသည်၌ ကြားရရုံမျှ ဖြစ်လတံ့၊ မုတေ
မုတမတံ္တ ဘဝိဿတိ- ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတံ့၊ ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ-သိရသည်၌ သိရုံမျှဖြစ်
လတံ့၊ မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တတော-ထိုသို့ မြင်ရုံမျှ ကြားရုံမျှ ရောက်ရုံမျှ သိရုံမျှ ဖြစ်သော
အခါ၌၊ တွံ-သင်သည်၊ န-တေန၊ ထိုမြင်ရသော အဆင်းစသည်နှင့် မစပ်မဆိုင်ပဲ ရှိလတံ့။
(အဲဒါဟာ မြင်ရုံမျှစသည် ဖြစ်သောအခါ အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် သာယာမုန်းထား သိမှားတဲ့ ရာဂ ဒေါသ
မောဟ အလိုအားဖြင့် မစပ်မဆိုင်ပဲ ရှိလိမ့်မယ် လို့ ဆိုလိုတာပါဘဲ။
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သောရဟန်း၊ ယတော-အကြင်အခါ၌၊ တွံ-သင်သည်၊ န တေန-ထိုမြင်ရသော
အဆင်းစသည်နှင့် မစပ်မဆိုင်ပဲ ရှိလတံ့၊ မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သော ရဟန်း၊ တတော-ထိုအခါ၌၊ တွံသင်သည်၊
န တတ္ထ-ထို မြင်ရသည့် အဆင်းစသည်၌ မတည်ပဲ ရှိလတံ့။
(မတည် ဆိုတာ ''ငါ့, ငါ့ဥစ္စာ, ငါ့အတ္တ''လို့ တဏှာ မာန ဒိဋ္ဌိဖြင့် ကပ်ငြိ၍ မတည်တော့ဘူးလို့ ဆိုလိုကြောင်း
ဥဒါန်း အဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ အဲဒီအဖွင့်အရ ဆိုယင်တော့ ''န တေန-ထို အဆင်းစသည်နှင့်တကွ မဖြစ်ဘူး, ရာဂ
စသည်အလိုအားဖြင့် မစပ်မဆိုင်ဘူး''လို့ ဆိုတာနဲ့ ''န တတ္ထ-ထိုအဆင်းစသည်၌ မတည်တော့ဘူး''လို့ ဆိုတာဟာ ဝေါဟာရ
မျှသာကွဲတယ်၊ အရအားဖြင့်တော့ အတူတူဘဲလို့ ဆိုရမှာဘဲ၊ တနည်းအားဖြင့် ယူမယ်ဆိုယင်တော့-န တတ္ထ-ထို အဆင်း
အာရုံစသည်တို့၌ မတည်တော့ဘူးဆိုတဲ့စကားဖြင့် မြင်ရတဲ့အဆင်းအစရှိသော လောကိအာရုံတွေကို စွန့်လွှတ်ပြီး နိဗ္ဗာန်အာရုံ
၌တည်တယ်လို့ ယူယင်လဲ သင့်စရာ ရှိပါတယ်။ ဒါကြောင့်ပင် အခြားမဲ့ နောက်စကားဖြင့် နိဗ္ဗာန်အာရုံသို့ ရောက်သွားပုံကို
ဒီလို ပြထားတာပါဘဲ။)
မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်သောရဟန်း၊ ယတော-အကြင်အခါ၌၊ တွံ-သင်သည်၊ ဝါ-သင်လို့ ခေါ်ဆိုရ
သော ရုပ်နာမ်အစဉ်သည်၊ န တတ္ထ-ထို မြင်ရသော အဆင်းစသည်၌ မတည်ပဲရှိလတံ့၊ မာလုကျပုတ္တ-မာလုကျာ၏ သားဖြစ်
မာလုကျပုတ္တသုတ်တရားတော် ၆ဝ
သော ရဟန်း၊ တတော-ထိုမြင်ရသည့် အဆင်းစသည်၌ မတည်သော အခါ၌၊ တွံ-သင်သည်၊ ဝါ-သင်ဟု ခေါ်ရသော
ရုပ်နာမ်အစဉ်သည်၊ နေဝ ဣဓ-ဤ၌လဲ မရှိ၊ န ဟုရံ-ဟို၌လဲ မရှိ၊ န ဥဘယမန္တရေန-ဤနှင့် ဟိုနှစ်ပါးကို ကြဉ်၍ အခြား၌
လဲ မရှိတော့ပြီ၊ ဧသေဝဤသို့ သင်မရှိခြင်းသည်ပင်လျှင်၊ ဝါ-သင်ဟု ခေါ်ဆိုရသော ရုပ်နာမ်အစဉ် မရှိခြင်းသည်ပင်လျှင်၊
ဒုက္ခဿ အန္တော-ဆင်းရဲ၏ အဆုံးပေတည်း၊ ဝါ-ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းတဲ့။ (အနက်
အဓိပ္ပါယ် အကျယ်ကိုတော့ ဤစာအုပ် (နှာ ၅၈-စသည်) မှာ ပြခဲ့ပါပြီ။)
ယခု အဲဒီ သုတ်တရားတော်၏ မြန်မာပြန် အတိုချုပ်ကို ဆိုကြရမယ်။
မြန်မာပြန် အတိုချုပ် ဆောင်ပုဒ်များ
(၁) မာလုကျပုတ္တရဟန်း၊ (သင်ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်) မြင်ရ ကြားရ ရောက်ရ
သိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊ ရောက်ရ
သည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ သိရသည်၌ သိရုံမျှ ဖြစ်လိမ့်မည်၊ (မြင်ရုံမျှ စသည်ဖြစ်အောင် မြင်ခိုက်စသည်၌ မပြတ်
ရှုမှတ်နေရမယ်လို့ ဆိုလိုပါတယ်)
(၂) အဲဒီလို ဖြစ်လျှင် သင်ဟာ ထိုမြင်ရသည့် အဆင်းစသည်နှင့် (သာယာ, မုန်းထား, သိမှားသည့်လိုအားဖြင့်) မစပ်
မဆိုင်ပဲ ရှိလိမ့်မည်။
(၃) မစပ်မဆိုင်လျှင်၊ သင်ဟာ အဲဒီမြင်ရတဲ့အဆင်းစသည်၌ မတည်ပဲ ရှိလိမ့်မည်။
(၄) အဲဒီမြင်ရတဲ့ အဆင်း စသည်‘၌ မတည်လျှင်၊ သင်ဟာ ဒီမှာလဲ မရှိ၊ ဟိုမှာလဲမရှိ၊ အခြားမှာလဲ မရှိ၊ ဒီလို
သင်မရှိတာ သည်ပင် ဆင်းရဲ၏ အဆုံးနိဗ္ဗာန်ပေတည်း။
အဲဒီ မြန်မာပြန်အတိုချုပ် (၄) ပိုဒ်ထဲက အမှတ် (၁) အပိုဒ်ဖြင့် ''မြင်ရုံမျှစသည်၌သာတည်အောင် ပေါ်လာသမျှကို
မမေ့မလျော့ မပြတ်ရှုသိသွားဘို့'' ညွှန်ကြားတော်မူတယ်၊ အဲဒါဟာ ဝိပဿနာအလုပ်ကို အကျဉ်းချုပ် ဟောကြားတော်မူတာ
ဘဲ။
အမှတ် (၂) အပိုဒ်ဖြင့် အဲဒီလို ရှုသိရတဲ့အာရုံတိုင်းမှာ အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာကင်းပုံကို ပြတော်မူ
တယ်။
အမှတ် (၃) အပိုဒ်ဖြင့် အဲဒီကိလေသာ ကင်းပုံကို တနည်း ပြတော်မူတယ်။ သို့မဟုတ် ''မြင်ရ ကြားရ ရောက်ရ
ကြံသိရတဲ့ လောကီအာရုံများ၌ မတည်တော့ဘဲ နိဗ္ဗာန်အာရုံရောက်သွားပုံကို ပြတော်မူတယ်'' လို့လဲ ယူသင့်ပါတယ်။
ဒါကြောင့်ပင် အမှတ်(၄) အပိုဒ်ဖြင့် အဲဒီမြင်ရတဲ့ အဆင်းစသည်၌ မတည်လျှင်၊ ဆင်းရဲ၏ အဆုံးရောက်သွားပုံကို ဆက်ပြီး
ပြတော်မူတာဘဲ။
အဲဒီ အလုပ်ပေးတရားတော်ကို ကြားနာရတော့ မာလုကျပုတ္တမထေရ်က သူ့Óဏ်မှာ သဘောပေါက် သိနားလည်ပုံ
ကိုဂါထာ (၂၄) ပုဒ်တို့ဖြင့် မြတ်စွာဘုရားအား တင်ပြလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်ကလဲ သာဓုခေါ်တော်မူပြီးတော့
အဲဒီဂါထာတွေကို ကိုယ်တော်တိုင် ထပ်ပြီး ဟောတော်မူပါတယ်။
အဲဒါကို ထောက်ဆကြည့်ခြင်းအားဖြင့် မာလုကျပုတ္တရဟန်းဆိုတာဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ဘုရားဟောတရား
ကို တိတိကျကျနားလည်တဲ့ ပုဂ္ဂိုလ်ထူးလဲဖြစ်တယ်၊ တခဏကလေးအတွင်းမှာ ဂါထာဆိုတဲ့ ပါဠိကဗျာတွေကို အချိုးတကျ
စီကုံးနိုင်တဲ့ ကဗျာပညာရှိလဲ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီးတော့ ဒီသုတ်၏အဆုံးမှာ မကြာမီပင် ရဟန္တာ ဖြစ်သွား
ကြောင်းကိုလဲ တွေ့ရတဲ့အတွက် ပါရမီထူးရှိသူလဲ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ အရှင်မာလုကျပုတ္တမထေရ် တင်ပြတဲ့ ဂါထာ (၂၄) ပုဒ်ထဲက ငါးဒွါရဆိုင်ရာ ဂါထာ (၂ဝ)ကိုတော့ ထုတ်ဖော်ဖွင့်
ပြခဲ့ပါပြီ၊ ယခု မနောဒွါရဆိုင်ရာ ဂါထာ (၄) ပုဒ်ကို ရွတ်ဆိုဟောပြရမယ်၊ အဲဒီ (၄) ဂါထာထဲက ၂-ဂါထာကတော့
ဝိပဿနာမရှုသူမှာ နိဗ္ဗာန်နှင့်ဝေးပုံကို ဖော်ပြတယ်၊ အခြား ၂-ဂါထာကတော့ ဝိပဿနာရှုသူမှာ နိဗ္ဗာန်နှင့်နီးပုံကို ဖော်ပြ
တယ်။ ယခု ကြံသိခိုက်၌ မရှုမမှတ်လျှင် နိဗ္ဗာန်နှင့် ဝေးပုံကို ဖော်ပြတဲ့ဂါထာ ၂-ပုဒ်ကို စပြီး ရွတ်ဆိုဟောပြမယ်။
မာလုကျပုတ္တသုတ်တရားတော် ၆၁
ကြံသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့်ဝေးသည်
၁။ ဓမ္မံ ဉတွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတံ္တ မနသိကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတံ္တ-ချစ်ဖွယ် အာရုံကို၊ မနသိကရောတော-နှလုံးသွင်းနေသူအား၊ ဓမ္မံ-သဘောအာရုံဟု ခေါ်သော စိတ်ကူး
အာရုံကို၊ ဉတွာ-ကြံသိပြီး၍၊ ဝါ-ကြံသိပြီးလျှင်၊ သတိမုဋ္ဌာ-အမှတ်မရပဲ သတိမေ့သွား၏တဲ့။
လူတွေက ချစ်ဖွယ်အာရုံကောင်းကိုသာ အလိုရှိနေကြတယ်၊ အာရုံဆိုးကိုတော့ အလိုမရှိကြဘူး၊ ဒါကြောင့် အိပ်ရာက
နိုးလာကတည်းက အာရုံကောင်းကိုသာ ကြံစည်မြှော်လင့်နေကြတာဘဲ၊ သတိပဋ္ဌာန်ဒေသနာတော်နည်းအရ ရှုမှတ်နည်းကို
မသိကြသော အများလူစုတွေဟာ စိတ်ကူးကြံစည်တိုင်း အမှတ်သတိမရှိပဲ မေ့နေကြတာချည်းပါဘဲ၊ မေ့တယ်ဆိုပေမဲ့ ဘာကိုမျှ
မသိပဲ မူးမေ့နေတာမျိုးတော့ မဟုတ်ဘူး၊ အဲဒီကြံသိခိုက်မှာ ဖြစ်ပေါ် ထင်ပေါ်နေတဲ့ သဘောတရားအမှန်ကို အမှတ်မရပဲ
မသိပဲ ဖြစ်နေတာကိုသာ ဆိုပါတယ်၊ ဒါကြောင့် ကြံသိခိုက်၌ ထင်ရှားပေါ်ခဲ့တဲ့ အာရုံကို မရှုမသိသူမှာ မိန်းမ ယောက်ျား
ဘယ်သူဘယ်ဝါ ဘယ်လိုဟာ စသည်ဖြင့် မိရိုးဖလာ ဓမ္မတာ အသိကတော့ သိနေတာပါဘဲ၊ အဲဒီ စိတ်ကူးထဲမှာ ပေါ်လာတဲ့
ဘယ်ဟာကလေးက ကောင်းတယ်၊ အဲဒါကို ရအောင် ဘာလုပ်ရမယ်၊ ဘယ်သွားရမယ် စသည်ဖြင့် ဒီလိုချစ်ဖွယ်လိုချင်ဖွယ်
အာရုံကိုလဲ သိနေတာပါဘဲ၊ အဲဒီလို သိရိုးသိစဉ် ဓမ္မတာ အသိမျှ ဆက်လက်ဖြစ်ပွါးနေတာကို မေ့တယ်လို့ ဆိုရတာပါဘဲ။
ဒါကြောင့်---
ပိယံ နိမိတံ္တ-ချစ်ဖွယ်အာရုံကို၊ မနသိ ကရောတော-မူလကပင် နှလုံးသွင်းလျက် မြှော်လင့်နေသော သူအား၊ ဓမ္မံသဘောအာ
ရုံကို၊ ဝါ-စိတ်ကူးထဲမှာ ပေါ်လာသည့်အာရုံကို၊ ဉတွာ-သိရိုး သိစဉ် ဓမ္မတာအသိဖြင့် သိပြီး၍၊ (ပိယံ နိမိတံ္တချစ်ဖွယ
်အာရုံကို၊ ဝါ-ချစ်ဖွယ်အာရုံဟူ၍၊ မနသိ ကရောတော-နှလုံးသွင်းမိသော သူအား၊) သတိမုဋ္ဌာ-အမှတ်မရပဲ သတိမေ့
သွားသည်လို့ ပြဆိုထားတာပါဘဲ။ ဆောင်ပုဒ်ကတော့ (သဘောသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်) လို့ ဆိုကြရုံပါ
ဘဲ။
၁။ သဘောသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်။
အဲဒီမှာ (ဓမ္မ) အရ သဘောဆိုပေမဲ့ ပရမတ်သဘောတရားလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး၊ စိတ်ကူးထဲမှာ ပေါ်လာ
တဲ့အာရုံပါဘဲ၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဆိုတဲ့ ပသာဒရုပ် ငါးပါးလဲပါတယ်၊ အာပေါ, အမဖြစ်ကြောင်းရုပ်, အဖို
ဖြစ်ကြောင်းရုပ်, နှလုံးရုပ်, အသက်ရုပ်, သြဇာရုပ် ဆိုတာတွေလဲ ပါတယ်၊ မိန်းမ, ယောက်ျား, လူ, နတ်, ကျွဲ, နွား, ကြက်,
ငှက်, အိုး, အိမ်စသော ပညတ်အမျိုးမျိုးလဲ ပါတယ်၊ အဲဒါတွေဟာ သဘောအာရုံတွေဘဲ၊ နောက်ပြီးတော့ မြင်ရတဲ့အဆင်း
ကြားရတဲ့အသံ နံရတဲ့အနံ့ စားသိရတဲ့အရသာ ထိသိရတဲ့အတွေ့ ဆိုတဲ့ ဒီအာရုံငါးပါးလဲ စိတ်ကူးထဲမှာ ပေါ်တာဘဲ၊ အတို
ချုပ်ပြောရယင်တော့ တကယ်ရှိတဲ့အာရုံဖြစ်စေ၊ မရှိတဲ့အာရုံဖြစ်စေ စိတ်ကူးထဲမှာ ပေါ်လာတဲ့အာရုံဟူသမျှကို သဘောအာရုံလို့
ဒီနေရာမှာ ဆိုတာပါဘဲ။ သမ္မသနÓဏ် ဥဒယဗ္ဗယÓဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်မှာဆိုယင် အနီးအပါးမှာ တစုံတယောက်က
ရောက်လာနေသလို၊ နတ်သား နတ်သမီးစသည်ကို မြင်နေရ သလို၊ ဘုရားရဟန္တာကို မြင်ဖူးရသလို၊ တောတောင် အဆောက်
အအုံ အထူးတွေကို တွေ့နေရသလို၊ တစုံတယောက်က ပြောဆိုတာကို ကြားနေရသလိုလို စသည်ဖြင့် တကယ်မဟုတ်တာတွေ
ကိုလဲ ဟုတ်သလို ထင်ရတတ်တယ်၊ ပကတိလူတွေမှာတော့ လောကရေးရာနှင့်စပ်ပြီး ပညတ်အာရုံ အမျိုးမျိုးတွေ ထင်ပေါ်နေ
တာပဲ များပါတယ်။ အဲဒါတွေကို ချစ်ဖွယ်အကောင်းထင်နေယင် မေ့သည်မည်တာဘဲ။ မုန်းဘွယ် ထင်ယင်လဲ မေ့သည်မည်
တာပါဘဲ၊ သိရိုးသိစဉ်အတိုင်း အမြဲရှိနေတဲ့အနေစသည်ဖြင့် ထင်ယင်လဲ မေ့သည်မည်တာပါဘဲ။ ဒါကြောင့်-ချစ်ဖွယ်ထင်ပြီး
ခံစားမှုဝေဒနာ ဖြစ်ပုံကို ပဓာနûပပြီး ဒီလို ပြဆိုထားတယ်။
သော-စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံကို ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်ပဲ မေ့သွားသော ထိုသူသည်၊ သာရတ္တ
စိတ္တော တပ်မက်သာယာသော စိတ်ရှိလျက်၊ ဝေဒေတိ-ခံစား၏၊ တဉ္စ ထိုအာရုံကိုလည်း၊ အဇ္ဈောသ တိဋ္ဌတိ-မျို၍ သိမ်းထား
သကဲ့သို့ စိတ်ထဲ၌ စွဲလျက် တည်၏တဲ့။
အဲဒီစိတ်ကူးထဲ ပေါ်လာတဲ့ အာရုံဟာ ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း အမြဲပေါ်နေတာဘဲ၊ ဓာတ်ပုံရိုက်ကူးထားသလိုပင်
ပေါ်နေတယ်၊ မုန်းစရာဆိုယင်လဲ မုန်းစရာအနေနဲ့ ပေါ်နေတာဘဲ၊ သာမန်အာရုံ ဆိုယင်လဲ မြဲတဲ့အနေပုဂ္ဂိုလ် သတ္တဝါအနေ
စသည်ဖြင့် ပေါ်နေတာဘဲ။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
မာလုကျပုတ္တသုတ်တရားတော် ၆၂
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်၊
အဲဒီလို စိတ်ထဲမှာ စွဲပြီး တည်နေတဲ့ အာရုံနဲ့စပ်ပြီး ခံစားမှု ဝေဒနာအမျိုးမျိုးလဲ ဖြစ်ပွါးတယ်၊ အဲဒီအာရုံ ရလိုတဲ့
လောဘ၊ ရပြီးဆိုယင်တွယ်တာတဲ့ လောဘ၊ ပျောက်ပျက်သွားမည်ကို သည်းမခံနိုင်တဲ့ ဒေါသ၊ မရအောင်, ပျက်စီး ဆုံးရှုံး
အောင်ûပတယ်ထင်ရသူကို ညှဉ်းဆဲလိုတဲ့ ဒေါသ စသည်တွေလဲ ဖြစ်ပွါးတယ်၊ အဲဒီလို ဖြစ်ပွါးပုံကို ဒီလို ပြဆိုတော်မူပါတယ်။
၃။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဓမ္မသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုကံ္ခ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ-ကြံသိရတဲ့ အာရုံကို စိတ်ထဲ၌ စွဲလျက် သိမ်းပိုက်ထားသော ထိုသူအား၊ ဓမ္မသမ္ဘဝါ-စိတ်ကူးအာရုံကို မှီ၍
ဖြစ်ကုန်သော၊ အနေကာ-များစွာကုန်သော၊ ဝေဒနာ-အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊ ဝဍ္ဎုန္တိ-ဖြစ်ပွါးကုန်၏
တဲ့။ ဆောင်ပုဒ်ကတော့ (သဘောဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်) စသည်ဖြင့် ဆိုကြရုံပါဘဲ။
၃။ သဘောဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
အဘိဇ္ဈာ စ-ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်¤င်း၊ ဝိဟေသာ စ-ညှဉ်းဆဲလိုသော ဒေါသသည်¤င်း၊ ဝဍ္ဎုန္တိဖြစပ်
ွါးကနု ၏် ၊ အဿ-ထပို ဂ္ဂိုလ၏် ၊ စတိ -္တံ စတိ သ် ည၊် ဥပဟညတ-ိ လောဘဒေါသ တို့ကြောင့် ပငပ် န်း လျက် ရှေိ နချေသည်
တဲ့။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၎။ လောဘစည်းကား၊ ဒေါသပွါး၊ ဗျာများစိတ်ပန်းသည်။
စိတ်ကူးကြံစည်ပြီး လောဘ ဒေါသပွါးနေကြတာကတော့ အင်မတန် ထင်ရှားပါတယ်၊ အဲဒီ လောဘဒေါသစသည်
တွေက ကိလေသဝဋ်ဆင်းရဲတွေဘဲ၊ အဲဒီ လောဘ ဒေါသစသည်ကို မှီပြီး မိမိအလိုရှိတဲ့ အရာကိုရအောင်၊ အလိုရှိတဲ့ ကိစ္စပြီး
အောင် ûပလုပ်ပြောဆိုနေကြရတာတွေက အကုသိုလ်ကံ ကုသိုလ်ကံဆိုတဲ့ ကမ္မဝဋ်ဆင်းရဲတွေဘဲ၊ အဲဒီကံကြောင့် အပါယ်လေး
ဘုံမှာ ဖြစ်ပြီးတော့ ခံစားရမည့် ဆင်းရဲတွေနဲ့ လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး ခံစားရမည့် အိုနာသေစသော ဆင်းရဲတွေ အဲဒါတွေ
က ဝိပါက ဋ်ဆင်းရဲတွေဘဲ၊ စိတ်ကူး စဉ်းစား ကြံစည်တိုင်း မရှုမသိသူမှာ အဲဒီဆင်းရဲကို လက်ခံရှာမှီးဆည်းပူး စုဆောင်းနေ
သည်မည်တယ်၊ မရှုမမှတ်တဲ့ အဲဒီနည်းအတိုင်းသာ မပြောင်းလဲပဲ နေသွားယင် နိဗ္ဗာန်နှင့် ဝေးပါတယ်တဲ့။ ဒါကြောင့် အဲဒီ
အနက်အဓိပ္ပါယ်ကို ဒီလိုဆက်ပြီး ဖော်ပြထားပါတယ်။
ဧဝံ-မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊ ဒုကံ္ခ-ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အာစိနတော-လက်ခံ၍ ဆည်းပူးစု
ဆောင်း နေသောသူအား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ အာရာ-ဝေးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါ
သည်တဲ့။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲ ရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခု ရွတ်ဆိုဟောပြခဲ့တဲ့ အမှတ် (၁၊ ၂) ဂါထာ ၂-ပုဒ်အရ အတိုချုပ်ဆိုလိုတာကတော့ ကြံသိခိုက်၌ မရှုမမှတ်သူမှာ
နိဗ္ဗာန်ဝေးသည်'' လို့ ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြံသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ကဏှာပက္ခဆိုတဲ့ အမည်းပိုင်း ဂါထာ ၂-ခုကတော့ ပြီးပါပြီ၊ ယခု သုက္ကပက္ခ ဆိုတဲ့ အဖြူပိုင်း ဂါထာ ၂-ခုကို
ရွတ်ဆိုပြီး ဟောပြရမယ်။
မာလုကျပုတ္တသုတ်တရားတော် ၆၃
ကြံသိခိုက် ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ဓမ္မေသု၊ ဓမ္မ ဉတွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော-အကြင် ပုဂ္ဂိုလ်သည်၊ ဓမ္မ-သဘောအာရုံ စိတ်ကူးအာရုံကို၊ ဉတွာ-သိပြီး၍၊ ဝါ-သိပြီးလျှင်၊ ပဋိဿတောတဖန်
အမှတ်ရသည်၊ ဟောတိ-ဖြစ်၏၊ (ဒီစကားဖြင့် စိတ်ကူးကြံသိတိုင်း စိတ်ကူးတယ် ကြံတယ်စသည်ဖြင့် ချက်ခြင်းပင်
ရှုမှတ်ပြီး သိဘို့ ညွှန်ပြတယ်၊ မသိရတဲ့အာရုံကိုတော့ ကြံစည်တွေးတောပြီး ရှုဘို့ မညွှန်ပြဘူး၊ အဲဒါကို အထူး သတိûပကြရ
မယ်။) သောကြံသိပြီးလျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊ ဓမ္မေသု ကြံသိရသော အာရုံတို့၌၊ န ရဇ္ဇတိ-မတပ်မက်၊
ဝါ-တပ်မက်မှုရာဂ ကင်းသည်တဲ့။
ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ် နေယင်း စိတ်ကူး ကြံစည်မိယင် စိတ်ကူးတယ် ကြံစည်တယ်
လိုချင်တယ် စသည်ဖြင့် ရှုမှတ်တာဟာ ဒီဒေသနာတော်နဲ့ အညီဘဲ။ ဆောင်ပုဒ်ကတော့ (သဘောသိက၊ အမှတ်ရ၊ ရာဂကင်း
တော့သည်) လို့ ဆိုကြရုံပါဘဲ။
၁။ သဘောသိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
ဒီနေရာမှာလဲ (ဓမ္မ)အရ သဘောလို့ ဆိုပေမဲ့ ပရမတ် သဘောရယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဓမ္မာရုံလို့
ဆိုရတဲ့ စိတ်ကူးအာရုံတွေနဲ့ မြင်သိရတဲ့ အာရုံစသည်တွေပါဘဲ။ အဲဒီ အထဲမှာ ပညတ်အာရုံတွေကတော့ တကယ်ရှိတဲ့ အာရုံ,
ဖြစ်ပျက်တဲ့ အာရုံမဟုတ်ပါဘူး။ ဒါပေမဲ့ ကြံသိတဲ့ စိတ်နာမ်ကတော့ တကယ်ရှိတဲ့ ပရမတ်ပဲ၊ ဖြစ်ပြီး ချက်ခြင်းပင် ပျောက်
ကွယ်ပျက်စီးသွားတဲ့ အနိစ္စတရားပဲ၊ ဒါပေမဲ့ ရှုမှတ်နေတဲ့ ယောဂီမှာတော့ စိတ်ကူးဖြင့် မြင်တာကို မြင်တယ်လို့ မြင်တယ်လို့
ရှုမှတ်လိုက်ယင် မြင်ရတဲ့ ပုံသဏ္ဌာန်ပါ ပျောက်ပျက်သွားတယ်လို့ ထင်ရတတ်ပါတယ်၊ အမှန်စင်စစ်ကတော့ ကြံသိတဲ့စိတ်
နာမ်တရား ပျောက်ကွယ်သွားတာကို သိတာပါဘဲ၊ အာရုံကို ဂရုစိုက်ပြီး ရှုနေသောကြောင့် အာရမ္မဏိကစိတ်နာမ် ပျောက်ကွယ်
သွားတာကိုပင် အာရုံပျောက်သွားတယ်လို့ ထင်ရ တာပါဘဲ။ အဲဒီလို ရှုမှတ်မိလို့ တပ်မက်ခြင်း မရှိတဲ့အတွက်သော-
ကြံသိပြီးလျှင် ချက်ခြင်း အမှတ်ရသဖြင့် မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊ ဝိရတ္တစိတ္တော-တပ်မက်ကင်းသော
စိတ်ရှိသည်ဖြစ်၍၊ ဝါ-မတပ်မက်သော စိတ်တို့ဖြင့်၊ ဝေဒေတိ-ခံစား၏၊ တဉ္စ-ထိုစိတ်ကူးအာရုံကိုလည်း၊ န အဇ္ဈောသ
တိဋ္ဌတိ-မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက် မတည်တဲ့။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်း မရှိပဲ ခံစားရုံသက်သက်မျှသာ ဖြစ်သောကြောင့် ကြံသိရသော်လဲ မသိရတဲ့ အာရုံလိုပဲ ဖြစ်နေ
တယ်၊ (ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ) ကြံသိရသည်၌ ကြံသိရုံမျှ ဖြစ်လတံ့ဆိုတဲ့ ဒေသနာတော်နှင့်လဲ အညီဖြစ်နေ
တယ်၊ မရှုမသိတဲ့ သာမန်လူတွေမှာ (ဝေဒနာကြောင့် တဏှာဖြစ်သည်)လို့ ဟောထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ
ခံစားမှု ဝေဒနာအကြောင်းûပပြီး တပ်မက်လိုချင်တဲ့တဏှာ ဖြစ်ရိုးဖြစ်စဉ်ရှိသော်လဲ ကြံသိပြီးလျှင်ပြီးချင်း ရှုသိနိုင်တဲ့ ယောဂီမှာ
တော့ ဝေဒနာသာ ဖြစ်တယ်၊ တဏှာ မဖြစ်တော့ဘူး၊ ဒိပြင် ကိလေသာတွေလဲ မဖြစ်တော့ဘူး၊ ကိလေသာမှ ဆက်ပြီးဖြစ်မည့်
ကံလဲ မဖြစ်ရတော့ဘူး၊ ကံ၏ အကျိုးဝိပါက ဝဋ်ဆင်းရဲလဲ မဖြစ်ရတော့ဘူး။ အဲဒီလို ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ငြိမ်းပုံ
ကို ဒီလိုဖော်ပြတော် မူပါတယ်။
၎။ ယထာဿ ဇာနတော ဓမ္မံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတံ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုကံ္ခ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ-အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊ ဓမံ္မ-သဘောအာရုံ-စိတ်ကူးအာရုံကို၊ ဇာနတော စာပိ၊
သိလဲသိငြားသော်လဲ၊ ဝေဒနံ-ခံစားမှုကို၊ သေဝတေတာ စာပိ၊ မှီလဲ မှီဝဲငြားသော်လဲ၊ ဒုကံ္ခ-မရှုမသိလျှင် ဖြစ်နိုင်သော
ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊ ခီယတိ-ကုန်သာကုန်ခန်း၏၊ နောပစီယတိ၊ ဆည်းပူးအပ်သည်ကား မဟုတ်ပေ၊ ဧဝံဤသို့သော
အခြင်းအရာအားဖြင့်၊ သဘော-အမှတ်ရလျက်၊ သော-ထိုယောဂီပုဂ္ဂိုလ်သည်၊ စရတိ-ကျင့်ပေ၏တဲ့။
ရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်မှာ သူများလိုပင် ကြံသိမှုလဲ ရှိတာဘဲ၊ ကြံသိရတဲ့ အာရုံကို ခံစားမှုလဲ ရှိတာဘဲ၊ သို့ပေမဲ့
ကြံသိပြီးလျှင်ပြီးချင်း မှတ်သိမှုက အမြဲပါနေတဲ့အတွက် သာမန်လူများမှာလို ကြံသိရတဲ့အာရုံနဲ့ ခံစားမှုကိုမှီပြီး ကိလေသာ
မာလုကျပုတ္တသုတ်တရားတော် ၆၄
တွေလဲမဖြစ်ဘူး၊ အဲဒီကိလေသာမှ ဆက်ပြီးဖြစ်မည့်ကံနှင့် အကျိုးဝိပါက်လဲမဖြစ်ဘူး၊ အဲဒါဘာကြောင့်လဲဆိုယင် မဇ္ဈိမပဋိပဒါ
ခေါ်တဲ့ ရှုသိမှုက ချက်ခြင်း ဆက်ပြီးပါလာလို့ပါဘဲ။ ဆောင်ပုဒ်ကတော့ (မှတ်သိလျက်သား၊ ကြံသိသွား၊ ခံစားမှီဝဲသည်) လို့
ဆိုကြရုံပါဘဲ။
၃။ မှတ်သိလျက်သား၊ ကြံသိသွား၊ ခံစားမှီဝဲသည်။
နောက် ၂-ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၎။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာကျင့်ရသည်။
ဒီအမှတ် (၅) ဆောင်ပုဒ်ဟာ (ဧဝံ သော စရတိဿတော) ဆိုတဲ့အပိုဒ်၏ အတိအကျမြန်မာပြန်ဘဲ၊ ဝိပဿနာရှုတဲ့
ယောဂီမှန်လျှင် အာရုံတခုခုကို သိပြီးလျှင် ပြီးချင်း အမှတ်ရ ရမယ်၊ ရှုမှတ်ပြီး သိရမယ်ဆိုတာ ကိန်းသေမှတ်ထားကြရမယ်။
နောက် ၂-ပိုဒ်ကတော့ ဧဝံ-ဤဆိုအပ်ခဲ့သည့် အတိုင်း ကြံသိပြီးလျှင် ပြီးချင်း ရှုမှတ်သောအားဖြင့်၊ ဒုကံ္ခ- မရှုမမှတ်
လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊ အပစိနတော၊ ဖျက်ဆီးနေသောပုဂ္ဂိုလ်အား၊ နိဗ္ဗာနံ-ဆင်းရဲငြိမ်းသော
နိဗ္ဗာန်သည်၊ ဝါ-နိဗ္ဗာန်ကို၊ သန္တိကေ-နီးသည်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်ပါသည်တဲ့။
ကြံသိပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး အနိစ္စစသည်ဖြင့် အမှန်အတိုင်းသိသိသွားလျှင် သိတိုင်းသိတိုင်း အာရမ္မဏာနုသယ
ဆိုတဲ့ ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲငြိမ်းတယ်၊ အဲဒီ ကိလေသာမှ ဆက်ပြီးဖြစ်မည့် ကမ္မဝဋ်ဆင်းရဲနှင့် ဝိပါကဝဋ်ဆင်းရဲလဲ
ငြိမ်းတယ်၊ အဲဒီလို ဆင်းရဲငြိမ်းတာကို တဒင်္ဂနိဗ္ဗာန်လို့ ကျမ်းဂန်တို့၌ ဆိုတာဘဲ၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အဲဒီတဒင်္ဂ
နိဗ္ဗာန်ရောက်ပြီးတော့ ဝိပဿနာÓဏ်ရင့်သန် ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဖိုလ်Óဏ်ဖြင့် နိဗ္ဗာန်အစစ်သို့ ဆိုက်ရောက်သွား
တာဘဲ၊ အဲဒီလို ဆိုက်ရောက်ပုံကိုတော့ ဝိပဿနာ ရှုနည်းကျမ်းမှစ၍ မကြာမီက ထွက်ပေါ်တဲ့ တက္ကသိုလ်ဝိပဿနာ တရား
တော်စာအုပ်အထိ အကြိမ်ကြိမ် ပြောပြခဲ့ပါပြီ၊ ဒီတရားစာအုပ်မှာလဲ (နှာ ၅၇-နှင့် ၈၂)မှာ အကျဉ်းချုပ် ပြောပြခဲ့ပါပြီ။
ဒါကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း နိဗ္ဗာန်နှင့် နီးကပ် နီးကပ်သွားတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။ ဆောင်ပုဒ်က
တော့ (ကြံတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်) လို့ ဆိုကြရုံပါဘဲ။
၆။ ကြံတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြီး ဟောပြခဲ့တဲ့ အမှတ် (၃၊ ၄) ဂါထာ ၂-ပုဒ်အရ အတိုချုပ် ဆိုလိုတာကတော့ (ကြံသိခိုက်၌ ရှုမှတ်သူ
မှာ နိဗ္ဗာန်နီးသည်) လို့ ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြံသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ဒီမာလုကျပုတ္တသုတ် တသုတ်လုံးမှာ အတိုချုပ် ဆိုလိုတာကလဲ (မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်၊ ရှုမှတ်သူမှာ နိဗ္ဗာန်
နီးသည်) လို့ ဆိုလိုတာပါဘဲ။ အဲဒါကိုလဲ နိဂုံးချုပ် အနေဖြင့် ဆိုကြရမယ်။
နိဗ္ဗာန်နှင့် ဝေးပုံ, နီးပုံ နိဂုံးချုပ် ဆောင်ပုဒ်
မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ယခု ရွတ်ဆိုပြခဲ့တဲ့ ဂါထာ (၂၄) ပုဒ်ကို မြတ်စွာဘုရားရှင်က ကိုယ်တော်တိုင် ထပ်မံရွတ်ဆို ဟောကြားတော်မူ
ပြီးတော့ ဒီလို နိဂုံးချုပ် စကားတော်ကိုလဲ မိန့်ကြားတော်မူပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၆၅
နိဂုံးချုပ်စကားတော်
ဣမဿ ခေါ မာလုကျပုတ္တ မယာ သံခိတ္တေန ဘာသိတဿ ဧဝံ ဝိတ္ထာရေန အတ္ထော ဒဋ္ဌဗ္ဗော။
မာလုကျပုတ္တ- မာလုကျာ၏သားဖြစ်သော ရဟန်း၊ မယာ-ငါဘုရားသည်၊ သံခိတ္တေန ဘာသိတဿ ဣမဿ
သင့်အား အကျဉ်းအားဖြင့် ဟောခဲ့သော (ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတံ္တ
ဘဝိဿတိမှစ၍ ဧသေဝန္တော ဒုက္ခဿ-တိုင်အောင်) ဤစကားရပ်၏၊ ဝိတ္ထာရေန အတ္ထော-အကျယ်အားဖြင့် အနက်ကို၊ ဧဝံဤဆိုခဲ့သော
၂၄-ဂါထာအတိုင်း၊ ဒဋ္ဌဗ္ဗော-ကိန်းသေမုချမှတ်ရမည် လို့လဲ နိဂုံးချုပ်အနေဖြင့် မှာကြားတော်မူခဲ့ပါတယ်။
မာလုကျပုတ္တသုတ် တရားတော် တရားသားကတော့ ပြည့်စုံပါပြီ၊ ယခု အဲဒီသုတ်က သံဂါယနာတင် မှတ်တမ်းကို
ဖော်ပြ ဟောကြားရမယ်။ ပါဠိအနက်ပူးတွဲပြီး ဖော်ပြထားမယ်။
သံဂါယနာတင် မှတ်တမ်း
အထခေါ- ထိုအခါ၌၊ အာယသ္မာ မာလုကျပုတ္တော- အရှင်မာလုကျပုတ္တသည်၊ ဘဂဝတော ဘာသိတံ- မြတ်စွာ
ဘုရားဟောကြားသော တရားတော်ကို၊ အဘိနန္ဒိတွာ- နှစ်သက်ကြည်ဖြူ သဘောတူ လက်ခံပြီး၍၊ အနုမောဒိတွာ-ဝမ်းမြောက်
သမှု သာဓုခေါ်ပြီး၍၊ ဥဋ္ဌာယာသနာ-ထိုင်နေရာမှထပြီးလျှင်၊ ဘဂဝနံ္တ အဘိဝါဒေတွာ- မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်၊
ပဒက္ခိဏံ ကတွာ- အရိုအသေûပပြီး၍၊ ပက္ကာမိ- ဖဲခွါသွားလေသည် တဲ့။
အထ ခေါ ထိုသို့ ဖဲခွါသွားပြီးသော အခါ၌၊ အာယသ္မာ မာလုကျပုတ္တော- အရှင် မာလုကျပုတ္တသည်၊ ဧကောတပါး
တည်း၊ ဝူပကဋ္ဌော ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်၊ အပ္ပမတ္တော မမေ့မလျော့ သည်ဖြစ်၍၊ အာတာပီ ကိလေသာကို
ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာအားထုတ်မှု သမ္မပ္ပဓာန်လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍၊ ပဟိတတ္တော
-တရားထူးကိုရရန် စေလွတ်အပ်သောစိတ် -စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည် ဖြစ်၍၊ (ဧကော ဝူပကဋ္ဌော အပ္ပမတ္တော
အာတာပီ ပဟိတတ္တောဟူသော ဤစကားများဟာ ကမ္မဋ္ဌာန်းတောင်းစဉ်က လျှောက်ထားတဲ့စကားများနဲ့ ထပ်တူဖြစ်နေပါ
တယ်၊ အဲဒီပုဒ်များဖြင့် မြင်ရုံမျှ စသည်၌တည်အောင် မမေ့မလျော့ မပြတ်ရှုမှတ်နေပုံကို ပြတာပါဘဲ၊ အဲဒီပုဒ်များ၏ အနက်
အဓိပ္ပါယ်ကိုလဲ ဒီစာအုပ်၌ (နှာ ၄-မှ ၁ဝ-အထိ) ဖော်ပြခဲ့ပါပြီ။) ဝိဟရန္တော-နေသည်ဖြစ်၍၊ န စိရေဿဝ-မကြာမြင့်မီပင်
လျှင်၊ (ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ-အမျိုးကောင်းသားတို့သည် လူ့ဘောင်မှ ရဟန်း
ဘောင်သို့ နည်းလမ်းမှန်စွာ ဝင်ရောက်၍ ရဟန်းûပကြလျှင် အကြင်အရဟတ္တဖိုလ်အကျိုးငှါ ûပကြမြဲ ဖြစ်ပေသည်။) တဒနုတ္တရံ
ဗြဟ္မစရိယပရိယောသာနံ-သူ့ထက် အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော, အကျင့်မြတ်၏ အဆုံးဖြစ်သော ထိုအရဟတ္တဖိုလ်
အကျိုးကို၊ ဒိဋ္ဌေဝ ဓမ္မေ-မျက်မှောက် အတ္တဘော, မျက်မှောက်ကိုယ်၌ပင်လျှင်၊ သယံ အဘိညာ-ကိုယ်တိုင်ပင် ထူးသောÓဏ်
ဖြင့်သိပြီး၍၊ သစ္ဆိကတွာ-မျက်မှောက် ûပလျက်၊ ဥပသမ္ပဇ္ဇ-ပြည့်စုံစေ၍၊ ဝါ-ဆိုက်ရောက်၍၊ ဝိဟာသိ-နေလေပြီ၊ ခီဏာ
ဇာတိ-ဘဝအသစ်ဖြစ်မှု ကုန်ပြီ၊ ဝုသိတံ ဗြဟ္မစရိယံ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို ကျင့်သုံးခြင်း ကိစ္စပြီးပြီ၊ ကတံ ကရဏီယံûပဘွယ
်ကိစ္စကို ûပပြီးပြီ၊ နာပရံ ဣတ္ထတ္တာယ-ဤကိစ္စ အလို့ငှါ တဖန်ûပဘွယ် မရှိတော့ပြီ၊ ဣတိ-အဗ္ဘညာသိ-ဤသို့ သိသွား
လေပြီ၊ ပန-ဆက်၍ ဖော်ပြရလျှင်၊ အာယသ္မာ မာလုကျပုတ္တော-အရှင်မာလုကျပုတ္တသည်၊ အရဟတံ-အရှင်ကောဏ္ဍည
အစရှိစေယ ရဟန္တာအရှင်မြတ်တို့တွင်၊ အညတရော စ-အပါအဝင် ရဟန္တာအရှင်မြတ်တပါးသည်လည်း၊ အဟောသိဖြစ်တော်
မူလေသတည်း တဲ့။
အဲဒါဟာ ပဌမသံဂါယနာတင်စဉ်က မှတ်တမ်းတင်ခဲ့တဲ့ စကားပါဘဲ၊ ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ-စသည်ဖြင့် မြတ်စွာ
ဘုရားရှင်က အကျဉ်းချုပ် ညွှန်ပြတဲ့ ဝိပဿနာ လုပ်ငန်းစဉ်အရ အရှင်မာလုကျပုတ္တဟာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိ
တိုင်း ထိသိတိုင်း ကြံသိတိုင်း ချက်ခြင်း ရှုမှတ်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ နေ့ရက်အချိန် မကြာမီပင်ရောက်ပြီး
ရဟန္တာ ဖြစ်တော်မူပုံပါဘဲ။
ယခုဒီရိပ်သာမှာ ဘုန်းကြီးတို့ညွှန်ပြသည့်အတိုင်း ထိသိမှုဆိုင်ရာ ဖောင်းတာပိန်တာမှစပြီး ပေါ်လာသမျှကို မပြတ်
ရှုသိနေကြတဲ့ ယောဂီတွေလဲ မိမိတို့၏ ပါရမီအားလျော်စွာ Óဏ်ထူး တရားထူး ရကြမှာ သေချာပါတယ်၊ ၁၃ဝဝ-ပြည့်နှစ်မှ
စပြီး ဘုန်းကြီးတို့၏ ညွှန်ကြားချက်အရ ရှုမှတ်အားထုတ်ကြပြီးတော့ အရိယမဂ်Óဏ် ဖိုလ်Óဏ် ပစ္စဝေက္ခဏာÓဏ်အထိ
ဖြစ်ပြီး Óဏ်စဉ်တရားကို နာရတဲ့သူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ၊ အဲဒီအထဲမှာ အရိယမဂ်ဖိုလ်Óဏ်အထိ ပြည့်စုံတဲ့
သူတွေလဲ များစွာပါတယ်ဆိုတာ ယုံကြည်စိတ်ချရလောက်တဲ့ အခြေအနေ ရှိပါတယ်။
မာလုကျပုတ္တသုတ်တရားတော် ၆၆
ဗာဟိယဝတ္ထု အကျဉ်းချုပ်
မြတ်စွာဘုရားလက်ထက်တော်က ဗာဟိယ ဒါရုစီရိယဆိုတဲ့ ပုဂ္ဂိုလ်ဟာ သာဝတ္ထိûမိ့ထဲ ဆွမ်းခြံ<ွကနေစဉ် မြတ်စွာ
ဘုရားထံမှာ အကျဉ်းချုပ်တရား ဟောဘို့ လျှောက်တောင်းတဲ့ အတွက် မြတ်စွာဘုရားက ခေတ္က ရပ်တန့်ပြီးတော့တသ
္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗံ္ဗ (ဗာဟိယ-အကျဉ်းချုပ် ဟောရန် သင်က
သုံးကြိမ်တိုင်တိုင် တောင်းပန်သောကြောင့်၊ သင်ဟာ ဤသို့ ကျင့်ရမည်၊) ဒိဋ္ဌေ ဒိဋ္ဌမတံ္တ
ဘဝိဿတိ၊ သုတေ သုတမတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ ဘဝိဿတိ၊ ဝိညာတေ ဝိညာတ
မတံ္တ ဘဝိဿတိ-(မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လတံ့၊
ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတံ့၊ သိရသည်၌ သိရုံမျှ ဖြစ်လတံ့၊) စသည်ဖြင့်-
ဒီမာလုကျပုတ္တသုတ်မှာလိုပဲ ဟောကြားတော် မူပါတယ်။ အဲဒီတရားကို နာယင်း ရှုမှတ်အားထုတ်၍ ဗာဟိယဆိုတဲ့
ပုဂ္ဂိုလ်ဟာ ရဟန္တာ ဖြစ်သွားတယ်၊ အဲဒီအကြောင်းကို ဝမ္မိကသုတ် တရားတော်စာအုပ် (နှာ ၃၅-စသည်)မှာ ဖော်ပြထားပြီး
ရှိပါတယ်။
ဒါကြောင့် မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မြင်ရုံမျှ ကြားရုံမျှ စသည်တွင်တည်
အောင် ရှုသိတဲ့နည်းဟာ တိုတိုကလေးနဲ့ အင်မတန်ခရီး ရောက်စေနိုင်တဲ့ နည်းဘဲ၊ သွားလျှင်မူလည်း သွားသည်ဟု သိ၏-
စသည်ဖြင့် ဟောပြထားတဲ့ သတိပဋ္ဌာနသုတ် တရားတော်နှင့်လဲ ထပ်တူပါဘဲ။ အဲဒီ အနက်အဓိပ္ပါယ်ကို သိနားလည်ကြပြီး
မဂ်ရောက် ဖိုလ်ရောက် ရှုမှတ်အားထုတ်နိုင်ကြပါစေလို့ ရည်ရွယ်ပြီးတော့ ဒီမာလုကျပုတ္တသုတ်တရားတော်ကို ဖွင့်ပြဟောကြား
ပါတယ်၊ အဲဒါ ပြည့်စုံပါပြီ။ ယခု အမျှဝေပြီး တရားသိမ်းကြရမယ်။ လိုက်ဆိုကြ။
ယနေ့အဖို့၌ ကျွန်ုပ်တို့ûပစုပွါးများ အားထုတ်အပ်သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ဝေယျာဝစ္စ
ကုသိုလ် တရားဟောရသောကုသိုလ် တရားနာရသောကုသိုလ် အစရှိသော ဤကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘ
တို့အား အမျှပေးဝေပါကုန်၏၊ ဆွေမျိုးတို့အား အမျှပေးဝေပါကုန်၏၊ ဤအရပ်၌ ရောက်ရှိနေကြသော လူပရိသတ် နတ်
ပရိသတ်အပေါင်းတို့အား အမျှပေးဝေပါကုန်၏၊ အလုံးစုံသော သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါကုန်၏၊ အမိအဘတို့မှ
စ၍ အလုံးစုံသော သတ္တဝါတို့သည် ဤကောင်းမှု အပေါင်း၏ အဖို့ဘာဂကို အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့၊
သာဓု သာဓု သာဓု
မာလုကျပုတ္တသုတ် တရားတော် ပြီး၏။
မာလုကျပုတ္တသုတ်တရားတော် ၆၇
မာလုကျပုတ္တသုတ် တရားတော်
နောက်ဆက်တွဲ မှတ်ချက်များ
မာလုကျပုတ္တသုတ်တရားကို ဟောစဉ်က အချိန်မကြာစေရန်အတွက် အချို့သော အဋ္ဌကထာ အဖွင့်များကို မဖော်ပြပဲ
အချိန်ထားခဲ့၏။ ထိုအဖွင့်များနှင့်လည်း တိုက်ဆိုင်၍နားလည်ပြီး မှတ်သားနိုင်ကြစေရန် ဤနောက်ဆက်တွဲများကို မှတ်ချက်
အနေဖြင့် ဖြည့်စွက်ဖော်ပြလိုက်ပါသည်။
စာမျက်နှာ ၂၉-စသည်နှင့် ဆိုင်သော မှတ်ချက်များ
ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယယနေ စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ၊ စက္ခုဝိ
ညာဏံ ဟိ ရူပေ ရူပမတ္တ မေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ၊ ဣတိ သေသဝိညာဏေဟိပိ မေ
ဧတ္ထ ဒိဋ္ဌမတ္တမေဝ စိတံ္တ ဘဝိဿတီတိ အတ္ထော။ (သံ ဋ္ဌ တတိယအုပ် ၂၈)
ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ-ဒိဋ္ဌမတံ္တဟူရာ၌ ဆိုလိုသော အနက်ကား၊ စက္ခုဝိညာဏေန၊ မြင်သိမှု စက္ခုဝိညာဏ်စိတ်ဖြင့်၊ ဒိဋ္ဌေ-
မြင်အပ်သော မြင်ရသော၊ ရူပါတယနေ-ရူပါယတနခေါ် ပရမတ် အဆင်းရုပ်၌၊ ဒိဋ္ဌမတံ္တ-မြင်အပ်ရုံမျှ-မြင်ရရုံမျှသည်၊
ဘဝိဿတိ-ဖြစ်လတံ့။ ဟိ-ပေါ်လွင်အောင် ချဲ့ပြဦးအံ့၊ စက္ခုဝိညာဏံ-မြင်သိမှု စက္ခုဝိညာဏ်စိတ်သည်၊ ရူပေ-အဆင်း၌၊
ရူပမတ္တမေဝ-အဆင်းမျှကို သာလျှင်၊ ပဿတိ-မြင်သိ၏၊ နိစ္စာဒိသဘာဝံ-မြဲသည် စသော ပညတ်သဘောကို၊ ဝါ-မြဲသည့်
အနေစသော အခြင်းအရာကို၊ န ပဿတိ-မမြင်မသိပေ၊ ဣတိ-ဤသို့ ဖြစ်သောကြောင့်၊ ဝါ-ဤအတူပင်လျှင်၊ သေသဝိညာ
ဏေပိဟိ-စက္ခုဝိညာဏ်မှြ<ွကင်းသော (မြင်သိဝီထိ) စိတ်ဝိညာဏ်တို့ဖြင့်လည်း၊ (ဥဒါန-ဋ္ဌ-၌ သေသစက္ခုဒွါရိကဝိညာဏေန
-ဟု ရှိ၏။) မေ-ငါအား၊ ဧတ္ထ-ဤမြင်အပ်သော-မြင်ရသော အဆင်း၌၊ ဒိဋ္ဌမတ္တမေဝ စိတံ္တ-မြင်ရရုံမျှစိတ်သည်သာလျှင်၊ ဝါမြင်ရ
ရုံမျှသာလျှင်၊ (စိတ္တံ-ပုဒ် မပါရှိသော ဥဒါန-ဋ္ဌနှင့် အညီ ယုတ္တတရ အနက် ဖြစ်သည်) ဘဝိဿတိ-ဖြစ်လတံ့၊ ဣတိဤသည်ကား၊
အတ္ထော-ဆိုလိုသော အနက်ပေတည်း။
ဤအဖွင့် အလိုအားဖြင့် စက္ခုဝိညာဏ်ခေါ် မြင်သိစိတ်ဖြင့် မြင်ရသော ပရမတ်အဆင်းရုပ်၌ သမ္ပဋိစ္ဆိုန်းစသော
နောက်နောက် စိတ်များဖြင့်လည်း မြင်ရရုံမျှသာ ဖြစ်စေရမည်၊ မြင်သိစဉ်က ထိုအဆင်းရုပ်ကို မြင်ရရုံမျှသာရှိသည်၊ မြဲသည့်
အနေ ချမ်းသာသည့်အနေ အတ္တကောင်အနေအားဖြင့် မထင်ပေါ်ခဲ့သေးပေ၊ ထိုအတိုင်းပင် နောက်နောင်စိတ်များဖြင့်လည်း
မြဲသည့်အနေ စသည်ဖြင့် မကြံမသိပဲ မြင်ရုံမျှသာ တည်စေရ မည်ဟု ဆိုလို၏၊ ထိုတွင် မြင်သိဝီထိ၌ ပါဝင်သော စိတ်ဟူသမျှ
သည်¤င်း၊ ပြန်လည်ဆင်ခြင်သော ကြံသိပဌမဝီထိ၌ ပါဝင်သော စိတ်ဟူသမျှသည်¤င်း၊ ပကတိဖြစ်ရိုးဖြစ်စဉ် အားဖြင့်ပင်
မြင်ရသည့် အဆင်းပရမတ်မျှကိုသာ အာရုံûပမြဲဖြစ်သည်၊ မြဲသည့် အနေစသည်ဖြင့် အာရုံûပခြင်း မရှိသေးပေ၊ ထို့ကြောင့်
ထိုမြင်သိဝီထိနှင့် ပဌမကြံသိဝီထိ၌ ပါဝင်သော စိတ်များ အတွက်မူကား အထူးûပပြင် အားထုတ်ဖွယ် မရှိပါ။
ဒုတိယ တတိယ ကြံသိဝီထိ စသည်တို့၌ကား မြင်သိရသော အဆင်းနှင့်စပ်၍ မြဲသည့်အနေ လှပသည့် ချမ်းသာ
သည့်အနေ အသက်ရှင်နေသည့် အတ္တကောင်အနေတို့ဖြင့် ပုံသဏ္ဌာန် ပညတ် အမည်ပညတ်များကို အာရုံûပလျက် အာဝဇ္ဇန်း
စိတ် ဇောစိတ်တဒါရုံစိတ်များ ဖြစ်ကြလေတော့သည်၊ ထိုသို့သော စိတ်များဖြင့် မြဲသည့်အနေ စသည် မထင်မြင်ပဲ (ထိုသို့
သော စိတ်များ လုံးဝမဖြစ်ပဲ) မြင်ရရုံမျှ အနေ၌သာ တည်နေအောင် နှလုံးသွင်းရှုရန် ဖွင့်ပြညွှန်ကြားချက် ဖြစ်ပေသည်။
သို့သော် မြင်သိစိတ်၏အခြားမဲ့၌ကား ထိုသို့သော နှလုံးသွင်းဆင်ခြင်မှု ရှုမှတ်မှုမဖြစ်နိုင်ပေ၊ သမ္ပဋိစ္ဆိုန်း, သန္တီရဏ,
ဝုဋ္ဌော, ဇော, တဒါရုံစိတ်များသာလျှင် တဆက်တည်း ဖြစ်ရိုးရှိပေသည်၊ သို့ဖြစ်၍ မြင်သိဝီထိ၏နောက်၌ ဘဝင်မှထ၍ဖြစ်စေ၊
ပဌမကြံသိဝီထိ၏နောက်၌ ဘဝင်မှထ၍ဖြစ်စေ၊ နှလုံးသွင်းရှုမှတ်နိုင်အောင် အားထုတ်ရန်သာလျှင် လိုရင်းဖြစ်ပေသည်။
အထဝါ ဒိဋ္ဌေ ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ၊ ရူပေ ရူပဝိဇာနနန္တိ အတ္ထော။ မတ္တာတိ
ပမာဏံ၊ ဒိဋ္ဌံ မတ္တာ အဿာတိ ဒိဋ္ဌမတံ္တ၊ စိတံ္တ၊ စက္ခုဝိညာဏမတ္တမေဝ မေစိတံ္တ
ဘဝိဿတီတိ အတ္ထော။ ဣဒံ ဝုတံ္တ ဟောတိ-ယထာ အာပါထဂတရူပေ စက္ခုဝိညာဏံ န
ရဇ္ဇတိ န ဒုဿတိ န မမုယှတိ၊ ဧဝံ ရာဂါဒိဝိရဟေန စက္ခုဝိညာဏ မတ္တမေဝ ဇဝနံ ဘဝိဿ
တိ၊ စက္ခုဝိညာဏပမာဏေ နေဝ ဇဝနံ ဌပေဿာမီတိ။ (¤င်း ဋ္ဌ-ပင်)။
အထဝါ-တနည်းကား၊ ဒိဋ္ဌေ ဒိဋ္ဌံ နာမ-မြင်ရသော အဆင်း၌ ဒိဋ္ဌမည်သည်ကား၊ စက္ခုဝိညာဏံ-မြင်သိသော စက္ခု
ဝိညာဏ်စိတ်ပေတည်း၊ ရူပေ-မြင်ရသောအဆင်း၌၊ ရူပဝိဇာနနံ-အဆင်းကို မြင်သိသော စိတ်ပေတည်း၊ ဣတိ အတ္ထောမာလုကျပုတ္တသုတ်တရ
ားတော် ၆၈
ဤကား ဒိဋ္ဌေ ဒိဋ္ဌ၏ အနက်ပေတည်း။ မတ္တာတိ-မတ္တာဟူသည်ကား၊ ပမာဏံအတိုင်း အရှည်ပေတည်း၊ အဿ-ထိုဇောစိတ်
အား၊ ဒိဋ္ဌံ မြင်သိစိတ်ဟူသော၊ မတ္တာ-အတိုင်းအရှင်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ဒိဋ္ဌမတံ္တ- ဒိဋ္ဌမတ္တမည်၏၊ စိတံ္တဇောစိတ်ပေတည်း၊
မေ- ငါ၏၊ စိတံ္တ- စိတ်သည်၊ စက္ခုဝိညာဏ မတ္တမေဝ- မြင်သိစိတ် အတိုင်း အရှည်ရှိသည်သာလျှင်၊
ဘဝိဿတိ-ဖြစ်လတံ့၊ ဣတိ အတ္ထော ဤကား ဒိဋ္ဌမတံ္တ ဘဝိဿတိ-၏ အနက်ပေတည်း၊ ဣဒံ ဝုတ္တံ ဟောတိ-ဤသို့သော
အနက်ကို ဆိုလိုပါသည်=အာပါထဂတရူပေ- မျက်စိထဲ ပေါ်လာသော အဆင်းရူပါရုံ၌၊ စက္ခုဝိညာဏံ- မြင်သိသောစိတ်
သည်၊ န ရဇ္ဇတိ န ဒုဿတိန မုယှတိ ယထာ- မတပ်မက် မပြစ်မှား မတွေဝေ (မသိမှား) သကဲ့သို့၊ ဧဝံ-ဤအတူ၊ ရာဂါဒိဝိရ
ဟေန- တပ်မက်မှုစသည် ကင်းသဖြင့်၊ စက္ခုဝိညာဏမတ္တမေဝ- မြင်သိစိတ် အတိုင်းအရှည် ရှိသည်သာလျှင် ဖြစ်သော၊
ဇဝနံ- ဇောစိတ်သည်၊ ဘဝိဿတိ-ဖြစ်လတံ့၊ စက္ခုဝိညာဏပမာဏေနေဝ- မြင်သိစိတ် အတိုင်းအရှည် ဖြင့်သာလျှင်၊ ဇော
စိတ်ကို၊ ဌပေဿာမီတိ-ထားမည် ဖြစ်စေမည်ဟု ဆိုလိုပါသည်။
ဒီဒုတိယအဖွင့် အလိုအားဖြင့် ဆိုလိုတာကတော့- (ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ ဘဝိဿတိ) မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့-
ဟူသောစကားဖြင့် မြင်ရသောအဆင်း၌ မြင်သိစိတ်မှာ ရာဂစသည်မပါဘဲ ကင်းရှင်းနေသလိုပင် အဲဒီအဆင်းကို အာရုံûပပြီး
ဖြစ်မည့် ဇောစိတ်မှာလဲ ရာဂစသည်မပါဘဲ ကင်းစေရမယ်၊ သိရုံမျှဇောစိတ်ကိုသာ ဖြစ်စေရမယ်လို့ ဆိုလိုတာပါဘဲ။
သို့သော်လဲ အဲဒီလို ကိလေသာကင်းသည့် ဇောစိတ် ဖြစ်အောင် မြင်သိစိတ်၏ အခြားမဲ့မှာတော့ နှလုံးသွင်းဆင်ခြင်
လို့ရှုလို့ မဖြစ်ပါဘူး၊ မြင်သိဝီထိနောက်၌ ဘဝင်စိတ်များဖြစ်ပြီး အဲဒီဘဝင်မှ ထပြီးတော့သာလျှင် ရှုမှတ်မှုဟာ အမြန်ဆုံး
ဖြစ်နိုင်ပါသည်၊ ထို့ကြောင့် ဝိပဿနာÓဏ်နုစဉ်မှာဆိုလျှင် မြင်သိဝီထိထဲမှာလဲ ရာဂ ဒေါသ မောဟဇောစိတ်များလဲ
ဖြစ်တတ်ကြသေးတာပါဘဲ။ ဒါပေမဲ့ အဲဒီလို မြင်သိဝီထိ၏ အခြားမဲ့၌ ဘဝင်မှထပြီး ရှုမှတ်နိုင်ယင်တော့ အဲဒီလို ရာဂ ဒေါသ
မောဟ စိတ်တွေ တဖန်မဖြစ်ပဲ ကင်းငြိမ်းသွားနိုင်ပါတယ်၊ အဲဒီလို ကိလေသာစိတ်တွေ တဖန်မဖြစ်ပဲ ကင်းငြိမ်းသွားအောင်လို့
လဲ မြင်လျှင် မြင်တယ်စသည်ဖြင့် ရှုမှတ်ရတာပါဘဲ။
ထို့ပြင် ဝိပဿနာရှုမှတ်နေကြသော ယောဂီများသည် ကိလေသာ ဖြစ်ဖွယ်အာရုံကိုလဲ အလိုမရှိကြ၊ ကိလေသာစိတ်
ကိုလဲ မဖြစ်စေလိုကြ၊ ရုပ်နာမ်သဘောတရားမျှ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာမျှကိုသာ သိမြင်လိုကြပေသည်၊ ထို့ကြောင့်
မျက်စိထဲ၌ ချစ်ဖွယ် မုန်းဖွယ် အဆင်းအာရုံ ထင်ပေါ်လာငြားသော်လည်း ယောနိသောမနသိကာရခေါ် သင့်လျော်သော
ဆင်ခြင်မှု အာဝဇ္ဇန်းကစ၍ ဖြစ်ပေါ်လာတတ်ပေသည်၊ ထိုဆင်ခြင်မှု အာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်ဖြင့် မြင်ပြီးနောက်
လက်ခံစိတ် စုံစမ်းစိတ်များ ဖြစ်ပြီးလျှင် ဝုဋ္ဌောစိတ်ကလဲ ထိုယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဖြစ်ရေး အနေဖြင့်
သာဆုံးဖြတ်သည်၊ ထိုဆုံးဖြတ်ချက် အားလျော်စွာ ကုသိုလ်ဇောစိတ်သာလျှင် အများအားဖြင့် ဖြစ်တတ်ပေသည်၊ ဝိပဿနာ
Óဏ် ရင့်သန်သောအခါ၌မူ ဝုဋ္ဌော-ဟု ခေါ်သော အာဝဇ္ဇန်းစိတ်သည်လည်း အာရုံကို မဆုံးဖြတ်နိုင်သောကြောင့် ၂-ကြိမ် ၃-
ကြိမ်မျှ ဖြစ်ပြီးနောက် ဝီထိစိတ်အစဉ် ပြတ်စဲ၍ ဘဝင်ကျသွားသည်။ ထိုအခါ၌ မြင်သည်ဟု ရှုသိသော ဝိပဿနာစိတ် ဖြစ်ရ
သည်၊ ဤပုံ ဤနည်းဖြင့် ပဉ္စဒွါရ၌ ဇောဆိတ်၍ မနောဒွါရ၌သာ ဝိပဿနာဇော ဖြစ်စေနိုင်ပုံကိုလဲ (မ-ဋ္ဌ ဒု-၁၂၉ ၌)
ဖော်ပြထားပါသည်။ ထိုသို့ မြင်ဝီထိ၌ ဇောဆိတ်အောင်၊ သို့မဟုတ် ကုသိုလ်ဇောမျှသာ ဖြစ်အောင် စောစောကပင် ယောနိ
သော မနသိကာရရခှိ ၍ဲ့ မြငသ် ဝိ ထီ ၏ိ အခြားမ၌ဲ့ ဘဝငမ် ထှ ၍ ဤဒတု ယိ အဖငွြ့် ဖင့် ညနွှြ် ပတောမ် ပူါသည။်
မြင်ပြီးလျှင် ပြီးခြင်း ရှုမှတ်ရမယ်လို့ ဘုန်းကြီးတို့က ညွှန်ကြားသည်မှာလည်း ဒီနည်းအရပင် ဖြစ်ပါသည်။
ထိုအဋ္ဌကထာမှာ တတိယနည်းလဲ ဖွင့်ပြထားပါသေးတယ်၊ ထိုအဖွင့်ကတော့ စက္ခုဝိညာဏ်ဖြင့် မြင်ရသည့် အဆင်း၌
(ဒိဋ္ဌမတ္တ) မြင်သိရုံမျှ အနေဖြင့် လက်ခံတဲ့စိတ် စုံးစမ်းတဲ့စိတ် ဆုံးဖြတ်တဲ့စိတ်ဆိုတဲ့ ဒီစိတ်သုံးခုမှာ ရာဂစသည် ကင်းသလို
ပင် ဇောစိတ်မှာ ရာဂစသည် ကင်းစေရမည်တဲ့၊ အဲဒါကတော့ ဒုတိယအနက်နှင့်လဲ သဘောတူပင်ဖြစ်တယ်၊ အနောဒွါရကျ
တော့လဲ အဲဒီအနက်မျိုးမဖြစ်နိုင်ပါဘူး၊ ထို့ကြောင့် အဲဒီအဖွင့်ကိုတော့ ဒီနောက်ဆက်တွဲမှတ်ချက်ထဲမှာ မပြတော့ပါဘူး။
စာမျက်နှာ ၇၃-စသည်နှင့် ဆိုင်သောမှတ်ချက်
မြင်ပြီးလျှင် ချက်ခြင်းပင် အမှတ်ရသော သတိဖြင့် ရှုမှတ်ရမည်ဟူသော အနက်ကို ရူပံ ဒိသွာ ပဋိဿတော-ဟူသော
ဤမာလုကျပုတ္တသုတ် ဂါထာစကားရပ်ဖြင့် အတိအကျ တိုက်ရိုက်ပြထားပေသည်။ ထိုသို့ ပြထားရာ၌ မည်သို့ မည်ပုံ ရှုမှတ်ရ
မည် ဟူသောအနက်ကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် (နှာ ၃ဝ၃၊ ၃ဝ၄) ၌ အောက်ပါအတိုင်း ဖွင့်ပြထားပါသည်။
န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတောတိ ယော ပုဂ္ဂလော ရူပံ ဒိသွာ
အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန ဂဟေတွာ စတု သမ္ပဇည
ဝသေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ၊ သော ရူပါရမ္မဏေသု န ရဇ္ဇတိ ရာဂံ န
ဇနေတိ။
မာလုကျပုတ္တသုတ်တရားတော် ၆၉
န သော။ပ။ ပဋိဿတောတိ-ဟူရာ၌ ဆိုလိုသော အနက်မှာ၊ ယော ပုဂ္ဂလော-အကြင် ပုဂ္ဂိုလ်သည်၊ ရူပံ-အဆင်းကို၊
ဒိသွာ-မြင်ပြီး၍၊ (ဤစကားဖြင့် ဖွင့်ရမည့်မူလရင်း ပုဒ်များကို ဖော်ပြသည်) အာပါထဂတံ-မျက်စိ၌ ထင်ပေါ်လာသော၊
ရူပါရမ္မဏံ ပရမတ်ရူပါရုံ အဆင်းရုပ်ကို၊ (ရူပံ-ပုဒ်ကို ဖွင့်ပြသည်၊) စက္ခု ဒွါရိကေန-စက္ခုဒွါရ၌ ဖြစ်သော၊ ဝိညာဏသန္တာ
နေန-စိတ်ဝိညာဏ် အစဉ်ဖြင့်၊ ဂဟေတွာ-ယူပြီး၍၊ (ဤသုံးပုဒ်ဖြင့် ဒိသွာပုဒ်ကို ဖွင့်ပြသည်၊ စက္ခုဝိညာဏ်စိတ်ဖြင့်
မြင်ပြီး၍ဟု ဆိုသော်လည်း ယင်းစိတ် တခုတည်းဖြင့် မြင်ပြီးလျှင်ပြီးချင်း ဟူ၍ကား ဆိုလိုသည်မဟုတ်၊ စက္ခုဒွါရ၌ ဖြစ်သော
စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဟူသော စိတ်အစဉ်ဖြင့် မြင်လျက် အာရုံûပပြီးလျှင်ဟူ၍ ဆိုလိုကြောင်း
ကို ဖွင့်ပြပါသည်။ ဤအဖွင့်ကို အထူးသတိûပသင့်ပါသည်၊ စက္ခုဝိညာဏ်၏အခြားမဲ့၌ နှလုံးသွင်း ရှုမှတ်ရန်ကား မဖြစ်နိုင်ပါ၊
ဝုဋ္ဌောဇော တဒါရုံ အထိမြင်သိဝီထိ ပြီးဆုံးသွားမှသာ နှလုံးသွင်းရှုမှတ်ရန် ဖြစ်နိုင်ပါသည်၊ ထိုသို့ဖြစ်နိုင်ရာမှာလဲ ဘဝင်စိတ်
များဖြစ်ပြီးနောက် အဲဒီ ဘဝင်စိတ်များမှထ၍ သာလျှင် ရှုမှတ်ရန် ဖြစ်နိုင်ပါသည်၊ ထိုသို့ ရှုပုံ ရှုနည်းကိုလဲ ဤသို့ ဆက်လက်
ဖွင့်ပြတော်မူပါသည်။) စတုသမ္ပဇညဝသေန-လေးပါးသော မှန်စွာသိမှု သမ္ပဇဉ်၏အစွမ်းအားဖြင့်၊ သမ္ပဇာနကာ ရိတာယ-
မှန်စွာသိခြင်းကို ûပလေ့ရှိသည်၏ အဖြစ်ဖြင့်၊ ဝါ-မှန်စွာသိလျက် ûပသောအားဖြင့်၊ ပဋိဿတော တဖန် အမှတ်ရသည်၊
ဟောတိ-ဖြစ်၏တဲ့။
ရူပံ ဒိသွာ ပဋိဿတော-အဆင်းကိုမြင်ပြီးလျှင် တဖန်အမှတ် ရသည်ဟု ဆိုရာ၌ ဆိုလိုသော အနက်မှာ-မျက်စိထဲ၌
ထင်ပေါ်လာသော အဆင်းရူပါရုံကို မြင်သိဝီထိစိတ်အစဉ်ဖြင့် မြင်သိပြီးလျှင် သမ္ပဇဉ်လေးပါးအရ မှန်စွာသိလျက် ပြန်လည်
အမှတ်ရသည်ဟူ၍ ဆိုလိုပါသည်တဲ့။ ထိုစကားရပ်ထဲမှာ သမ္ပဇဉ် လေးပါးဆိုတာက (၁) သာတ္ထကသမ္ပဇဉ်၊ (၂) သပ္ပါယသမ္ပ
ဇဉ်၊ (၃) ဂေါစရသမ္ပဇဉ်၊ (၄) အသမ္မောဟသမ္ပဇဉ် ဆိုတဲ့ ဒီလေးပါးပင်ဖြစ်သည်။
ထိုလေးပါးတို့တွင် သာတ္ထကသမ္ပဇဉ်ဆိုတာ ကြည့်လျှင် ပြောလျှင် ûပလျှင် အကျိုး ရှိ-မရှိ ဆင်ခြင်ပြီးလျှင် အကျိုးရှိ
မည်ဖြစ်ပါက ကြည့်ရ ပြောရ ûပရသည်၊ ဤသို့ အကျိုးရှိ-မရှိ ဆင်ခြင်ခြင်းကို သာတ္ထကသမ္ပဇဉ်ဟု ဆိုသည်။
သပ္ပါယသမ္ပဇဉ်ဆိုတာ အကျိုးရှိမည် ဖြစ်သောလည်း သင့်မသင့်ဆင်ခြင်၍ သင့်လျော်ပါက ကြည့်ရပြောရ ûပရသည်၊
ဤသို့ သင့် မသင့် ဆင်ခြင်ခြင်းကို သပ္ပါယသမ္ပဇဉ်ဟု ဆိုသည်။
ဤသာတ္ထကနှင့် သပ္ပါယသမ္ပဇဉ်တို့မှာ ဘာဝနာအလုပ်ကို အားမထုတ်မီ ရှေးအဖို့၌သာ ûပလုပ်ဖို့လိုပါသည်၊ ရှုမှတ်မှု
ဘာဝနာအလုပ်ကို မပြတ် တင်းတင်းရင်းရင်း အားထုတ်နေဆဲမှာမူ ယင်းတို့ကို ûပလုပ်နေရန် မလိုလှတော့ပါ၊ အကယ်၍
မြင်တိုင်း ကြားတိုင်းစသည်မှာ ရှုမှတ်၍ အကျိုး ရှိ-မရှိ သင့်-မသင့်ကို ဆင်ခြင်နေပါက သမာဓိဖြစ်မည် မဟုတ်ပါ၊ သမာဓိ
မဖြစ်လျှင် ပညာလဲ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် မပြတ်ရှုမှတ်နေသော အခါ၌မူ ဂေါစရသမ္ပဇဉ်အရသာလျှင် ရှုသင့်သမျှကို
မပြတ်ရှုမှတ်နေရန်သာ လိုပါသည်။
ထိုသို့ ဂေါစရသမ္ပဇဉ်အရ မပြတ်ရှုမှတ်၍ သမာဓိအား ရှိလာသောအခါ ရုပ်နှင့်နာမ်ကို ပိုင်းခြားသိသော နာမရူပ
ပရိစ္ဆေဒÓဏ် ဖြစ်ပါသည်။ ဖြစ်ပုံကတော့-မြင်ပြီးလျှင် ပြီးချင်း မြင်သည်ဟု မှတ်ဆဲမှာပင် မြင်ရတာက တခြား+ မြင်သိတာ
မှတ်သိတာက တခြား ပိုင်းခြား၍ သိသည်၊ သွားဆဲ၌ သွားသည်ဟု မှတ်ဆဲမှာပင် သွားတာက တခြား+မှတ်သိတာက တခြား
ပိုင်းခြား၍ သိသည်၊ ထိုသို့ သိခြင်းသည် အာရုံကို မသိတတ်သော ရုပ်သဘောနှင့် အာရုံကို သိတတ်သော နာမ်သဘောကို
ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒÓဏ် ဖြစ်သည်၊ ထို့ပြင် မြင်စရာရှိသောကြောင့် မြင်သိမှုဖြစ်ရသည်၊ မြင်မှုရှိသောကြောင့်
မြင်သည်ဟု ရှုသိမှုဖြစ်ရမည်၊ သွားချင်မှုရှိသောကြောင့် သွားမှုဖြစ်ရသည်၊ သွားမှုရှိသောကြောင့် သွားသည်ဟု ရှုသိမှု
ဖြစ်ရသည် စသည်ဖြင့် အကြောင်းနှင့် အကျိုးမျှ ရှိကြောင်းကိုလည်း ပိုင်းခြား၍ သိသည်၊ ယင်းသို့ သိခြင်းသည် ပစ္စယ
ပရိဂ္ဂဟÓဏ်ပေတည်း။ ယင်းသို့ နာမ်နှင့် ရုပ်မျှ, အကြောင်းနှင့်အကျိုးမျှသာရှိသည်၊ အတ္တကောင်ဟူ၍ကားမရှိဟု သဘောကျ
သိမြင်ခြင်းသည် ဝိပဿနာ၏ အခြေခံဖြစ်သော အသမ္မောဟ သမ္ပဇဉ် ဖြစ်ပေသည်။
ထိုမှနောက်၌ သမာဓိÓဏ် တိုးတက်ရင့်သန်လာသောအခါ မြင်တယ် ကြားတယ်စသည်ဖြင့် ရှုမှတ်ဆဲမှာပင် မြင်တာ
နဲ့မှတ်သိမှု, ကြားတာနဲ့ မှတ်သိမှုစသည်တို့၏ အသစ်အသစ်ဖြစ်ပေါ်လာပြီးလျှင် ချက်ခြင်းပင် ပျောက်ပျက်သွားတာကို
အထင်အရှားတွေ့ရသောကြောင့် မမြဲဟူ၍¤င်း၊ ဆင်းရဲချည်းသာ ဟူ၍¤င်း၊ အတ္တမဟုတ် သူ့အလိုလိုဖြစ်ပျက်နေသော
သဘောတရားမျှသာဟူ၍¤င်း တွေဝေ (သိမှား) ခြင်းမရှိပဲ ရှင်းလင်းစွာ သိသိသွားသည်၊ ယင်းသို့ မတွေမဝေသိခြင်းသည်
အသမ္မောဟ သမ္ပဇဉ်ပေတည်း။
ထိုသို့ သမ္ပဇဉ်လေးပါးအရ (ပဋိဿတော) တဖန်အမှတ်ရရမည်ဟု ပြခြင်းသည် မဟာသတိပဋ္ဌာနသုတ် ဒေသနာ
တော်နှင့်အညီ မြင်ဆဲစသည်၌ ရှုမှတ်ရန်ပြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် (ဂစ္ဆန္တော ဝါ ဂစ္ဆမီတိ ပဇာနာတိ-စသည်ဖြင့်)
ရှုမှတ်သိပုံကို ''သွားသည်၊ ရပ်သည်၊ ထိုင်သည်၊ လျောင်းသည်'' ဟု အရပ်သုံးစကားဖြင့်ပင် ရှုမှတ်သိရန် ပြထားသည့်
အတိုင်း မြင်ဆဲ၌ မြင်သည် (မြင်တယ်) ဟု အရပ်သုံးစကားဖြင့် ရှုမှတ်ရန် ဘုန်းကြီးတို့က ညွှန်ကြားပြသနေရပေသည်။
မာလုကျပုတ္တသုတ်တရားတော် ၇ဝ
ထိုသို့ ညွှန်ကြားပြသနေခြင်း၌ အပြစ်တင်ရှုတ်ချနေသူများလည်း အနည်းငယ်ရှိပါသည်၊ သူတို့ ရှုတ်ချပုံကတော့
သွားတယ် ရပ်တယ် ထိုင်တယ် အိပ်တယ်ဆိုတာတွေ သိပြီးသားပဲ၊ ရှုနေဘို့ မလိုပါဘူး၊ မြင်တယ် ကြားတယ် စသည်တွေလဲ
သိပြီးသားတွေပဲ၊ ရှုနေဘို့ မလိုပါဘူးတဲ့။
သူတို့ပြောတဲ့အတိုင်း အဲဒါတွေဟာ သိပြီးသားတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီလိုမရှုပဲအလိုလို သိနေတာတွေ
ကတော့ ရှုမှတ်ပြီးသိတာလို သတိပညာဖြင့် သိတာတွေမဟုတ်ပါဘူး၊ သိရိုးသိစဉ် ဓမ္မတာအတိုင်း မြဲတဲ့အနေ ချမ်းသာတဲ့
အနေ အတ္တကောင်အနေဖြင့် သိနေကြတာဘဲ၊ မြင်ဆဲစသည်၌ ပဌမမြင်သိ ကြားသိစသော ဝီထိ၊ ဒုတိယ ပြန်လည်ဆင်ခြင်တဲ့
ကြံသိဝီထိ ထို့နောက်မှာ တတိယပုံသဏ္ဌာန် ပညတ်သိဝီထိ၊ စတုတ္ထအမည် ပညတ်သိ ဝီထိတို့ဖြင့် ပညတ်တွေကို သိသိ
နေကြတာဘဲ၊ မြဲတည်နေသည့်အနေ ချမ်းသာသည့်ကောင်းသည့်အနေ, အသက်ရှင်နေသည့် ပုဂ္ဂိုလ်အနေအားဖြင့် သိသိနေကြ
တာဘဲ၊ အဲဒါတွေဟာ အဝိဇ္ဇာဦးဆောင်ပြီး သိနေသော အမှားသိတွေဘဲ၊ အဲဒီအမှားသိတွေ ကင်းပျောက်အောင် အမှန်သိတွေ
ဖြစ်ရအောင်လို့ မြင်သိစသော ပဌမဝီထိနောင်ဖြစ်စေ၊ အတိတ်အဆင်း စသည်ကို ပြန်လည်သိတဲ့ ဒုတိယဝီထိနောင်ဖြစ်စေ
မြင်တယ် ကြားတယ် သွားတယ် စသည်ဖြင့် ချက်ခြင်း ရှုမှတ်နေကြရတာပါဘဲ။ ဒီလို မြင်ပြီးလျှင် ပြီးခြင်းစသည်မှာရော၊
သွားနေဆဲ စသည်မှာရော ပညတ်သိဝီထိ မဖြစ်သေးမီ ချက်ခြင်း ရှုမှတ်ပြီး ပရမတ်သဘောတရားအမှန်ကို သိသိနေတာဟာ
(ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ-စသည်ဖြင့်) အတိအကျ ညွှန်ပြတော်မူတဲ့ မြတ်စွာဘုရားရှင်၏ စကားတော်နှင့်အညီပင်
ဖြစ်ပါသည်။ ဤအချက်ကို အလေးအနက် သတိûပသင့်လှပါပေသည်။ ဤသို့ ချက်ခြင်းပင် ရှုမှတ်၍ အမှန်အတိုင်း သိသိ
သွားလျှင် ထိုရှုမှတ်သိရသော အာရုံနှင့်စပ်၍ ရာဂစသော ကိလေသာများဖြစ်ခွင့် မရှိတော့ပြီ။ ထိုကြောင့် ယင်းအဋ္ဌကထာ၌
ဤသို့ ဆက်လက်ဖွင့်ပြထားပါသည်။
သော-မြင်ပြီးလျှင် တဖန်အမှတ်ရလျက် မမြဲစသည်ဖြင့် မှန်စွာသိသော ထိုပုဂ္ဂိုလ်သည်၊ ရူပါရမ္မဏေသု-မြင်ရသော
အဆင်းရူပါရုံတို့၌၊ န ရဇ္ဇတိ-မတပ်မက်၊ ရာဂံ န ဇနေတိ- တပ်မက်မှု- ရာဂကို မဖြစ်စေတော့ပေ တဲ့။
စာမျက်နှာ ၄၃-နှင့် ဆိုင်သော မှတ်ချက်
တသ္မာ တိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗံ္ဗ။ ဒိဋ္ဌေ ဒိဋ္ဌမတံ္တ ဘဝိဿတိ၊ သုတေ
သုတမတံ္တ ဘဝိဿတိ၊ မုတေ မုတမတံ္တ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတံ္တ ဘဝိဿတိ။
ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗံ္ဗ-ဟူသော ဗာဟိယသုတ်၌မူ---
ဗာဟိယ-ဗာဟိယ၊ တသ္မာ-တရားဟောရန် သင်ကတောင်းပန်သော ထိုအကြောင်းကြောင့်၊ (တိဟ-ကား အနက်
မရှိဟု ဋ္ဌ-၌ဆို၏) တေ-သင်သည်၊ ဧဝံ သိက္ခိတဗံ္ဗ-ဤသို့ ကျင့်ရမည်။ (ယထာ အကြင် အခြင်းအရာဖြင့် ကျင့်လျှင်၊ တေသင့်အား)
ဒိဌေ-မြမင်ရသည်၌၊ ဒိဋ္ဌမတံ္တ-မြင်ရုံမျှသည်၊ ဘဝိဿတိ-ဖြစ်လတံ့။ ပ။ ဝိညာတေ-ကြံသိရသည်၌၊ ဝိညာတ
မတံ္တ-ကြံသိရုံမျှသည်၊ ဘဝိဿတိ-ဖြစ်လတံ့။ ဗာဟိယ-ဗာဟိယ၊ ဧဝံ ဟိ-ဤသို့လျှင်၊ ဝါ-ဤသို့သော အခြင်းအရာဖြင့်သာ
လျှင်၊ တေ-သင်သည်၊ သိက္ခိတဗံ္ဗ-ကျင့်ရမည်ဟု (ဧဝဥှိ တေ သိက္ခိတဗံ္ဗနှင့် ဆက်စပ်ရန် ''ယထာ-အကြင် အခြင်းအရာဖြင့်
ကျင့်လျှင်'' ဟူသော ပုဒ်ကိုထည့်၍) အနက်ပြန်သင့်၏။
ထို့အတူပင် ဤမာလုကျပုတ္တသုတ်၌လည်း (အပ္ပမတ္တဿ ဝိဟရတော-ဟူသော) ရှေ့မှယူ၍ စပ်ပြသော ပုဒ်အစား
(ယထာ အကြင် အခြင်းအရာဖြင့် ကျင့်လျှင်-ဟူသော) ပုဒ်ကိုလဲထည့်၍ (''ဝိညာတမတံ္တ ဘဝိဿတိ-ဖြစ်လတံ့''၏ အခြားမဲ့
၌) ''ဧဝံ-ဤသို့သောအခြင်းအရာဖြင့် ကျင့်အပ်၏-ကျင့်ရမည်'' ဟု အနက်ပြန်လျှင်လဲ သင့်လျှော်ပါသည်။
နောက်ဆက်တွဲ မှတ်ချက်များ ဤတွင် ပြည့်စုံပါပြီ။

No comments:

Post a Comment